no

Font
Theme

Ch-33 Unicode

မြေကြီးပေါ်မှာ ပြန့်ကျဲနေသော မှိုတွေကို ချန်ချင့် ကြည့်လိုက်ကာ

"မှိုတွေပြန်ကောက်လိုက်အုံး.. မှောင်လာပြီဆိုတော့ ငါတို့ တောင်ပေါ်က အမြန်ဆင်းရမယ်"

လီရှင်း မှိုတွေကောက်ပြီးသည့်နောက် ချန်ချင့်အား ကူညီထူပေးလိုက်သည်။ သူကိုယ်၌က လေးလံနေသဖြင့် နှစ်ယောက်သား ဘောလုံးသဖွယ် လှိမ့်သွားကြပြန်သည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကူကယ်ရာမဲ့ကြည့်ကာ ရယ်မောလိုက်ကြတော့သည်။

"ဒါမှမဟုတ် ငါတို့ တောင်ပေါ်မှာ နေလို့ရတာပဲ" လီရှင်း သူ့နဖူးအား ဖိလိုက်သည်။

ချန်ချင့်ကတော့ မလိုလားသဖြင့် သူ့ကိုယ်သူ ထရန် တွန်းအားပေးလိုက်၏။ ယခုအချိန် ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်သွားလေပြီ။

ချန်ချင့်လည်း သစ်ပင်အား မှီထားလျက် အသက်ပြင်းပြင်းရှူလိုက်၏။

သို့ပေမယ့် သစ်ပင်ကို ကိုင်ထားရင်း ခပ်လှမ်းလှမ်းက ပုံရိပ်တစ်ခု လာနေတာကို မြင်လိုက်ရလေ၏။

တော်တော်လေး အလှမ်းဝေးနေသေးသော်ငြား ချန်ချင့် ပုံရိပ်အား ကြည့်လိုက်ရုံနဲ့တင် ကျိုးယွမ်မှန်း သိလိုက်သည်။

ချန်ချင့် ကြည့်လိုက်သည့်အချိန်မှာပင် ကျိုးယွမ်ကလည်း သူ့အား လှမ်းကြည့်လာသဖြင့် နှစ်ယောက်သား အကြည့်ချင်းဆုံသွားခဲ့သည်။

ကျိုးယွမ် မြန်မြန်​​လျှောက်​လာကာ လီရှင်းကို တစ်ချက်​​ကြည့်​လိုက်ပြီးမှ ချန်ချင့်အား ကြည့်​လိုက်​ပြီး

"အဆင်​​ပြေရဲ့လား"

လီရှင်း နှုတ်ခမ်းစူပုတ်လိုက်သည်။

ချန်ချင့် ခေါင်းခါလိုက်ပြီး

"ဘာမှမဖြစ်ပါဘူး.. ခင်ဗျား ဘာလို့ ဒီမှာရှိနေတာလဲ"

ကျိုးယွမ်က လီရှင်းအတွက် ရောက်လာတာဖြစ်မည်ဟု ချန်ချင့် စဥ်းစားလိုက်ကာ စိတ်တည်ငြိမ်သွားပြန်သည်။

လီရှင်း နှာမှုတ်လိုက်ပြီး

"မင်းက ဘယ်လိုလုပ်ပြီး အဆင်ပြေနေရတာလဲ.. ခြေကျင်းဝတ်လည်သွားလို့ လမ်းတောင်မလျှောက်နိုင်တော့တဲ့ဟာ"

ကျိုးယွမ် ကြားလိုက်သည်နှင့် ချန်ချင့်၏ ခြေထောက်ကို စစ်ဆေးချင်မိ၍ ထိုင်ချလိုက်လေသည်။ ချန်ချင့် လျင်မြန်စွာ သူ့ခြေထောက်ကို ဖွက်ထားလိုက်ရင်း

"ဒီတိုင်းအဆစ်လွဲသွားရုံပါပဲ.. အဆင်ပြေပါတယ်"

ကျိုးယွမ်က သူတို့ဘေးနားရှိ မှိုအပုံလိုက်ကြီးကို ကြည့်ကာ ပြောလိုက်သည်။

"ဒေါ်ဒေါ်က မင်းတို့ တောင်ပေါ်တက်သွားပြီး ဒီချိန်ထိ ပြန်ဆင်းမလာသေးဘူးလို့ လာပြောပြတယ်.. မင်းတို့ကို လိုက်ရှာဖို့အတွက် တောင်ပေါ်တက်ပေးဖို့ ကိုယ့်ကို အကူအညီတောင်းခဲ့တာ"

တကယ်တမ်းတော့ စွင်းတာ့ညန်၏ မူရင်းစကားမှာ လီရှင်းကို ရှာရန် ကျိုးယွမ်အား တောင်ပေါ်တက်ခိုင်းခြင်းပင်။ ချန်ချင့်က ဒီတိုင်း လိုက်ပါသူတစ်ယောက်သာ။

"ဟေ့ ငါတို့ တောင်ပေါ်က အရင်ဆင်းကြမလား"

လီရှင်း အားပျော့စွာ ပြောလိုက်သည်။

"ကောင်းပြီ"

ကျိုးယွမ်က ချန်ချင့်ကို ကူညီပေးလိုက်၏။ သူ့ကျောလွယ်ခြင်းတောင်းကို ကောက်ယူကာ သူ့ရင်ဘတ်မှာ လွယ်လိုက်ပြီးနောက် သူ့၏ သန်မာအားကောင်းသောလက်တို့ဖြင့် ချန်ချင့်အား သူ့နောက်ကျောပေါ် တင်လိုက်သည်။

ချန်ချင့် မူးဝေသလို ခံစားလိုက်ရပြီးနောက် သူက ကျိုးယွမ်၏ ကျောပြင်ပေါ်ရောက်နေလေပြီ။

ကျိုးယွမ်က လီရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့၏ ခြင်းတောင်းကို ထပ်သယ်ပေးလိုက်ပြန်သည်။ လက်တစ်ဖက်က ခြင်းတောင်းကို ကိုင်ထားလျက် နောက်လက်တစ်ဖက်ကမူ ချန်ချင့်၏ ဒူးပေါ်မှာ ထားလိုက်သည်။

"ကိုင်ထား သွားကြမယ်"

ချန်ချင့် မသိစိတ်က ကျိုးယွမ်၏ လည်ပင်းအား ပွေ့ဖက်လိုက်သော်လည်း သူ့မျက်လုံးထောင့်မှတစ်ဆင့် လီရှင်းအား တွေ့လိုက်ရသည့်အခါ မီးလောင်ခံလိုက်ရသကဲ့သို့ အမြန်ပြန်လွှတ်လိုက်သည်။

သို့သော်လည်း ကျိုးယွမ်က စတင်လမ်းလျှောက်နေပြီဖြစ်ရာ ချန်ချင့်ခမျာ သူ့ခါးပင် အ​ဆစ်လွဲလုနီးပါးဖြစ်သွားရလေသဖြင့် ကျိုးယွမ်၏ ကျောပေါ်တွင် ပြန်လှဲနေလိုက်ရသည်။

လီရှင်း သူတို့နောက်မှ လိုက်လျှောက်လာရင်း သူ့ပါးစပ်ထောင့်မှာ သူ့ခေါင်းနောက်ဘက်ဆီ ဆွဲဆန့်လုနီးနီး ဖြစ်နေလေ၏။

(ပြုံးဖြဲဖြဲဖြစ်နေတာပါ 😆)

သူတော့ ခေါင်းကိုက်တာလဲ ပျောက်သွားပြီ၊ သူ့ခန္ဓာကိုယ်လဲ သက်တောင့်သက်သာရှိသွားသလိုပဲ၊ ကျိုးယွမ်ရဲ့ ခြေလှမ်းတွေကိုတောင် သူ အမှီလိုက်နိုင်ခဲ့သေးတယ်..

သူတို့ တောင်ပေါ်မှ ဆင်းလာသည့်အခါ လုံးဝမှောင်သွားပြီဖြစ်သောကြောင့် ဘယ်သူမှ သူတို့အား မတွေ့ခဲ့ကြပေ။ ကျိုးယွမ်က ချန်ချင့်အား ပြန်သယ်လာတာကို စွင်းတာ့ညန် တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားရသည်။

"ဘာဖြစ်ခဲ့တာလဲ"

လီရှင်း စွင်းတာ့ညန်အား မြင်လိုက်ရသည်နှင့် သူမအား ခိုတွဲလိုက်ပြီး

"ဒေါ်လေး.."

"အိုး.. မင်း ဘာလို့ ဒီလောက်တောင်တုန်ယင်နေတာလဲ.. ငါ ရေနွေးကျိုထားပြီးပြီမို့ မင်း အရင် ဆေးကြောလိုက်ရင်ရော"

လီရှင်း ခေါင်းခါလိုက်ပြီး

"ကျွန်တော် မျက်နှာပဲသစ်လိုက်တော့မယ်.. ကျွန်တော့်မိဘတွေလဲ စိုးရိမ်နေလောက်ပြီ"

စွင်းတာ့ညန် မီးဖိုချောင်ထဲက ဂျင်းပြုတ်ရည်ကို သွားယူလာကာ

"မင်းတို့သုံးယောက်လုံး ဂျင်းပြုတ်ရည် မြန်မြန်သောက်သင့်တယ်နော်"

ကျိုးယွမ်က ချန်ချင့်ကို သူ့အခန်းဆီ သယ်မသွားခဲ့ဘဲ ပင်မခန်းမှာ ချပေးလိုက်သည်။ ထို့နောက် သုံးယောက်သား ဂျင်းပြုတ်ရည်တစ်ပန်းကန်စီကိုင်လျက် သောက်နေကြတော့သည်။

လီရှင်း ဂျင်းပြတ်ရည်သောက်ပြီးရုံရှိသေး တံခါးအပြင်ဘက်၌ ခြေသံတချို့ကို ကြားလိုက်ရ၏။ သူ အနီးကပ်ကြည့်လိုက်သည့်အခါ ပန်းပဲဆရာလီဖြစ်နေမှန်း တွေ့ရှိလိုက်ရသည်။

"အဖေ"

လီရှင်း ပန်းပဲဆရာလီထံ ပြေးသွားလိုက်သည့်အခါ သူ့နောက်ကနေ တစ်ယောက်ယောက် လိုက်ပါလာမှန်း မြင်လိုက်ရသည်။ အနှီသူမှာ ချီရှုးနင်ဖြစ်သည်။ သူနှင့် ပန်းပဲဆရာလီ နှစ်ယောက်စလုံး စိုရွှဲနေလေ၏။ သူတို့ တစ်စုံတစ်ယောက်ကို ရှာနေသည်မှာ အတော်ကြာလှချေပြီ။

လီရှင်း နှုတ်ခမ်းကို တွန့်ကွေးကာ ချီရှုးနင်၏ မကျန်းမာသော အသွင်အပြင်ကို ကြည့်လိုက်သည်။ မိုးမိသွားပြီဆိုတော့ သူ နေမကောင်းဖြစ်တော့မှာ ကျိန်းသေတယ်.. ဒီလောက်မိုးတွေသည်းနေတာကို အိမ်မှာကောင်းကောင်းနေတာမဟုတ်ဘူး.. သူဖျားသွားရင် သူတို့က သူ့အတွက် ဆေးဖိုးပေးနေရဦးမှာလေ..

စွင်းတာ့ညန်လည်း ကျန်ရှိနေသည့် ဂျင်းပြုတ်ရည်အားလုံးကို ထုတ်လာကာ သူတို့အား သောက်ခိုင်းလိုက်တော့သည်။

ဂျင်းပြုတ်ရည် သောက်ပြီးနောက် ပန်းပဲဆရာလီက လီရှင်းအား ကျောပိုးကာ အိမ်ပြန်သယ်သွားခဲ့ပြီး ချီရှုးနင်ကမူ လီရှင်း၏ခြင်းတောင်းကို သယ်ရင်း အနောက်မှ လိုက်လာခဲ့လေသည်။

...

လီရှင်းအား လိုက်ပို့ပေးပြီးနောက် စွင်းတာ့ညန်လည်း ချန်ချင့်ကို ကြည့်ရင်း ပြောလိုက်သည်။

"မိုးတွေအရမ်းသည်းနေလိုက်တာ.. ကံကောင်းလို့ ကျိုးယွမ်က ပြောင်းဖူးတွေသိမ်းဖို့ ကူညီပေးခဲ့လို့ပေါ့.. ငါ တစ်ယောက်တည်းသာဆို တကယ်ပြီးမှာမဟုတ်လောက်ဘူး"

သို့သော် စွင်းတာ့ညန်က ချန်ချင့်အား စကားအများကြီးမပြောချင်ဘဲ မြန်မြန်ရေသွားချိုးရန်သာ တိုက်တွန်းလိုက်ပြီး သူမကတော့ ကျိုးယွမ်နှင့် စကားပြောနေလိုက်သည်။

သူမက မှိုအပြည့်ရှိနေသော ခြင်းတောင်းကို ကြည့်ပြီး ကျိုးယွမ်အား ပြောလိုက်သည်။

"မနက်ဖြန် ငါတို့အိမ်မှာ ညစာစားဖို့ လာမလား.. မင်း နောက်ဆုံးအကြိမ် မှိုခူးထားပေမယ့် အားလုံးက အဆိပ်ရှိမှိုတွေချည်းပဲလေ.. အားချင့်တို့ ကောက်ခဲ့တာတွေက အရမ်းလတ်ဆတ်နေတာပဲ"

"မနက်ဖြန် ကျွန်တော် မြို့ကိုသွားရမှာဆိုတော့ အချိန်မရှိလောက်ဘူး"

ကျိုးယွမ် ပြောလိုက်သည်။

"ဒေါ်ဒေါ် ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် နည်းနည်းလောက် ချန်ထားပေးပါလား"

စွင်းတာ့ညန်က သူ့အား သူမ၏ ကိုယ်ပိုင်ကလေးသဖွယ် ဆက်ဆံသည့်အလျောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မင်း မြို့ထဲမှာ ဘာသွားလုပ်မလို့လဲ"

"ကျွန်တော် အလုပ်တစ်ခုခုလုပ်ချင်တာမို့ သွားကြည့်တာပါပဲ"

ကျိုးယွမ် ဆက်ပြောလိုက်သည် : "ကျွန်တော်က ဘယ်လိုလယ်စိုက်ရမလဲဆိုတာ တကယ်မသိဘူး"

"ဟေး ဘယ်လိုလုပ်ရမှန်းမသိရင် လေ့လာလို့ ရပါတယ်ကွယ်.. ဒါဆို အဲဒီမြေဧကတွေကို အလွတ်ထားမလို့လား"

စွင်းတာ့ညန် အနည်းငယ် စိတ်ဓာတ်ကျသွားကာ

"ငှားဖို့ဆိုလည်း တွက်ချေမကိုက်ဘူးလေ"

"မငှားဖြစ်ရင်တော့ ပုံမှန်စိုက်ပျိုးမှာပါ.. ဒါပေမယ့် အဲ့ခါကျ ဒေါ်ဒေါ့်ကို အကူအညီတောင်းရမှာပဲ"

စွင်းတာ့ညန်က ကျိုးယွမ်၏ နောက်ကျောအား ပုတ်ပေးလျက် ပြောလိုက်သည်။

"ဒုက္ခများတယ် မများဘူးဆိုတာတွေ ပြောမနေပါနဲ့ကွယ်"

ကျိုးယွမ် တစ်ခုခုကို သတိရသွားကာ စွင်းတာ့ညန်အား နှုတ်ဆက်လိုက်၏။ ကျိုးယွမ် ပြန်သွားသည့်နောက် ချန်ချင့်လည်း ခုန်ထွက်လာခဲ့သည်။ ချန်ချင့်က သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် မဝတ်ထားဘဲ အနည်းငယ် ရှုပ်ပွနေ၍ စွင်းတာ့ညန်လည်း သူ့အား အခန်းထဲ အမြန်တွဲခေါ်သွားလိုက်သည်။

မထင်မှတ်စွာဖြင့် ကျိုးယွမ် ပြန်ရောက်လာပြီး စွင်းတာ့ညန်၏ လက်ထဲသို့ ဆေးတစ်ပုလင်းထိုးထည့်ပေးလာ၏။

အတော်လေး နောက်ကျနေပြီဖြစ်၍ စွင်းတာ့ညန်က ကျိုးယွမ်အား ဆွဲမထားတော့ဘဲ ချန်ချင့်ကို ဆေးလိမ်းပေးရန် ဆေးပုလင်းကို ယူလာခဲ့လိုက်သည်။

အလင်းရောင်မှိန်မှိန်အောက်၌ ချန်ချင့်လည်း စွင်းတာ့ညန် လက်ထဲက ဆေးပုလင်းကို တွေ့လိုက်ရလေသည်။ အဲဒါက နောက်ဆုံးတစ်ခေါက်တုန်းက လီရှင်း သူ့ကို လာလိမ်းပေးတဲ့ ဆေးနဲ့ အတူတူပဲ...

"အမေ ဒါကို ဘယ်ကရတာလဲဟင်"

"ကျိုးယွမ်က ခုလေးတင်ပေးသွားတာလေ"

စွင်းတာ့ညန် ကုတင်ဘေးမှာ ဝင်ထိုင်လိုက်ကာ နွေးထွေးစေရန် သူမ၏ လက်ဖဝါးပေါ်တွင် ဆေးအဆီကို ပွတ်လိုက်ပြီးနောက်မှ ချန်ချင့်၏ ခြေကျင်းဝတ်ကို ဖြေးဖြေးလေး ပွတ်ပေးနေလိုက်သည်။

ချန်ချင့် ဆေးပုလင်းကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိလျက်။

ဒါဆို ဟိုတစ်ခေါက်က လီရှင်း သူ့ကို လိမ်းပေးတဲ့ဆေးက ကျိုးယွမ်ပေးထားတာလား.. ဒါပေမဲ့ လီရှင်းက ကျိုးယွမ်ကို သူမကြိုက်ဘူးလို့ ပြောခဲ့တာပဲ.. ဒီလိုဆို ကျိုးယွမ်ရဲ့ တစ်ဖက်သတ်အချစ်များ ဖြစ်နိုင်မလား.. သူ့အတွက် စည်းရုံးပေးဖို့ လီရှင်းရဲ့ သူငယ်ချင်းကောင်းဖြစ်တဲ့ သူ့ကို အသုံးချချင်တာများလား..

တွေးတောကြည့်ပြီးတဲ့နောက် ဒါက တစ်ခုတည်းသောအကြောင်းအရင်းဖြစ်နေလေရဲ့.. အဖြေရှာပြီးနောက် ချန်ချင့်၏ နှလုံးခုန်သံတွေ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့လေပြီ။

စွင်းတာ့ညန်က သူ့အတွက် ထမင်းကို အိုးထဲမှာ နွှေးပေးထားသဖြင့် ပူနွေးနေဆဲပင်။ ချန်ချင့် အလောတကြီး ပါးစပ်အပြည့်စားလိုက်ပြီးနောက် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ ချန်ချင့် အိပ်ရာမှနိုးလာသည့်အခါ ကံကောင်းထောက်မစွာဖြင့် သူ အအေးမမိခဲ့ပေမယ့် ခြေထောက်ကမူ ရောင်နေဆဲ။ စွင်းတာ့ညန် အပြင်မထွက်ခင် သူ့ခြေထောက်ကို ထပ်နှိပ်ပေးသွားခဲ့သည်။

ချန်ချင့် အိမ်တွင် ဘာမှလုပ်စရာမရှိသဖြင့် မကိုင်တာ ကြာလှပြီဖြစ်သော အိပ်ရာဘေးရှိ သူ့၏ အပ်ချုပ်ခြင်းတောင်းကို ရှာလိုက်သည်။ နောက်ဆုံးတစ်ခေါက် လက်ကိုင်ပုဝါ သွားရောင်းပြီးကတည်းက အပ်ချုပ်ခြင်းတောင်းကို မထိဖြစ်ခဲ့တော့ပေ။

အဓိကအကြောင်းအရင်းကတော့ ဆိုင်ရှင်ပြောလိုက်တဲ့စကားတွေက နားလည်ရခက်လွန်းလို့ပါပဲ.. ရှုခင်းတွေ ပန်းတွေ ငှက်တွေကို မထိုးရင် အချစ်ရေးအချစ်ရာတွေကို ဘယ်လိုထိုးရမှာလဲနော်..

သူ့လက်ထဲက အဖြူရောင်လက်ကိုင်ပုဝါကို ကြည့်နေရင်း ဘာလုပ်ရမလဲဆိုတာ လုံးဝစဥ်းစားလို့မရပါချေ။

သို့နှင့် သူ လီရှင်းကို စိတ်ပူမိပြန်သည်။ လီရှင်းက ကျိုးယွမ်ကို မကြိုက်ဘူးဆိုပေမယ့် ကျိုးယွမ်ကတော့ လီရှင်းကို အရမ်းသဘောကျနေပုံရတယ်လေ.. သူ ကျိုးယွမ်ကို ကူညီပေးသင့်လား.. ဒါပေမယ့် လီရှင်းက သူ့အချစ်ဆုံးသူငယ်ချင်းလေ.. သူ တကယ့်ကို ပူပန်နေမိပြီ..

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment