no

Font
Theme

Ch-25 Unicode

စွင်းတာ့ညန် သဘောမတူခဲ့ပေ။ မုန့်တာ့လီအတွက် ဝမ်းနည်းပူဆွေးခြင်းအဝတ်အစား ဝတ်ရန် ခုခံခဲ့သဖြင့် သူမ၏ မိသားစုက သူမနဲ့ အဆက်အသွယ်ဖြတ်တောက်မည်ဟု ပြောခဲ့ကြသည်။

ထိုနှစ်များအတွင်း သူမ ဘယ်လောက်ပင်ပန်းခက်ခဲနေပါစေ အံတင်းတင်းကြိတ်ကာ တွန်းလှန်တိုက်ခိုက်ခဲ့သည်။ သို့သော် မုန့်ထောင်း ၁၀နှစ်အရွယ်တွင် ရုတ်တရက် နာမကျန်းဖြစ်ခဲ့၍ မိသားစု စုဆောင်းငွေအားလုံးကို ဆေးကုရန် အသုံးပြုခဲ့သော်လည်း မလုံလောက်ခဲ့သေးပေ။

မုန့်ထောင်းက ဆေးကုသဆောင်မှာ လှဲလျောင်းနေစဥ် သူမက သူ့အသက်ကို ကယ်ရန် ပိုက်ဆံရှာဖွေခဲ့ရသည်။ ၅နှစ်ကြာသွားပြီဖြစ်၍ သူမ၏ မိသားစုဟာ စိတ်ပြေသွားလောက်ပြီဟု တွေးခဲ့တာကြောင့် မုန့်ထောင်းအတွက် ဆေးဝယ်ရန် ငွေနည်းနည်း သွားချေးချင်ခဲ့သည်။

ထိုနေ့၊ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သော ထိုနေ့အား သူမ အမြဲတမ်းအမှတ်ရနေမိဆဲ။ သူမ၏ မိသားစုဝင်များက သူမအား လှောင်ပြောင်ရယ်မောနေခဲ့ကြပြီး မိုးထဲရေထဲမှာ စွင်းမိသားစုကနေ သူမအား နှင်ထုတ်ခဲ့ကြသည်လေ။

နေ့ရက်တွေ ဘယ်လောက်လဲ ခက်ခဲကြမ်းတမ်းနေပါစေ သူမ ဇွဲမလျှော့ဘဲ ကြိုးစားနေထိုင်ခဲ့သည်။ ဤဆယ်နှစ်လုံးလုံး သူမနှင့် စွင်းမိသားစုဟာ လုံးဝအဆက်အသွယ်မရှိတော့။ ဒီနေ့မှ စွင်းခန်းက သူမအိမ်ကို ရောက်ချလာပြီး မုန့်ထောင်း၏ လျော်ကြေးငွေကို လာတောင်းရဲသေးသည်!

"အမေ သူတို့တွေ ဒုက္ခပေးဖို့ ထပ်လာကြဦးမှာလားဟင်"

ချန်ချင့်သည် ထွက်သွားသော စွင်းခန်းကို စိုးရိမ်တကြီး ကြည့်နေမိသည်။ သူတို့၏ အေးချမ်းသာယာသည့် ဘဝလေး ပျက်စီးသွားတော့မှာကို တွေးရင်း အနည်းငယ် စိုးရိမ်သွားရ၏။

"ဘာကိုကြောက်နေတာလဲကွယ်.. သူတို့ လူတွေကို ထပ်သတ်ဖို့ လာနိုင်ပါဦးမလား"

စွင်းတာ့ညန် ထရပ်၍ : "ကျေးဇူးပါကွယ် ကျိုးယွမ်.. ဒီည အိမ်မှာ ညစာလာစားပါလား"

ကျိုးယွမ် ခေါင်းခါလိုက်ပြီး : "ဒေါ်ဒေါ် အဆင်ပြေရင် ရပါပြီဗျာ.. ကျွန်တော် ညစာမစားတော့ဘူး.. တော်ကြာ တစ်ယောက်ယောက်က ကျွန်တော့်ကို ပိုက်ဆံတောင်းနေမှာကို ကြောက်မိပါရဲ့"

"အမ်?" စွင်းတာ့ညန် အနည်းငယ် စိတ်ရှုပ်ထွေးနေသေးဆဲ။ သူမ ချန်ချင့်အား ကြည့်လိုက်သည်။

ချန်ချင့် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး

"ကျွန်တော် မဟုတ်ပါဘူး"

ကျိုးယွမ် ခဏကြာမှ ဖြေးဖြေးလေး ပြောလာ၏။

"အရင်က ကျွန်တော် သူ့ကို လမ်းမှာ ခေါ်တင်လာတုန်းက သူ ကျွန်တော့်ကို ပိုက်ဆံပေးခဲ့တယ်.. မနေ့က သူ့ရဲ့ ဝေါ်းထိုကို မတော်တဆ စားမိလိုက်လို့ သူ့ကို မုန့်ပြန်ဝယ်ကျွေးလိုက်တာကို သူက ပိုက်ဆံပြန်ပေးတယ်.. ဖြစ်နိုင်တာက သူက အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း တွက်ချက်ချင်တဲ့သူတစ်ယောက်လို့ ကျွန်တော်ထင်မိတယ်.. ကျွန်တော်သာ ထမင်းတစ်နပ်စားလိုက်ရင် အခွင့်ကောင်းယူသလို ဖြစ်သွားမယ်လို့ မထင်ဘူးလား"

စွင်းတာ့ညန် : "အာ?"

ချန်ချင့် : ...

နောက်ဆုံးတွင်မူ ကျိုးယွမ်က သူတို့အိမ်မှာ ညစာမစားခဲ့သော်လည်း ချန်ချင့် ချက်ပြုတ်ပြီးသည့်နောက် စွင်းတာ့ညန်က သူ့ဆီ သွားပို့ပေးလိုက်သည်။

ချန်ချင့် ကြက်တစ်ကောင်လုံးကို လေးပိုင်းပိုင်းလိုက်ပြီး ကျန်တာတွေကို ဆားဖြင့်နယ်ထားလိုက်သည်။ ယခုအခါ ရာသီဥတု ပူပြင်းလွန်းလှသဖြင့် ဆားဟာ ပုပ်သိုးခြင်းကို နှေးကွေးစေသော်ငြား တတ်နိုင်သမျှ မြန်မြန်စားကြရမည်ပင်။

ယနေ့ည၌ ချန်ချင့်သည် ကြက်သား၏ လေးပုံတစ်ပုံနှင့် ကြက်ခြေထောက်ကြီးကို လှီးဖြတ်ကာ ကြက်သားအဆီဖြင့် ကြက်သားကို သေသေချာချာ မွှေကြော်လိုက်၏။ ထို့နောက် အိမ်တိုင်းတွင်ရှိသော ပဲပိစပ်နှင့် ရေ၊ ဟင်းခတ်အမွှေးအကြိုင်အနည်းငယ်တို့ကို ထည့်ကာ ဖြေးဖြေးလေး တည်ထားလိုက်သည်။

ထိုအချိန်အတွင်း ချန်ချင့်က အာလူးအနည်းငယ်ကို ရေဆေးလိုက်ပြီး ဟင်းရွက်ဥယျာဉ်ထဲမှ ပဲလက်တစ်ဆုပ်စာကို ယူကာ အားလုံးကို အိုးထဲတွင် ထည့်လိုက်လေသည်။

အာလူးများက နူးညံ့နေပြီး ပဲများက မွှေးပျံ့နေသလို ကြက်သားကလည်း ဝါးလို့ကောင်းလှသည်။ စွပ်ပြုတ်က ပျစ်နှစ်ပြီး အလွန်အရသာရှိလှ၏။

စွင်းတာ့ညန် ပြောင်းဖူးအသစ်အချို့ကို ချိုးကာ ပြန်ယူလာခဲ့ပြီး ပြောင်းဖူးကို ထောင်း၍ ဂျုံကော်ပြုလုပ်ရန် ဂျုံမှုန့်များထည့်လိုက်ကာ အိုးအစွန်းတွင် တစ်ခုပြီးတစ်ခု ကပ်ထားလိုက်သည်။

ချန်ချင့်၏ အစာအိမ် သောင်းကျန်းနေချေပြီ။ ဒီနေ့ညစာက တရုတ်နှစ်သစ်ကူးတုန်းကထက် ပိုအရသာရှိနေတာပဲ..

စွင်းတာ့ညန်က ကျိုးယွမ်အိမ်သို့ ကြက်သားတစ်ပန်းကန် ယူသွားပေးလိုက်သည်။ အဲဒါ ပန်းကန်လုံးကြီးတစ်လုံးပဲ.. ပန်ကိတ်အနည်းငယ်ကတောင် ကြက်ခြေထောက်ကြီးကို အပေါ်ကနေ ဖုံးမထားပေးနိုင်ဘူးလေ..

ကျိုးယွမ်သည် သူမကို တွေ့ဖို့ ထွက်လာချိန်တွင် စွင်းတာ့ညန်က ပြောလာ၏။

"အားချင့်ရဲ့ ပင်ကိုယ်စရိုက်က ဆိုးတာလဲမဟုတ်၊ ကောင်းတာလဲမဟုတ်ဘူး.. တခါတလေတော့ သူက အရမ်းခေါင်းမာတယ်လေ.. မင်း စိတ်မရှိပါနဲ့ကွယ်"

ကျိုးယွမ်ကား ယခင်ကလို ပန်းကန်လုံးကို ကိုင်ထားလျက်။ စွင်းတာ့ညန် သူ့အား ဒီလိုပြောပြောနေတာ ဒါဆို ဒုတိယအကြိမ်မြောက်မှန်း သူ သတိရမိသည်။

​"ကျွန်တော်က ဒီရွာမှာ အခြေချလိုက်ပြီး ကျွန်တော်တို့ မိသားစုနှစ်စုကလဲ အိမ်နီးနားချင်းတွေဖြစ်သွားကြပြီ.. စကားပုံတောင်ရှိသေးတာပဲ.. သွေးဝေးဆွေမျိုးတွေက ရင်းနှီးတဲ့အိမ်နီးနားချင်းလောက် မကောင်းဘူးတဲ့.. ဒါ့ကြောင့် ကျွန်တော်ကတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်း တွက်ချက်နေစရာ မလိုဘူး ထင်တာပဲ"

စွင်းတာ့ညန်က ပြုံးလျက် ပြောလာ၏။

"ဒါ အမှန်ပါပဲ.. ဒါပေမဲ့ အားချင့်က ငြီးငွေ့စရာကောင်လေးလေ.. သူက သဘာဝအတိုင်း စိုးရိမ်ကြောင့်ကြနေလို့ပါကွယ်.. သူက သံသယတွေကို အမြဲရှောင်တယ်လေ.. မင်းလဲသိတဲ့အတိုင်း.. မုဆိုးမတွေအကြောင်း အတင်းအဖျင်းပြောလေ့ရှိကြတာကိုး.. ငါတို့မိသားစုထဲမှာ ငါတို့နှစ်ယောက်ပဲ ကျန်တော့တာလေ"

စွင်းတာ့ညန် ပြောနေရင်း အနည်းငယ်ဝမ်းနည်းလာပြန်သည်။

"ဝမ်းနည်းပူဆွေးခြင်းကာလ တစ်နှစ်ပြီးသွားရင် ငါ အားချင့်ကို လက်ထပ်စေချင်နေတုန်းပဲ... အချိန်တန်ရင် အားချင့်အတွက် မိသားစုကောင်းလေး ဝိုင်းရွေးပေးဖို့ မမေ့နဲ့နော်"

ကျိုးယွမ် : ...

...

စွင်းခန်းတစ်ယောက် လော့ဟယ်ရွာမှ ဆုတ်ခွာလာရပြီး သူ့ပါးစပ်ထဲမှာလည်း ငါးညှီနံ့ နံနေသေးဆဲ။ အချိန်အတော်ကြာ တံတွေးထွေးနေခဲ့သော်လည်း အနံ့မှာ စွဲမြဲနေဆဲပင်။

စွင်းမိသားစုသည် လော့ဟယ်ရွာနှင့် သိပ်မဝေးသော နန်ကျွမ်းရွာတွင် နေထိုင်ကြ၏။ နန်ကျွမ်းရွာမှာ လော့ဟယ်ရွာကဲ့သို့ ချမ်းသာကြွယ်ဝခြင်းမရှိပေ။ သည့်အပြင် စွင်းမိသားစုဟာ မိသားစုကြီးဖြစ်တာကြောင့် သူတို့ဘဝဟာ တင်းတင်းကြပ်ကြပ် နေထိုင်ရသည်ပင်။

ထိုနေ့က မြို့ထဲ၌ စစ်မှုထမ်းသူတွေအားလုံး ပြန်လာကြမှန်း သူတို့ကြားသိလိုက်ရသော်လည်း နှစ်ပေါင်းများစွာကြာ အိမ်ထောင်ကျပြီးသားဖြစ်သော စွင်းချွေ့အား သူတို့ မဆက်သွယ်ခဲ့ကြပေ။ သူတို့ဆီမှာ သူမ ပိုက်ဆံထပ်လာချေးမှာကို ​စိုးရိမ်နေမိ၍သာ။ စွင်းခန်းကား လော့ဟယ်ရွာရှိ အဖြစ်အပျက်တို့ကို စောင့်ကြည့်နေခဲ့သည်။

စစ်မှုထမ်းများ ပြန်လာသည်ကို သူတို့သိကြသလို မုန့်ထောင်း တိုက်ပွဲမှာ ကျဆုံးသွားပြီး လျော်ကြေးငွေ ၁၀လျန် ရရှိခဲ့ကြောင်းကိုလည်း သူတို့သိသွားခဲ့သည်။

စွင်းမိသားစုတွင် နောက်ဆုံးပြောရေးဆိုခွင့်ရှိသူမှာ စွင်းမိသားစု၏ အဘွားကြီးပင်။ အဘွားကြီးစွင်းဟာ အရင်တုန်းကလည်း ချမ်းသာသည်​ကြောင့် သူမအား မိသားစုဝင်အားလုံးက လေးစားကြလေ၏။

"လောင်တာ့ ပြန်လာပြီလား"

အဘွားကြီးစွင်းဟာ ယခု ၅၇နှစ်ရှိပြီဖြစ်သည်။ သူမက ဆင်းရဲချို့တဲ့စွာ နေထိုင်ခဲ့ရသော်လည်း အားအင်ပြည့်ဆဲဖြစ်ကာ လုံးဝမအိုသေးပါချေ။

အဘွားကြီးစွင်းက သားသမီး ၄ယောက် ဖွားမြင်ခဲ့သည်။ စွင်းတာ့ညန်တစ်ဖြစ်လဲ စွင်းချွေ့က လောင်စန်း(သုံးယောက်မြောက်)ဖြစ်ပြီး ကျန်သုံးယောက်မှာ သားတွေချည်းဖြစ်၏။

လက်ထပ်ပေးလိုက်ရသော စွင်းချွေ့မှလွဲ၍ ကျန်ညီအစ်ကို ၃ယောက်က မိသားစုမခွဲထွက်ခဲ့ကြဘဲ လူများစွာ တစ်စုတစ်စည်းတည်း နေထိုင်နေကြဆဲ။

စွင်းခန်း၏ မျက်နှာမှာ ဒေါသတွေနဲ့ ပြည့်နှက်နေလျက်။

"အမေ အဲဒီစွင်းချွေ့က အရမ်းမုန်းစရာကောင်းတယ်!"

သူသည် အခန်းတွင်းရှိ အရွယ်စုံ လူပေါင်းစုံနှင့် မျှော်လင့်ချက်တို့ဖြင့် ကြည့်နေသော သူ့သားလေးကို ကြည့်လိုက်ရင်း ခေါင်းငုံ့လိုက်မိသည်။

ထို့နောက် သူသည် လော့ဟယ်ရွာမှ ဖြစ်ပျက်ခဲ့သမျှကို အားလုံးပြောပြခဲ့ပေမယ့် ကျိုးယွမ်က သူ့အား အညစ်အကြေးတွေ ကျွေးလိုက်တာကိုတော့ ထုတ်မပြောလိုက်တော့။

"သူမပြောတဲ့ စကားတွေက ကြမ်းတမ်းလွန်းတယ်.. ကျွန်တော့်အထင်တော့ ဟိုတုန်းက ဖြစ်ခဲ့တာကို သူမ ခုထိဒေါသထွက်နေသေးတာပဲ"

အဘွားကြီးစွင်းက အားမာန်ပြည့်ဝနေသော်လည်း သူမမျက်နှာမှာ အရေးအကြောင်းအပြည့်နဲ့ ရက်စက်သည့်ပုံပေါ်၏။

"သူမ တကယ်ပဲ အဲလိုလုပ်ခဲ့တာလား"

စွင်းခန်း ခေါင်းညိတ်၍ : "အမေ.. သူမရဲ့ စကားလုံးတွေက နာကြည်းချက်တွေအပြည့်ပဲ.. ပိုက်ဆံကို လွယ်လွယ်နဲ့ ထုတ်ပေးမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"

"ဒီမကောင်းဆိုးရွားမကတော့! အရင်တုန်းက သူမ ငါတို့စကားကို နားထောင်ခဲ့ရင် ဒီလိုအဖြစ်မျိုး အဆုံးသတ်သွားမတဲ့လား! ဒင်းကများ ငါတို့ကို ဆန့်ကျင်ရဲသေးတယ်ပေါ့လေ! လောင်တာ့ လောင်အာ့ မနက်ဖြန် မင်းတို့နှစ်ယောက် ငါနဲ့အတူ လိုက်ခဲ့ကြ.. ငါ မယုံနိုင်သေးဘူး!"

ဒုတိယသား(လောင်အာ့) စွင်းချီက ပြောလာ၏။

"မနက်ဖြန်ဆို အလုပ်များတဲ့ စိုက်ပျိုးရေးရာသီ စတော့မှာလေ.. သူမက ကျွန်တော်တို့ကို လယ်အလုပ်ကူလုပ်ခိုင်းစေချင်ရင် ပိုက်ဆံအတွက် သူမကို ကူပေးနေရဦးမှာ.. နောက်ရက်နည်းနည်းကြာမှသွားတာ ပိုမကောင်းဘူးလား.. ဘာပဲဖြစ်ဖြစ် တာ့ဝေရဲ့ မင်္ဂလာပွဲက စက်တင်ဘာလမှဆိုတော့ အချိန်ရှိပါသေးတယ်"

စွင်းခန်းက သူတို့မိသားစုထဲက အငယ်ဆုံးကောအာလေးကို ကြည့်နေမိရင်း အစီအစဥ်တစ်ခု ဆွဲလိုက်သည်။

"အမေ မုန့်ထောင်းအတွက် ကောအာတစ်ယောက်ကို စွင်းချွေ့ ဝယ်ခဲ့တာ အမေ မှတ်မိသေးလား"

အဘွားကြီးစွင်း ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီကောအာက တော်တော်လေးကြည့်ကောင်းတယ်လို့ ကျွန်တော်ထင်တယ်"

စွင်းခန်း ပြောပြီးပြီးချင်းမှာပင် သူ့ဖူးလန်ဆီမှ စိုက်ကြည့်ခံလိုက်ရလေ၏။

"ကျွန်တော်ဆိုလိုတာက.. စွင်းချွေ့ သူ့ကို ဝယ်လိုက်တုန်းက မုန့်ထောင်း ထွက်သွားတဲ့နေ့မှာဆိုတော့.. သူ့ကို ဘယ်သူမှ မထိရသေးဘူးဆိုတဲ့ သဘောပေါ့.. သူ့ကို ပြန်ရောင်းလိုက်ရင် ဈေးကောင်းကောင်းနဲ့ ရောင်းရမှာ သေချာတယ်..."

(အဲ့လောက်ရောင်းချင်သပဆို နင်တို့မိသားစုထဲက ကောတွေထုတ်ရောင်းပါလားဟဲ့ 🤬)

အဘွားကြီးစွင်း ခေါင်းညိတ်လိုက်ရင်း :

"မင်းရဲ့ အကြံက ကောင်းပေမဲ့ အဲဒီကောအာက တကယ်ကြည့်ကောင်းလို့လား"

စွင်းခန်း အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး

"သူက လူကောင်သေးသေးလေး.. ဒါပေမဲ့ သူ့မှာ အသားတွေ အများကြီးရှိတယ်"

စွင်းခန်း၏ ဖူးလန်က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သူ့နားရွက်ကို ဆွဲချေပြီ။

"စွင်းခန်း!"

"တော်ပြီ.. ကလေးရှေ့မှာ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ"

အဘွားကြီးစွင်း မျက်မှောင်ကြုတ်လျက်။

"မြို့တော်မှာ လော့မိသားစုလို့ခေါ်တဲ့ မိသားစုတစ်စုရှိတယ်မလား.. လော့လူကြီးမင်းက ကောင်လေးသေးသေးလေးတွေ အကြိုက်ဆုံးလို့ ငါကြားဖူးတယ်.. အဲဒီကောအာက မင်းပြောတဲ့အတိုင်း တကယ်ဆိုရင်တော့ သူ့ကို ဈေးကောင်းကောင်းနဲ့ ရောင်းစားလို့ရနိုင်တယ်.. ဒါပေမဲ့ သူက တကယ်ပဲ လူပျိုစစ်စစ်ဆိုတာ မင်း သေချာရဲ့လား"

"ဖြစ်သင့်တာပေါ့"

လူပျိုလေးနှင့် ဖူးလန်ကြားတွင် ကွာခြားချက်များစွာရှိနေဆဲပင်။ စွင်းခန်းက ထိုကောအာအား သေသေချာချာ ဖြတ်မမြင်နိုင်ခဲ့သည်မှာ အမှန်ပင်။

"ဒါဆို ဒီလိုလုပ်ကြတာပေါ့.. နောက်တစ်ခါ ငါတို့ သူ့အိမ်သွားရင် ပိုက်ဆံယူပြီး အဲဒီကောအာကို ကြိုးနဲ့ချည်လိုက်မယ်.. သူ့ရဲ့ စာချုပ်ကို ရှာဖို့ သတိရကြ"

အဘွားကြီးစွင်း မျက်မှောင်ကြုတ်ကာ ခဏတွေးလိုက်ပြီးနောက်

"လောင်စစ်နဲ့ အားဝေလဲ ငါတို့နဲ့အတူ လိုက်ခဲ့သင့်တယ်"

ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်။

အပေါ်မှာ noteတွေထည့်ရင် စာဖတ်ရတာ အရသာပြတ်မှာစိုးလို့ သက်သက်ထည့်ရေးတာပါနော်..

ဒီအပိုင်းမှာ ကိုယ်တော့ ဒေါသထွက်ရလွန်းလို့ အဆုတ်ပါနာတယ်.. လက်လဲနာတာပဲ.. ဒေါသထွက်ထွက်နဲ့ စာရိုက်နေတာ ဖုန်းတောင် ကျွံဝင်တော့မလား အောက်မေ့ရတယ်..

နောက်ကျလို့အပြစ်မမြင်ကြပါနဲ့လို့.. ရေးလိုက် ဒေါသထွက်လွန်းလို့ စိတ်ဖြေလိုက် လုပ်နေရလို့.. ဒီစွင်းမိသားစု တကယ့် အကုသိုလ်ကောင်တွေ..

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment