no

Font
Theme

Ch-27 Unicode

ပြောင်းဖူးတောင်း၏ အလေးချိန်ဟာ ထိုထမ်းပိုးနှင့် မယှဉ်နိုင်သေးသောကြောင့် ချန်ချင့် အရင်ကထက် ပိုမိုမြန်ဆန်စွာ လမ်းလျှောက်လာခဲ့သည်။

လီရှင်းက သူ့အိမ်တံခါးဝမှာ ရပ်နေသည်ကို အဝေးကနေ သူမြင်လိုက်ရ၍ ခုနက ဘာဖြစ်သွားတာလဲလို့ တွေးလိုက်မိသည်။ လီရှင်းက သူ့ကို ကူညီရလို့ ပင်ပန်းသွားမှာကို သူ(ကျိုးယွမ်)စိုးရိမ်လို့ သူက လာကူညီတာများလား.

ယခုလေးတင် ဖြစ်တည်လာသည့် ပျော်ရွှင်မှုပိစိလေးဟာ ခါးသီးမှုပိစိအဖြစ်သို့ ပြောင်းလဲသွားချေပြီ။

ထိုနေ့ သူတို့မြို့ကိုသွားတုန်းက သူတို့နှစ်ယောက် ဆက်ဆံရေးအဆင်ပြေမပြေ သူမသိပါချေ။ သူတို့ ဘယ်တော့လက်ထပ်ကြမှာလဲ.. သူတို့ရဲ့ ကလေးကရော ယောက်ျားလေးလား မိန်းကလေးလား..

"မင်း ဘာတွေတွေးနေတာလဲ"

ကျိုးယွမ် ရုတ်တရက်မေးလိုက်ရာ ချန်ချင့် လန့်ဖျပ်သွားရပြီး ထုတ်ပြောမိသွားခဲ့သည်။

"ယောက်ျားလေးလား၊ မိန်းကလေးလား"

ကျိုးယွမ် မျက်ခုံးပင့်လျက် : "ကိုယ်ကတော့ နှစ်ခုလုံးအဆင်ပြေတယ်.. မင်းကရော.."

"ကျွန်တော် .."

ချန်ချင့်သည် သူ ခုနက ဘာပြောလိုက်မှန်း သဘောပေါက်သွားကာ သူ့မျက်နှာလေး ချက်ချင်းနီရဲသွားရသည်။ သူ့ကိုယ်သူ မြေကြီးထဲမှာ တွင်းတူးပြီး မြှုပ်သွားနိုင်ဖို့ ဆုတောင်းနေမိလျက်။

ဤမေးခွန်းဟာ မဖြေနိုင်စရာမေးခွန်းမဟုတ်သော်လည်း သူနှင့် ကျိုးယွမ်တို့အကြား ဤကဲ့သို့သော စကားဝိုင်းပြောရန်အတွက် ထူးဆန်းလွန်းလှ၏။

ကျိုးယွမ်ကလည်း မည်သည့်အချိန်တွင် ရပ်ရမည်မှန်း နိယာမသဘောတရားကို သိနားလည်တာကြောင့် သူ့ခြေလှမ်းကို အရှိန်နည်းနည်း တင်လိုက်ပြီးနောက် ချန်ချင့်၏ ခြံထဲဝင်သွားကာ ပြောင်းဖူးအားလုံးကို ပုံပေးထားလိုက်သည်။

သူ့ခြံက သိပ်မကြီးပါချေ၊ ပြောင်းဖူးများကို မခြွေခင် ခဏလောက် နေပူထဲ အခြောက်ခံရမည်ဖြစ်သည်။ တောင်ပေါ်ရှိ လယ်ကွင်းမှ ရိတ်သိမ်းခဲ့သော ပြောင်းဖူးများမှာ သူ့ခြံဝင်းတစ်ခုလုံးကို ပြည့်သွားစေ၏။ မြေကွက်များစွာ ကျန်နေသေးသော်ငြား သူ့ခြံထဲမှာ နေရာလုံလုံလောက်လောက်မရှိတော့သည်မှာ အသေအချာပင်။

ရွာထဲတွင် ဘိုးဘွားခန်းမဆောင်အပြင်ဘက်၌ နေရာလွတ်ကြီးတစ်ခုရှိသည်။ ဆောင်းဦးပေါက်ရာသီတွင် လူတိုင်းက နေရာတစ်နေရာယူရန် စောစောသွားဖို့ လိုအပ်သည်။ မဟုတ်ပါက မြေအလွတ်ကို ရယူနိုင်လိမ့်မည်မဟုတ်ချေ။

ချန်ချင့်နှင့် စွင်းတာ့ညန်အဖို့ အိမ်တွင် အမျိုးသားတစ်ယောက်မှမရှိသည့်အတွက် အဆင်မပြေ ခံစားရသည်မှာ ထိုအချိန်တစ်ချိန်တည်းသာ။ မနက်ပိုင်းကျ နှစ်ဦးသား ထိုနေရာကို ရွှေ့ရပြီး ညဘက်မှာ ပြန်ယူရသည်။

တခြားမိသားစုများမှ အမျိုးသားများစွာက ထိုနေရာတွင် တိုက်ရိုက်အိပ်လိုက်ကြသည်။

"ဒေါ်ဒေါ် ဒီမှာပဲ လောင်းထည့်လိုက်ရင်ရပြီလား" ကျိုးယွမ် မေးလိုက်၏။

စွင်းတာ့ညန် အဆင်ပြေကြောင်း ခပ်မြန်မြန်ပြောကာ ကျိုးယွမ်အား ကျေးဇူးတင်စကားဆိုလိုက်ပြီး ညစာစားသွားရန် ပြောနေလေ၏။ ဘာပဲဖြစ်ဖြစ် လီရှင်းနဲ့ နျိုနျိုလည်း ဒီမှာရှိနေကြတာဆိုတော့ သံသယတွေကို ရှောင်နေစရာမလိုဘူးလေ..

ချန်ချင့် ခြင်းတောင်းထဲက ပြောင်းဖူးများကို သွန်ချပြီးနောက် ချက်ပြုတ်ရန် အလျင်စလိုသွားခဲ့သည်။ စွင်းတာ့ညန်၊ လီရှင်း နှင့် ကျိုးယွမ်တို့က ခြံထဲ၌ထိုင်ကာ ပြောင်းဖူးအခွံများကို ဆွဲခွာနေကြလျက်။

ကျိုးယွမ်ကမူ မီးဖိုချောင်ထဲ၌ ရှိနေသော ချန်ချင့်ဆီသာ မျက်လုံးထောင့်မှတစ်ဆင့်ကြည့်နေခဲ့သည်။ ချန်ချင့်က သူ့ပုခုံးသူ လှုပ်ရှားနေတာကို ကျိုးယွမ် တွေ့လိုက်သည့်နောက် သူ့ပုခုံးထံ ကြည့်လိုက်မိ၏။ ကျိုးယွမ် လုပ်လက်စကို ရပ်တန့်ကာ တစ်ခုခုလုပ်စရာရှိလို့ အိမ်ခဏပြန်ရမယ်လို့ စွင်းတာ့ညန်အား ပြောလိုက်၏။

ကျိုးယွမ် ထွက်သွားသည့်နောက် စွင်းတာ့ညန်က လီရှင်းအား ပြုံး၍ ပြောလိုက်သည်။

"ကျိုးယွမ်က အရမ်းကောင်းတဲ့လူပဲ.. သူက အရာရာတိုင်း ကူညီပေးတတ်တယ်ကွယ်"

လီရှင်းလည်း ခေါင်းညိတ်ပြလိုက်ပြီး : "ဟုတ်တယ်နော် ဒေါ်လေး"

"မင်းအဖေက မင်းအတွက် တစ်ယောက်ယောက်ကို ရှာတွေ့ထားပြီးပြီလို့ ငါကြားမိတယ်နော်.. ကျိုးယွမ်ရဲ့ အခြေအနေတွေက ကောင်းသားပဲ.. မင်း သူ့ကို မလွတ်စေနဲ့အုံး.. မင်းတို့နှစ်ယောက် တကယ်အဆင်ပြေသွားရင် ငါတို့မိသားစုနှစ်စုက အိမ်နီးချင်းတွေ ဖြစ်လာမှာ.. မင်းနဲ့ အားချင့်က ဆက်ဆံရေးကောင်းပြီးသားဆိုတော့ အနာဂတ်မှာ ပိုကောင်းသွားတာပေါ့ မဟုတ်ဘူးလား"

စွင်းတာ့ညန်က လက်ကို အဆက်မပြတ် လှုပ်ရှားနေသလို စကားလည်း ဆက်တိုက်ပြောနေပေသည်။

လီရှင်းကမူ ကြောက်မက်ဖွယ်ရန်သူကြီးနှင့် ရင်ဆိုင်လိုက်ရသလိုပင် ခပ်မြန်မြန် ငြင်းဆန်လိုက်၏။

"ဒေါ်လေး! မဟုတ်ဘူးနော်! အဲလိုမျိုးမဟုတ်ဘူး"

စွင်းတာ့ညန်သည် လီရှင်း ရှက်နေရုံပဲလို့ တွေးထင်ကာ ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်ပြီး

"ဒေါ်လေး သိပါတယ်ကွယ်.. ဒါပေမယ့် ခုထိ ဆုံးဖြတ်ချက်မှမချရသေးဘဲ.. ပြောဖို့ခက်တယ်လေ.. ပြောဖို့ခက်ပါရဲ့"

လီရှင်း : ...

ကျိုးယွမ် ပြန်ရောက်လာသည့်အခါ ခြံစည်းရိုးအပြင်ဘက်ကနေ လီရှင်းအား ခေါ်လိုက်သည်။

လီရှင်းက အမြန်ထွက်လာချိန်တွင် ကျိုးယွမ်၏ လက်ထဲမှာ ဆေးတစ်ပုလင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ကျိုးယွမ်က သူ့ကို ကမ်းပေးလာပြီး တိုးတိုးလေးပြောလိုက်သည်။

"ကျေးဇူးပြုပြီးတော့ သူ့ကို ဆေးနည်းနည်း လိမ်းပေးလိုက်ပါအုံး"

လီရှင်း ဆူပုတ်ပုတ်ဖြင့် : "မင်း ငါ့ကို ကာဗာအဖြစ် ဘယ်လောက်ကြာကြာသုံးမလို့တုန်း.. အချိန်ကြာလေလေ ငါ မြစ်ဝါမြစ်ထဲ ခုန်ဆင်းသွားရင်တောင် ငါ့ကိုယ်ငါ သန့်ရှင်းနိုင်မှာ မဟုတ်တော့ဘူးနော်"

"မကြာတော့ပါဘူး" ကျိုးယွမ် ပြန်ဖြေလိုက်၏။

စွင်းတာ့ညန်က ချန်ချင့်အား လက်ထပ်ပေးချင်နေကတည်းက ဒါဟာ သူ့အတွက် ပိုကောင်းသော အ​လှည့်အပြောင်းကြီးတစ်ခုဖြစ်ပေလိမ့်မည်။

"နောက်ကျရင် မင်း အဓိကစားပွဲမှာ သွားထိုင်လိုက်ပါ"

လီရှင်းသည် အမြဲတမ်း ဝမ်းတွင်းအသိထက်ရှသူတစ်ဦးပင်။ သူ့အဘိုးအဘွားအိမ်မှ ပြန်လာပြီး ချန်ချင့်ကို တွေ့သည့်အချိန် သူသည် ချန်ချင့်အား ကျိုးယွမ်အကြောင်းပြောပြီးနောက်ပိုင်း တစ်ခုခု မှားနေသည်ကို ခံစားလိုက်ရသည်။

သို့နှင့် သူတို့အတူတူ မြို့တက်ခဲ့ကြသော ထိုနေ့တုန်းက ကျိုးယွမ်နှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေကြောင်းလည်း သူတွေ့ရှိလိုက်ရပြန်သည်။

ချန်ချင့် ထွက်သွားသည့်အခါ သူ ကျိုးယွမ်ကို ကြည့်လိုက်၏။ ချန်ချင့်၏ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ သူသည် ချန်ချင့်အတွက် သဘာဝကျကျ အစီအစဉ်ဆွဲရလေပြီ။

မမျှော်လင့်စွာပင် ကျိုးယွမ်ကလည်း အလွန်ပွင့်လင်းသူပင်။ လီရှင်း မေးမြန်းလာသည့်နောက် သူ့တွင် ချန်ချင့်နှင့် ပတ်သက်ပြီး အတွေးအချို့ရှိကြောင်း တိုက်ရိုက်ဝန်ခံခဲ့သည်။

သို့သော် ချန်ချင့်၏ ပင်ကိုယ်စရိုက်နှင့် သူ့၏ ထူးခြားသောအထောက်အထားကြောင့် ဤလမ်းမှာ လွယ်ကူမည်မဟုတ်ကြောင်း ညွှန်ပြနေလျက်။

ထို့ကြောင့် ချန်ချင့် မသိလိုက်ချိန်မှာပင် လီရှင်းက သူ့အတွက် စစ်ဆေးစောင့်ကြည့်ပြီးနှင့်ပြီဖြစ်သည်။

ကျိုးယွမ်သည် သူ့ကို ဘယ်အချိန်ကစပြီး သဘောကျသွားမှန်း သူကိုယ်တိုင်လဲ မသိပါချေ။ အစကတော့ သူ ချန်ချင့်၏ နောက်ကျောကို ဒီတိုင်းကြည့်နေမိရုံသာ၊ နောက်ပိုင်း ၄င်းမှာ အလေ့အထတစ်ခု ဖြစ်လာခဲ့ခြင်း။

စကားပြောပြီးသည့်နောက် လီရှင်းက ဆေးပုလင်းကို အင်္ကျီလက်ထဲထည့်လိုက်ပြီး မီးဖိုချောင်ထဲဝင်သွားကာ ချန်ချင့်ကို သွားရှာလိုက်သည်။ ထို့နောက် ဘာမှပြန်မပြောဘဲ ချန်ချင့်အား အခန်းထဲကို ဆွဲလာခဲ့သည်။

ချန်ချင့်က ကြက်သားကို လှီးနေဆဲ။ နောက်ဆုံးတစ်ခေါက်က စားသည့် ကြက်သားပင်။ ဒီနေ့ မစားပါက ပုပ်သိုးသွားတော့မည်ဖြစ်သည်။

သူ့လက်တွေဟာ ကြက်အဆီတွေပေပွနေပြီးလက်ပင်မဆေးခဲ့ရတာကြောင့် သူ့လက်တွေကို မြှောက်ထားရုံသာတတ်နိုင်တော့သည်။

"မင်း ဘာလုပ်နေတာလဲ"

လီရှင်းက ချန်ချင့်၏ အဝတ်တွေကို ဆွဲချွတ်လိုက်သည့်အခါ နီရဲရောင်ကိုင်းနေသော ပခုံးသားတွေကို ကြည့်ရင်း ဆေးပုလင်းကို ထုတ်၍ လက်မောင်းကနေ ဖြေးဖြေးလေး ဆေးလိမ်းပေးလိုက်သည်။ ချန်ချင့် နာကျင်မှုကြောင့် ညည်းညူမိသွားရလျက်။

အရင်ကတည်းက ဆောင်းဦးပေါက်ရာသီတိုင်းမှာ ဖြစ်နေကြပင်။ သူ့ပခုံးတွေက နှစ်တိုင်း ဒီလိုဖြစ်စမြဲမို့ ဆေးလိမ်းစရာ မလိုပါချေ။

"အာ ဆေးလိမ်းစရာမလိုပါဘူး"

ချန်ချင့်က သူ့အဝတ်တွေကို ပြန်ဆွဲယူချင်ပေမယ့် လီရှင်းက သူ့ကို ထိန်းကိုင်ထားကာ မလှုပ်ရှားခွင့်မပြုချေ။

"မကြာခင် ကောင်းသွားလိမ့်မှာပါ"

လီရှင်း ဂရုတစိုက်နှင့် သူ့အား ဆေးလိမ်းပေးခဲ့သည်။

"အရင်နှစ်တွေကလဲ ဒီလိုဖြစ်ခဲ့တာပဲကွာ.. ဒီနှစ်ရက်အတွင်းမှာ ငါ့ပုခုံးတွေ သုံးလို့ရပါသေးတယ်"

ချန်ချင့် ပြုံးလျက် : "အရင်ကတော့ မင်း ငါ့ကို ဒီလောက်ဂရုစိုက်တာမျိုး မမြင်ဖူးဘူးနော်"

လီရှင်း နှာမှုတ်လျက် ချန်ချင့်၏ ပုခုံးအား ကျီစယ်သလို ဖိထားရင်း

"ငါက မင်းကို လုံလုံလောက်လောက် ဂရုမစိုက်ဘူးပေ့ါလေ ဟုတ်လား"

အိမ်ထဲ၌ ရင်းနှီးသူများသာရှိနေသဖြင့် ချန်ချင့်၏ ပင်ကိုစရိုက်မှာ အတော်လေး အသက်ဝင်လှသည်။ နှစ်ယောက်သား အိမ်ထဲတွင် ရယ်ရယ်မောမောနဲ့ စနောက်နေကြလျက်။ ညစာချက်ဖို့ နောက်ကျလွန်းသွားမှာကြောင့် အခန်းထဲမှ ပြေးထွက်လာခဲ့လေသည်။

ချန်ချင့် အခန်းထဲမှ အမြန်ထွက်လာရင်း ကျိုးယွမ်၏ မျက်လုံးတွေနှင့် ဆုံသွားခဲ့သည်။ ထိုအခါ ချန်ချင့်က ခပ်မြန်မြန် အဝေးသို့ အကြည့်လွှဲလိုက်ပြီး မီးဖိုချောင်သို့ ပြန်သွားလိုက်သည်။

ကျိုးယွမ်က သူ့မျက်နှာပေါ်ရှိ အနီရောင်အစင်းကြောင်းနှစ်စင်းကို ကြည့်နေမိလျက်။ အဲဒါက ပြောင်းဖူးရွက်တွေကြောင့်ပဲဖြစ်မယ်..

ချန်ချင့်သည် မီးဖိုချောင်သို့ ပြန်လာခဲ့သည်။ ဆားနယ်ထားသည့် ကြက်သားကို နှပ်လိုက်ပါက အရသာအရမ်းမရှိပါချေ။ သူ ကြက်သားကို လှီးဖြတ်ကာ ရေသန့်သန့်နှင့် ဆေးကြောလိုက်၏။

ရေနွေးဖျောပြီးနောက် မီးဖိုပေါ်၌ အိမ်ရှိ အဖုံးပါအိုးစောက်ထဲတွင် တဖြေးဖြေး နှပ်ထားလိုက်ပြီး အရင်က ကိုင်ထားပြီးသားဖြစ်သော ကြက်အူကလီစာများကို ရှာတွေ့သွားခဲ့သည်။

ကျန်ရှိနေသော ကြက်ဆီများကို အရည်ဖျော်လိုက်ပြီး တစ်ဖက်ရှိ အိုးထဲမှ ဂေါ်ဖီချဉ် လက်တစ်ဆုပ်ကို ယူကာ နုတ်နုတ်စင်းလိုက်ပြီး အနံ့မွှေးကြိုင်လာသည်အထိ မွှေကြော်လိုက်သည်။

ထို့နောက် ရေဆေးပြီးသော ကြက်အူကလီစာများကို ထည့်လိုက်သည်။ ရောမွှေထားသည့် ကြက်ဆီမွှေးမွှေးနှင့် ဂေါ်ဖီချဥ် ရနံ့မွှေးတို့ဟာ အပြင်ဘက်ရှိ နျိုနျိုတောင်မှ လောဘတကြီးနှင့် တံတွေးမျိုချမိသွားရသည်။

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment