no

Font
Theme

Ch-31 Unicode

"အိမ်ထောင်ပြုတာနဲ့ ငါ့အပေါ် ဝတ်ကြီးဝတ်ငယ်ပြုတာက ကွဲလွဲမှုမရှိပါဘူးကွယ်.. မင်း အိမ်ထောင်ကျပြီးရင် ငါ့ကို ပြန်လာမတွေ့တော့မှာမို့လား"

"ဟင့်အင်း ကျွန်တော် အိမ်ထောင်ပြုမှာမဟုတ်ဘူး!"

စွင်းတာ့ညန် ချန်ချင့်၏ စရိုက်ကို သိပါ၏။ သူဟာ အတွေးများတတ်ပြီး စကားနည်းသူဖြစ်သည်။ သူ့အတွေးများဟာ သိမ်မွေ့လွန်း၍ စာကြောင်းတစ်ကြောင်းစီ၏ စကားလုံးတိုင်းကို တွေးတောစဥ်းစားနေတတ်သည်။

"မင်း အိမ်တံခါးကို ဝင်လာတဲ့အချိန်ကစပြီး မင်းကို ငါ့သားတစ်ယောက်လိုပဲ ငါ ဆက်ဆံတယ်.. ထောင်းဇီ အခုမရှိတော့တာကို ထည့်မပြောနဲ့အုံး.. အခု ငါတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အားကိုးနေရတာလေ.. အမေတစ်ယောက်အနေနဲ့ မင်း အားကိုးလို့ရမယ့်သူကို ရှာတွေ့နိုင်ဖို့ ငါမျှော်လင့်မိတယ်ကွယ်"

ချန်ချင့် : "အမေ ကျွန်တော်တို့နှစ်ယောက် လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ဒီလိုမျိုးပဲ နေခဲ့ကြတာလေ.. ကျွန်တော် လက်ထပ်ဖို့မလိုပါဘူး"

"မိုက်မဲတဲ့ကလေး"

စွင်းတာ့ညန် သူ့ကို စည်းရုံးဖို့ မကြိုးစားတော့ဘဲ သူမအလုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်။

တစ်ဖက်တွင်မူ လီရှင်းက ကျိုးယွမ်အိမ်ဘက် လျှောက်သွားပြီး သူ အထဲမဝင်သွားဘဲ တံခါးသာခေါက်လိုက်၏။

ကျိုးယွမ် ထွက်လာသည့်အခါ လီရှင်းကို မြင်လိုက်ရ၍

"ဘာကိစ္စရှိလို့လဲ"

"မင်း ကိရိယာတွေ လုပ်နိုင်လား" လီရှင်း တည့်မေးလိုက်သည်။

"ဘာကိရိယာလဲ" ကျိုးယွမ် ပြန်မေးလာ၏။

"ပြောင်းဖူးစေ့တွေခြွေရတာ ပိုလွယ်စေတဲ့ဟာမျိုးပေါ့"

လီရှင်း နှုတ်ခမ်းကို ကွေးလျက် : "ချန်ချင့်ရဲ့ လက်တွေ နီရဲနေတာကို ငါမြင်လို့.. ​သူ တကယ်ပဲ ပြောင်းဖူးအားလုံးကို လက်နဲ့ခြွေနေရရင် သူ့လက်တွေပါ ကွာကုန်လိမ့်မှာ"

(အောင်သွယ်တော်လေးရှင်းရှင်း အွန်လိုင်းပေါ်ရောက်လို့လာပါပြီ 😆)

ကျိုးယွမ် ထိုင်ချလိုက်ပြီး မြေကြီးပေါ်က ပြောင်းစေ့တစ်စေ့ကို ကောက်ယူကာ ဂရုတစိုက်ကြည့်လိုက်ပြီး သူ့စိတ်ထဲ၌ အရာများစွာ တဖျတ်ဖျတ်ပေါ်လာခဲ့သည်။

ပြောင်းဖူး​စေ့အား လက်ထဲမှာ ကိုင်ထားလျက် မြေကြီးပေါ်မှာ အေးအေးဆေးဆေး ထိုင်ချလိုက်ပြီး တဖြေးဖြေး တွေးတောနေတော့သည်။

လီရှင်းကတော့ မက်ဆေ့ချ်ပို့ပေးဖို့ ကူညီရုံသာ။ သူ စကားပြောပြီးသည်နှင့် ချန်ချင့်အိမ်ဘက် ပြန်လျှောက်လာကာ ပြောင်းဖူးများခြွေရန် ဆက်လက်ကူညီလိုက်၏။

သူ့၏နေလောင်ထားသော မျက်နှာကို ချန်ချင့် ကြည့်လိုက်ကာ ရေနည်းနည်းသောက်ခိုင်းလိုက်သည်။

လီရှင်း : "အခွန်ဆောင်ပြီးလို့ ပြောင်းဖူးတွေခြွေပြီးသွားရင် တောင်ပေါ်တက်ကြရအောင်.. မိုးရွာပြီးရင် ငါတို့ မှိုကောက်လို့ရပြီ"

"ကောင်းပြီ" ချန်ချင့် သဘောတူလိုက်သည်။

ယခင်နှစ်များနှင့် အတူတူပါပင်။ သူတို့ ပြောင်းရိတ်သိမ်းပြီးနောက် စပါး ဒုတိယရာသီ စတင်စိုက်ပျိုးကြတော့မည်ဖြစ်သည်။

နှစ်စဥ်နှစ်တိုင်း နှစ်ရက်တာ အားလပ်ရက်ရသဖြင့် မှိုရိုင်းများ ရှာဖွေရန် တောင်ပေါ်သို့ သွားကြသည်။ မှိုများအား လတ်လတ်ဆတ်ဆတ်စားနိုင်သလို စားမကုန်သော မှိုများကို အခြောက်ခံကာ ဆောင်းရာသီအတွက် သိမ်းထားတတ်ကြ၏။

တောင်ပေါ်ရှိ မှိုပေါက်ရာနေရာတိုင်းကို လီရှင်း ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ နှစ်စဉ်နှစ်တိုင်း သူနှင့်အတူ ချန်ချင့်အား ခေါ်သွားမှာဖြစ်ပြီး မှိုများကို တစ်ဝက်စီခွဲဝေယူကြမည်ဖြစ်သည်။

ချန်ချင့် ဒီရက်တွေထဲ အိမ်၌ ပြောင်းဖူးခြွေနေခဲ့သည်။ ညနေပိုင်းတွင် စွင်းတာ့ညန်က ဆီမီးခွက်နှင့် ရောက်လာကာ ပြောလိုက်၏။

"အနားယူချိန်ရောက်ပြီ"

ချန်ချင့် ခေါင်းညိတ်ပြလျက် : "အခုချက်ချင်းလာခဲ့မယ်"

သူ အိပ်ရန် ရည်ရွယ်ချက်မရှိမှန်း စွင်းတာ့ညန် တွေ့လိုက်ရသည့်အခါ သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး သူ့လက်ချောင်းတွေကို ပွတ်ပေးလိုက်၏။ လက်ချောင်းထိပ်လေးများမှာ နီရဲနေသဖြင့် စွင်းတာ့ညန် ထရပ်ကာ အခန်းထဲမှ ဆေးအဆီကို သွားရှာလိုက်ပြီး ချန်ချင့်၏ လက်ကို ကိုင်လျက် လိမ်းပေးလိုက်သည်။

"မင်း ဒုက္ခခံစားခဲ့ရပြီကွယ်"

စွင်းတာ့ညန် နှာတရှုံ့ရှုံ့ဖြင့် "ငါ မင်းကို မဝယ်ခဲ့ရင်..."

"အမေ ကျွန်တော့်ကို ဝယ်မလာခဲ့ရင် လူပွဲစားတွေက ကျွန်တော့်ကို ပြည့်တန်ဆာအိမ်ဆီ ပို့ကြလိမ့်မှာလေ"

လူပွဲစားတွေက လူကောင်းတွေ မဟုတ်ကြဘူးလေ.. နှစ်အတော်ကြာ ရောင်းမရတဲ့လူတွေကို အဲလိုနေရာမျိုးတွေဆီ ပို့ကြတာပဲ..

အထူးသဖြင့် ချန်ချင့်လိုမျိုးပေါ့.. သူ့အသွင်အပြင်နဲ့ အရပ်အမောင်းကို လူအများစုက မကြိုက်ကြပေမယ့် အဲလိုနေရာမျိုးကို ရောက်သွားရင်တော့ ကြိုက်တဲ့သူတွေရှိတာပေါ့..

"အမေ အခု တကယ်အဆင်ပြေပါတယ်ဗျာ"

ချန်ချင့် သူ့လက်တွေကို တစ်ချက်ကြည့်လိုက်ပြီး

"အမေ ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်နေရင် မနက်ဖြန် ကျွန်တော် ကြက်ဥသကြားရည် စားချင်တယ်"

စွင်းတာ့ညန် သူ့ဆံပင်တွေကို ထိလိုက်ရင်း : "ကောင်းပါပြီကွယ်.. ငါ ဆေးလိမ်းပေးထားတော့ မင်း အရင်အနားယူလိုက်အုံး.. အခုချိန်မှာ ဘာမှလောစရာမလိုဘူး"

ဒီရက်တွေထဲမှာ ချန်ချင့် အနည်းငယ် ပြောင်းလဲသွားပုံရကာ အထိန်းအချုပ်တချို့ကို ဖယ်ရှားလိုက်သကဲ့သို့ ပိုမိုပျော်ရွှင်လာ၏။

"ကောင်းပါပြီဗျ ကျွန်တော် ဆေးကြောလိုက်အုံးမယ်နော်"

ဒီရက်ပိုင်း သူ အရမ်းပင်ပန်းနေခဲ့ရတာကြောင့် ချန်ချင့် ခေါင်းနဲ့ အိပ်ယာထိထိချင်းမှာပင် အိပ်ပျော်သွားကာ တစ်ညလုံး ဘာအိပ်မက်မှမမက်ခဲ့ချေ။

နောက်တစ်နေ့တွင် တံခါးအပြင်ဘက်မှ အသံတွေကြားလိုက်ရသဖြင့် သူ နိုးလာခဲ့သည်။ အိပ်ရာနိုးနိုးချင်း အနည်းငယ်စိတ်ရှုပ်ထွေးနေမိလျက်။

ချန်ချင့် အဝတ်အစားလဲပြီး ခြံထဲသို့ လျှောက်လာသည့်အခါ တံခါးနားမှာ ရပ်နေသော ကျိုးယွမ်အား တွေ့လိုက်ရလေသည်။ စွင်းတာ့ညန်က သူ့ဆီမှ အဝတ်လျှော်ဘုတ်ပြားကို ကမ်းယူနေ၏။

ချန်ချင့် သမ်းဝေရင်း တံခါးဆီ လျှောက်လာကာ နူးနူးညံ့ညံ့အသံလေးနှင့် "အမေ"လို့ ခေါ်လိုက်ပြီး သူမလက်ထဲက အဝတ်လျှော်ဘုတ်ပြားအား ကြည့်လိုက်သည်။ ဒါ သူတို့အိမ်မှာရှိတဲ့ဟာနဲ့ မတူဘူးပဲ..

"အဲဒါ ဘာလဲဟင်"

သူတို့အိမ်မှာရှိသည့် အဝတ်လျှော်ဘုတ်ပြားမှာ အဖုအထစ်နှစ်ခုသာ ပါရှိသော်လည်း စွင်းတာ့ညန် လက်ထဲရှိ အဝတ်လျှော်ဘုတ်ပြားမှာ အပေါ်မှအောက်အထိ အဖုအထစ်များ ရှိနေ၏။

ဒါနဲ့ဆို အဝတ်တွေကို အများကြီးလျှော်ဖွပ်စရာမလိုတော့ပုံပဲနော် ဟုတ်တယ်မလား..

သူ့၏ ဆိုးရွားသည့် အိပ်စက်ပုံအနေအထားကြောင့် ထိုးထောင်ထွက်နေသော ဆံပင်လေးများကို ကျိုးယွမ် စိုက်ကြည့်နေမိလျက်။ ထို့နောက် သူ မြေကြီးပေါ်က ပြောင်းဖူးတစ်ဖူးအား ကောက်ယူကာ သူ့ကို သရုပ်ပြပေးရန် ပြင်လိုက်၏။

မူလက လုံးဝိုင်းနေသည့် ပြောင်းဖူးကို အားအနည်းငယ်ဖြင့် အဝတ်လျှော်ဘုတ်ပြား၏ အဖုအထစ်နှင့် ပွတ်တိုက်လိုက်သည့်အခါ ပြောင်းဖူးစေ့တွေ ပြုတ်ကျသွားခဲ့သည်။

"ဒီလိုဆိုရင် လက်နဲ့ခြွေတာထက် ပိုမြန်လိမ့်မယ်"

ချန်ချင့် မျက်လုံးများ ပြူးကျယ်သွားရသည်။ အဝတ်လျှော်ဘုတ်ပြားကို ပြောင်းဖူးခြွေတဲ့နေရာမှာ သုံးလို့ရလိမ့်မယ်လို့ သူ တစ်ခါမှမတွေးခဲ့မိဘူးလေ..

ကျိုးယွမ် လက်တစ်ဖက်ဖြင့် ပြောင်းဖူးပါသော ခြင်းတောင်းအား ကောက်ကိုင်ကာ အဝတ်လျှော်ဘုတ်ပြားအား စောင်းလိုက်ပြီးနောက် ထိုင်ချလိုက်၏။ သူ စခြစ်လိုက်သည်နှင့် ပြောင်းဖူးစေ့တွေ မိုးရွာသွန်းသည့်နှယ် ခြင်းတောင်းထဲ ကျသွားတော့သည်။

"ဒီလိုလုပ်ရင် မြန်တာပေါ့"

ချန်ချင့်လည်း သူ့ဘေးနားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြောင်းဖူးခြွေပြနေသော သူ့အား ကြည့်နေလိုက်သည်။

ချန်ချင့်မှာ အိပ်ရာထခါစဖြစ်၍ ခေါင်းပင်မဖြီးရသေးချေ။ ထိုအချိန်တွင် တောင်လေညင်း တိုက်ခတ်လာသည့်အခါ ချန်ချင့်၏ အနည်းငယ်ရှည်နေသော ဆံပင်လေးတွေက ကျိုးယွမ်၏ လက်ကောက်ဝတ်ပေါ် တိမ်းညွှတ်သွားသဖြင့် လူတွေ၏ နှလုံးသားကို တုန်ယင်သွားစေလျက်။

ကျိုးယွမ် မျက်လုံးအောက်စိုက်ကာ ငုံ့ကြည့်လိုက်မိသည်။

သူ့ဆံပင်အဖျားပိုင်းတွေမှာ အနည်းငယ်ခြောက်သွေ့ပြီး ဆံသားနှစ်ခွဖြစ်နေလေရာ စစ်တန်းလျားရှိ ဗိုလ်ချုပ်၏ မြင်းအား ကျိုးယွမ် တွေးမိသွားရသည်။ မှန်ကန်သော စောင့်ရှောက်မှုကြောင့် မြင်း၏လည်ဆံမွှေးမှာ တောက်ပြောင်ချောမွေ့နေလျက်။ ၄င်းမှာ ချန်ချင့်၏ ဆံပင်ထက် များစွာသာလွန်လှသည်။

သူ ချန်ချင့်ကို တစ်ချက်ကြည့်လိုက်သည့်အခါ ချန်ချင့်လေးက ကြိုးစားချင်စိတ်ပြင်းပြနေတာကို တွေ့လိုက်ရလေ၏။

ကျိုးယွမ် မတ်တပ်ထရပ်လိုက်ပြီး သူ့အား စမ်းလုပ်ကြည့်ရန် ပြောလိုက်သည်။

ချန်ချင့်သည် ကျိုးယွမ်ထက် ခွန်အားနည်းပေမယ့် ပြောင်းဖူးရိုးသာကျန်သည်အထိ ပြောင်းဖူးအား လွယ်လင့်တကူ ပွတ်တိုက်နိုင်ခဲ့သည်။

ချန်ချင့် အာမေဋိတ်သံဖြင့် "ဒါ အရမ်းအသုံးဝင်တာပဲ.. အရင်က ဘာလို့များ ဒါကိုမသိခဲ့ရတာလဲနော်"

သူတို့လည်း နည်းလမ်းတချို့ကို စဥ်းစားခဲ့ကြပြီး ပြောင်းဖူးများကို အနည်းငယ် မြန်မြန်ပွတ်တိုက်ရန် ကြိုးစားခဲ့ကြသော်လည်း ချန်ချင့်၏ လက်တွေက သေးငယ်တာကြောင့် များစွာအကူအညီမဖြစ်ခဲ့ပေ။

ဒီအဝတ်လျှော်ဘုတ်ပြားနဲ့ဆို ပြောင်းဖူးတွေကို မြန်မြန်ဆန်ဆန် ခြွေပြီးနိုင်မယ်လို့ သူ ယုံကြည်နေပြီဟေ့။

ချန်ချင့် သူ့ဆံပင်ကိုပင် မဖြီးတော့ဘဲ အလုပ်စလုပ်တော့မည်မှန်း စွင်းတာ့ညန် တွေ့လိုက်ရသဖြင့် မီးဖိုချောင်မှ ကြက်ဥသကြားရေတစ်ပန်းကန်ကို ခပ်မြန်မြန်ယူလာခဲ့သည်။

"မင်းအလုပ်မလုပ်ခင် အရင်စားလိုက်အုံး.. မနေ့က မင်းပဲ စားချင်တယ်လို့ ပြောထားတယ် မဟုတ်ဘူးလားကွယ်"

သို့နှင့် ချန်ချင့်လည်း ခြင်းတောင်းထံမှ တုံ့ဆိုင်းစွာ ထွက်လာရပြီး စွင်းတာ့ညန် လက်ထဲမှ ပန်းကန်လုံးကို ယူလိုက်သည်။ ထိုအထဲ၌ ကြက်ဥပြုတ်ပါရှိနေ၏။

အသုံးပြုထားသော သကြားမှာ အချိန်အတော်ကြာ ဝယ်ထားခဲ့သော သကြားညိုဖြစ်၍ အရောင်အဆင်း အနည်းငယ် မည်းနက်နေသော်လည်း မွှေးပျံ့နေ၏။

ချန်ချင့် စွပ်ပြုတ်ချိုချိုလေးကို တစ်ငုံသောက်လိုက်ရာ သူ့ခန္ဓာကိုယ်အား ပူပူနွေးနွေးရေစီးကြောင်းတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ပိုမိုသက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။

ကျိုးယွမ် သူတို့ကို နှုတ်ဆက်ပြီး အိမ်ပြန်တော့မည့်အကြောင်း ပြောလိုက်သည်။ ချန်ချင့် ပန်းကန်လုံးမှ မော့ကြည့်လိုက်သည့်အခါ သူ့မျက်လုံးအောက်ရှိ အမည်းကွင်းတစ်ခုကို တွေ့လိုက်ရသည်။

"ခင်ဗျား မနေ့ညက မအိပ်ဘူးလား" ချန်ချင့် မေးလိုက်၏။

ချန်ချင့်၏ အမေးကို ကြားလိုက်ရသည့်အခါ ကျိုးယွမ် အနည်းငယ် အံ့သြသွားရသည်။ အကြောင်းကတော့ ချန်ချင့်က သူ့ကို တတ်နိုင်သမျှ တစ်ခါမှ စကားစပြောမှာမဟုတ်ဘူး.. ဒါပေမဲ့ ဒီနေ့မှာတော့ သူက သူ့အခြေအနေအကြောင်းမေးဖို့ အစပျိုးလာတယ်..

ကိစ္စတွေ မူမမှန်ဘူး.. တစ်ခုခုမှားနေတာပဲဖြစ်ရမယ်..

ကျိုးယွမ် သူ့ကို လှည့်ကြည့်လိုက်သည့်အခါ ကြက်ဥသကြားရေပန်းကန်လုံးအား ကိုင်ထားဆဲဖြစ်သော ချန်ချင့်ကိုသာ တွေ့လိုက်ရလေသည်။ သူ့မျက်လုံးတွေက ကြည်လင်တောက်ပနေပြီး အရင်က သူ့ကိုကြည့်သည့်ပုံစံနှင့် မတူတာကို တွေ့ရှိလိုက်ရသည်။

ကျိုးယွမ် သူ့လက်တွေကို ကျောနောက်တွင် ထားလိုက်ပြီး ပြန်ဖြေလိုက်၏။

"ကိုယ် မနေ့ညက ဒါလုပ်ဖို့အတွက် နောက်ကျတဲ့အထိနေလိုက်တာ"

လီရှင်း မနေ့က ထွက်သွားပြီးနောက်ပိုင်း သူ ဘယ်လိုကိရိယာမျိုးကို လုပ်ရမလဲဆိုတာ လေ့လာနေခဲ့သော်လည်း သူသည် ယခင်က လယ်မစိုက်ဖူးသလို သူ့လယ်မြေဧက၌ ပြောင်းဖူးပင် မထွက်ရှိခဲ့သည်ကြောင့် အချိန်တစ်ခုလောက် ဘာလုပ်ရမှန်း မသိခဲ့ချေ။

လွန်ခဲ့သည့်ရက်အနည်းငယ်က စွင်းတာ့ညန် သူ့ဆီ ယူလာပေးခဲ့သော အဝတ်လျှော်ဘုတ်ပြားကို သူတွေ့လိုက်သည်နှင့် အကြံအစည်တစ်ခု ရုတ်ချည်းရသွားခဲ့သည်။

၄င်းမှာ လွန်စွာရှုပ်ထွေးသော အလုပ်မဟုတ်သော်လည်း အချိန်အများကြီးယူရလေ၏။ သူ လုပ်ပြီးသွားချိန်၌ ရာသီဥတု အေးစက်နေနှင့်ပြီဖြစ်၍ များများစားစား တွေးတောမနေတော့ဘဲ ချန်ချင့်အိမ်သို့ ရောက်ချလာခဲ့ခြင်း။

"အယ်?"

ချန်ချင့် အာမေဋိတ်ပြုလိုက်ကာ : "ဒါဆို ခင်ဗျား အိမ်ပြန်ပြီး အနားယူသင့်တယ်နော်.. ဒီနေ့ လီရှင်း မလာဘူး"

ကျိုးယွမ် ကြောင်အသွားရလျက်။ အဲဒါက လီရှင်းနဲ့ဘာဆိုင်လို့လဲ..

ယနေ့ ချန်ချင့်မှာ လွန်စွာကွဲပြားနေလေ၏။ အနှီကွဲပြားမှု​ကြောင့် ကျိုးယွမ် အနည်းငယ် စိတ်မသက်မသာဖြစ်နေမိသည်။

သူ ဘာ​လို့ပြောင်းလဲသွားလဲဆိုတာ သူမသိပေမယ့် ကိစ္စတချို့ကို ပိုစောစော အစီအစဉ်ချသင့်နေပြီပဲ...

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment