Ch-28 Unicode
ထို့နောက် ရေဆေးပြီးသော ကြက်အူကလီစာများကို ထည့်လိုက်သည်။ ရောမွှေထားသည့် ကြက်ဆီမွှေးမွှေးနှင့် ဂေါ်ဖီချဥ် ရနံ့မွှေးတို့ဟာ အပြင်ဘက်ရှိ နျိုနျိုတောင်မှ လောဘတကြီးနှင့် တံတွေးမျိုချမိသွားရသည်။
ကြက်သားစွပ်ပြုတ်တစ်ပွဲနှင့် ကြက်သားကြော်တစ်ပွဲဟာ မလုံလောက်သည်မှာ အသေအချာပင်။ ကျိုးယွမ်လို အမျိုးသားတစ်ယောက် ဒီမှာရှိနေတာဆိုတော့ ပြောနေစရာကိုမလိုဘူးပေါ့။
(သူ့လောင်ကုန်းကို အစားကြီးတယ်လို့ပြောနေတာ ကလေးက 😆)
ထို့ကြောင့် သူသည် ပဲနဲ့ အာလူးနှပ်ဟင်းလျာတစ်မျိုးကိုပါ ထပ်လုပ်လိုက်သည်။ မိသားစုဟာ အသားဝယ်မစားနိုင်သည်မှာ အချိန်ကြာလှပြီဖြစ်၍ ဝက်ဆီလည်း ကုန်ခါနီးနေလေပြီ။ ချန်ချင့် အံတင်းတင်းကြိတ်ကာ အာလူး ခရမ်းသီး ပဲတို့ကို ဝက်ဆီနှင့် အချိန်အတော်ကြာ နှပ်ထားလိုက်၏။
ပုံမှန်နေ့ရက်များ၌ ချန်ချင့်နှင့် စွင်းတာ့ညန်တို့က အစေ့အဆန် ရောနှောထားသည့် ဘန်းမုန့်ပေါင်းများကို စားလေ့ရှိသည်။
လော့ဟယ်ရွာသည် တောင်များ မြစ်များ အနီးတွင် တည်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဤနေရာတွင် ဆန်ရေစပါးမဖြစ်ထွန်းပါချေ။ ထို့ကြောင့် ဆန်ကောင်း၏ ဈေးနှုန်းမှာ အလွန်တရာ ဈေးကြီးလှ၏။
သာမန်မိသားစုများဟာ ဆန်ကြမ်းအချို့နှင့် ရောထားသည့် အရောအနှောဆန်ကိုသာ ဝယ်ယူကြသော်လည်း ထိုသို့ဝယ်သည်မှာလဲ ရှားပါးလှသည်။
ချန်ချင့်လည်း ၄င်းတို့ကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ အစပိုင်းတွင် မသိခဲ့ပေ။ သူ့ဇာတိမြို့ဟာ လော့ဟယ်ရွာနှင့် ဝေးကွာသလို အစားအသောက် အလေ့အထမှာလည်း ဤနေရာနှင့် အလွန်ကွာခြားလှ၏။ သူ့၏ ဟင်းချက်လက်ရာမှာ စွင်းတာ့ညန်ဆီမှ သင်ယူထားခြင်းပင်။
ဟင်းလျာများ အဆင်သင့်ဖြစ်သောအခါ ကြက်စွပ်ပြုတ်လည်း အဆင်သင့်ဖြစ်နေချေပြီ။ ချန်ချင့်က အရင်တစ်ခါ သူ နေမကောင်းတုန်းက စားမကုန်သေးသော *တန်ရှန်းအနည်းငယ်ကို ထည့်လိုက်သည့်နောက် ကြက်စွပ်ပြုတ်၏ အရသာမှာ ပိုကောင်းသွားလေပြီ။
(*ရှေးခေတ် တရုတ်နိုင်ငံမှာ အသုံးများတဲ့ ရိုးရာဆေးတစ်မျိုးပါ)
သူတို့အိမ်၌ ပုံမှန်အားဖြင့် လူများများစားစားမရှိတာကြောင့် စားပွဲသေးသေးလေးတစ်လုံးသာရှိပြီး ထိုင်ခုံအပိုမရှိပေ။
သို့သော် လီရှင်းနှင့် ကျိုးယွမ်တို့က စိတ်မရှိပါချေ။ သူတို့ ပြောင်းဖူးခွံပေါ်မှာ တိုက်ရိုက်ထိုင်ချလိုက်လေ၏။
နျိုနျို တံတွေးမျိုချလိုက်၏။ ချန်ချင့်လည်း သူ့အတွက် ထမင်းတစ်ပန်းကန်နှင့် ကြက်စွပ်ပြုတ်ထည့်ပေးလိုက်သည်။ နျိုနျိုအတွက် စွပ်ပြုတ်ထဲမှာ ထမင်းထည့်ကာ စားလို့ရသွားလေပြီ။
"မင်းရဲ့ ဟင်းချက်လက်ရာ အရမ်းကောင်းမှန်း ငါ သိပြီးသားပါနော်"
လီရှင်း ပျော်ရွှင်စွာ စားသောက်နေလေ၏။ ချန်ချင့်ကမူ ပန်းကန်လုံးကို ကိုင်ထားလျက် ခေါင်းလေးငုံ့ကာ ပြုံးလိုက်မိသည်။
ကျိုးယွမ်သည် ချန်ချင့် ပြုံးတာကို ရှားရှားပါးပါး မြင်လိုက်ရသလို ရုတ်ချည်း သူ့အပြုံးကို မြင်လိုက်ရသည့်အခါ အနည်းငယ် မိန်းမောသွားသလို ခံစားလိုက်ရ၏။
စွင်းတာ့ညန်က နျိုနျို စားသောက်နေသည်ကို ကြည့်ရှုပေးနေတာကြောင့် သူတို့၏ အခြေအနေကို သတိမထားမိပါချေ။
လီရှင်း ပန်းကန်လုံးကို ကိုင်ထားလျက် ကောင်းကင်ကြီးကို တိတ်တဆိတ် မော့ကြည့်မိလိုက်သည်။
နျိုနျိုစားပြီးသည်နှင့် စွင်းတာ့ညန်လည်း စတင်စားသောက်ချေပြီ။ ထမင်းစားပြီးနောက် နွားလှည်းငှားလိုကြောင်း ကျိုးယွမ်အား ပြောလိုက်သည်။ သူတို့၏ ကျန်ရှိနေသော လယ်မြေများဟာ ကျယ်ပြန့်သောနေရာတွင်ရှိသဖြင့် နွားလှည်းနှင့် သွားလို့ရသည်။
ဟုတ်တာပေါ့ ကျိုးယွမ်က သဘောတူလိုက်သလို ရိတ်သိမ်းဖို့ သူပါ ကူညီပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။
စွင်းတာ့ညန် အလျင်စလို ငြင်းဆန်လိုက်ပြီး
"မင်း ငါတို့ကို နွားလှည်းသုံးခွင့်ပေးတာနဲ့တင် လုံလောက်နေပါပြီကွယ်"
လီရှင်းက သူ့၏ ပါးစပ်ထောင့်ကို ဆွဲလိုက်ပြီး
"ဒီလိုလုပ်ရင်ရော ဒေါ်လေး.. သူ့ခြံဝင်းက တော်တော်ကျယ်တာကို ကျွန်တော် မြင်မိတယ်.. ပြောင်းဖူးတွေကို သူ့ခြံထဲမှာဘာလို့အခြောက်မလှန်းရမှာလဲ.. ဒါဆို ဒေါ်လေးတို့လဲ ဘိုးဘွားခန်းမဆောင်ရှေ့မှာ နေရာသွားလုနေစရာမလိုတော့ဘူးပေါ့ဗျာ.. နောက်ပြီးတော့ နေရာတစ်နေရာသွားယူနိုင်ခဲ့ရင်တောင် ချန်ချင့်က အဲဒီမှာ တစ်ညလုံး သွားစောင့်ကြည့်ဖို့ လိုနေသေးတာမလား"
စွင်းတာ့ညန် နှင့် ချန်ချင့် နှစ်ယောက်လုံးက ကျိုးယွမ်အား ကြည့်လိုက်ကြသည်။
ကျိုးယွမ် ခေါင်းညိတ်ပြလိုက်၏။
"အဆင်ပြေပါတယ်.. ဒေါ်ဒေါ် အချိန်ကျရင် ကျွန်တော့်အိမ်ကိုသာ ယူလာခဲ့လိုက်ပါ"
"မင်းရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွယ်"
စွင်းတာ့ညန်က သူ့အတွက် ကြက်သားတစ်ပိုင်းကို ကောက်ယူကာ ထည့်ပေးလိုက်သည်။
"အဆင်ပြေပါတယ်.. ကျွန်တော်လဲ ဒေါ်ဒေါ့်ကို ဒုက္ခပေးစရာတစ်ခုရှိလို့ပါ.. ကျွန်တော် အရင်ရာသီက ခွဲဝေရထားတဲ့ မြေကို မစိုက်တော့ဘူး.. ဒီရာသီပြီးရင် ကျွန်တော် နည်းနည်းစိုက်ရမယ်လေ.. ဒီတိုင်းထိုင်နေပြီး စားပဲစားနေလို့မှမဖြစ်တာ"
"ကောင်းပါပြီ အချိန်ရောက်လို့ မင်းလယ်စိုက်ချင်ပြီဆို ငါ မင်းကိုကူညီဖို့ အားချင့်ကိုပါ ခေါ်လာပေးမယ်"
ချန်ချင့်က အိပ်မက်မက်နေဆဲ။ သူသည် လီရှင်း ခုနက ပြောလိုက်သည့်အကြောင်းကို တွေးနေမိဆဲပင်။ အခု လီရှင်းက ကျိုးယွမ်ရဲ့ မိသားစုအရေးကိစ္စတွေကိုပါ တာဝန်ယူကူညီပေးနိုင်နေပြီလား...
သူ နှုတ်ခမ်းကိုကိုက်ကာ သူ့စိတ်အခြေအနေကို အတန်ကြာ ပြန်လည်စမ်းစစ်နေမိသည်။
သူသည် မြင်မြင်ချင်းလူမှားသွားခဲ့ပြီး ကျိုးယွမ်ကို မုန့်ထောင်းလို့ ထင်ခဲ့မိ၏။ နောက်ပိုင်းမှာတော့ သူ့စိတ်တွေ လုံးလုံးရှုပ်ထွေးသွားခဲ့ရလေသည်။
သံသယအားလုံးကို ရှောင်ရှားရခြင်းမှာ သူ မနေနိုင်ဘဲ သူနဲ့ နီးစပ်ချင်သွားမှာကို ကြောက်မိ၍သာ။ သံသယတွေကို ရှောင်ရှားရမယ်..
သူတို့ မဆက်သွယ်ကြသရွေ့ သူ့စိတ်ထဲမှာ တခြားအတွေးတွေ ဝင်လာမည်မဟုတ်ပေ။ အကျင့်စာရိတ္တပိုင်း အပြစ်စိတ်ရှိခြင်းမှာ ကြီးလေးလွန်းတာကြောင့် ချန်ချင့် နောက်ကျောပင် ဖြောင့်ဖြောင့်မရပ်နိုင်လောက်ဘူးလို့ ယုံကြည်နေမိသည်။
သူသည် နှုတ်နည်းသူတစ်ဦးဖြစ်သော်လည်း အရင်တုန်းက ရွာသူရွာသားများနှင့် တွေ့သည့်အခါ တစ်ယောက်ယောက်က သူ့ကို နှုတ်ဆက်လာသည့်အခါ ပြန်ပြောတတ်သလို အရင်က ရွာကအမျိုးသားများနှင့်လည်း ဆက်သွယ်ပြောဆိုခဲ့ဖူးတယ်လို့ သူ့အမေကတောင် ပြောလာခဲ့သည်။ ဒါဆို သူက ကျိုးယွမ်နဲ့ စကားပြောဖို့ ဘာလို့ ငြင်းဆန်နေရမှာလဲ..
ချန်ချင့်သည် ငြင်းဆိုခြင်းဟာ သူ့တွင် ဖုံးကွယ်ထားစရာ တစ်ခုခုရှိတာကြောင့်လို့ မပြောဝံ့ဘဲပါချေ။ သူ သိပြီးနောက် သူ့ကိုယ်သူ ပြောင်းလဲပါ့မယ်လို့သာ ပြောလိုက်တော့သည်။
ဒါပေမဲ့ ဒါက ဆန့်ကျင်ဘက်ဖြစ်သွားပုံရတယ်လို့.. သင် ပိုပြီး ချုပ်ထိန်းချင်လေလေ တချို့ကိစ္စတွေက ပိုပြီးသက်ရောက်လေလေပဲ.. ဒါမှားသွားပြီ..
လီရှင်းက သူ့သူငယ်ချင်းကောင်းဖြစ်သလို သူဒီကို စရောက်တုန်းက သူ့နှလုံးသားကို ဖွင့်ဟပြောနိုင်ခဲ့တဲ့သူဖြစ်ပြီး သူ့တွင် တခြားသူငယ်ချင်းမရှိခဲ့ပါချေ။ လီရှင်းကို ထိခိုက်အောင် သူ့ကိုယ်သူလည်း ဘာတစ်ခုမှ လုပ်ခွင့်မပေးနိုင်ဘူး..
၄င်းကိုတွေးရင်း ချန်ချင့် ရုတ်တရက် အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။
သင် ပိုလျှို့ဝှက်လေလေ သင်ဟာ ရည်ရွယ်ချက်ရှိသူတစ်ဦး ပိုဖြစ်လာလေလေပဲ.. ပွင့်လင်းရိုးသားတာက တခြားအရာတွေထက် ပိုကောင်းတယ်လေ..
လီရှင်း ထမင်းစားပြီးပြီးချင်း လှည့်ကြည့်သည့်အခါ ပြုံးနေသော ချန်ချင့်ကို တွေ့လိုက်ရလေ၏။ သူသည် စိတ်ရှုပ်ထွေးစွာဖြင့် ချန်ချင့်အား ကြည့်လိုက်ပြီး
"မင်း ဘာတွေရယ်နေတာလဲ"
ချန်ချင့် ခေါင်းခါလျက် : "ဘာမှမဟုတ်ပါဘူး.. ငါ့ဘာငါ တစ်ခုခုကို တွေးမိသွားလို့"
စွင်းတာ့ညန် ကွက်တိ ဝင်ပြောလာလေ၏။
"အားချင့်က အမြဲတမ်း ငေးငိုင်နေတာ.. သူဘာတွေတွေးနေမှန်းမသိပါဘူးကွယ်.. လူကောင်က သေးသေးလေးဆိုပေမယ့် သူ့စိတ်အတွေးတွေကတော့ ပေါင်ရှစ်ရာလောက် လေးနေတာပဲ"
ချန်ချင့် သူ့ဆံပင်သူ ကုတ်နေမိကာ သူ့မျက်နှာနှင့် လည်ပင်းတွေပါ ယားယံလာသလို ခံစားလိုက်ရသဖြင့် ကြမ်းကြမ်းကုတ်လိုက်ရာ မျက်နှာနှင့် လည်ပင်းမှာ နီရဲသွားပါတော့သည်။
ပြောင်းဖူးခွံများကို လျင်မြန်စွာ အခွံခွာလိုက်ကြပြီး ခြံဝင်း၏ တစ်ဖက်ခြမ်း၌ အခြောက်လှန်းထားခဲ့သည်။ ခြံဝင်းမှာ မူလကတည်းက အလွန်သေးငယ်သောကြောင့် လူတစ်ဦးစာသွားလာရန် ကျယ်ဝန်းသည့် လမ်းတစ်လမ်းသာ ကျန်လေတော့သည်။
သူတို့အားလုံး မနက်အစောကြီး အိပ်ရာထခဲ့ရတာကြောင့် အလုပ်ပြီးသည်နှင့် လီရှင်းက နျိုနျိုကိုခေါ်ကာ အိမ်ပြန်သွားခဲ့သည်။ ထို့ကြောင့် ကျိုးယွမ်လည်း ထုံးစံအတိုင်း ဆက်နေလို့မရတော့ပေ။ စွင်းတာ့ညန်က ပန်းကန်ဆေးပြီး ချန်ချင့်အား အိပ်ခိုင်းလိုက်တော့သည်။
မနက်တုန်းက လီရှင်း လိမ်းပေးထားသည့် ဆေးမှာ အလွန်ထိရောက်မှုရှိလှသည်။ ဤတစ်ကြိမ်တွင် ချန်ချင့် သိပ်မနာကျင်တော့သဖြင့် အိပ်ရာနဲ့ခေါင်းထိသည်နှင့် အိပ်ပျော်လုနီးနီးဖြစ်သွားခဲ့သည်။
သူ့အဖို့ အိပ်မက်မက်တာ ရှားပါးလှသော်လည်း ယနေ့တော့ သူ့ဘဝတွင် ပထမဆုံးအကြိမ် အိပ်မက်မက်ခဲ့လေ၏။
အိပ်မက်ထဲ၌ မြစ်ထဲသို့ မခုန်ချခင်က သူ့ပါပါး၏ ညင်သာနူးညံ့သော အကြည့်ကို မြင်လိုက်ရသည်.. နောက်တော့ သူ လူပွဲစားနောက် လိုက်နေချိန်တုန်းက နေရာတိုင်းက အကြည့်များစွာကို မြင်လိုက်ရသည်.. နောက်ဆုံးတော့ သူ ဘယ်လောက်ပဲ ကြိုးကြိုးစားစားကြည့်နေပါစေ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော လူတစ်ယောက်ပေါ်သို့ အကြည့်ရောက်သွားခဲ့သည်..
"ချန်ချင့်လား"
အိပ်မက်ထဲကလူဟာ ခက်ခက်ခဲခဲ လှုပ်ရှားလာပြီး ချန်ချင့်အား အားတက်သရော ခေါင်းညိတ်ပြလာ၏။
"ကျွန်တော်က မုန့်ထောင်းပါ"
ချန်ချင့် သူ့မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ကာ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်အောင် ကြိုးစားခဲ့သော်ငြား သူ ဘယ်လောက်ပဲ ကြိုးစားနေနေ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။
"ကျွန်တော်....."
"ငါ့အမေကို ကောင်းကောင်း ဂရုစိုက်ပေးပါ"
ချန်ချင့် ခေါင်းညိတ်ပြနေမိဆဲ။
"ခင်ဗျား....."
"မင်း ငါ့အပေါ် သစ္စာရှိဖို့ မလိုပါဘူး.. ငါတို့က တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးဘူးလေ"
ချန်ချင့် အံ့အားသင့်သွားရ၏။
"ငါ မင်းနဲ့ ထပ်မပြောတော့ဘူး.. အမေ့ကို သေချာဂရုစိုက်ပေးပြီး မင်းလုပ်ချင်တာကို လုပ်ပါ"
"မဟုတ်ဘူး မုန့်... မုန့်ထောင်း!!"
ချန်ချင့် ကုတင်ပေါ်မှ ထထိုင်လိုက်မိသည်။ သူ့နဖူးမှာ ချွေးစို့နေကာ နှလုံးခုန်မြန်နေလျက်။ တံခါးအပြင်ဘက်၌ စွင်းတာ့ညန်နှင့် ကျိုးယွမ်တို့ စကားပြောနေကြစဥ် ချန်ချင့်၏ အော်သံအကျယ်ကြီးကို ကြားလိုက်ရလေသည်။
တံခါးအပြင်ဘက်က လူနှစ်ယောက်လုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
ကျိုးယွမ် အပြုံးမှာ ပျောက်ကွယ်သွားကာ စွင်းတာ့ညန်အား ခေါင်းညိတ်ပြလိုက်ပြီး
"ဒေါ်လေး ကျွန်တော် အရင်ပြန်လိုက်အုံးမယ်"
"ကောင်းပါပြီ"
စွင်းတာ့ညန်လည်း ချန်ချင့်ဆီသွားဖို့ အလျင်လိုနေရာ သူ့အား လက်ပြနှုတ်ဆက်လိုက်၏။
xxx