no

Font
Theme

ဇုံးလျန်ခရိုင်။ ဈေးတန်းတွင် လူအုပ်ကြီး စုဝေးနေကြသည်။ အဆာပြေမုန့်ရောင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီး၊ ကျောတွင် ရေပုံးကို အသက်အောင့်ကာ ထမ်းထားရသည့် အမျိုးသား၊ သူငယ်ချင်းများနှင့်အတူ ပြေးလွှားဆော့ကစားနေသည့် ကလေးငယ်များနှင့် လမ်းသွားလမ်းလာ အမျိုးမျိုးတို့သည် တစ်နေရာတည်းကိုသာ စိုက်ကြည့်နေကြသည်။

ရွာလမ်းမအလယ်ဗဟိုမှတစ်ဆင့် ယာဉ်တန်းရှည်ကြီးတစ်ခု ဖြတ်သန်းလာသည်။

ခရစ်! ခရစ်!

လှည်းဘီးများ၏ ထူထဲသော သစ်သားတုံးများ ပွတ်တိုက်သံကို ကြားနေရသည်။ ယာဉ်တန်းကို လုံခြုံရေးယူပေးထားသည့် အစောင့်များကြားတွင် မြင်နေရသည့် သစ်သားလှောင်အိမ်များထဲတွင် လက်နှင့်ခြေကို ချည်နှောင်ထားသည့် အကျဉ်းသားများ ရှိနေကြသည်။

"ကြည့်စမ်း။" "အော့၊ သူတို့တစ်ကိုယ်လုံး သွေးတွေနဲ့ပဲ"

သူတို့၏ မျက်နှာများသည် အလွန်ပင်ပန်းနွမ်းနယ်နေပြီး ပြင်းထန်သော ဒုက္ခမျိုးစုံကို ခံစားခဲ့ရသည့်အလား ဒဏ်ရာအနာတရများဖြင့် ပြည့်နှက်နေသည်။ ဝတ်ဆင်ထားသည့် အဖြူရောင် အကျဉ်းသားဝတ်ရုံများမှာလည်း သွေးရဲနေသည်။ ထိုမြင်ကွင်းကြောင့်ပင် ယာဉ်တန်းကို ကြည့်နေသည့် ရွာသူရွာသားများ၏ စိတ်ထဲတွင် အလွန်ပင် မသက်မသာ ဖြစ်နေကြသည်။

ယာဉ်တန်းသည် ခဏတာ ဆက်လက်ရွေ့လျားလာသည်။ ထိုစဉ် တစ်ယောက်ယောက်က မြေပြင်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး သစ်သားလှောင်အိမ်ထဲသို့ ပစ်ပေါက်လိုက်သည်။

"ဒီပိုးဟပ်လို ကောင်တွေ"

"အား"

ခြေလက်အနှောင်အဖွဲ့နှင့် အကျဉ်းသားသည် ကျောက်ခဲကို မရှောင်နိုင်ဘဲ ထိမှန်သွားသည်။ အကျဉ်းသား၏ နာကျင်နေသည့် မျက်နှာကို မြင်လိုက်ရသောအခါ ကြည့်ရှုနေသူများထဲမှ အချို့သည်လည်း လက်ထဲရှိရာကို ကောက်ယူကာ ပစ်ပေါက်ကြပြန်သည်။

တုန်း တုန်း တုန်း

လှောင်အိမ်ထဲရှိ အကျဉ်းသားများသည် ထိမှန်ခြင်းကို ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။

"အရှက်မရှိတဲ့ကောင်တွေ"

"ကျိန်စာသင့်မယ့် လူမိုက်တွေ"

"ဒါကိုယူပြီး သေသွားစမ်း"

သူတို့ကို လုံခြုံရေးယူပေးထားသည့် အစောင့်များကလည်း မတားဆီးကြပေ။ ယင်းအစား လှောင်ရယ်သံများဖြင့်သာ ကြည့်နေကြသည်။ ဤသည်မှာ အကျဉ်းသားများကို လူမြင်ကွင်းတွင် ပို့ဆောင်ရခြင်း၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။ သူတို့၏ ပြစ်မှုများကို လောကကြီးအား ကြေညာရန်အတွက် ဖြစ်သည်။

"ဟွန်း"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စားသောက်ဆိုင်တစ်ခု၏ ဒုတိယထပ် ပြတင်းပေါက်မှတစ်ဆင့် စောင့်ကြည့်နေသည်။ စနစ်တကျ ထိုင်ကာ လက်ဖက်ရည် သောက်နေရင်း သူ့ရှေ့တွင် ထိုင်နေသည့် အရာရှိဝတ်စုံနှင့်တစ်ယောက်က မရှင်းမလင်းနှင့် မေးလိုက်သည်။

"ဘာလို့ အဲဒီလို တုံ့ပြန်နေရတာလဲ"

သူတို့သည် ပြစ်မှုကျူးလွန်ထားသူများသာ ဖြစ်သည်။ သူ့ရှေ့ရှိ ထိုလူသည် အကျဉ်းသားများကို အလွယ်တကူ သနားတတ်သူမျိုး မဟုတ်ပေ။ ထိုအခါ လူလတ်ပိုင်းအရွယ် အမျိုးသားသည် လှောင်အိမ်တစ်ခုကို အကြည့်ရောက်သွားသည်။ တခြားအကျဉ်းသားများနှင့် မတူဘဲ တစ်ယောက်တည်း ပိတ်လှောင်ထားသည့် အကျဉ်းသားတစ်ဦး ရှိနေသည်။ သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်မှာ သွေးများရဲနေသည်။

"သူက ငယ်ငယ်လေးပဲရှိသေးတာပဲ"

အကျဉ်းသားသည် ဆံပင်ရှုပ်ပွလျက် မတ်မတ်ထိုင်နေသည်။ ဆံပင်များကြောင့် မျက်နှာတစ်ဝက် ဖုံးကွယ်နေသော်လည်း သူ့ကို တစ်ချက်ကြည့်လိုက်ရုံနှင့် လူငယ်လေးတစ်ယောက်မှန်း သိသာသည်။ အများဆုံးဖြစ်လျှင် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် အရွယ်သာ ရှိဦးမည်။

'...သူနဲ့ အသက်ချင်း တူလိုက်တာ'

ထိုလူငယ်အကျဉ်းသားကို မြင်လိုက်ရသည့်အခါ သူတာဝန်ထမ်းဆောင်နေရသည့် လူငယ်သခင်လေးကို ရုတ်တရက် သတိရသွားသည်။ သို့သော် သူ ခေါင်းခါလိုက်သည်။ အသက်အရွယ်နှင့် ပြစ်မှုကျူးလွန်ခြင်းတို့က ဘာဆိုင်လို့လဲ။ သူ့ကို စောင့်ကြည့်နေသည့် အစိုးရအရာရှိက တည်ကြည်သော မျက်နှာဖြင့် ပြောသည်။

"ကွပ်မျက်ခြင်းမပြုမီအထိတော့ ပြောရခက်ပါတယ်၊ ဒါပေမဲ့ သူ့ပုံစံနဲ့မလိုက်အောင် သူက ဒီအထဲမှာ အပြင်းထန်ဆုံး ပြစ်မှုကျူးလွန်ထားပုံရတယ်"

စကားကြောင့် စိတ်ဝင်စားသွားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက မေးလိုက်သည်။

"ဘယ်လိုဆိုလိုတာလဲ"

"ခင်ဗျား ငယ်တယ်လို့ ခေါ်လိုက်တဲ့ ကောင်စုတ်လေးက ဒီတစ်ခါ ပို့ဆောင်လိုက်တဲ့ အကျဉ်းသားတွေထဲမှာ အဆိုးဝါးဆုံးပဲ"

"အဆိုးဝါးဆုံးဟုတ်လား"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ပေ။ ထိုလူငယ် အကျဉ်းသားတွင် ဘာများ အဆိုးဝါးဆုံး ဖြစ်နေလို့လဲ။

"…သူ လူတွေကို ထိခိုက်စေခဲ့လို့လား"

အစိုးရ၏ မျက်လုံးတွင် အဆိုးဝါးဆုံး ပြစ်မှုမှာ နိုင်ငံတော်သစ္စာဖောက်မှုဖြစ်သည်။ သို့သော် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်သူများကို လူမြင်ကွင်းတွင် ပြစ်မှုကို ကြေညာပြီးမှ ပို့ဆောင်ကြသည်၊ ထို့ကြောင့် ၎င်းမဟုတ်နိုင်ပေ။ ထိုအခါ အဆိုးဝါးဆုံးဟု သတ်မှတ်နိုင်သည့် ပြစ်မှုမှာ တစ်ခုတည်းသာ ရှိတော့သည်။ လူသတ်မှု။

"မှန်တယ်"

အစိုးရအရာရှိ၏ အဖြေကို ကြားရသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သာမန်အရပ်သားများအတွက် လူသတ်မှုသည် ကြီးမားသည့် ပြစ်မှုဖြစ်သော်လည်း သူကဲ့သို့သော သိုင်းပညာရှင်များအတွက်မူ လူသတ်ခြင်းနှင့် အသတ်ခံရခြင်းမှာ ထူးဆန်းသည့်အရာ မဟုတ်ပေ။ အစိုးရအရာရှိက သူ့ကို ကြည့်ပြီး လျှာသတ်လိုက်သည်။

" သိုင်းပညာရှင်တစ်ယောက်ပီပီပဲ၊ ဒါကို အထူးအဆန်း မဖြစ်ပုံရဘူး"

"ဒီလောကမှာ လူတွေက ဒီလိုပဲ သေကြတာပါပဲ"

"အဲဒီလို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကလေးရဲ့ အထောက်အထားကိုသာ ခင်ဗျား သိလိုက် မယ်ဆိုရင်…"

တုန်း

အစိုးရအရာရှိ စကားမဆုံးခင်မှာပင် ကျောက်ခဲတစ်လုံး လွင့်လာပြီး သစ်သားလှောင်အိမ်ထဲရှိ ကောင်လေး၏ ခေါင်းကို ထိမှန်သွားသည်။ ပတ်ဝန်းကျင်သည် ဆူညံသွားသည်။ ကောင်လေး၏ ခေါင်းမှ သွေးများ စီးကျလာသည်။ သို့သော် တခြားအကျဉ်းသားများနှင့် မတူဘဲ ကောင်လေးသည် ရွေ့လျားခြင်း မရှိသလို နာကျင်မှုကြောင့် ညည်းညူသံလည်း မထွက်ပေ။

"အဲဒီ ကောင်လေးက တော်တော် ထူးခြားတာပဲ"

"သူ နာကျင်မှု မခံစားရဘူးလား? ခေါင်းက ဒီလောက်ဖြစ်နေတာကို ဘယ်လိုလုပ်ပြီး…"

ထိုမြင်ကွင်းသည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အာရုံကိုလည်း ဖမ်းစားလိုက်သည်။

'အဲဒီကလေး…'

အတွင်းအား လေ့ကျင့်ထားသူများ သို့မဟုတ် လေ့ကျင့်မှု ခံယူထားသူများအတွက် နာကျင်မှုကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိသည်။ သို့သော် ထိုကောင်လေးမှာ သာမန်အရပ်သားတစ်ဦးသာ ဖြစ်သည်။ ခေါင်းကွဲလောက်အောင် ပြင်းထန်သော ကျောက်ခဲထိမှန်မှုမျိုးကို ခံလိုက်ရပါလျက် ညည်းညူသံတစ်ချက်မျှ မထွက်လာပေ။ ထို့ပြင် လှုပ်ရှားမှုမရှိခြင်းမှာ အမှန်ပင် အံ့ဩစရာ ကောင်းလှသည်။

ရှပ်

စီးကျလာသော သွေးများက ခေါင်းပေါ် စိုရွှဲသွားသောအခါ ကောင်လေးသည် စိတ်အနှောင့်အယှက် ဖြစ်သည့်အလား ခေါင်းကို မော့လိုက်သည်။ ထိုအခါ ဆံပင်များဖြင့် ဖုံးကွယ်ထားသော သူ့မျက်နှာကို မြင်လိုက်ရသည်။ ချက်ချင်းပင် အနီးနားရှိ ကြည့်ရှုသူများ၏ ပါးစပ်မှ အံ့ဩသံများ ထွက်ပေါ်လာသည်။ အစိုးရအရာရှိလည်း ထိုနည်းအတိုင်းပင်။

"အို..."

သွေးများစိုရွှဲနေသော်လည်း သူ့၏ ချောမောမှုကို ဖုံးကွယ်ထား၍ မရပေ။ အချိုးအစားကျသော မျက်နှာနှင့် နူးညံ့သိမ်မွေ့သည့် အရိပ်အယောင်များသည် သူ့မျက်နှာတွင် ထူးခြားသည့် ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ ထူးဆန်းစွာပင် သူ၏ ပုံစံသည် နူးညံ့ပြီး ကြင်နာတတ်သူတစ်ယောက်နှင့်ပင် တူနေသည်။

"ဒီလိုမျက်နှာပိုင်ရှင်က ဘယ်လိုလုပ်ပြီး အဲဒီလို အလုပ်မျိုးတွေ လုပ်နိုင်ရတာလဲ…"

အရာရှိမှာ မယုံနိုင်စွာဖြင့် စဉ်းစားနေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားမှာမူ ထိုလူငယ်အကျဉ်းသားကို အလွန်အမင်း တုန်လှုပ်ခြောက်ခြားသော မျက်နှာဖြင့် စိုက်ကြည့်နေသည်။

"ခင်ဗျား… ဘာလို့ ဒီလောက် တုန်လှုပ်နေတာလဲ"

ထိုမေးခွန်းကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တွန့်သွားပြီး ခေါင်းခါလိုက်သည်။

"…ဘာမှမဟုတ်ပါဘူး"

"ဘာမှမဟုတ်ဘူး"

ဘာမှမဟုတ်ကြောင်း ဟန်ဆောင်နေသော်လည်း ထိုခဏလေးက သူ့မျက်နှာမှာ အံ့အားသင့် သွားသည့် ပုံစံအတိုင်းပင်။ အရာရှိက သူ့ကို ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုင်နေရာမှ ထလိုက်သည်။

"လက်ဖက်ရည်က အရသာရှိပါတယ်။ ကျွန်တော့်မှာ အရေးတကြီး ကိစ္စရှိနေလို့ပါ"

"အို… ကျွန်တော်တို့ မတွေ့ဖြစ်တာ ကြာပြီလေ…"

"ကျွန်တော် အရေးတကြီး ကိစ္စရှိနေလို့ပါ။ နောက်တစ်ခါ တွေ့တဲ့အခါ 'လရောင်မွှေးရနံ့နန်းတော်' မှာ ကျွန်တော် တည်ခင်းဧည့်ခံပါ့မယ်"

"လရောင်မွှေးရနံ့နန်းတော် ဟုတ်လား? အဟမ်း အဟမ်း"

သူ့စကားကြောင့် အရာရှိ၏ နှုတ်ခမ်းစွန်းများ တွန့်သွားသည်။ ခရိုင်ထဲတွင် အခမ်းနားဆုံး ပြည့်တန်ဆာရုံတွင် တည်ခင်းဧည့်ခံခံရမည်ဆိုလျှင် မည်သည့်အမျိုးသားက မနှစ်သက်ဘဲ ရှိပါ့မလဲ။

အရုဏ်တက်ခါနီးအချိန်၊ ဇုံးလျန်ခရိုင် ရုံးတော်၏ မြေအောက်အကျဉ်းထောင်တွင်၊ အကျဉ်းသား အများစုမှာ အိပ်ပျော်နေကြပြီး အစောင့်များပင် နံရံကိုမှီကာ ငိုက်မြည်းနေကြသည်။ သူတို့ကြားတွင် အိပ်မပျော်သည့်သူမှာ တစ်ဦးသာ ရှိသည်။ ဆံပင်ရှုပ်ပွနေသည့် လူငယ်အကျဉ်းသားဖြစ်သည်။ ထောင်ထဲတွင် ပိတ်လှောင်ထားသည့် ကောင်လေးသည် နံရံကိုသာ ငေးကြည့်နေသည်။

'…….'

သူ သေပြီဟု ထင်မှတ်ထားရာမှ နိုးထလာသည်မှာ လေးရက်ရှိပြီ ဖြစ်သည်။ ထိုကာလအတွင်း အရာများစွာ ဖြစ်ပျက်ခဲ့သည်။ အံ့ဩဖွယ် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း နိုးလာသည့်အခါ သူသည် အကျဉ်းသားတစ်ယောက် ဖြစ်နေသည်။ ထို့ပြင် သူ၏ လူမြင်ကွင်းတွင် ကွပ်မျက်မည့် ရက်ကိုပင် သတ်မှတ်ပြီး ဖြစ်သည်။

ပြစ်ဒဏ်မှာ 'ကိုယ်ခွဲသတ်ခြင်း' ဖြစ်သည်။ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို ယာဉ်လေးစီးတွင် တစ်ဖက်စီ ချည်နှောင်ကာ ဆွဲဖြဲသတ်ဖြတ်သည့် ပြစ်ဒဏ်ဖြစ်သည်။

'…သင့်တော်တဲ့ ပြစ်ဒဏ်ပါပဲ'

သူသည် 'တံစဉ်ကိုင် မိစ္ဆာ' ဟု ခေါ်ဆိုခံရသည်အထိ လူအမြောက်အမြားကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သေဒဏ်မှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်။ သို့သော် ကောင်လေး၏ မျက်ဝန်းထဲတွင် နောင်တရမှု သို့မဟုတ် စိုးရိမ်မှု အရိပ်အယောင်မျှ မရှိပေ။ ယင်းအစား သူ၏ စိတ်ထဲတွင် အခြားအရာတစ်ခုက နေရာယူထားသည်။

[ဘာတဲ့? သိုင်းပညာလား? ဟေ့ ကောင်လေး။ မင်း ဘယ်တုန်းကမှ သိုင်းပညာရှင်တစ်ယောက်နဲ့ မဆုံဖူးဘူးလား]

သူနှင့်အတူ လာပို့သည့် အကျဉ်းသားတစ်ယောက်က ပြောခဲ့သည့် စကားဖြစ်သည်။ ထိုကျေးဇူးကြောင့် ကောင်လေးသည် သူတွေးတောနေသည့် မေးခွန်းကို ဖြေရှင်းနိုင်ခဲ့သည်။

'သိုင်းပညာရှင်…'

သူ အဘိုးနှင့်အတူ ရွာသို့ လိုက်သွားသည့်အခါ ထိုသူများအကြောင်း ရံဖန်ရံခါ ကြားဖူးသည်။ သိုင်းပညာရှင်များသည် မြင်းတစ်ကောင်၏ အမြန်နှုန်းအတိုင်း ပြေးနိုင်ပြီး 'ချီအတွင်းအား' ဟုခေါ်သည့်အရာကို လေ့ကျင့်ခြင်းဖြင့် သာမန်လူတို့၏ ခွန်အားကို ကျော်လွန်နိုင်သည်ဟု ဆိုကြသည်။ ကောလာဟလအဖြစ်သာ ကြားဖူးသည့်အရာမှာ အမှန်တကယ်ပင် ရှိနေခဲ့သည်။ ထိုလူသည် သူ့ကို မျက်စိတစ်မှိတ်အတွင်း သေခြင်းတရား၏ အစွန်းသို့ ရောက်အောင် ပို့ဆောင်ခဲ့သည်။

'သိုင်းပညာရှင်တွေက အဲဒီလောက်ထိ တကယ်ပဲ သန်မာတာလား'

သာမန်လူဆိုလျှင် အဘိုးအတွက် လက်စားချေရန်မှာ အိမ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ မည်မျှပင် ရုန်းကန်သော်လည်း သူ မသတ်နိုင်သည့် အရာတစ်ခု ဖြစ်နေလျှင်…

စဉ်းစားခန်းဝင်နေစဉ် ကောင်လေး ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသည်။

'သိုင်းပညာ'

'ငါ သိုင်းပညာသင်ယူဖို့ လိုတယ်'

အခြေအနေများသာ တူညီပါက ရလဒ်မှာ ပြောင်းလဲနိုင်သည်။ နောက်ဆုံးတော့ သူ အဖြေကို ရှာတွေ့ပြီဟု ထင်သည်။ သို့သော် ပြဿနာ ရှိနေသည်။

'မဟုတ်ဘူး၊ ပြဿနာ နှစ်ခုလား'

ပထမတစ်ခုမှာ သူ ဤနေရာမှ ထွက်ပြေးရန် လိုအပ်ခြင်း ဖြစ်သည်။ အကယ်၍ ဤအတိုင်း ဆက်နေပါက သူသည် 'ကိုယ်ခွဲသတ်ခြင်း' ပြစ်ဒဏ်ကို ခံရပြီး အရိုးအရင်း အသားအစ ပျက်စီးသွားလိမ့်မည်။ ဒုတိယတစ်ခုမှာ သိုင်းပညာကို မည်သို့ သင်ယူရမည်နည်း။

'ဘယ်သူ့ဆီမှာ သင်ယူရမလဲ'

သိုင်းပညာကို သင်ပေးမည့်သူကို ရှာရမည်ဖြစ်သော်လည်း မည်သို့ရှာရမည်ကို သူ မသိပေ။ ထို့ပြင် ဤနေရာမှ လွတ်မြောက်သွားလျှင်ပင် သူသည် အကျဉ်းသားတစ်ယောက် ဖြစ်နေဆဲပင်။ ထောင်မှ ပြေးမြောက်လျှင် ဖမ်းဝရမ်းထုတ်ခံရမည်မှာ အသေအချာပင်။ ထိုအခါ သူ့လို အကျဉ်းသားကို သိုင်းပညာ သင်ပေးမည့်သူက ဘယ်သူရှိပါ့မလဲ။

'…ရှုပ်ထွေးတဲ့ အခြေအနေပဲ'

သူ၏ စိတ်ထဲတွင် ရှုပ်ထွေးသွားပြန်သည်။ အဘိုး၏ မှာကြားချက်က မှန်ကန်ကြောင်း သူ အခုမှပင် သိလိုက်ရသည်။ လက်စားချေခြင်းအတွက်ပဲ ဖြစ်ဖြစ်၊ သူ၏ လျှို့ဝှက်ထားသော သဘာဝကို အလွယ်တကူ ထုတ်ပြမနေသင့်ပေ။

'ကိုယ့်ကျင်းကို ကိုယ်တူးလိုက်သလိုပဲ'

အခု သိလိုက်ရပါသော်လည်း နောက်ကျလွန်းနေပြီ။ အကျိုးဆက်များမှာ ဖြစ်ပေါ်ပြီးသား ဖြစ်သည်။ ကံကောင်းသည့် တစ်ခုမှာ သူ အသက်ရှင်နေပါလျက် ထိုလူက သိပုံမရသေးပေ။ မဟုတ်ဘူး၊ ဖြစ်နိုင်သည်မှာ သူ သိသော်လည်း ကွပ်မျက်ခံရမည့် အခြေအနေ ဖြစ်နေသောကြောင့် လျစ်လျူရှုထားခြင်း ဖြစ်နိုင်သည်။

တွေးတောနေစဉ်၊ ရှပ်

တစ်နေရာမှ အသံသဲ့သဲ့တစ်ခု ထွက်လာသည်။ ကောင်လေးသည် ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ တစ်စုံတစ်ခု ထူးဆန်းသည်ကို ခံစားရသဖြင့် ကောင်လေးသည် အသက်ကို အောင့်ထားပြီး ပတ်ဝန်းကျင်မှ အသံများကို အာရုံစိုက်လိုက်သည်။

'ဘာလဲ'

သိချင်စိတ်ဖြင့် နေစဉ် ကောင်လေး၏ မျက်လုံးထဲသို့ တစ်ခုခု ရောက်လာသည်။ သူ ပိတ်လှောင်ထားသည့် ထောင်ခန်း၏ ညာဘက်အောက်ခြေမှ မြူငွေ့ကဲ့သို့သော အရာတစ်ခု ပြန့်နှံ့လာသည်။ ကောင်လေး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

'မီးလောင်နေတာလား'

ထောင်ထဲတွင် မီးလောင်နေသလားဟု သူ တွေးလိုက်သည်။ သို့သော် ထိုသံသယမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ မီးလောင်လျှင် ဤလောက် ငြိမ်သက်နေမည် မဟုတ်ပေ။ ထိုစဉ်၊

တုန်း တုန်း

တစ်စုံတစ်ခု ပြုတ်ကျသည့် အသံကို ကြားလိုက်ရသည်။ အသံလာရာလမ်းကြောင်းကို ကြည့်ရသော် အစောင့်များ ရှိနေသည့် နေရာ ဖြစ်ပုံရသည်။

'ဒါက…'

ပြန့်နှံ့လာသည့် မြူငွေ့များသည် ကောင်လေး၏ ထောင်ခန်းထဲသို့ စိမ့်ဝင်လာသည်။ အနံ့သဲ့သဲ့တစ်ခုက သူ့နှာခေါင်းကို ယားယံသွားစေပြီး ဆေးမြစ်အချို့ကို သတိရစေသည်။

'မြွေမြီးမြစ်… နဂါးသွေးမြစ်၊ ဂျင်ဆင်းမြစ်… စသည်ဖြင့်…'

သူသည် အဘိုးကို လိုက်ရင်း ဆေးမြစ်များကို စုဆောင်းစိုက်ပျိုးလာသည်မှာ ဆယ်နှစ်နီးပါး ရှိပြီဖြစ်သည်။ အလွန် ထက်မြက်သည့် အနံ့ခံနိုင်စွမ်းဖြင့် ထိုမြူငွေ့များထဲတွင် ပါဝင်နေသည့် ဆေးမြစ်များကို ကောင်လေး ချက်ချင်း သိလိုက်သည်။

'…အိပ်ဆေး'

ထိုဆေးမြစ်များ၏ ပေါင်းစပ်မှုကြောင့် ဤအခိုးအငွေ့ကို ရှူရှိုက်မိသူများသည် နှစ်နာရီခန့် အိပ်ပျော်သွားမည် ဖြစ်သည်။ သို့သော် ကောင်လေးမှာ မတူပေ။

'ရောစပ်ပုံက ကြမ်းတမ်းတယ်'

အဘိုး၏ လက်ရာမဟုတ်ပါက ဤအဆင့်ရှိ အိပ်ဆေးကြောင့် သူ အိပ်ပျော်မည် မဟုတ်ပေ။ ငယ်စဉ်ကတည်းက ဆေးမြစ်အမျိုးမျိုးကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားခဲ့သောကြောင့် ဖြစ်သည်။

'ဟွန်း'

တစ်ခုခု ဖြစ်ပျက်နေပြီဟု ကောင်လေး ခန့်မှန်းလိုက်သည်။ လူတိုင်း အိပ်ပျော်နေသည့် နက်ရှိုင်းသော ညဉ့်သန်းခေါင်ယံအချိန်တွင် ရုံးတော်၏ အကျဉ်းထောင်ထဲသို့ အိပ်ဆေးများ ပြန့်နှံ့လာသည်။ ကောင်လေးသည် နံရံကိုမှီကာ အသံများကို အာရုံစိုက်လိုက်သည်။

ရှပ် ရှပ်

မိမိကိုယ်ကို ဖုံးကွယ်ရင်း ရွေ့လျားနေသည့် လူတစ်ယောက်၏ အသံကို ကြားနေရသည်။ သာမန်လူတို့ သတိမထားမိနိုင်သည့် အသံအဆင့် ဖြစ်သော်လည်း ကောင်လေး၏ နားသို့ အနည်းငယ် ရောက်လာသည်။

'ဘယ်သူလဲ'

အိပ်ဆေးများ ဖြန့်ကျက်ပြီးမှ ဝင်လာကြသည်။ ဆိုလိုသည်မှာ သူတို့တွင် ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်။ အလွန်တိတ်ဆိတ်သည့် ခြေသံများက ထောင်၏ နေရာအသီးသီးတွင် ရွေ့လျားနေသည်။

'သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ'

မည်သူများ ဝင်လာပြီး ဘာရည်ရွယ်ချက်ဖြင့် လာသလဲဆိုတာ သူ မပြောနိုင်ပေ။ ထို့နောက် ခြေသံများက သူ့အခန်းဆီသို့ ဦးတည်လာသည်။ ကောင်လေးသည် ခေါင်းကို ငုံ့လိုက်ပြီး အိပ်ပျော်နေဟန် ဆောင်လိုက်သည်။

ရှပ် ရှပ်

ခြေသံများက သူ့အခန်းရှေ့တွင် ရပ်တန့်သွားပြီး မလှုပ်ရှားတော့ပေ။

ကလစ်

အခန်းသော့ကို ဖွင့်လိုက်သည့်အသံ ကြားလိုက်ရသည်။

'…ငါ့ဆီ လာတာလား'

ရည်ရွယ်ချက်မှာ ကောင်လေးကိုယ်တိုင်ပင် ဖြစ်သည်။ ထိုသို့ ဖြစ်လာသောအခါ အတွေးပေါင်းစုံ သူ့ခေါင်းထဲ ရောက်လာသည်။ ထိုလူသည် မသေဆုံးသေးသည့် သူ့ကို ရှင်းထုတ်ရန် လာခြင်း ဖြစ်နိုင်သည်။ သို့သော် ကွပ်မျက်ခံရတော့မည့်သူကို ဘာလို့ ဒီလောက် အပင်ပန်းခံပြီး လာရှာရတာလဲ

'အဲဒါ အရေးမကြီးဘူး'

ရည်ရွယ်ချက်မှာ မည်သို့ပင်ဖြစ်စေ သူ အမှတ်အသားပြုခံထားရပြီဆိုတာ ရှင်းနေသည်။ ကောင်လေးသည် အိပ်ဆေးဒဏ် မခံရကြောင်း သူတို့ မသိစေရန် အသက်ကို တတ်နိုင်သမျှ တည်ငြိမ်အောင် ရှူရှိုက်လိုက်သည်။

ရှပ် ရှပ်

မိမိကိုယ်ကို ဖုံးကွယ်ရင်း ဝင်လာသည့် လူတစ်ယောက်၏ အသံကို ထပ်ကြားလိုက်ရသည်။ သတိကြီးစွာဖြင့် စီးမျောဝင်လာသည့် ကျူးကျော်သူ။ မျက်လုံးမှိတ်ထားသော်လည်း သူ့ရှေ့တွင် ရောက်နေသည့် ထိုသူ၏ တည်ရှိမှုကို သူ ခံစားရသည်။

တပ်

ကျူးကျော်သူသည် ကောင်လေးကို ခြေထောက်နှင့် ဖြည်းဖြည်းချင်း တို့လိုက်သည်။ သူ အမှန်တကယ် အိပ်ပျော်နေ၊ မနေ စစ်ဆေးခြင်း ဖြစ်ပုံရသည်။ ကောင်လေးသည် ခန္ဓာကိုယ်ကို ဖြေလျော့ထားပြီး မလှုပ်ရှားပေ။ အိပ်ပျော်နေသည်ဟု ယုံကြည်သွားသည့်အခါ ကျူးကျော်သူသည် ကောင်လေး၏ မျက်နှာကို ဖုံးထားသည့် ဆံပင်များကို ရုတ်တရက် မလိုက်သည်။

ကျူးကျော်သူ၏ တည်ငြိမ်သည့် အသက်ရှူသံ ခဏတာ ရပ်တန့်သွားသည်။

'……..'

စိတ်လှုပ်ရှားမှုကို သူ ခံစားရသည်။ အဘိုးထံမှ သာမန်လူတို့၏ စိတ်ခံစားမှုကို သင်ယူခဲ့သည့် ကောင်လေးသည် သူတို့၏ မျက်နှာအမူအရာ၊ လုပ်ဆောင်ချက်နှင့် အသက်ရှူသံများမှတစ်ဆင့် စိတ်အခြေအနေကို ထိရှလွယ်စွာ ခွဲခြားနိုင်လေသည်။

'အခွင့်အရေးပဲ'

ထိုကဲ့သို့ တုန်လှုပ်ခြင်းသည် ရန်သူကို ပစ်မှတ်ထားရန် အခွင့်အရေးပင်။ ကောင်လေးသည် လက်ကို ချည်နှောင်ထားသည့် သစ်သားကန့်လန့်ဖြတ်တုံးကို အားပြင်းပြင်းဖြင့် ချက်ချင်း မလိုက်သည်။

တုန်း!

"အား"

အသင့်မဖြစ်သေးသည့် ကျူးကျော်သူသည် မေးစေ့ကို ထိမှန်သွားပြီး အနောက်သို့ ယိုင်နဲ့သွားသည်။ ကောင်လေးသည် ထိုအခွင့်အရေးကို လက်မလွတ်စေဘဲ သစ်သားတုံးဖြင့် ကျူးကျော်သူ၏ ခေါင်းကို ထုရိုက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင်ပင် ကျူးကျော်သူသည် ကောင်လေး၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။

တုန်း

ကောင်လေး နောက်သို့ လွင့်စဉ်သွားစဉ် ကျူးကျော်သူက သူ့ရင်ဘတ်ရှိ အဓိက အချက်အချာနေရာများကို လက်ချောင်းများဖြင့် လျင်မြန်စွာ နှိပ်လိုက်သည်။

တပ် တပ် တပ် တပ် တပ်

သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့ပေ။ ကျူးကျော်သူက မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။

"မင်း ဘယ်လိုလုပ်ပြီး မအိပ်ပျော်တာလဲ"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment