အခန်း (၂၂) - လျှို့ဝှက်ချက်နှင့် စတင်ခြင်း
“ခံစားမိလား အဲ့ဒါက ‘ချုပ်နှောင်ခြင်း အတတ်ပညာ’ ရဲ့ သိမ်မွေ့တဲ့ နိယာမပဲ သူက ဘယ်အရာကိုမဆို ဆွဲငင်ပြီး ကပ်တွယ်နိုင်တယ် ချီစွမ်းအင် ဆိုရင်လည်း ချွင်းချက်မရှိဘူး”
အဲ့ဒါက သိုင်းပညာရှင်တွေ ပြောနေတဲ့ အတွင်းအားပဲလား။ ချန်လျန်က မော့ကျောင်းဝန်ကို မယုံနိုင်စရာ မျက်လုံးတွေနဲ့ ကြည့်လိုက်၏။
-မင်း ဒါကိုတောင် မသိဘူးဆိုတာ မဖြစ်နိုင်ဘူးနော်
သူမရဲ့ တုံ့ပြန်မှုကြောင့် မော့ကျောင်းဝန် ပခုံးတွန့်ပြလိုက်သည်။ ခဏလေးကမှ သူသည် သိုင်းပညာဆိုတာ ဘာမှန်းတောင် မသိဘဲ နေလာခဲ့သူ ဖြစ်၏။
‘ဒါက ဒါကို ပြောတာကိုး’
သို့သော်လည်း ဒီအရာကို ခံစားရတာက သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သော်လည်း တစ်စုံတစ်ရာ ထူးဆန်းနေသည်။ ငယ်စဉ်က သူ့အဘိုးက သူ့ကို အဆိပ်များ စတင်မိချိန်တွင် ကျောနှင့် ဗိုက်ကို အသာအယာ ပွတ်သပ်ပေးခဲ့စဉ်ကလည်း အခုလို နွေးထွေးမှုမျိုး ရခဲ့ဖူးသည်။
‘…အဲ့တုန်းကလည်း အခုလို နွေးနွေးလေးပဲ’
သူ့လက်ဖဝါးတွေ နွေးနေရုံတင်မကဘဲ သူ၏ အတွင်းပိုင်းကလည်း အခုလို နွေးထွေးနေသည်။ သူ့အဘိုးကလည်း ဒီအတွင်းအားကို လေ့ကျင့်ထားတာများလား။ မော့ကျောင်းဝန်၏ စိတ်ထဲတွင် သံသယတစ်ခု ပေါ်လာ၏။
ထိုအချိန်တွင် လက်ဖဝါးမှတစ်ဆင့် ဝင်ရောက်လာသော နွေးထွေးသည့်စွမ်းအင် (သို့မဟုတ်) ချီစွမ်းအင်က ရုတ်တရက် အေးစက်သွားသည်။ အရင်ကနဲ့ မတူဘဲ အေးစက်ပြီး ထူးဆန်းနေသည်။
“ရုတ်တရက် အေးသွားတယ်” –
အေးသွားတယ်
ချန်လျန်က မော့ကျောင်းဝန် စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
-ဘာလို့လဲ
“အေးတယ်။ ချီစွမ်းအင်ကုန်သွားတာများလား”
အင်း အဲ့လိုတော့ မဖြစ်သင့်ဘူး
“အေးတယ် တစ်ခုခုနဲ့ တူတယ်…”
အဲ့ဒါက သေဆုံးသူတွေဆီက ထွက်ပေါ်လာတဲ့ သေခြင်းစွမ်းအင် (သို့မဟုတ်) ယင်စွမ်းအင်နဲ့ နီးစပ်သည်။ အဘိုးကို သတ်တဲ့လူကို ရှာဖို့ လူပေါင်းများစွာကို သတ်ခဲ့ဖူးတဲ့ မော့ကျောင်းဝန်က သေခြင်းတရားနဲ့ ရင်းနှီး၏။ အဲ့ဒါကြောင့် ဒီထူးခြားတဲ့ ခံစားချက်က ဆင်တူနေသည်။ သို့သော် မကြာမီ ရပ်တန့်သွား၏။
မော့ကျောင်းဝန်၏ လက်ဖမိုးပေါ်ရှိ သွေးကြောများ ဖောင်းကြွလာသည်။ ဒါကို မြင်တော့ ချန်လျန်က နားလည်သွားသလို ခေါင်းညိတ်လိုက်သည်။
စွမ်းအင် ကုန်သွားတာ ဖြစ်ရမယ် အသက်ရှူရပ်ပြီး ချုပ်နှောင်ခြင်း အတတ်ပညာကို သုံးတာ ရပ်လိုက်
“ကောင်းပြီ”
မော့ကျောင်းဝန် အသက်ရှူရပ်ပြီး စိတ်ကို စုစည်းလိုက်သည်။ ထိုအခါ လက်ဖဝါးထဲသို့ စုပ်ယူမှု ရပ်သွားပြီး ဖောင်းကြွနေသော သွေးကြောများလည်း ပြန်ငြိမ်သွားသည်။
“ဟူး”
ချုပ်နှောင်ခြင်း အတတ်ပညာကို ငြိမ်သက်သွားစေပြီးနောက် မော့ကျောင်းဝန် တစ်ခုခုကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ချီစွမ်းအင်တွေက လျင်မြန်စွာ ပြန့်ကျဲသွား၏။
“နွေးထွေးတဲ့ စွမ်းအင်တွေက ပြန့်ကျဲသွားတာလား”
ချီစွမ်းအင်ရဲ့ အခြေခံ သဘာဝက ပြန့်ကျဲသွားဖို့ပဲ မင်း ရှူသွင်းလိုက်တဲ့ လေလိုမျိုးပေါ့
“အို၊ အဲ့လိုလား”
ဘာလို့ သိုင်းပညာရှင်တွေက အသက်ရှူနည်းနဲ့ ချီစွမ်းအင်ကို အသည်းအသန် ဖြစ်နေကြတယ် ထင်လဲ အဲ့ဒါက ရှူသွင်းတဲ့ လေထဲကနေ ပြန့်ကျဲနေတဲ့ ချီစွမ်းအင်တွေကို စုစည်းဖို့ပဲ
“အာ”
မော့ကျောင်းဝန်က အတွင်းအားအကြောင်း ပထမဆုံး သိလိုက်ရတဲ့ ဒီအခြေခံ ဗဟုသုတကြောင့် စိတ်ဝင်စားတဲ့ အမူအရာ ပြလိုက်သည်။ သိုင်းပညာဆိုတာ ရိုးရိုးခန္ဓာကိုယ် လှုပ်ရှားမှုတင် မဟုတ်ဘဲ စွမ်းအင်ကို စုစည်းခြင်း ဖြစ်ကြောင်း နားလည်သွားသည်။
“ဒါဆိုရင်ချုပ်နှောင်ခြင်း အတတ်ပညာနဲ့ ဆွဲငင်ပြီး ကပ်တွယ်ထားတဲ့ စွမ်းအင်ကိုလည်း မင်းပြောတဲ့ ချီစွမ်းအင်လိုမျိုး စုစည်းလို့ရမလား”
မရဘူး
“ဘာ”
ချုပ်နှောင်ခြင်း အတတ်ပညာနဲ့ သူတစ်ပါးရဲ့ ချီစွမ်းအင်ကို စုပ်ယူရင်တောင် မင်းကိုယ်ပိုင် ဖြစ်အောင် လုပ်လို့မရဘူး
“ကိုယ်ပိုင် ဖြစ်အောင် လုပ်လို့မရဘူးဆိုတာ ဘာကိုပြောတာလဲ”
ချီစွမ်းအင်က ဒီလိုမျိုး အောက်ဆီဂျင်နဲ့ ဓာတ်ပြုရင် ထူးခြားတဲ့ သဘာဝတွေ ရှိလာတယ် ဂိုဏ်းတိုင်းရဲ့ အသက်ရှူနည်း၊ ချီစွမ်းအင် လည်ပတ်ပုံ စနစ်တွေအပေါ် မူတည်ပြီး ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်ထားကြတယ်။ အဲ့ဒီ ဂုဏ်သတ္တိတွေကို ကိုယ်နဲ့ မကိုက်ညီရင် ဒါမှမဟုတ် မလေ့ကျင့်ထားရင် ချက်နေရာ ဒန်တျန်က မခံနိုင်ဘူး
“အဲ့ဒါက…”
ဟုတ်တယ် သူတစ်ပါးရဲ့ အတွင်းအားကို စုပ်ယူတာက ကိုယ်ပိုင်ဖြစ်အောင် လုပ်ဖို့အတွက် အသုံးမဝင်ဘူး
“အာ နည်းနည်းတော့ နှမြောစရာပဲ။ ချီစွမ်းအင်ကို မြန်မြန်တိုးပွားဖို့ နည်းလမ်းတစ်ခုလို့ ထင်နေတာ” -သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့ လွယ်တယ် ထင်နေတာလား ကဲ၊ စိတ်မပျက်ပါနဲ့။ ချုပ်နှောင်ခြင်း အတတ်ပညာရဲ့ အသုံးပြုပုံတွေက အဆုံးမရှိဘူး။
မော့ကျောင်းဝန်က နားမလည်တဲ့ အမူအရာနဲ့ မေးလိုက်သည်။
“စုပ်ယူထားတဲ့ ချီစွမ်းအင်တွေက ပြန့်ကျဲသွားရင် အဓိပ္ပာယ် မရှိဘူး မဟုတ်လား”
စုပ်ယူထားတဲ့ ချီစွမ်းအင်တွေက ပြန့်ကျဲသွားနိုင်ပေမဲ့ ချုပ်နှောင်ခြင်းကြောင့် စီးဆင်းနေချိန်မှာ ခဏတာ အသုံးချလို့ ရတယ် ဥပမာ၊ အဲ့ဒီ ပြန့်ကျဲနေတဲ့ စွမ်းအင်ကို မင်းရဲ့ လက်သီးထဲ စုစည်းကြည့်လိုက်ပါ
“ဘယ်လို လုပ်ရမှာလဲ”
ချီစွမ်းအင်ကို လည်ပတ်ခိုင်းပြီး… အာ
ချန်လျန်က စိတ်ပျက်တဲ့ အမူအရာနဲ့ ပိုက်တံကို ဖွာလိုက်သည်။ မော့ကျောင်းဝန်က သိုင်းပညာအကြောင်း ဘာမှမသိတာကြောင့် သူမ စိတ်ပျက်နေပုံရ၏။ မီးခိုးငွေ့တွေကို မှုတ်ထုတ်ပြီး သူမ ပြောလိုက်သည်။
ဟူး လူသားတစ်ယောက်ကို ဒီလိုမျိုး သင်ပေးနေရတာ မယုံနိုင်ဘူး
မော့ကျောင်းဝန် တိတ်ဆိတ်စွာ ခေါင်းကုတ်လိုက်သည်။
ချီစွမ်းအင် လည်ပတ်ပုံ စနစ်တွေလို ရှုပ်ထွေးတဲ့ အရာတွေကို ခဏဖယ်ထားလိုက်ရအောင် အရေးကြီးတာက စိတ်ကူးယဉ် အမြင်အာရုံပဲ
“အမြင်အာရုံ”
ဟုတ်တယ် မင်း စွမ်းအင်ကို စုပ်ယူတုန်းက ဘယ်လို လှုပ်ရှားလဲဆိုတာကို မှတ်မိရင် အဲ့ဒီခံစားချက်ကို လိုချင်တဲ့ အစိတ်အပိုင်းဆီ ရွှေ့ဖို့ အာရုံစိုက်လိုက်
စိတ်ကူးယဉ် အမြင်အာရုံ ချန်လျန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမဲ့ ဒါက အဆင့်မြင့်တဲ့ သိုင်းပညာရှင်တွေမှ သုံးတဲ့နည်းလမ်း ဖြစ်သည်။ စိတ်ကို ပြန်ကြည့်ခြင်းသည် အမြင်အာရုံ ဖြစ်သည်။ တကယ်ဆိုရင် သိုင်းပညာ မသင်ဖူးတဲ့သူအတွက် ဒါက မဖြစ်နိုင်ပေ။ သို့သော် မော့ကျောင်းဝန်မှာ သာမန်လူတွေနဲ့ မတူတဲ့ ‘အလွန်တရာ စူးစိုက်မှုအာရုံ’ ရှိ၏။ ချန်လျန်မှာ သူ့ရဲ့ အစွမ်းအစက ဘယ်လောက်ရှိလဲ မသိပေမဲ့ သူ့ရဲ့ ထူးခြားတဲ့ စူးစိုက်မှုအာရုံက မယုံနိုင်စရာ ဖြစ်နေသည်။
‘တကယ် ဖြစ်လာမလား’
သူက အပ်စိုက်မှတ်တွေ ချီစွမ်းအင် လည်ပတ်ပုံတွေကို မသိပေမဲ့ သူ့အဘိုးဆီကနေ အပ်စိုက်မှတ်တွေကို သင်ထားခဲ့ဖူးသည် ဒါကြောင့် အတွင်းအားတွေ ဘယ်လို လည်ပတ်လဲဆိုတာ သူ မှတ်မိ၏။
‘ဒါဆိုရင် ပြောင်းပြန်…’
နွေးထွေးတဲ့ စွမ်းအင်တွေက ဂီဟဲ၊ အွမ်ဂျို၊ ဟွမ်းယူ၊ ဂီဂွယ်၊ ဂူမီ၊ ဆွန်ဂီနဲ့ ယွမ်ချွန် လမ်းကြောင်းအတိုင်း ရွေ့လျားသွား၏။ ကျန်ရှိနေတဲ့ ချီအနည်းငယ်က လက်ကောက်ဝတ်ဆီကို နောက်ပြန်စီးဆင်းသွားသည်။ လက်ကောက်ဝတ်က နိုင်ဂွမ်း အပ်စိုက်မှတ်ကို ရောက်သွားတဲ့ ချီစွမ်းအင်တွေက လက်သီးဆီ စုစည်းသွားသည်။
မော့ကျောင်းဝန် လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ စွမ်းအားတစ်ခု ဝင်ရောက်လာသလို ခံစားလိုက်ရသည်။
‘ဒီလောက် စွမ်းအားနဲ့…’
မော့ကျောင်းဝန် နံရံဆီ ချဉ်းကပ်သွားပြီး စွမ်းအင်တွေ စုစည်းထားတဲ့ လက်သီးနဲ့ နံရံကို ထိုးလိုက်သည်။
ဖြုန်း ကွဲအက်သံများထွက်ပေါ်လာ၏။
ထိုခဏတွင် မော့ကျောင်းဝန်ရဲ့ လက်သီးထိုးလိုက်တဲ့ နံရံအပိုင်းမှာ လက်နှစ်ဆစ်နက်အောင် ချိုင့်ဝင်သွားပြီး ပတ်ပတ်လည်မှာ အက်ကြောင်းတွေ ပျံ့နှံ့သွားသည်။
‘အိုဟို’
ဒါက အတွင်းအားရဲ့ စွမ်းအားလား
မော့ကျောင်းဝန်ကို မြင်ပြီး ချန်လျန်ရဲ့ မျက်လုံးထဲမှာ အံ့အားသင့်တဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ တစ်ခါတည်းနဲ့ ဒါကို လုပ်နိုင်မယ်လို့ မထင်ထားခဲ့ပေ။ စိတ်ကူးယဉ် အမြင်အာရုံလို့ ပြောပေမဲ့ ချီစွမ်းအင် လည်ပတ်လမ်းကြောင်းကို မသိရင် အတွင်းအားကို ရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ဒါပေမဲ့ သူ တကယ် လုပ်နိုင်ခဲ့သည်။
‘…ဘာ၊ ဒီကောင်က ဘာလဲဟ’
ချန်လျန် တကယ်ကို သိချင်နေသည်။ သူမ တစ်သက်တာမှာ ပါရမီရှင်တွေကို အများကြီး မြင်ဖူးပေမဲ့ ၁၆၊ ၁၇ နှစ်အထိ သိုင်းပညာ မသင်ဖူးဘဲ ဒီလောက် ထူးချွန်တဲ့ ပါရမီရှိသူကို ပထမဆုံး မြင်ဖူးတာ ဖြစ်သည်။
သူ ငယ်ငယ်ကတည်းက သိုင်းပညာ သင်ခဲ့ရင် ဘယ်လို ဖြစ်မလဲ။ သူမ တွေးမိသည်။ မော့ကျောင်းဝန်က ချန်လျန်ဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“လူတွေက ကိုယ်ခံပညာအကြောင်း ဘာလို့ ဒီလောက် ပြောကြသလဲဆိုတာ အခု နားလည်သွားပြီ။ ဒါကို သင်ယူရင် လူသတ်ဖို့ ပိုလွယ်ကူမှာပဲ”
မော့ကျောင်းဝန်ရဲ့ ပေါ့ပေါ့ပါးပါး စကားကြောင့် ချန်လျန်ရဲ့ နှုတ်ခမ်းထောင့်တွေ တုန်ယင်သွားသည်။ ဒီကောင်က သိုင်းပညာရဲ့ အနှစ်သာရကို တိတိကျကျ သိနေတာပဲ။ သိုင်းပညာနဲ့ ပညာဉာဏ် ရဖို့ဆိုတာ အလကားပဲ။ သိုင်းပညာရဲ့ အနှစ်သာရက ပြိုင်ဘက်ကို ဘယ်လောက်ထိ ထိရောက်အောင် သတ်နိုင်သလဲဆိုတာပဲ။ ချန်လျန် ပိုက်တံကို ပါးစပ်မှာ ထည့်ပြီး လက်ဝါးချင်း ယှက်လျက် ပြောလိုက်၏။
ပထမဆုံး နည်းစနစ် ဖြစ်တဲ့ ချုပ်နှောင်ခြင်း အတတ်ပညာက ရှစ်ခုမြောက် စိတ်အစွမ်းကို ဖျက်ဆီးတဲ့ နည်းစနစ်ရဲ့ အခြေခံပဲ။ တစ်ခုတည်းကို ကျွမ်းကျင်ရင်တောင် အဆုံးမရှိတဲ့ နူးညံ့မှုတွေ ရှိတယ်
“ကောင်းလိုက်တာ ဒီ အဆုံးမရှိတဲ့ နူးညံ့မှုတွေကို သေချာ သင်ယူချင်တယ် အခုလိုမျိုး သင်ပေးနိုင်မလား”
မော့ကျောင်းဝန် စကားကြောင့် ချန်လျန်ရဲ့ အမူအရာ ခဏတာ တောင့်တင်းသွားသည်။ သူမက အစကတည်းက သူ့ကို သင်ပေးဖို့ ရည်ရွယ်ချက် မရှိပေ။ ဒါပေမဲ့ မော့ကျောင်းဝန်ရဲ့ မယုံနိုင်စရာ စူးစိုက်မှုနဲ့ ပါရမီကြောင့် သူမပင် မသိလိုက်ဘဲ စကားများမိသွားခြင်းပင်ဖြစ်၏။
ဟား၊ ငါ လှည့်စားခံလိုက်ရပြီ ဒီသောက်လူသား ငါ့ကို လှည့်စားဖို့ ဘယ်လိုလုပ် ရဲတာလဲ
“ဘာ”
“မင်းကို ငါ ကျေးဇူးတင်မယ် ထင်နေတာလား မဖြစ်နိုင်ဘူး”
“ဒါပေမဲ့ ကျွန်တော်တို့က အတူတူ ရှေ့ဆက်လုပ်ရမှာဆိုတော့ ပူးပေါင်းဆောင်ရွက်တာ ပိုကောင်းမှာ မဟုတ်ဘူးလား။”
အဲ့ဒါမျိုး မဖြစ်လာနိုင်ဘူး
ပြီးနောက် သူမ ခေါင်းကို လျင်မြန်စွာ လှည့်သွားသည်။ သူမရဲ့ သဘောထား ပြောင်းလဲသွားတာကို မြင်တော့ မော့ကျောင်းဝန် ခေါင်းခါလိုက်သည်။
“ချန်လျန်”
သူမ နားထောင်ချင်ယောင်တောင် မဆောင်ပေ။ တခြားနည်းလမ်း မရှိတော့ပါ။ သူက တစ်စုံတစ်ယောက်ကို ချော့မော့ဖို့ ကြိုးစားမယ့်သူ မဟုတ်တဲ့အတွက် မော့ကျောင်းဝန် ချန်လျန်ကို ထပ်မခေါ်တော့ပေ။ ဒီ ရှစ်ခုမြောက် စိတ်အစွမ်းကို ဖျက်ဆီးတဲ့ နည်းစနစ်ကိုသာ သူ ပိုစိတ်ဝင်စားနေ၏။ ချန်လျန်ရဲ့ စကားအရ ချုပ်နှောင်ခြင်း အတတ်ပညာလိုမျိုး နောက်ထပ် ၇ ခု ရှိသေးတယ်။ ဒါပေမဲ့ ဒီစာလုံး ၃၀ နဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သည်ပညာကို ဖန်တီးတဲ့သူက တကယ်ကို အံ့သြဖို့ကောင်းမှာပဲ။ ဒါပေမဲ့ မော့ကျောင်းဝန် ဘယ်လောက်ပဲ ထက်မြက်ပါစေ သိုင်းပညာအကြောင်း သိပ်မသိတဲ့အတွက် စာလုံး ၃၀ နဲ့ တခြားနည်းစနစ်တွေ ဖန်တီးဖို့ ခက်ခဲသည်။
‘နှမြောစရာပဲ’
အခုတော့ ချုပ်နှောင်ခြင်း အတတ်ပညာနဲ့ပဲ ကျေနပ်ရဦးမယ်။ မကျွမ်းကျင်သေးတာမို့ သေချာ လေ့လာရင် နည်းလမ်းမျိုးစုံနဲ့ သုံးလို့ရနိုင်တယ်။ စိတ်ထဲမှာ စီစဉ်ပြီးနောက် မော့ကျောင်းဝန် ဂျိုအီဆန်းရဲ့ အလောင်းကို စွန့်ပစ်ဖို့ ပြင်ဆင်လိုက်သည်။ ဒါပေမဲ့ ထိုအခါ
မော့ကျောင်းဝန် မျက်မှောင်ကြုတ်ပြီး ဝမ်းဗိုက်အောက်ကို ငုံ့ကြည့်လိုက်သည်။
‘ဒါ ဘာလဲ’
ဂျိုအီဆန်းဆီက စုပ်ယူလိုက်တဲ့ အတွင်းအား ရှိတုန်းက သူ သတိမထားမိပေမဲ့ အဲ့ဒီ အေးစက်တဲ့ စွမ်းအင်က အဲ့ဒီအတိုင်း ကျန်နေခဲ့သည်။
‘ဘာလို့လဲ’
အတွင်းအားက အကြောင်းအရင်းမရှိဘဲ လုံးဝ ပျောက်ကွယ်သွားတာ သေချာတယ်။ ဒါပေမဲ့ ဒီအေးစက်တဲ့ စွမ်းအင်ကတော့ ချက်နေရာအောက်မှာ ကျန်နေခဲ့သည်။
‘ထူးဆန်းတယ်’
ချန်လျန်တောင် ဒီ အေးစက်တဲ့ စွမ်းအင်အကြောင်း သေချာ မသိဘူး။ သူ မေးဖို့ စဉ်းစားလိုက်ပေမဲ့ ခဏအတွင်းမှာပဲ လက်လျှော့လိုက်သည်။ သူမက အခုမေးရင်တောင် ဖြေပေးမယ့်သူ မဟုတ်သောကြောင့်ပင်။
‘ကိုယ့်ဘာသာကိုယ် ရှာဖွေရတာလည်း မဆိုးပါဘူး’
ဒီလိုမျိုး ပြဿနာတွေက စိတ်ဝင်စားစရာ တစ်မျိုးပဲ။ မော့ကျောင်းဝန် နှုတ်ခမ်းထောင့်တွေကို တွန့်လိုက်သည်။
မီးအိမ် တစ်လုံးသာ ထွန်းထားတဲ့ အလွတ်အခန်းထဲမှာ။
မျက်လုံးတစ်ဖက်တည်းရှိတဲ့ အမျိုးသမီးက ငွေဒင်္ဂါးတွေ ပြည့်နေတဲ့ အိတ်ကို စားပွဲပေါ် တင်လိုက်သည်။ သူမသည် ယန်မော့ဓားနန်းတော်၏ သခင်မကြီးကျောက်၏ ကိုယ်ရံတော်ဟိုအန်း ဖြစ်သည်။
“ဒါက သခင်မကြီး ပေးလိုက်တဲ့ နှစ်သိမ့်ငွေပါ”
“ကျွန်မ ခုနက ပြောခဲ့သလိုပဲ၊ ဒီကိစ္စကို ဖြေရှင်းနိုင်ရင် ငွေဒင်္ဂါး ၄၀၀ ထပ်ပေးမယ်လို့ ပြောပါတယ်”
ပြောပြီးနောက် သူမ စားပွဲပေါ်က မီးအိမ်ကို ကြည့်လိုက်သည်။ မီးအိမ်က ဘာတုံ့ပြန်မှုမှ မရှိသေးပေ။ သူမရဲ့ လုပ်ဖော်ကိုင်ဖက် မြိုဆင် သေဆုံးသွားလို့ ဖြစ်နိုင်၏။ စောင့်ဆိုင်းနေတဲ့ ဟိုအန်းက ထပ်ပြေလိုက်သည်။
“ဒီပမာဏက မလုံလောက်ရင်…”ေ
ရှူး
သူမ စကားမဆုံးခင်မှာပင် မီးအိမ် ရုတ်တရက် ငြိမ်းသွားသည်။ ဒါကို မြင်တော့ ဟိုအန်း တံတွေးမြိုချပြီး ထိုင်ခုံကနေ ထကာ အပြင်ကို ထွက်သွားသည်။ ငြိမ်းသွားတဲ့ မီးအိမ်က တောင်းဆိုချက်ကို လက်ခံလိုက်တဲ့ အချက်ပြသင်္ကေတ ဖြစ်၏။ ဒါကြောင့် ထပ်နေစရာ အကြောင်းမရှိတော့ပေ။
ခြေလှမ်းမြန်မြန်နဲ့ ထွက်လာတဲ့ သူမက အချိန်မရွေး ပြိုကျတော့မယ့် ပျက်စီးနေတဲ့ အဆောက်အဦးကို ကြည့်လိုက်သည်။ ဒီနေရာက နိမိတ်ဖတ်သူတွေရဲ့ ဌာနချုပ် ဖြစ်တဲ့ ‘တစ္ဆေခန်းမ’ ဖြစ်သည်။ ဒီနေရာကို ရောက်တိုင်း သူမ အကြောင်းမဲ့ အေးစက်ပြီး စိုးရိမ်စိတ်တွေ ဖြစ်မိသည်။ သူမ မြင်းပေါ်ကို အလျင်အမြန် တက်လိုက်သည်။ သူမ ထွက်သွားပြီး မကြာမီ တစ္ဆေခန်းမထဲကနေ အသံတွေ ထွက်ပေါ်လာ၏။
“အဲ့ဒါ လူသတ်စွမ်းအင် ဖြစ်ရမယ်”
ပထမဆုံး အဘိုးကြီးတစ်ယောက်ရဲ့ အသံ ဖြစ်သည်။ နောက်တော့ လူလတ်ပိုင်းတစ်ယောက်ရဲ့ အသံ ကြားလိုက် ရသည်။
“သေချာပါတယ်၊ ဂိုဏ်းချုပ်”
“ မင်း ဘယ်လို ထင်လဲ”
မေးခွန်းအတွက် အမျိုးသမီးတစ်ယောက်ရဲ့ ပြန်ဖြေလိုက်တဲ့အသံထွက်ပေါ်လာသည်။
“ဆတ် သေချာရင် အကြီးအကဲ မြိုဆင်က မကောင်းဆိုးဝါး တစ္ဆေရဲ့ အစာ ဖြစ်သွားတာပဲ။ ဒါပေမဲ့ အဲ့ဒီ တတိယသခင်လေးကို စိုးရိမ်မိတယ်။”
“ဂိုဏ်းချုပ်လည်း အဲ့လိုပဲ ခံစားနေရတယ်။ တစ္ဆေကို စေခိုင်းတာ ဒါမှမဟုတ် တစ္ဆေကို ပိုင်ဆိုင်ဖို့ ကျိန်စာတိုက် တာပဲ။ ဒါပေမဲ့ အဲ့ဒီ အစေခံက တတိယသခင်လေးရဲ့ ခေါ်ယူမှုကြောင့် ရောက်လာတာလို့ ပြောတယ်။ အဲ့ဒါဆိုရင်…”
“သူက မကောင်းဆိုးဝါးကို ထိန်းချုပ်နေတာ မဟုတ်ဘူးလား”
“အင်း။ ဒါက သာမန်ကိစ္စ မဟုတ်ဘူး”
သူတို့ ဒါကို အလေးအနက် ထားရတဲ့ အကြောင်းရင်းက
“မကောင်းဆိုးဝါးက အနည်းဆုံး အဝါရောင်အဆင့် ရှိရမယ်။ အဲ့လောက် အဆင့်မြင့်တဲ့ မကောင်းဆိုးဝါးကို အစေခံအဖြစ် သုံးလို့ ရလား”
မကောင်းဆိုးဝါး တစ္ဆေတွေကို အစေခံအဖြစ် သုံးလို့ မရပေ။ အဲ့ဒါက နိမိတ်ဖတ်သူတွေရဲ့ ရှေးရိုးအမြင် ဖြစ်သည်။ သဘာဝလွန် သတ္တဝါတွေကို အစေခံအဖြစ် သုံးလို့ရပေမဲ့ မကောင်းဆိုးဝါး တစ္ဆေတွေက ဖယ်ရှားပစ်ရမယ့် ဒါမှမဟုတ် တံဆိပ်ခတ်ပြီး ပိတ်ရမယ့် သတ္တဝါတွေ ဖြစ်သည်။
“မကောင်းဆိုးဝါး တစ္ဆေတွေက မူလကတည်းက ထိန်းချုပ်လို့ မရတဲ့ သတ္တဝါတွေပဲ။ တတိယသခင်လေးရဲ့ ဝိညာဉ်ကို မကောင်းဆိုးဝါး တစ္ဆေက လုယူသွားတာ ဖြစ်နိုင်တယ်။”
“ဒါဆိုရင် သူ့ကို ဒီအတိုင်း ထားလို့ မရဘူး ဂိုဏ်းချုပ်၊ ဒီကိစ္စကို ကျွန်မဆီ တာဝန်ပေးပါ”
“မင်း သွားမှာလား၊ ဆတ် ”
“ဟုတ်တယ်။ အကြီးအကဲ မြိုဆင်ရဲ့ မကောင်းဆိုးဝါး တစ္ဆေကို ချော့မော့ပြီး တတိယသခင်လေးကို ဖြေရှင်း ပေးမယ်”
ထိုစကားကြောင့် ဂိုဏ်းချုပ်က ဆုံးဖြတ်ချက်အတိုင်း အမိန့်ပေးလိုက်သည်။
“ငါ ခွင့်ပြုတယ် ဂူယို (ငှက်နှုတ်သီးနဲ့ သတ္တဝါ)ကို ထိန်းချုပ်နိုင်တဲ့ မင်းနဲ့ဆိုရင် ဖယ်ရှားဖို့ လွယ်ကူမှာပါ သွားပါ”
“ဂိုဏ်းချုပ်ရဲ့ အမိန့်ကို လက်ခံပါတယ်”
အဖြေနဲ့အတူ အဖြူရောင် မျက်လုံးတစ်ဖက်ရှိတဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက် အမှောင်ထဲကနေ ပေါ်လာသည်။ ပေါ်လာတဲ့ အမျိုးသမီးက စားပွဲပေါ်က ငွေဒင်္ဂါးအိတ်ကို ယူလိုက်၏။
ဖြုန်း
အိပ်ချင်မူးတူးနဲ့ အစောင့် ဂိုချန်းက မော့ကျောင်းဝန်ရဲ့ အိပ်ရာရှေ့ကို မီးဖိုငယ်လေး တစ်ခု ဆောင်ယူလာသည်။ ညလုံးပေါက် စောင့်ကြည့်ရင်း သူ အရမ်း ပင်ပန်းနေသည်။ မနက်လင်းခါနီးပြီမို့ ခဏလောက် မျက်လုံးမှိတ်ခွင့်ပြုမလားလို့ မေးလိုက်တုန်းက ဒါကို လုပ်ခိုင်းလို့ သူ နည်းနည်း စိတ်တိုနေ၏။ ဂိုချန်းက နားမလည်တဲ့ အမူအရာနဲ့ မေးလိုက်သည်။
“သခင်လေး၊ ဘာလို့ ဒါကို ယူလာခိုင်းတာလဲ”
“ငါ ရှို့စရာ ရှိလို့”
“ရှို့စရာ ရှိလို့လား အဲ့လိုမျိုး ရှိရင် ကျွန်တော့်ကို ပြောရင်…”
“အကုန်လုံး ပြာကျသွားတာကို ကိုယ်တိုင် မြင်ချင်လို့”
“ဘယ်အရာကို ရှို့ဖို့ ကြိုးစားနေတာလဲ”
ရုတ်တရက် ဂိုချန်းရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ မော့ကျောင်းဝန် ထုတ်လိုက်တဲ့အရာက တခြားမဟုတ်၊
မီးလောင်ကျွမ်းသော သစ်သားဓါးကျမ်း
‘ဒါ၊ ဒါက တကယ်ပဲ’
ဂိုဏ်းချုပ်ဆီက လျှို့ဝါးကျမ်းတွေရဲ့ နေရာကို မကောင်းဆိုးဝါး တစ္ဆေတွေကတစ်ဆင့် သိခဲ့တာပဲ ဖြစ်သည်။ ဂိုဏ်းချုပ်ရဲ့ သီးသန့် သိုင်းပညာကျမ်း ဖြစ်တဲ့ မီးလောင်ကျွမ်းသော ဓားကွက်ကျမ်းက မော့ကျောင်းဝန် လက်ထဲမှာ ရှိနေတာကိုး။ ဂိုချန်း တံတွေးမြိုချပြီး မျက်မှောင်ကြုတ်လိုက်သည်။
“မလုပ်ပါနဲ့၊ သခင်လေး အဲ့ဒါကို ရှို့တော့မှာ မဟုတ်ဘူး မဟုတ်လား”
ဂိုချန်းရဲ့ စိုးရိမ်တကြီး အော်သံကြောင့် မော့ကျောင်းဝန် ပြုံးပြီး ဖြေလိုက်သည်။
“ငါ ရှို့တော့မှာ”
ဒါကို ကြားတော့ ဂိုချန်း အံ့အားသင့်ပြီး တားဆီးဖို့ ကြိုးစားသည်။
“ရှို့၊ ရှို့မလို့လား သခင်လေး၊ သခင်လေး လက်ထဲမှာ ရှိတာက ဂိုဏ်းချုပ်ဖြစ်မှပဲ သင်ယူနိုင်တဲ့ သီးသန့် လျှို့ဝါးကျမ်းလေ။ ဘယ်လိုလုပ်ပြီး…”
“ငါ ရှို့ရမှာမို့လို့ ရှို့တာ”
အဲ့ဒီစကားနဲ့အတူ မော့ကျောင်းဝန်က ဓားကွက်ကျမ်းရဲ့ အဖုံးနဲ့ ဒုတိယ စာမျက်နှာကိုသာ ချန်ထားပြီး ကျန်တာတွေကို မီးဖိုထဲ ပစ်ချလိုက်၏။ တားဆီးဖို့ စကားတောင် မပြောနိုင်ခင် ဖြစ်ပျက်သွားသည်။
ဂိုချန်းက မော့ကျောင်းဝန်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ဒီအရူးက ဒီလျှို့ဝှက်ကျမ်းရဲ့ အရေးကြီးပုံကို တကယ် မသိတာလား ကြောင်တောင်တောင် ဖြစ်နေတဲ့ ဂိုချန်းကို မော့ကျောင်းဝန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဘာလို့ ငါ့ကို အဲ့လို ကြည့်နေတာလဲ မင်းရဲ့ အကြည့်တွေကို ငါ သိပ်မကြိုက်ဘူး”
“သခင်လေး အသက်အရွယ်နဲ့ သိုင်းပညာ သင်ဖို့ ခက်ခဲရင်တောင် အဲ့ဒါ ရှိရင် တစ်နည်းနည်းနဲ့ အသုံးချလို့ ရနိုင်ပါတယ်”
“အဲ့ဒါကြောင့် ပိုပြီး ရှို့ရမှာပေါ့”
“ရှို့လိုက်ရင် သခင်လေး ဘယ်လို…”
“ငါ့မှာ ဒါ ရှိတယ်လေ”
မော့ကျောင်းဝန် ပြုံးပြီး သူ့ခေါင်းကို လက်ညှိုးနဲ့ ထောက်ပြလိုက်သည်။
ဒါကို မြင်တော့ ဂိုချန်းရဲ့ မျက်လုံးတွေ အံ့အားသင့်ပြီး ပြူးကျယ်သွား၏။ လျှို့ဝှက်ကျမ်း တစ်အုပ်လုံးကို အလွတ်ကျက်ထားပြီး ရှို့လိုက်တာလို့ ပြောတာလား ဒါဆိုရင် သူ အစကတည်းက ပြောပြသင့်တာပေါ့။ အဖိုးတန် ကျမ်းကို စွန့်ပစ်လိုက်တယ် ထင်လို့ သူ အံ့အားသင့်နေတာ။ သူ ပြောမလို့ လုပ်တုန်းမှာ မော့ကျောင်းဝန်က မီးလောင်ကျွမ်းသော သစ်သားနှလုံးသား လျှို့ဝှက်ကျမ်းကို ထုတ်ပြီး ခုနကလိုပဲ အဖုံးနဲ့ စာမျက်နှာ ၂ ခုကိုပဲ ချန်ထားပြီး ကျန်တာတွေကို မီးဖိုထဲ ပစ်ချလိုက်သည်။
ဒါကို မြင်တော့ ဂိုချန်းက လုံးဝ နားမလည်နိုင်တဲ့ အမူအရာနဲ့ မေးလိုက်သည်။
“သခင်လေး ဘာတွေ လုပ်နေတာလဲ”
ဒီမေးခွန်းကြောင့် မော့ကျောင်းဝန်က မီးမရှို့ရသေးတဲ့ အဖုံးနဲ့ စာမျက်နှာ ၂ ခုသာ ကျန်တော့တဲ့ မီးလောင်ကျွမ်းသော သစ်သားဓားကွက်ကျမ်းနဲ့ မီးလောင်ကျွမ်းသော သစ်သားနှလုံးသား ကျင့်စဉ် ကျမ်းတွေကို ဂိုချန်းလက်ထဲသို့ ထည့်ပေးလိုက်၏။
“ဒါတွေကို ဘာလုပ်ရမှာလဲ”
“အဲ့ဒီ ကျမ်းတစ်အုပ်စီကို သခင်မကြီးကျောက်နဲ့ ဒုတိယသခင်လေးဆီ မနက်လင်းခါနီးရင် သွားပို့ပေးလိုက်”
“ဗျာ”
“သွားပို့ပြီး ပြန်လာခဲ့ ဘာမှ ပြောမနေနဲ့”
ဂိုချန်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင် ဘာတွေ လုပ်နေတာလဲ။ သူ လုံးဝ နားမလည်နိုင်ပေ။ ဒါပေမဲ့ သူ ဘာလုပ်ရမလဲ သူ့အသက်က အရေးကြီးတာမို့ ပြောတဲ့အတိုင်း လုပ်ရမှာပဲ။
“…နားလည်ပါပြီ ဒါဆိုရင် ကျွန်တော် သွားခါနီး အထိ အိပ်လို့ ရမလား”
“အိပ်သွားလိုက်”
“ကျေးဇူးတင်ပါတယ်”
“အို ငါ မေ့သွားလို့၊ ဒုတိယသခင်လေး စေလွှတ်လိုက်တဲ့ အစောင့်ကို ငါ ခုနကပဲ သတ်လိုက်ပြီ”
ဂိုချန်းရဲ့ အိပ်ချင်စိတ်တွေ လုံးဝ ပျောက်သွားတော့သည်။