no

Font
Theme

အခန်း (၁၀)

ကျီတင်းကျိုသည် ညစဉ်ညတိုင်း အိပ်မပျော်သည့် ဝေဒနာကို ခံစားနေရသည်။ သို့သော် နေ့လယ်ခင်းက ရှားရှားပါးပါး သုံးနာရီကြာ အိပ်စက်မှုကြောင့် သူ၏ ပျောက်ဆုံးနေသော အေးချမ်းများ ပြန်လည်ရရှိလာသည်။ သူ၏စိတ်အာရုံသည် အားနည်းချက်ကို အသိအမှတ်မပြုလိုသော်လည်း ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းကမူ 'စောစောက အိပ်လို့ရပြီး အခုကျမှ ဘာလို့ အိပ်မရသလဲ' ဟု အော်ဟစ်နေကြသည်။ ဤအချက်သည် သူ့ကို ပုံမှန်ထက် ပို၍စိတ်တိုလာစေသည်။ ဦးခေါင်းသည်လည်း တူနှင့်ထုနေသကဲ့သို့ ပြင်းထန်စွာ နာကျင်လာသည်။

ဝေဒနာခံစားနေရသော ကျီတင်းကျိုနှင့် နှိုင်းယှဉ်လျှင် ဆေးသေချာကုသထားသော ကျီနျန်သည် ဆရာဝန် မှာကြားခဲ့သည့်အတိုင်း စောစောစီးစီး အိပ်ရာဝင်ခဲ့သည်။ သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။ အိပ်မက်ထဲတွင် ချောမောလှပသော ကျစ်လျောင်၏ ပေါင်ပေါ်တွင် ထိုင်ရင်း စပျစ်သီး စားသောက်နေသည့်အပြင် ဝေ့ယန်သည်လည်း အပေါ်ပိုင်းဗလာဖြင့် သူမဘေးတွင် ရိုသေစွာ ရပ်တန့်နေရင်း "သခင်မလေး... ဘယ်ဘက်က ပုစွန်အရသာ မီမီကို စားမလား၊ ညာဘက်က ဂဏန်းအရသာ မီမီကို စားမလား" ဟု မေးနေသည်။ တချို့လူများသည် အိပ်ပျော်နေစဉ် သွားရည်များ နဂါးငွေ့တန်းသဖွယ် စီးကျနေလေသည်။

...

"ဒီနေ့ မိသားစုခေါင်းဆောင် နည်းနည်းလေးပဲ စားတယ်..."

"ဒီအတိုင်းဆိုရင် သူ အရိုးပဲကျန်တော့မှာပဲ"

စားဖိုမှူးအချို့သည် သိမ်းဆည်းလာသော ပန်းကန်များကို ကြည့်ကာ သက်ပြင်းချနေကြသည်။ ပြင်ပလောကတွင် ကျီတင်းကျိုကို ငယ်ရွယ်၍ ရက်စက်ကြမ်းကြုတ်ကာ စိတ်အခြေအနေ ခန့်မှန်းရခက်သည့် စိတ်ဝေဒနာရှင်ဟု ဆိုနေကြသော်လည်း ဤနေရာတွင် အလုပ်လုပ်နေသူများကမူ ထိုသို့မထင်ကြပေ။ ၎င်းတို့သည် အာမခံငါးမျိုး၊ ရန်ပုံငွေတစ်မျိုး၊ ပိတ်ရက်များနှင့် လစာရ အားလပ်ရက်များ ရရှိကြသည့်အပြင် အိမ်တော်တွင် မနေထိုင်သူများအတွက် သွားလာစရိတ်ပင် အပြည့်အဝ ရရှိထားသည်။ အိမ်မှ ပိုလျှံသော ပစ္စည်းများကိုလည်း ၎င်းတို့ကို ပေးလေ့ရှိသလို အရေးကြီးဆုံးအချက်မှာ ကလေးရှိသော အိမ်အကူများသည် ၎င်းတို့၏ ကလေးများကို ကျီမိသားစု ရင်းနှီးမြှုပ်နှံထားသော ကျောင်းများတွင် အခမဲ့ ကျောင်းထားနိုင်ကြသည်။ ကျီတင်းကျိုသည် စိတ်ဆက်သော်လည်း ဤသည်မှာ သူ့ကို ရန်စသူများအပေါ်တွင်သာဖြစ်သည်။ ပုံမှန်အားဖြင့် သူ နေမကောင်းလျှင် ပစ္စည်းများကို ရိုက်ခွဲတတ်သော်လည်း လူအများကို ရိုက်နှက်ဆဲဆိုခြင်းမျိုး မရှိပေ။

ဤကဲ့သို့ ကောင်းမွန်သော အလုပ်ရှင်မျိုးကို မည်သည့်နေရာတွင် ရှာနိုင်ဦးမည်နည်း။ ထို့ကြောင့် လူတိုင်း သူ့ကို တိတ်တဆိတ် ဂရုစိုက်နေကြသည်။ ကျစ်လျောင်သည် ထိုနေရာမှ ဖြတ်သွားစဉ် ၎င်းတို့၏စကားများကို ကြားလိုက်ရသဖြင့် ရုတ်တရက် ရပ်တန့်ပြီးနောက် ပြောလိုက်သည်။

"မိသားစုခေါင်းဆောင်အတွက် ပြောင်းဖူးနဲ့ ကြက်ဥစွပ်ပြုတ် တစ်ခွက် လုပ်ပေးလိုက်"

စားဖိုမှူးများ မှင်သက်သွားကြသည်။

"ဒီလောက် ရိုးရှင်းတာကိုလား"

ကျစ်လျောင်က ခေါင်းညိတ်ပြလိုက်သည်။ ကျီတင်းကျို ယုံကြည်ရသော ကျစ်လျောင်က ပြောလာသောကြောင့် စားဖိုမှူးများ အလျင်အမြန် ချုက်ပြုတ်လိုက်ကြသည်။

သို့သော် ဤစွပ်ပြုတ်သည် ကျီနျန်ရှိကြောင်း သတိပေးသည့်အရာဖြစ်နေသဖြင့် မျက်လုံးများနီရဲနေသော ကျီတင်းကျိုသည် ကျစ်လျောင်ကို အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"မင်း ဘောင်ကျော်သွားပြီ"

"မနေ့က မိသားစုခေါင်းဆောင် ဒါသောက်ပြီး အိပ်ပျော်သွားတာမို့လို့ ကျွန်မက ကိုယ့်သဘောနဲ့ကိုယ် လုပ်ခိုင်းလိုက်တာပါ" ကျစ်လျောင်က ဦးညွတ်၍ ပြောလိုက်သည်။

ကျီတင်းကျိုသည် အငွေ့များ ထွက်နေသော စွပ်ပြုတ်ပန်းကန်ကို ကြည့်ရင်း ကျီနျန်၏ အရိုးပေါ် အရေတင် မျက်နှာလေးနှင့် သွားမစုံသေးဘဲ ပြုံးပြနေသည့် အူကြောင်ကြောင် အမူအရာများကို မြင်ယောင်လာသည်။ အထူးသဖြင့် သူမသည် သူနှင့် ရုပ်ချင်းတူနေသဖြင့် ပို၍ ကြည့်ရဆိုးနေသည်။ သို့သော် ထိုအရူးမလေးသည် မိမိက သူမ၏ အဖေအရင်းမှန်း သိလိုက်ရသည့်အခါ အပြုအမူများ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

'တကယ့်အရူးပဲ။ အစ်ကိုထက်စာရင် အဖေရင်းကို မျက်နှာချိုသွေးထားတာက ပိုတွက်ချေကိုက်တယ် မဟုတ်ဘူးလား။ သွေးသားတော်စပ်မှုကို အသုံးချပြီး မတောင်းဆိုတတ်ဘူးဆိုရင်၊ နောင်ကျရင် မီမီပုစွန်ချောင်းမုန့်တွေကို သူ ဘယ်လိုနည်းနဲ့ ရမှာလဲ'

"ယူသွားတော့" ကျီတင်းကျိုသည် နက်မှောင်သော အမူအရာဖြင့် ဆိုသည်။

ကျစ်လျောင်သည် ပန်းကန်များ သိမ်းဆည်းကာ ထွက်သွားရန် ပြင်နေစဉ် ဝေ့ယန် ရောက်ရှိလာသည်။ သူ၏ လက်ထဲတွင် အလုပ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ပါလာသည်။ ဤအရာအားလုံးသည် အတွင်းရေးမှူးများ ပို့လိုက်သည့် ယနေ့အပြီးဖြတ်ရမည့် အလုပ်ကိစ္စများဖြစ်သည်။ ကျီတင်းကျိုသည် ကုမ္ပဏီသို့ သွားရခြင်းကို မနှစ်မြို့သောကြောင့် နေ့တိုင်း အိမ်တွင်သာ အလုပ်လုပ်လေ့ရှိသည်။ ထို့ကြောင့် ကျီနျန်သည် သူ့ကို အိမ်တွင်းအောင်းသူကြီးဟု ကွယ်ရာတွင် ခေါ်နေတတ်သည်။

"ခဏနေဦး"

ဝေ့ယန် စာရွက်စာတမ်းများ ပို့ဆောင်ပြီး အပြင်သို့ ထွက်တော့မည်အချိန်တွင် ကျီတင်းကျိုက သူ့ကို လှမ်းခေါ်လိုက်သည်။

"ခင်ဗျာ…”

ဝေ့ယန်သည် အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ကျီတင်းကျို၏ မျက်လုံးများသည် ဝေ့ယန်၏ လျစ်လျူရှု၍မရသည်အထိ ဖောင်းနေသော အိတ်ကပ်ဆီသို့သာ ရောက်ရှိနေသည်။

"အဲ့ဒါ ဘာလဲ" ဝေ့ယန်က အိတ်ကပ်ထဲမှ လိမ္မော်ရောင် မုန့်ထုပ်လေးများကို ထုတ်ပြလိုက်သည်။

"မီမီပုစွန်ချောင်းလေးတွေပါ။ ဟို... အိမ်တော်ကို လာတဲ့လမ်းပေါ်က စူပါမားကတ်မှာ တွေ့လို့ ကျီ... အဟမ်း၊ ကိုယ့်အတွက်ကိုယ် ဝယ်လာတာပါ..." ဝေ့ယန်က စကားမှားလုနီးပါး ဖြစ်သွားသဖြင့် အကြည့်လွှဲ၍ ချောင်းဟန့်လိုက်သည်။

ကျီတင်းကျိုသည် ဝေ့ယန်၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသည်။ သူ​၏နှုတ်ခမ်းအစုံတွင် ထူးခြားဆန်းကြယ်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ကျီနျန်ကို တုံးတယ်လို့ ဘယ်သူ ပြောလဲ။ ကြည့်စမ်း... ငါ အယုံကြည်ရဆုံး လက်ရုံးနှစ်ယောက်လုံးကိုတောင် ကျီနျန်က ဖမ်းစားနိုင်ခဲ့ပြီပဲ…။

ကနဦး ကျစ်လျောင်​၏ လှုပ်ရှားမှုများသည် ကျီနျန်​၏ ဖြစ်တည်မှုကို သတိပေးရန်ဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။ သို့သော် ကျီတင်းကျိုသည် ၎င်းတို့ကို ဂရုစိုက်ချင်စိတ်မရှိပေ။

"ဒါက အဲဒီလောက်တောင် စားကောင်းလို့လား"

ဝေ့ယန်က အကြည့်ချင်း မဆုံရဲဘဲ ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလိုက်သည်။

"ယူလာခဲ့" ဝေ့ယန် အံ့အားသင့်နေစဉ် ကျီတင်းကျိုက အေးစက်စွာ ပြောလိုက်သည်။

"အလုပ်ချိန်အတွင်း မဆိုင်တဲ့အလုပ်တွေ လုပ်တဲ့အတွက် ဒါကို သိမ်းလိုက်ပြီ"

ဝေ့ယန်၏ ကမ္ဘာကြီး ပြိုလဲသွားဟန်ရှိသည်။ ၎င်းတို့သည် ကျီနျန်အတွက် ဝယ်လာခြင်းဖြစ်သည်။ သူမက သူ့ကို "ကိုကို" ဟု ခေါ်ကာ ကျေးဇူးတင်မည့် ပုံရိပ်လေးကို ဝေ့ယန် မြင်ယောင်နေမိသည်။ ထိုအခါ သူမ​၏ နူးညံ့သော ဆံပင်ကောက်ကောက်လေးများကို ပေါ်တင်ထိတွေ့နိုင်ပေလိမ့်မည်။ ယခုမူ သူ​၏ စိတ်ကူးများ ပျက်စီးသွားသည်၊ မည်သို့ဆိုသော် ကျီတင်းကျိုသည် နောက်တစ်ခါ ထပ်ဝယ်လျှင် သူ​၏ခြေထောက်ကို ရိုက်ကျိုးပစ်မည်ဟုပင် ခြိမ်းခြောက်လိုက်နေသောကြောင့်ဖြစ်သည်။ ကျီတင်းကျိုသည် ဝေ့ယန်၏ ခံစားချက်ကို ဂရုမစိုက်ဘဲ ထိုမုန့်ထုပ်များကို ပိုးသတ်ဆေးဖြင့် သေချာသုတ်ပြီးနောက် ဖောက်ကြည့်လိုက်သည်။ ထိုအခါ ပါးလွှာ၍ ရှည်လျားသော မုန့်ချောင်းများကို ခေတ္တစိုက်ကြည့်ပြီးနောက် ကိုက်ကြည့်လိုက်သည်။

"ဒါပဲလား" သူသည် အားလုံးကို ပါးစပ်ထဲ လောင်းထည့်လိုက်သည်။ ဤသည်မှာ ကလေးဆန်၍ ဈေးပေါသော အရသာဖြစ်သည်။ ကျီနျန်၏ ယခင်နေ့က တုံ့ပြန်မှုကြောင့် ဤမုန့်များကို အရသာရှိမည်ဟု သူ ထင်မှတ်ခဲ့သည်။

ကျီနျန်သည် မိမိအနှစ်သက်ဆုံး မိမိပုစွန်ချောင်းမုန့်များ ပျောက်ဆုံးသွားခြင်းကို လုံးဝသတိမထားမိဘဲ နွားနို့ သောက်ရင်း ကြိမ်းဝါးနေသည်။

"မမကျစ်လျောင်ရဲ့ ဆံပင်တစ်ပင်ကို ထိရဲတဲ့လူမှန်သမျှ သူတို့ရဲ့ သုခဘုံတစ်ခုလုံးကို ငါ အမှုန့်ကြိတ်ဖျက်ဆီးပစ်မယ်။ ဒီလောက်အထိ ကြင်နာတတ်ပြီး လှတဲ့မမမျိုး ကမ္ဘာပေါ်မှာ ဘယ်လိုလုပ် ရှိနေရတာလဲ"

ကျစ်လျောင်သည် ကိုယ်တိုင် မလာနိုင်သော်လည်း အိမ်အကူတစ်ယောက်မှတစ်ဆင့် မုန့်နှင့် နွားနို့များ ပို့ပေးခဲ့ခြင်းဖြစ်သည်။

ကျီနျန်သည် စားသောက်ပြီးနောက် အိပ်ချင်လာသည်။ ဝမ်းဗိုက် ပြည့်နေသဖြင့် သူမ၏ ထူးခြားသော အခြေအနေကို သတိမထားမိခဲ့ပေ။ လည်ချောင်းထဲတွင် မီးလောင်နေသကဲ့သို့ ခံစားရချိန်မှသာ သူမ ဖျားနေပြီဖြစ်ကြောင်း သိရှိသွားသည်။

[လူတစ်ယောက်ယောက် ခေါ်ပေးရမလား] စနစ်သည် ကလေးမလေး​၏ နီရဲနေသော မျက်နှာကို ကြည့်၍ မေးလာသည်။

ကျီနျန်က နှုတ်ခမ်းများတွန့်ကာ ပြုံးလိုက်သည်။

[ မလိုပါဘူး ]

ဤအဖျားသည် သူမအတွက် အချိန်ကိုက် ရွာချလာသည့် မိုးရေစက်များဖြစ်သည်။ ကျီတင်းကျိုသည် စိတ်ထဲတွင် ရုတ်တရက် လေးလံလာသော်လည်း အိပ်ရေးပျက်နေသောကြောင့်သာဖြစ်မည်ဟု မှတ်ယူထားသည်။ အတွင်းရေးမှူး ရောက်လာကာ ကျီမိသားစု လှူဒါန်းထားသော မိဘမဲ့ဂေဟာ စာရင်းများကို တင်ပြနေသော်လည်း သူ စိတ်မပါခဲ့ပေ။

ကျစ်လျောင် တံခါးခေါက်၍ ဝင်လာချိန်မှ ကျီတင်းကျိုသည် တစ်ခုခုကို အာရုံခံမိသွားသကဲ့သို့ ချက်ချင်း မော့ကြည့်ကာ မေးလိုက်သည်။

"ဘာကိစ္စလဲ"

ကျစ်လျောင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ကျီနျန် ကိုယ်တွေ အရမ်းပူနေပါတယ်၊ မိသားစုခေါင်းဆောင်"

ထိုအခါ ကျီတင်းကျိုသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။ ကျီတင်းကျို ထွက်သွားတော့မည်ကို မြင်သောအခါ အခြေအနေကို နားမလည်သေးသော အတွင်းရေးမှူးက အလိုအလျောက် ပြောလာသည်။

"ဥက္ကဋ္ဌကျီ၊ ထျန်ထျန် ဒီရက်ပိုင်း တော်တော်လေး ပျော်နေတယ်။ သူ ကျီမိသားစုအိမ်တော်ကို ဘယ်တော့ လာရမလဲလို့ပဲ ဆက်တိုက်မေးနေပါတယ်"

သို့သော်လည်း ကျီတင်းကျိုကမူ ပြန်လှည့်မကြည့်ဘဲ "နောက်မှဆက်ပြော” ဟု ပြောကာ တံခါးကို ဝုန်းခနဲ ပိတ်၍ ထွက်ခွာသွားလေသည်။

အတွင်းရေးမှူးသည် အနည်းငယ် ပဟေဠိဖြစ်နေမိသည်။

"ထူးဆန်းလိုက်တာ..."

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment