no

Font
Theme

အခန်း (၁၃)

အဖြစ်အပျက်အားလုံး၏ လက်သည်တရားခံ ကျီနျန်သည် အရာအားလုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်။ သူမသည် အငြိုးအတေးကို သေသေချာချာ မှတ်ထားတတ်သူတစ်ဦးပီပီ ကျီတင်းကျို၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားခြင်းကို မသိချင်ယောင်ဆောင်ရင်း၊ ရှေ့ကလူကို ကြောက်ရွံ့ထိတ်လန့်နေဟန်ဖြင့် ခိုးကြည့်နေသည်။

[ငါ့အဖေက လူဆိုးကြီးဆိုပေမယ့် တကယ်တော့ တော်တော်ချောတာပဲ]

ပုံမှန်ဆိုလျှင် သေသပ်လှပနေသော သူ၏ဆံပင်များသည် ယခုမူ ဟိုတစ်စဒီတစ်စ ဖရိုဖရဲဖြစ်နေကာ ညာဘက်ပါးပြင်ပေါ်တွင်လည်း ဖိအိပ်ထားသောကြောင့် အရာများ ထင်ကျန်ရစ်နေသည်။ ပိုးသားညဝတ်အင်္ကျီ၏ ကြယ်သီးအချို့ ပြုတ်နေသဖြင့် သူ၏ညှပ်ရိုးနှင့် ရင်ဘတ်အချို့ကိုလည်း မြင်နေရသည်။ ကျီနျန်သည် ထိုအချိန်မှ သန်မာလှသည်ဟု ထင်မှတ်ရသော ဤအမျိုးသားသည် အတော်လေး ပိန်ပါးလှ၍ အရိုးများပင် အထင်သား မြင်နေရကြောင်း သတိထားလိုက်မိသည်။ သူသည် နာတာရှည် အိပ်မပျော်သည့်ရောဂါ ခံစားနေရသူဖြစ်သဖြင့် အစားအသောက်ပျက်ကာ ပိန်ကပ်နေခြင်းသည် မထူးဆန်းလှပေ။

သူမသည် ထိုစကားတစ်ခွန်ပြောပြီးနောက် တိတ်ဆိတ်သွားသည်။ ကျီတင်းကျိုသည် သူ့ကို သတိဖြင့်စောင့်ကြည့်နေသည့် ကလေးမလေးကို ပြန်စိုက်ကြည့်နေသော်လည်း စကားများရန် စိတ်မပါသဖြင့် ခလုတ်တစ်ခုကို ဖိနှိပ်လိုက်ရာ မကြာမီ ကျစ်လျောင် ဝင်လာသည်။

"သူ့ကို အပူချိန်တိုင်းပေးလိုက်ဦး" ထိုသို့ပြောပြီးနောက် သူသည် အဝတ်အစားလဲရန် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

ကျစ်လျောင် ဝင်လာသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်နေသော ကလေးမလေးသည် ချက်ချင်းပင် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ရွှင်မြူးသံများ ထွက်ပေါ်လာသည်။

"မမကျစ်လျောင်"

ကျီနျန်သည် ယိမ်းထိုးနေသော ခြေလှမ်းများဖြင့် ကုတင်ပေါ်မှ ကျစ်လျောင်ထံ ပြေးလာသည်။ အခန်းထဲမှ မထွက်ရသေးသော ကျီတင်းကျိုသည် ထိုမြင်ကွင်းကို မြင်သောအခါ အလွန်မသက်မသာဖြစ်နေမိသည်။ ဆက်ဆံခံရသည့် ပုံစံချင်း ကွာခြားလွန်းလှသည်။ ကျစ်လျောင်သည် ကလေးမလေးကို ပွေ့ချီကာ နှဖူးကို စမ်းကြည့်ပြီးသောအခါ အလုပ်ရှင်အတွက် ရှေ့နေလိုက်ပေးလိုက်သည်။

"သမီး မနေ့က ဖျားနေလို့ မိသားစုခေါင်းဆောင်က သမီးကို ဒီနေရာ ပြန်ခေါ်လာပြီး တစ်ညလုံး ပြုစုပေးခဲ့တာလေ"

ထိုစကားကို ကြားလိုက်ရသောအခါ ကလေးမလေးသည် အံ့ဩသွားပုံရသည်။ ခေတ္တ တွေဝေသွားပြီးနောက် ထွက်မသွားသေးသည့် ကျီတင်းကျိုကို ကြည့်ကာ ရှက်ကိုးရှက်ကန်းလေသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်... မိသားစုခေါင်းဆောင်……"

ထို့နောက် ကျစ်လျောင်ကို ပြန်ကြည့်ကာ 'သမီး ကျေးဇူးတင်စကား ပြောလိုက်ပြီနော်၊ သမီး လိမ္မာတယ်မလား၊ သမီးကို ချီးကျူးပါဦး' ဟူသော အမူအရာမျိုး လုပ်ပြနေသည်။ ထိုအခါ အိပ်ခန်းတံခါးသည် ဝုန်းခနဲ မြည်သံဖြင့် အပိတ်ခံလိုက်ရသည်။ ကျစ်လျောင်ကမူ ကူကယ်ရာမဲ့သည့် အကြည့်ဖြင့် ကလေးမလေး၏ ဆံပင်လေးများကို ပွတ်သပ်ပေးရင်း "ကျီနျန်လေးက တကယ် လိမ္မာတာပဲ" ဟု ချီးကျူးလိုက်သည်။

ကျီနျန်သည် အလွန်ပျော်ရွှင်စွာ ပြုံးနေမိသည်။ ဆရာဝန်ရောက်လာ၍ စစ်ဆေးသောအခါ အဖျား သိသိသာသာ ကျသွားပြီဖြစ်သဖြင့် ဆေးထိုးရန် မလိုတော့ဘဲ ဆေးသောက်ရုံဖြင့် နောက်နေ့ဆိုလျှင် အကောင်းပကတိဖြစ်သွားလိမ့်မည်ဟု ဆိုသည်။ ကျီနျန်သည် လိမ္မာပါးနပ်စွာ နားထောင်နေစဉ် အိမ်အကူတစ်စု ရောက်ရှိလာပြီး သူမကို အောက်ထပ်သို့ ချီခေါ်သွားကြသည်။ တစ်ယောက်က ခြေထောက်ဆေးသည့် ဇလုံထဲသို့ သူမ၏ ခြေထောက်လေးများကို ထည့်ပေးကာ၊ နောက်တစ်ယောက်က ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ပြင်ဆင်ပေးနေသည်။ ကျီနျန်သည် အခြေအနေကို မတုန့်ပြန်နိုင်မီ ပျားသံပရာရည် တစ်ဇွန်း တိုက်ကျွေးခံလိုက်ရပြီးနောက် သူမရှေ့တွင် စားပွဲငယ်တစ်လုံး ရောက်ရှိလာသည်။

စားပွဲပေါ်တွင်မူ ပုစွန်၊ ကြက်ဥပေါင်း၊ ပန်းဂေါ်ဖီစိမ်းများ၊ ချဉ်ငန်စပ် မုန်လာဥနှင့် ယုန်ရုပ်ပုံစံ ပြင်ဆင်ထားသော သစ်သီးပန်းကန်လေးများရှိနေသည်။ ကျီနျန်သည် ကြည့်ရုံနှင့်တင် သွားရည်ကျနေမိသည်။

'ပြောသားပဲ၊ သူ့ ခြေထောက်ကို ဖက်ထားရတာက အသုံးဝင်ပါတယ်လို့'

အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးကဲ့သို့ ဟန်ဆောင်လိုက်ရုံဖြင့် ဖားပြုတ်ဆီးကဲ့သို့သော အစားအစာများမှ ဤသို့သော အဆင့်အတန်းမြင့် အစားအသောက်များ စားသောက်နိုင်သည့် အဆင့်သို့ ရောက်ရှိလာခြင်းပင်။ ဤသို့ဆိုလျှင် သူမသည် တစ်သက်လုံး ဤအတိုင်း ဆက်လက်ဟန်ဆောင်နေသင့်သည်။ ပုစွန်နှင့် ကြက်ဥပေါင်းကို တစ်လုပ်စားလိုက်ရသောအခါ ကျီနျန်သည် ပျော်လွန်းသဖြင့် မျက်ရည်ပင် ဝဲလာသည်။

ကျီနျန်သည် စားကောင်းလွန်းသဖြင့် မျက်ရည်ပင် ကျနေကြောင်း စားဖိုမှူး သိရှိသွားသောအခါ သူသည် ယခင်ကထက် ပိုမိုစိတ်အားထက်သန်သွားကာ "ဒီအိမ်မှာ ငါ့လက်ရာကို နားလည်ပေးမယ့်သူ နောက်ဆုံးတော့ ပေါ်လာပြီဟေ့" ဟု ဝမ်းသာအားရ ဆိုလိုက်သည်။

ကျီတင်းကျိုသည် အစားအသောက် ဂျီးများသူဖြစ်သဖြင့် တစ်လုတ်နှစ်လုတ် စားသောက်ပြီးနောက် သူ ချက်ပြုတ်ပေးသမျှကို အမြဲတမ်း ငြင်းပယ်ခံရလေ့ရှိသော်လည်း၊ ယခုမူ ပန်းကန်များ ပြောင်လက်နေသည်အထိ စားသောက်ထားကြောင်း မြင်လိုက်ရသဖြင့် သူ အမှန်တကယ် စိတ်လှုပ်ရှားသွားလေသည်။

"မမကျစ်လျောင်... သမီး ဘယ်တော့ ပြန်ရမလဲဟင်"

စားသောက်ပြီးနောက် ကျီနျန်က မေးလိုက်သည်။

"ဒါက မိသားစုခေါင်းဆောင်အပေါ်ပဲမှာ မူတည်တယ်" ကျစ်လျောင်က ပြန်ဖြေလိုက်သည်။ သူမသည် ကျီနျန်ကို မိသားစုခေါင်းဆောင်နှင့် စကားသွားပြောရန် အားပေးနေပုံပေါ်သည်။ သို့သော် မိသားစုခေါင်းဆောင်ဟူသော စကားကို ကြားလိုက်ရသည်နှင့် ကျီနျန်တစ်ယောက် တိတ်ဆိတ်သွားသည်။ သူမသည် အဖျား လုံးဝမကျသေးသဖြင့် တစ်နေကုန် အိပ်ရာထဲတွင်သာနေခဲ့ရသောကြောင့် ကျီတင်းကျိုနှင့်လည်း မဆုံဖြစ်ခဲ့ပေ။

စနစ်က မနေနိုင်မထိုင်နိုင် ပြောလာသည်။ [တစ်ရက်တောင် ရှိသွားပြီ၊ အဲဒီလူ တကယ်ပဲ စိတ်ဆိုးနေတာလား။ မနက်ဖြန်ကျရင် နင် ပြန်ပို့ခံရရင် ဘယ်လိုလုပ်မလဲ။ အိပ်တော့မလို့လား]

ကျီနျန်သည် ကျီတင်းကျို၏ ရနံ့များ အနည်းငယ် ကျန်ရှိနေသေးသော အိပ်ရာပေါ်တွင် မျက်လုံးမှိတ်ထားလျက် လက်တစ်ချောင်း ထောင်ပြလိုက်သည်။

စနစ်- [တစ်နာရီလား]

သူမသည် လက်ညိုးကို ဝှေ့ယမ်းပြလိုက်သည်။

"ငါက နင်လာဆွပေးတိုင်း ကြိုးစားမယ့်လူ မဟုတ်ဘူး။ ငါ့ကို လာမနှောင့်ယှက်နဲ့၊ မဟုတ်ရင် အပေါ်ထပ်ကနေ ခုန်ချပစ်လိုက်မှာ"

ဤသည်မှာ အမှန်တကယ် အစွမ်းထက်သော ခြိမ်းခြောက်မှုဖြစ်သဖြင့် စနစ်သည် နောက်ထပ် တစ်ခွန်းမှ မဟဝံ့တော့ပေ။ ကျီနျန်သည် တဖြည်းဖြည်းနှင့် အိပ်မောကျသွားလေသည်။ သူမသည် ယခင်ဘဝတွင် ပြီးဆုံးအောင် မရေးသားခဲ့သည့် အစီရင်ခံစာများ၊ ကွာရှင်းပြီးနောက် ခရီးဆောင်အိတ်များဖြင့် ထွက်ခွာတော့မည့် သူမ၏ မိဘများနှင့် အချစ်ဆုံးသူငယ်ချင်းတို့၏ မျက်နှာများကို အိပ်မက်မက်ခဲ့သည်။ သူမ ပြန်နိုးလာသောအခါ အိမ်တော်ထိန်း AI က မီးများကို ပိတ်ထားလေသည်။ ကျီနျန်သည် မျက်လုံးကို ပွတ်ရင်း နံနက်က ကျီတင်းကျို ခေါ်ခဲ့သော AI ၏ အမည်ကို သတိရသွားသည်။

"ပန်းနီရောင်လိပ်လေး”

ထိုအခါ နက်ရှိုင်း၍ ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်္ဂလာပါ သခင်မလေး၊ ကျွန်တော် ရှိပါတယ်"

"အခု ဘယ်နှစ်နာရီ ရှိပြီလဲ"

"ည (၁၀) နာရီ (၃၆) မိနစ် ရှိပါပြီ"

ကျီနျန်က ကျေးဇူးတင်စကား ပြောလိုက်သောအခါ AI က "ရပါတယ်" ဟု ပြန်ဖြေပြီးနောက် တိတ်ဆိတ်သွားလေသည်။ သူမသည် အိပ်ရာဘေးရှိ မီးအိမ်လေးကို ဖွင့်ပြီးနောက် ခေါင်းအုံးကို ပိုက်ကာ အပြင်ဘက်သို့ ပြေးထွက်သွားသည်။ ကျီနျန်သည် သူမ၏ လက်ဗွေဖြင့် ဓာတ်လှေကားကို ဖွင့်မရသဖြင့် ကျီတင်းကျိုရှိရာ အထပ်တွင်သာ လျှောက်သွားနေသည်။ မှန်သည်၊ သူမသည် အပြင်သို့ ထွက်ပြေးသွားရန်လည်း စိတ်ကူးမရှိပေ။ နောက်ဆုံးတွင် အပန်းဖြေသည့်နေရာ၌ ကျီတင်းကျိုကို တွေ့လိုက်ရသည်။ ဤနေရာသည် ပုံမှန် မြင်တွေ့နေကျဖြစ်သော တရုတ်စတိုင်နှင့် မတူဘဲ အမေရိကန် ရှေးဟောင်းစတိုင်မျိုးဖြစ်ရာ နွေးထွေးသော အလင်းရောင်များဖြင့် အိပ်ချင်စဖွယ်ကောင်းလှသည်။ ကျီတင်းကျိုသည် ပြတင်းပေါက်နားရှိ ဘားတွင် ထိုင်နေပြီး ၎င်းတို့စတင်တွေ့ဆုံခဲ့သော ရေကန်ကြီးကို လှမ်းကြည့်နေသည်။

ကျီနျန် ဝင်လာသည်နှင့် ကျီတင်းကျိုက ချက်ချင်း သတိထားမိသွားသည်။ သူ၏ စူးရှသော အကြည့်တို့သည် လက်နက်တစ်ခုကဲ့သို့ ရောက်ရှိလာသော်လည်း၊ ဝင်ရောက်လာသူသည် ခေါင်းအုံးလေး ပိုက်ထားသော ကလေးမလေးဖြစ်နေကြောင်း မြင်လိုက်ရသောအခါ ဒေါသအရိပ်အမြွက်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ ကျီတင်းကျိုသည် သူမကို ဘာကိစ္စရောက်လာသလောဟု မမေးသည့်အပြင် ထွက်သွားရန်လည်း မပြောခဲ့ပေ။ သူ၏ စိမ်းမြမြ မျက်လုံးများဖြင့် သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ယခင်ကကဲ့သို့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အကြည့်မျိုး မဟုတ်ဘဲ အေးဆေးတည်ငြိမ်နေသည်။

ကျီနျန်က ခေါင်းအုံးကို တင်းတင်းဖက်ကာ သူ့ထံသို့ လျှောက်လာသည်။

"သမီးကို... မိဘမဲ့ဂေဟာ ပို့တော့မှာလား"

ကျီတင်းကျိုက သူမကို ကြည့်ပြီး ပြန်မေးလိုက်သည်။

"မင်းက သွားချင်လို့လား"

ယခင်ကမူ မိမိက မည်သူမှန်းမသိဘဲ ၎င်းတို့နှစ်ဦး အလွန်ဆင်တူသည်ဟု ထင်မှတ်ခဲ့သောကြောင့်သာ မိဘမဲ့ဂေဟာသွားမည့်အကြောင်းအရာကို သူမ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့် အခု... ငါက အဖေအရင်းဆိုတာကို သိသွားပြီဆိုတော့ မင်းအဖြေက ဘာဖြစ်မလဲ…။

ကျိထင်ကျိုးသည် မိမိ၏ငယ်ရုပ်နှင့် တစ်ပုံစံတည်းတူလှသော ကျီနျန်၏မျက်နှာကို ကြည့်ရင်း သူမဘက်မှ ခေါင်းညိတ်ပြလာရန် မျှော်လင့်နေမိသည်။ သို့သော် သူ၏ရင်ထဲ၌... ငါ့အနားမှာပဲ အဖော်ပြုပေးပါ' ဟူသည့် အလွန်တိုးလျော့သော အော်ဟစ်တောင်းဆိုသံများကို သူ လုံးဝဥပေက္ခာပြုထားလိုက်သည်။

ကျီနျန်က သူမ၏ တင်ပါးကို ကုတ်လိုက်သည်။

"သမီး မသွားချင်ဘူး……"

ကျီတင်းကျိုက အံ့ဩသွားဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။

"ဘာလို့လဲ"

“ဘာလို့လဲဆိုတော့ မိဘမဲ့ဂေဟာကို သွားရင် မမကျစ်လျောင်နဲ့ နောက်တစ်ခါ တွေ့ရတော့မှာ မဟုတ်လို့လေ”

ကျီတင်းကျို: "………"

သူသည် ဝိုင်ခွက်ကို ဘားပေါ် တင်ကာ ကျီနျန်နံဘေးမှ ဖြတ်သွားရန် ဟန်ပြင်လိုက်သည်။ ဘေးမှ ဖြတ်သည့်အချိန် ကလေးမလေးက သူ၏ ဘောင်းဘီစကို လှမ်းဆွဲလိုက်သည်။

"မမကျစ်လျောင်က ပြောတယ်၊ မနေ့ညက သမီးကို ပြုစုပေးခဲ့တယ်ဆို..."

ကျီတင်းကျိုက သူမကို ငုံ့ကြည့်လိုက်သည်။ 'အဲ့ဒီ့တော့ ဘာဖြစ်လဲ။ စောစောက ကျေးဇူးတင်စကား ပြောပြီးပြီ မဟုတ်ဘူးလား’ ဟု မေးနေဟန်ရှိသည်။

"ဒါဆို သူတို့ပြောသလို မဟုတ်ဘဲ မိသားစုခေါင်းဆောင်က လူကောင်းတစ်ယောက်ဖြစ်နေတာကို။ ဒီနေ့ သမီး တကယ် ပျော်တယ်။ အရသာရှိတာတွေလည်း စားရတယ်၊ ကိတ်မုန့်လည်း စားရတယ်။ အိပ်ရာကလည်း အိနေတာပဲ…… ပြီးတော့…… ဟင်း…… အကုန်လုံး အရမ်းအဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment