no

Font
Theme

အခန်း (၁၄)

မနက်ခင်းက ခေါ်ခဲ့သည့် မိသားစုခေါင်းဆောင်ဆိုသည့် အသုံးအနှုန်းနှင့် တူညီနေသော်လည်း ယခုတစ်ခေါက် ကျေးဇူးတင်စကားသည် သိသိသာသာ နွေးထွေးနေသည်။ ကလေးငယ်သည် အပြစ်ကင်းစင်ပြီး သိပ်မပါးနပ်သော်လည်း တစ်စုံတစ်ယောက်ကြောင့် သူမ၏ နေထိုင်စားသောက်မှု အခြေအနေများ တိုးတက်လာခြင်းကို နားလည်နေသည်။ သူမသည် ကျီတင်းကျို၏ ဘောင်းဘီစကို ဆွဲကာ အိတ်ကပ်ထဲမှ ဘီစကစ်မုန့်လေး တစ်ခုကို ထုတ်ပေးလိုက်သည်။ ထို့နောက် ခြေဖျားလေးထောက်ကာ ကျီတင်းကျို​၏လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"အန်တီတစ်ယောက် ပေးထားတာ၊ အရမ်းမွှေးတာပဲ"

ကလေးများသည် ရိုးရှင်းသောသတ္တဝါများဖြစ်သည်။ တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်လျှင်ဖြစ်စေ၊ ကျေးဇူးတင်လျှင်ဖြစ်စေ ၎င်းတို့အတွက် အကောင်းဆုံးဟု ထင်မှတ်ရသည့်အရာကို ပေးတတ်ကြသည်။ ကျီတင်းကျိုသည် လက်ထဲမှ ကာတွန်းရုပ်လေးများပါသော မုန့်ထုပ်လေးကို ကြည့်ရင်း သူ၏ ငယ်ဘဝကို ပြန်သတိရသွားသည်။ သူသည် ငယ်စဉ်က မိမိထက် အသက် ၁၂ နှစ်ခန့် ပိုကြီးသူနှင့် သွေးထွက်သံယိုဖြစ်သည်အထိ ရန်ဖြစ်ခဲ့ရဖူးသည်။ ထိုစဉ်က သူ အပြင်းအထန် ကာကွယ်ခဲ့သည့် အရာသည် မှိုတက်နေသော ပေါင်မုန့်တစ်ဝက်ဖြစ်သည်။

ထိုနေ့၌ သူသည် အလွန်ကံဆိုးလှသည်။ အပြင်းအထန် အရိုက်ခံရသဖြင့် မထနိုင်တော့ဘဲ သေတော့မည်ဟု ထင်နေချိန်တွင် မိန်းကလေးတစ်ယောက်က သူ့ကို ဆွဲခေါ်သွားခဲ့သည်။ ထိုစဉ်က ပိန်ပါး၍ မျက်နှာညိုဖျော့နေသော ကလေးမလေး၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အမာရွတ်ကြီး မရှိသေးပေ။ သူမသည် သူမအား အဆက်မပြတ် ဟောင်နေသော ခွေးကြီးတစ်ကောင်ထံသို့ ကျီတင်းကျိုကို စိတ်ပျက်လက်ပျက်ဖြင့် ပစ်ပေးခဲ့သည်။ ကျီတင်းကျိုသည် ကံကောင်းသောကြောင့်သာ ရက်အနည်းငယ်အကြာတွင် ပြန်လည် သက်သာလာခဲ့သည်။

သူသည် အသက်နှင့်လဲ၍ ကာကွယ်ခဲ့သော ပေါင်မုန့်တစ်ဝက်၏ သုံးပုံနှစ်ပုံကို ထိုမိန်းကလေးအား ပေးအပ်ခဲ့သည်။ ၎င်းသည် ကျေးဇူးဆက်သည့် အပြုအမူဟု ထင်မှတ်ရသော်လည်း တကယ်တမ်း သူမအပေါ် အကြွေးမတင်ချင်သောကြောင့်သာဖြစ်သည်။

"သိပြီ၊ သွားအိပ်တော့" ကျီတင်းကျို၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိသော်လည်း ကျီနျန်သည် သူ၏စိတ်ကြည်လင်မှုကို တစ်နည်းနည်းဖြင့် ခံစားမိလိုက်သည်။ သူမသည် လိမ္မာပါးနပ်စွာ ခေါင်းငြိမ့်ပြပြီးနောက် ခေါင်းအုံးလေးကို ပိုက်ကာ ပြန်ထွက်သွားသည်။ သူမသည် ဝှက်ထားသော ဘီစကစ်မုန့်လေးကို ကျီတင်းကျိုထံ ပေးရန်သာ ညကြီးမင်းကြီး ပြေးလာခဲ့ပုံရသည်။

နောက်တစ်နေ့တွင် အဖျားပျောက်သွားသော ကျီနျန်သည် အလွန်တက်ကြွလန်းဆန်းနေသည်။ ကျီတင်းကျိုသည် အိပ်ရေးပျက်ထားသည့် မျက်နှာဖြင့် မနက်စာစားရန် ထိုင်နေစဉ် ကျီနျန်သည် မည်သူမျှ မခေါ်ဘဲ စားပွဲသို့ ရောက်ရှိလာသည်။

"မင်္ဂလာပါ မိသားစုခေါင်းဆောင်~" သူမသည် မိသားစုခေါင်းဆောင်ဟု ခေါ်နေသေးသော်လည်း ယခင်က သူ့ကို မကြည့်ရဲသည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ယခုအခါ ပို၍ သက်သောင့်သက်သာရှိလာသည်။

လူတိုင်းကို ရွှင်ရွှင်ပြပြ နှုတ်ဆက်နေသော ကျီနျန်ကို ကြည့်ရင်း ကျီတင်းကျို၏ အကြည့်များ သူမ၏ ကျစ်ဆံမြီးလေးဆီသို့ ရောက်သွားသည်။ သူ့ အကြည့်ကို သတိထားမိသွားသော ကျီနျန်က ဂုဏ်ယူစွာဖြင့် ပြသလိုက်သည်။

“လှတယ်မလား၊ မမကျစ်လျောင် ပြင်ပေးထားတာ။ မမကျစ်လျောင်က တကယ်တော်တာ၊ အကုန်လုပ်တတ်တယ်။ လှလည်းလှတယ်၊ တော်လည်းတော်တယ်၊ သမီးရဲ့ဆံပင်ကို နတ်သမီးလေးလို လှအောင် လုပ်ပေးထားတာ” ကျီနျန်သည် ချီးကျူးစကားနှင့်ပတ်သက်၍ မနှမြောသည့်အပြင် အနောက်လှည့်ကာ ကျစ်လျောင်ကို လက်မထောင်ပြလိုက်သည်။

ကျီတင်းကျိုက အေးစက်စွာ ပြောလိုက်သည်။

"ငှက်သိုက်နဲ့ တူတယ်"

ဖဲပြားတပ်ထားတဲ့ ငှက်သိုက်….။

ကျစ်လျောင်သည် လက်တွေ့ဆန်သူတစ်ယောက်ဖြစ်သဖြင့် ယခုကဲ့သို့ မိန်းကလေးဆန်သော ကိစ္စများကို လုပ်တတ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

တစ်ဖက်တွင် ကျစ်လျောင်သည် ကျီနျန်ကို ပြုံးပြရင်း ပြောလိုက်သည်။

"ဒါက မိသားစုခေါင်းဆောင်ဆီက သင်ထားတာလေ။ သာမန်ကိစ္စတစ်ခုပါ... နောက်တစ်ခါ မိသားစုခေါင်းဆောင်ကို လုပ်ခိုင်းကြည့်ပါလား သခင်မလေး။ သူက အင်အားကြီးတော့ အရာအားလုံးကို လုပ်တတ်တယ်လေ"

သူမသည် လူရှေ့တွင် ကျီနျန်ကို သခင်မလေးဟု ခေါ်ကာ နှစ်ယောက်တည်းရှိချိန်၌ အမည်တတ်၍ ခေါ်လေ့ရှိသည်။ ထိုသို့ကြားသောအခါ ကျီနျန် မျက်လုံးလေးများ ပြူးသွား၍ ကျီတင်းကျိုကို မယုံကြည်နိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ ကျီတင်းကျိုက ကလေးမလေး၏ အံ့ဩနေသော မျက်နှာကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်သည်။

"ဘာလဲ"

သူမ၏ စိမ်းမြမြ မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်ဖြင့် မျှော်လင့်တကြီး မေးလိုက်သည်။

"တကယ်ပဲ အကုန်လုံး လုပ်တတ်တာလား"

ကျီတင်းကျိုသည်လည်း မာန်တက်စွာ ပြန်ဖြေလိုက်သည်။

"အင်း"

မထင်မှတ်ဘဲ ကျီနျန်၏ နောက်ထပ်မေးခွန်းသည်။ "ဒါဆို တင်ပါးက လေချွန်တတ်လားဟင်"

"အဟွတ်… အဟွတ်..." ကျီတင်းကျိုတစ်ယောက် သီးသွားတော့သည်။ ထိုအခါ အိမ်အကူတစ်ယောက်သည် အပြေးအလွှား လာရောက်၍ သန့်ရှင်းရေးလုပ်ပေးလိုက်သည်။

ကျီတင်းကျိုသည် ဒေါသဖြင့် ပေါက်ကွဲတော့မည်ဟု လူတိုင်း ထင်နေကြသော်လည်း ချောင်းဆိုးလွန်းသဖြင့် မျက်နှာနီမြန်းနေသော ကျီတင်းကျိုက ကျီနျန်ကို ကြည့်ကာ မေးလိုက်သည်။

“မင်းမှာ ဒီထက်ယဉ်ကျေးတဲ့ မေးခွန်း မရှိတော့ဘူးလား”

'ဒါက တကယ် အရေးကြီးတဲ့ ကိစ္စလား’

လူတိုင်းသည် စိတ်ထဲတွင် တွေးနေကြသည်။ အင်းလေ... ဒါကြောင့်လည်း သူတို့က သားအဖတွေ ဖြစ်နေကြတာပေါ့။

မနက်စာစားပြီးနောက် အိမ်အကူများသည် သာ့တန်းကို ခေါ်လာကြသည်။ ခွေးကြီးနှင့် ကလေးမလေးသည် အချင်းချင်း မြင်လိုက်သည်နှင့် အပြန်အလှန် ဟောင်ကြတော့သည်။

သာ့တန်း: "ဝုဖ် ဝုဖ် ဝုဖ် (ကလေးလေးပါလား)"

ကျီနျန်: "ဝုဖ် ဝုဖ် ဝုဖ် ဝုဖ် ဝုဖ် (အဓိပ္ပါယ်မရှိစွာ အော်ဟစ်ခြင်း)"

သာ့တန်းသည် ကျီတင်းကျို၏ ခွေးတစ်ကောင်ဖြစ်ရာ အလွန်ဉာဏ်ကောင်းလှသည်။ သူ၏ ကိုယ်လုံးကြီးဖြင့် ကလေးကို တိုက်မိလျှင် လဲကျသွားမည်ကို စိုးရိမ်သဖြင့် အနားမရောက်မီ ရပ်လိုက်ပြီးနောက် ခေတ္တ ရပ်တန့်ကာ 'ငါ့ကို ပွတ်ပေးပါ၊ ငါ့အမွေးတွေက အရမ်းအိတာပဲ၊ ငါ့ကို ပွတ်ပေး’ ဟု ပြောနေသည့်အလား အမြီးကို အားရပါးရ ခါယမ်းနေသည်။

ကျီနျန်သည်လည်း ခွေးကြီးကို ပျော်ရွှင်စွာ ပွတ်သပ်ပေးလိုက်သည်။

“လိမ္မာတယ်၊ လိမ္မာတယ်”

ကျစ်လျောင်ပင် အံ့အားသင့်သွားသည်။ ကျီတင်းကျိုမှလွဲ၍ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ရန်လိုတတ်သော ခွေးဆိုးကြီး ဘယ်နေရာသို့ ရောက်ရှိသွားလေသလော။ သာ့တန်းသည် သူ၏ သခင်ကိုပင် ဂရုမစိုက်တော့ဘဲ ကျီနျန်ဆီသို့သာ ဦးတည်သွားလေသည်။ သူသည် ကလေးမလေးအား သူ၏ နူးညံ့သော ဝမ်းဗိုက်ကို ပွတ်သပ်ပေးရန် ပက်လက်လှန်ပေးလိုက်သည်။ ကျီနျန်သည်လည်း ဆိုဒ်မတော်သော ဖိနပ်အပါးကို စီးရင်း ခွေးကြီး၏ ဗိုက်ထဲတွင် မျက်နှာအပ်ကာ တဟီးဟီး ရယ်မောနေသည်။

ကျီတင်းကျိုသည် ကလေးမလေးနှင့် ခွေးတစ်ကောင်တို့ ဆော့ကစားနေခြင်းကို ကြည့်ရင်း ကျစ်လျောင် ပေးထားသော မုန့်ကို မသိစိတ်ဖြင့် စားနေမိသည်။ ကျစ်လျောင်သည်လည်း ဘာမှမပြောဘဲ နောက်တစ်ခု ထပ်ပေးလိုက်သည်။ ကျီတင်းကျိုသည် ကျီနျန်၏ ဝတ်စုံကို ကြည့်ပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။

“အင်္ကျီအသစ်တွေ မရောက်သေးဘူးလား”

"အခုပဲ ထပ်အကြောင်းကြားလိုက်ပါ့မယ်" ကျစ်လျောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

ကျီနျန် ပြောသလို အိမ်တွင်းအောင်းသူဖြစ်သည့် ကျီတင်းကျိုသည် အဝတ်အစားများကို အပြင်ထွက်၍ ဝယ်ယူမည် မဟုတ်ပေ။ ကျစ်လျောင်သည် ခေတ်မှီသမျှ ကလေးဝတ်စုံများ၊ ပုံပြင်စာအုပ်များနှင့် ကျီနျန်၏ အသက်အရွယ်နှင့် လိုက်ဖက်မည့် ကစားစရာများကိုပင် မှာယူလိုက်သည်။ အဝတ်အစားများနှင့် ပစ္စည်းများ တင်ဆောင်လာသည့် ကားကြီးသည် ကျီမိသားစုအိမ်တော်သို့ ရောက်ရှိလာချိန်တွင် ဘေးကပ်လျက်ရှိ ဘီမြို့မှ ဗီလာလေးတစ်ခု၍ တံခါးပွင့်သွားသည်နှင့် တီဗီကြည့်နေသော ကလေးမလေးသည် တံခါးဆီသို့ အော်ဟစ်ကာ ပြေးသွားလေသည်။

"ဦးဦးကျီ၊ ဦးဦးကျီ"

သို့သော် သူမ မျှော်လင့်ထားသူ မဟုတ်သဖြင့် စိတ်ပျက်သွားလေသည်။

“ဦးဦးကျီရော ဘာလို့ ပါမလာတာလဲ။ သမီးဆီ မလာတာ ကြာပြီ" ကလေးမလေးက နှုတ်ခမ်းစူကာ ပြောလိုက်သည်။

အတွင်းရေးမှူးသည် စိတ်ထဲတွင် သက်ပြင်းချရင်း နှစ်သိမ့်လိုက်သည်။

"မိသားစုခေါင်းဆောင်က နည်းနည်း အလုပ်ရှုပ်နေလို့ပါ"

"ဒါဆို ဦးဦးကျီကို ပြောပေးပါ၊ သမီး သူ့ကို အရမ်းလွမ်းတယ်လို့" ကလေးမလေးက ပြောလိုက်သည်။

“ဦးလေး ပြောလိုက်ပါမယ်” အတွင်းရေးမှူးသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

ကလေးမလေးကို နှစ်သိမ့်ပြီးနောက် အတွင်းရေးမှူးသည် ကျီတင်းကျို၏ ကနဦး အာရုံစိုက်မှုကို စဥ်းစားကာ ကျီတင်းကျိုထံသို့ ဖုန်းဆက်လိုက်သည်။

“ဟယ်လို မိသားစုခေါင်းဆောင်... ထျန်ထျန့်ကိစ္စနဲ့ ပတ်သက်ပြီးတော့—"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment