no

Font
Theme

အခန်း (၁) အဖွားကြီး၊ ရှင့်ကို ပညာပေးလိုက်မယ်

"မင်္ဂလာပါ၊ ကျွန်မနာမည်က ကျီနျန်ပါ၊ ကျွန်မရဲ့ သုတေသန ခေါင်းစဉ်က လိပ်ခေါင်းကို ဘယ်လိုဖြတ်ထုတ်ပြီး ယုန်အမြီးဖြစ်အောင် လိတ်ရမလဲဆိုတာပါပဲ"

ကျီနျန်၏ ကျယ်လောင်သော အသံသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။ သူမသည် သုတေသနကို အကျယ်တဝင့် ဖွင့်ဟတော့မည့် နောက်တစ်စက္ကန့်၌ မျက်တောင်ခတ်ပြီး မျက်လုံးများကို ပြန်ဖွင့်ကြည့်လိုက်သောအခါ ကနဦးနှင့် မတူညီသည့် ကလေးမလေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ရောက်ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။

"ကောင်​မ​စုတ်လေး။ နင့်ကိုယ်နင် သခင်မလေး တစ်​​ယောက်​လို့ တကယ်​ ထင်​​နေတာလား။ မိသားစုခေါင်းဆောင်က သူ့​မွေးစားသမီးကို ပြန်​​ခေါ်လာတဲ့အချိန်ထိပဲ နင် စောင့်​​နေလိုက်၊ အဲ့အချိန်ကျရင် ငါ နင့်ကို ရိုက်သတ်​​ပစ်မယ်"

"အဲ့ဒီ့ကလေးက မိသားစုခေါင်းဆောင် အရမ်းချစ်ရတဲ့ မင်းသမီးလေးပဲ။ နင်က သမီးအရင်းဆိုပေမယ့် မွေးလာကတည်းက လည်ပင်းညှစ်သတ်ခံရသင့်တဲ့ နင့်လို မကောင်းဆိုးဝါးမနဲ့ မတူဘူး ဟဲ့။ အခုချက်ချင်း ဒီကို လာခဲ့စမ်း”

အန္တရာယ်ဖြစ်စေသည့် ခံစားမှုတစ်ခုသည် သူမလည်ပင်းကို စပ်ဖျဉ်းဖျဉ်းဖြစ်သွားစေသည်။ ထိုအခါ ကြွက်သားများ​၏ အလိုအလျောက် တုံ့ပြန်မှုမျိုးရှိနေသည့် သူမ၏ ခန္ဓာကိုယ်သည် စတင် ထွက်ပြေးတော့လေသည်။ ကျီနျန်သည် ထွက်ပြေးနေရင်း စိတ်ရှုပ်ထွေးမှုများစွာဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။ မနီးမဝေးတွင် ဒေါသဖြင့် တွန့်လိမ်နေသော အမျိုးသမီးမျက်နှာတစ်ခု ပေါ်ပေါက်လာ၍ ထိုအမျိုးသမီးသည် လက်ထဲတွင် ကြာပွတ်ကိုကိုင်လျက် ခြိမ်းခြောက်ဖွယ် အရောင်အဝါမျိုးဖြင့် သူမဆီ ဝှေ့ယမ်းနေသည်။ ကြာပွတ်သည် မည်သည့် ကာမစိတ်အာရုံ ကစားမှုအတွက်မျှ မဟုတ်ဘဲ သူမကို ရိုက်နှက်ရန် ရည်ရွယ်နေခြင်းသာဖြစ်သည်။

[မဟုတ်ဘူး၊ သူ နင့်ကို ဖမ်းမိသွားရင် နင့်အပေါ်ကို အရင်ရောက်မယ့် ပထမဆုံး အရာက ကြာပွတ်မဟုတ်ဘဲ သူ့တင်ပါးကြီးပဲ]

သူမ​၏ခေါင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသော အသံတစ်ခုသည် ကျီနျန်ကို ခေတ္တရပ်တန့်သွားစေသည်။

ကျီနျန် : ဟမ်

ထိုအသံကို အာရုံမစိုက်နိုင်မီ နီးကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။ ထိတ်လန့်သွားသော ကျီနျန်သည် သူမ၏ တင်ပါးကို ကုတ်ပြီးနောက် အမြန်ပြေးသွားလေ​၏။ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည့် သူမသည် ဦးခေါင်းမရှိသည့် ယင်ကောင်တစ်ကောင်ကဲ့သို့ ပန်းတိုင်မဲ့စွာ ပြေးလွှားနေသည်။ ဤနေရာသည် ကြီးမားကျယ်ပြန့်လှသောကြောင့် အမည်မသိအခန်းများထဲသို့ မဝင်ရဲသော ကျီနျန်သည် လှေကားထစ်များဆီသာ ပြေးဆင်းသွားခဲ့သည်။

[ညာဘက်က ကျိုးနေတဲ့ကုလားထိုင်ကို တွန်းဖယ်လိုက်ရင် ခွေးတိုးပေါက်တစ်ခုရှိတယ်။ အဲ့အပေါက်ကနေ တွားဝင်သွားလိုက်]

ကျီနျန်၏ မျက်လုံးများက ဟိုဟို သည်သည် လှည့်ပတ်ကြည့်လိုက်သည်။ သူမ၏ မယုံကြည်မှုကို ခံစားနေရသော ထိုအသံက သက်ပြင်းချကာ ပြောလိုက်သည်။

[ငါက နင့်ရဲ့ အချိန်ခရီးသွား အကူပဲ၊ နင် ငါ့ကို စနစ်လို့ ခေါ်နိုင်တယ်။ နင် တစ်ယောက်ပဲ ငါ့ကိုကြားနိုင်တဲ့အပြင် ငါလည်း နင့်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး]

ခြေသံများ နီးကပ်လာသည်၊ ဖက်တီး အမျိုးသမီး၏ ဒေါသတကြီး လိုက်လံရှာဖွေမှုကို အာရုံခံမိသော ကျီနျန်သည် သူမ၏ သံသယများကို ဘေးဖယ်ပြီးနောက် စနစ်၏ ညွှန်ကြားချက်များကို လိုက်နာလိုက်သည်။ ပြောသည့်အတိုင်း၊ ခွေးပေါက်တစ်ခု အမှန်တကယ်ရှိနေသည်။ ခွေးတိုးပေါက်သည် သေးငယ်လှသည်၊ အရွယ်ရောက်ပြီးသူများ ညပ်သွားနိုင်သည်အထိ သေးငယ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျီနျန်၏ လက်ရှိခန္ဓာကိုယ်သည် ရှူရှူးလမ်းကြောင်းထက် အနည်းငယ်သာ ကြီးမားသည့် ကလေးမလေးတစ်ဦးသာဖြစ်သည်။ ထို့ကြောင့် ကျီနျန်က ချောမွေ့စွာ ဖြတ်သန်းသွားနိုင်သည်။

ဖက်တီး အမျိုးသမီးက ကျီနျန် ထွက်ပြေးနေခြင်းကို မြင်တွေ့သွားသောကြောင့် တံခါးဆီသို့ အမြန်ပြေးလာခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။ ဖက်တီး အမျိုးသမီးသည် မြက်ခင်းပြင်ထဲသို့ သေးငယ်သည့် ခန္ဓာကိုယ်လေး ပျောက်ကွယ်သွားခြင်းကိုသာ ဒေါသစိတ်ကြောင့် ရှုံ့တွနေသည့် မျက်နှာဖြင့် ကြည့်နေရသည်။ သူမ၏ နှိပ်စက်မှုမှ ရရှိလာသော ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များစွာကို တွေးတောရင်း ရုတ်တရက် ကြောက်လန့်သွားမိသည်။

'တစ်ယောက်ယောက် သိသွားရင် ဘယ်လိုလုပ်မလဲ'

သို့သော် သူမ​၏ထိုအတွေးများ အလျင်အမြန် တိတ်ဆိတ်သွားပြန်သည်။

'သူက မိသားစုခေါင်းဆောင်ရဲ့ သမီးအရင်းဖြစ်တော့ရော ဘာဖြစ်လဲ။ မေ့ပျောက်ပြီး စွန့်ပစ်ခံရဖို့ မွေးဖွားလာတဲ့ ကောင်မစုတ်လေးပဲကို။ မိသားစုခေါင်းဆောင်က သူ့ကိုတွေ့ရင်တောင် ဘာစကားမှ မပြောလောက်ပါဘူး'

စိတ်သက်သာရာရသွားသော ဖက်တီးအမျိုးသမီးက မြေပြင်ပေါ်သို့ ထွီခနဲ တံတွေးထွေးလိုက်သည်။ ကျီမိသားစု ခြံဝန်းသည် ကျယ်ပြောလှ၍ အလုပ်သမားများစွာရှိနေသည်။ သူမ စကားတစ်ခွန်းသာ ပြောလိုက်သည်နှင့် ဤအဆောက်အဦးငယ်လေး တစ်ဝိုက်တွင်သာ ကျင်လည်ကျက်စားနိုင်သည့် ကလေးမလေးကို တစ်စုံတစ်ယောက်က ဖမ်းဆီးနိုင်ပေလိမ့်မည်။

"မကောင်းဆိုးဝါးမလေး၊ နင်က အခု လူပါးဝလာပြီပေါ့လေ။ ပြန်လာရဲရင် ပြန်လာကြည့် ဒင်းကို ကောင်းကောင်း ဆုံးမပစ်မယ်"

ထိုအချိန်တွင် ကျီနျန်က အောင်မြင်စွာ လွတ်မြောက်ရန်အတွက် မည်သူမျှ သူမ အနောက်သို့ လိုက်လာခြင်းမရှိကြောင်း သေချာသည်အထိ စောင့်ကြည့်ပြီးနောက် အသက်ဝဝရှုရန် ရပ်တန့်လိုက်သည်။ သူမ၏ လက်ရှိ ခန္ဓာကိုယ်သည် အလွန်ဆိုးရွားလှသည်။

'ထွက်ပြေးတာ ဘယ်လောက်မှ မကြာသေးတာကို၊ ဘာလို့ ခွေးသေတစ်ကောင်လို ပင်ပန်းနွမ်းနယ်နေရတာလဲ'

"ဘာတွေဖြစ်နေတာလဲ၊ ငါက ဘာလို့ ဒီရောက်နေတာလဲ"

သူမသည် အသက်ဝဝရှုပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ အဆွဲဆောင်နိုင်ဆုံးဟုထင်ရသည့် သစ်ပင်တစ်ပင်ကို မှီထားလိုက်သည်။

[နင်က ဖေဖေသူဌေးကြီးရဲ့ အချစ်တော်လေးလို့ ခေါ်တဲ့ ဝတ္ထုတစ်ပုဒ်ထဲကို အချိန်ခရီးသွားလာတာ]

ကျီနျန်က သက်ပြင်းချလိုက်သည်

'ခေါင်းစဉ်ကို ကြည့်ရသလောက်တော့ ခွေးသွေး အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ ခံစားနေရတယ်။ ဝတ္ထုရဲ့ နာမည်က လော်အကြီးကြီးနဲ့ ခင်ပွန်းရဲ့ ချစ်ဇနီးလို့ ခေါ်ရင် ကျီနျန်တစ်ယောက် ဘယ်လောက်တောင် ပျော်ရွှင်မိမလဲ မသိဘူး'

သူမ စိတ်ကူးထားသော ဇာတ်လမ်းဇာတ်အိမ်သည်၊ ပထမဆုံးအခန်းတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ပြီးနောက် သူ​ ပိုင်ဆိုင်ထားသော ပိုက်ဆံများဖြင့် ထွက်ပြေးသွားခြင်းမျိုးဖြစ်သည်။ နှိပ်စက်ညှဉ်းပန်းမှု ဝေဒနာများကို တစ်ခါမျှမခံစားဖူးသော ခင်ပွန်းဖြစ်သူသည် လှည့်စားခံရခြင်း၏ ခါးသီးမှုဒဏ်ကို အရသာခံရန် ထိုက်တန်လှသည်။

စနစ်- [Sis... ငါတို့က ဒီမှာတရားဝင် အချိန်ခရီးသွားလုပ်ငန်း လုပ်နေတာနော်။ နင့်ရဲ့ လက်ရှိအသက်အရွယ်ကို သတိထားပြီး မသင့်လျော်တဲ့ကိစ္စတွေ တွေးတာမျိုး ရပ်တန်းက ရပ်ပေးပါ။ ပြီးတော့ နင်က သူဌေးကြီးရဲ့ အချစ်တော်လေး မဟုတ်ပါဘူးနော်။ နင်က အချစ်တော်လေးရဲ့ ထိုင်ခုံကူရှင်လို ဖြစ်တည်မှုမျိုး]

ကျီနျန် : "ခဏနေဦး၊ လူတွေပြောတာတော့ ငါက ကံအကောင်းဆုံးလူဆို"

သူမသည် အဓိက ဇာတ်ဆောင်မဟုတ်ဘဲ ဇာတ်လိုက်မင်းသမီးကို ရန်ငြိုးဖွဲ့သောကြောင့် ဆိုးရွားစွာ အဆုံးသတ်ရမည့် ဇာတ်ပို့ဇာတ်ကောင်တစ်ဦးဖြစ်နေသည်။ သူမသည် နောက်ပိုင်းတွင် အမျိုးသမီးဇာတ်ဆောင်ကို တရားဝင် မွေးစားကာ အဆုံးမဲ့ချစ်ခြင်းမေတ္တာများဖြင့် ချစ်မြတ်နိုးပေးပြီးနောက် ဇာတ်လမ်း​၏ ဩဇာကြီးမားသော ဇာတ်ဆောင်များအနက် လူတစ်ဦးဖြစ်လာမည့် ကျီမိသားစု၏ခေါင်းဆောင် ကျီတင်းကျို၏ သမီးအရင်းဖြစ်သည်။ ကျီနျန်သည် ကျီတင်းကျို၏သမီးအရင်းဖြစ်ခဲ့သော်လည်း၊ အမျိုးမျိုးသော အောက်တန်းကျသည့် ကြံစည်မှုများမှ မွေးဖွားလာသူဖြစ်သည်။

[နင်က အခု ငါးနှစ်ရှိပြီ။ ပြီးခဲ့တဲ့နှစ်က ဇာတ်လိုက်မင်းသမီးရဲ့ဖခင်က ကျီတင်းကျိုကို ကယ်ရင်းက ဆုံးသွားတယ်၊ ကျီတင်းကျိုက ကလေးမလေးကို တိတ်တဆိတ်ပြုစုပျိုးထောင်ပေးနေတာ။ နောက်ရက်အနည်းငယ်အတွင်း ဇာတ်လိုက်မင်းသမီးကို ကျီမိသားစုဆီ ခေါ်လာကြလိမ့်မယ်။ ပြီးရင် ကလေးမက အတိတ်မှာ နှိပ်စက်ညှဉ်းပန်းခံခဲ့တဲ့ ကျီတင်းကျိုရဲ့ နှလုံးသားကို ကုစားပေးလိမ့်မယ်၊ ပြီးရင် ကျီတင်းကျိုရဲ့ သမီးအရင်းအဖြစ် အချစ်ခံရပြီး ကမ္ဘာပေါ်က အကောင်းဆုံးအရာတွေကို လက်ခံရရှိလိမ့်မယ်]

[အချစ်၊ အဆုံးမဲ့အချစ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မွေးနေ့ပွဲမှာ နျူကလီယားဒုံးကျည် အခုရှစ်ဆယ်လောက် ပစ်လွှတ်လိုက်မယ်]

ကျီနျန် : "..." သိပ်ကောင်းတယ်။

ထိုအချိန်မှစ၍ ၎င်းရက်မြတ်သည် ဇာတ်လိုက်မင်းသမီး၏ မွေးနေ့ဖြစ်ရုံသာမကဘဲ ကမ္ဘာတစ်ခုလုံး သေဆုံးသည့် ရက်မြတ်လည်း ဖြစ်လာပေလိမ့်မည်။ ကျီနျန်သည် ရှုပ်ပွနေသော ဆံပင်များကို ပြုပြင်ရန်ပင် အင်အား မရှိပေ။ ကွေးကောက်၍ ရှည်လျားကာ ရှုပ်ယှက်ခတ်နေသည့် ဆံပင်များသည် သဘာဝအတိုင်းဖြစ်နေသလောဟုပင် သူမ တွေးနေမိသည်။ သူမသည် စနစ်၏ ငြီးတွားသံကို နားထောင်ရင်း သာမန်ကာလျှံကာ ခေါင်းညိတ်ပြလိုက်သည်။

"အင်းပါ၊ သိပါပ​ြီ

သူမ​၏ စိတ်ဝင်စားမှု ကင်းမဲ့ခြင်းကို မြင်လိုက်ရသော စနစ်သည် ၎င်း​၏လည်ချောင်းကို ရှင်းလင်းရန် ချောင်းဟန့်လိုက်သည်။

[အိုး၊ နောက်တစ်ခုရှိသေးတယ်]

"ဘာလဲ"

[ငါ ကြည့်ရသလောက် နင့်ခန္ဓာကိုယ်က အစာမစားရတာ ကြာနေပြီ။ ဒီနေ့မှ အစာမစားဘူးဆိုရင် ငတ်ပြီးသေလိမ့်မယ်]

ကျီနျန်: "..."

သူမသည် အမှန်တကယ် အလွန်ဆာလောင်နေပြီဖြစ်သည်၊ ပြင်းထန်စွာ ထွက်ပြေးပြီးနောက် မေ့လဲတော့မည်ဟုပင် ခံစားနေရသည်။ သူမ၏ အားလျော့သော ခန္ဓာကိုယ်ဖြင့် မတ်တပ်ထရပ်လိုက်ချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေပုံရသည်။ ကျီနျန်သည် သစ်ရွက်များကြားမှ တဖျတ်ဖျတ် တောက်ပနေသော အရာတစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ပုံပေါ်သည်။ ၎င်းသည် ရေကန်ကြီးတစ်ခုဖြစ်သည်။ ဤသည်မှာ ကျီမိသားစု စံအိမ်ဖြစ်ကြောင်း သိရသဖြင့် ကျီနျန်က လူချမ်းသာများ​၏နေထိုင်ပုံနှင့် ၎င်းတို့၏အိမ်တွင် ရေကန်တစ်ခုရှိနေခြင်းကို အံ့ဩနေမိသည်။

'အဲ့အထဲကို ရှူးရှူးပေါက်ချလို့ရမလား မသိဘူးနော်'

သူမသည် ၎င်းရေကန်ဆီသို့ ယိမ်းယိုင်စွာ လျှောက်သွားပြီးနောက် ကိုယ့်ကိုယ်ကို ထင်ယောင်ထင်မှားဖြစ်နေသည်ဟု တွေးလိုက်မိသည်။ မဟုတ်လျှင် ရေကန်​ဘေးရှိ ရိပ်မြုံတွင် ချောမောလှသည့် အမျိုးသားတစ်ဦး ထိုင်နေခြင်းကို သူမ မည်သို့ကြောင့် မြင်တွေ့နေရသနည်း။ ထိုအမျိုးသားသည် သက်တောင့်သက်သာရှိသော အဝတ်အစားများကို ၀တ်ဆင်ထားကာ သူ​၏နူးညံ့သိမ်မွေ့သော ညှပ်ရိုးသည်လည်း ပေါ်လွင်နေသည်။ သူ​၏ပခုံးများ အလွန်ကျယ်ပြန့်၍ သူ​၏ခြေတန်ရှည်များကို ပေါ့ပါးစွာ ဆန့်ထုတ်ထားသည်။ သူ​၏ဆံပင်များသည် နက်မှောင်သော မှင်ရောင်များနှင့် ဆင်တူ၍ ထူထဲနက်နဲနေသောကြောင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ထိုအမျိုးသားသည် ရုပ်ဆိုးမည့်သူ မဟုတ်ကြောင်း ကျီနျန်၏ ပင်ကိုယ်အသိစိတ်အရ တပ်အပ်ပြောနိုင်သည်။ သူ၏ ထူးကဲသော ရောင်ဝါသည် သူမကို အကြည့်မလွှဲနိုင်အောင်ဖြစ်စေခဲ့သည်။

ကျီနျန်တွင် တမူထူးခြားသော အကျင့်စရိုက်တစ်ခုရှိသည်။ သူမသည် ချောမောလှပသူတစ်ဦးကို တွေ့လိုက်ရသည်နှင့် ရှောင်ထွက်မသွားနိုင်ပေ။ အထူးသဖြင့် ဤချောမောလှပသူ​၏ အရှေ့တွင် လက်ရာမြောက်စွာ ဖန်တီးထားသော အဆာသွတ်မုန့် ပန်းကန်များစွာရှိနေလေသည်။ သို့သော် မည်သည့်အရာကိုမျှ မထိကိုင်ထားပုံအရ ၎င်း​၏ပိုင်ရှင်သည် မုန့်များကို စိတ်မဝင်စားပုံရသည်။ ထိုလူသည် မျက်ခွံများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ချိန်တွင် သူ​၏မျက်လုံးများ၌ နီမြန်းမှုများရှိနေလေ၏။ သူသည် အနည်းငယ် ငိုက်မျဉ်းမှုကို ခံစားရသောကြောင့် မျက်လုံးများ မှိတ်ထားလိုက်သည်နှင့် ငရဲမီးထဲသို့ ဆွဲခေါ်ရန် အော်ဟစ်နေကြသည့် ရှုံ့တွနေသော မျက်နှာများကို မြင်တွေ့လိုက်ရသည်။

ဤလူအားလုံးသည် သူ​၏လက်ချက်ကြောင့် သေဆုံးခဲ့ရသည်၊ သို့သော် ထိုဖြစ်ရပ်ကို သူ နောင်တမရမိပေ။ ကျီမိသားစု၏ ညစ်ညမ်း၍ ရွံရှာဖွယ် မျိုးဆက်သည် မိမိဖြင့်သာ အဆုံးသတ်သင့်သည်။ သူ​၏အာရုံများ ပြန်ကပ်လာချိန်တွင် အမျိုးသားက တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်ရာ၊ သူ​၏ဒူးခေါင်းကိုပင် လှမ်းမမှီသော ကလေးငယ်တစ်ဦးဖြင့် အကြည့်ချင်းစုံမိသွားလေသည်။ သူမသည် သိသိသာသာ ဟောင်းနွမ်းနေသော အဝတ်အစားများကို ၀တ်ဆင်ထား၍ သူမ၏ သဘာဝအတိုင်း တွန့်ကောက်နေသော ဆံပင်များက ညှိတွယ်ရှုပ်ယှက်ခတ်နေကာ သူမ၏ခါးအထိ ရှည်လျားလျက်ရှိသည်။ သူမသည် မော့ကြည့်ရန် ရုန်းကန်၍ သူ့ကို မျက်လုံး ပြူးကျယ်လျက် စိုက်ကြည့်နေသည်။

ကလေးမလေး​၏ မျက်လုံးများသည် စိမ်းမြ၍ အပြစ်ကင်းစင်ကာ ရိုးရှင်းလှသည်။ မျက်နှာကမူ အလွန်ညစ်ပတ်နေသောကြောင့် သူမ၏အသွင်အပြင်ကို မြင်တွေ့ရန် ခက်ခဲစေသည်။ ထိုအမျိုးသားသည် နောက်ခံအလင်းရောင်ကြောင့် ရွှေထီးတစ်ခု ဆောင်းထားခံရပုံပေါ်သည်။ ငါးနှစ်အရွယ် ခန္ဓာကိုယ်အတွင်းက အသက် ၂၅ နှစ်အရွယ်ဝိညာဉ် ကျီနျန်သည် အနည်းငယ် ရှက်ရွံ့ခြင်းမရှိဘဲ စွေစောင်းပြပြီးနောက် ထိုအမျိုးသားကို ချီးကျူးစကားဆိုလိုက်သည်။

"ကိုကို၊ ကိုကိုက အရမ်းချောတာပဲ"

သူမသည် မျက်တောင်မခတ်ဘဲ ထိုလူကို စိုက်ကြည့်နေသည်။ သေးသွယ်၍ ကလေးဆန်သော အသံကိုကြားလိုက်ရသောအခါ ထိုအမျိုးသား​၏ မျက်နှာတွင် တွေးတောဆင်ခြင်မှု အရိပ်အမြွက်များပြသလာသည်။ အစာလွန်နေသော သူမ​၏ အမြင်အာရုံသာ ဝေဝါးခြင်း မရှိလျှင် ထိုအမျိုးသား​၏ မျက်လုံးများသည် သူမ ကဲ့သို့ စိမ်းမြနေကြောင်း သတိပြုမိနိုင်ပေလိမ့်မည်။ ၎င်းမျက်လုံးများသည် ရူးသွပ်သော မီးမုန်တိုင်းများဖြင့် ပြည့်နှက်နေခဲ့၍ လူတိုင်းကို ငရဲသို့ပင် ဆွဲခေါ်ချင်နေပုံပေါ်သည်။ သို့သော် သူမ မမြင်တွေ့ခဲ့ပေ၊ ဤသို့ဖြင့် ၎င်းအမျိုးသားက သူ​၏ နှုတ်ခမ်းများကို ဖွင့်ဟလိုက်သည်။ သူ​၏ အသံသည် ရွှတ်နောက်နောက် အရိပ်အမြွက်မျိုးဖြင့် အချိန်အတော်ကြာ စကားမပြောခဲ့သကဲ့သို့ ကြမ်းရှအက်ကွဲနေသည်။

"အိုး… ဘယ်လောက် ချောသလဲ"

"သမီး ဖေဖေသာ ကိုကို့ကို တွေ့ရင် နို့တိုက်ချင်လောက်တဲ့ စိတ်တွေ တဖွားဖွားပေါ်လာလောက်တဲ့အထိကို ချောတာ၊ တကယ်ပြောတာ" ကျီနျန်သည် သူမ​၏ ခိုင်မာပြတ်သားသော အသံဖြင့် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment