no

Font
Theme

အခန်း ၂၁

ဝေ့ယန်​၏ မိဘများသည် သူ ငယ်စဉ်က အလုပ်ရှုပ်လွန်းသဖြင့် သူ့ကို အိမ်တွင် တစ်ယောက်တည်း ထားခဲ့လေ့ရှိသည်။ တစ်ခါတွင် အပြင်သို့ ခိုးထွက်ဆော့ကစားရာ သူ​၏သကြားလုံးများကြောင့် အခြားကလေးများ၏ အနိုင်ကျင့်မှုကို ခံရလေသည်။ ထိုအချိန်တွင် ကျီတင်းကျို ပေါ်ပေါက်လာကာ ထိုကလေးများကို မောင်းထုတ်ပေးခဲ့သည်။ ထို့နောက်တွင် ကျီတင်းကျိုသည်... သူ့ကိုပင် ထပ်မံရိုက်နှက်ပြီး မုန့်အားလုံးကို လုယူသွားလေသည်။ သို့သော် ဝေ့ယန်က ရန်ငြိုးမထားခဲ့ပေ။ ယင်းအစား ဤအစ်ကိုကြီး အလွန်မိုက်သည်ဟု သူ ထင်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် မုန့်များကို အမြဲယူဆောင်လာကာ ကျီတင်းကျိုနောက်သို့ တကောက်ကောက် လိုက်ပါတော့သည်။ အရိုက်ခံရလျှင်ပင် ပြုံးဖြဲဖြဲနှင့် ပြုမူနေခဲ့သည်။ ကြာလာသောအခါ ကျီတင်းကျိုသည် သူ့ကို မောင်းမထုတ်တော့ဘဲ ဝေ့ယန်၏ သန်မာကြံ့ခိုင်မှုကို သတိထားမိသွားသဖြင့် ရန်ပွဲများရှိတိုင်း သူ့ကို ခေါ်သွားလေ့ရှိသည်။

နောက်ပိုင်းတွင်မူ ၎င်းတို့သည် ရှန်ရူရှန်းနှင့် ဆုံတွေ့ခဲ့ကြပြီး သုံးယောက်သား နေ့စဉ် အတူတူ ဖြတ်သန်းခဲ့ကြသည်။ သန်မာသော အစ်ကိုကြီးနှစ်ယောက် ရှိနေသဖြင့် ဝေ့ယန်သည် ဘာမှစဉ်းစားနေစရာ မလိုဘဲ အမိန့်ကို လိုက်နာ၍ အစ်ကိုကြီးများက ရိုက်ဆိုလျှင် ရိုက်လိုက်ရုံသာ လိုအပ်သည်။ ဝေ့ယန်သည် အချိန်ကြာသောအခါ သက်တော်စောင့်တစ်ဦး ဖြစ်လာသဖြင့် အသက်ကြီးပြီဖြစ်သော မိဘများကို ပင်ပင်ပန်းပန်း အလုပ်လုပ်ခိုင်းရန် မလိုတော့ဘဲ လစဉ် ငွေကြေးအမြောက်အမြား ထောက်ပံ့နိုင်ခဲ့သည်။

ဝေ့ယန်သည် သူကိုယ်သူ ပျော်ရွှင်သူဟု အမြဲခံယူထားခဲ့သည်။ သို့သော် ထိုပျော်ရွှင်မှုများသည် ပြီးခဲ့သည့်လက သူ၏ဖခင် ကင်ဆာဖြင့် ကွယ်လွန်သွားချိန်တွင် ပျောက်ဆုံးသွားခဲ့ရသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ၏မိခင်သည်လည်း လေဖြတ်ကာ ရုတ်တရက် ကွယ်လွန်သွားပြန်သည်။

ယခုဆိုလျှင် သူ့တွင် ပြန်စရာအိမ် မရှိတော့ပေ။

ဝေ့ယန်သည် ကြောက်ရွံ့အားငယ်မှုနှင့် စိတ်ရှုပ်ထွေးမှုများကြားတွင် ဗီဇအရ ကျီတင်းကျိုထံသို့ အားကိုးတကြီး လှည့်လာခဲ့သည်။ သန့်ရှင်းမှု အလွန်နှစ်သက်သော ကျီတင်းကျိုသည် ဝေ့ယန်၏ ကိုယ်နံ့ကို သတိမထားမိပုံရကာ သူ၏ပုခုံးကို ပုတ်ပေးနေခဲ့သည်။ ဝေ့ယန်သည် ဆက်လက် မအောင့်ထားနိုင်တော့ဘဲ ကလေးငယ်တစ်ယောက်ကဲ့သို့ ကျီတင်းကျို၏ ခြေရင်းတွင် ခွေယိုင်သွားကာ သူ​၏အင်္ကျီလက်ကို ဆွဲယူကာ တရှုံ့ရှုံ့နှင့် ငိုချလိုက်သည်။

"ဝူး... အစ်ကိုကြီး... ကျွန်တော့်မှာ အိမ်မရှိတော့ဘူး။ အဖေရော အမေရော မရှိတော့ဘူး... ဘယ်သူမှ ကျွန်တော့်ကို ဂရုမစိုက်တော့ဘူး...ဝူး..."

မျိုသိပ်ထားသမျှ ဝမ်းနည်းမှုများ ပေါက်ကွဲထွက်လာပြီး ကျီတင်းကျို ကျီမိသားစုခေါင်းဆောင်ဖြစ်လာကတည်းက မခေါ်ဖြစ်တော့သည့် အစ်ကိုကြီးဟူသော အခေါ်အဝေါ်ကိုပင် ပြန်သုံးမိသွားသည်။ ကျီတင်းကျိုသည် သူ့ကို တားဆီးခြင်း၊ နှစ်သိမ့်ခြင်း မပြုလုပ်ဘဲ ဝေ့ယန်​၏ ငိုကြွေးမှုကို ငြိမ်သက်စွာ နားထောင်ပေးခဲ့သည်။ ဝေ့ယန် စိတ်တည်ငြိမ်သွားပြီးနောက် ကျီတင်းကျိုသည် ကွယ်လွန်သူ မိဘနှစ်ပါးအတွက် နာရေးကိစ္စများကို စနစ်တကျ စီစဉ်ပေးလိုက်သည်။ ဝေ့ယန်သည် ထိုလုပ်ငန်းစဉ်များကို ရင်းနှီးပြီးသားဖြစ်သဖြင့် ငြိမ်သက်စွာ နားထောင်နေသည်။ ဖခင်ကွယ်လွန်စဉ်ကလည်း သူသည် စိတ်အာရုံပျက်ပြားနေသဖြင့် ကျီတင်းကျိုက အားလုံးကို ဦးစီးလုပ်ကိုင်ပေးခဲ့ခြင်းဖြစ်သည်။ ဝေ့ယန်အတွက်မူ ကျီတင်းကျိုသည် အလုပ်ရှင်တစ်ဦးသာမဟုတ်ဘဲ ငယ်စဉ်ကတည်းက အားကိုးခဲ့သည့် အစ်ကိုအရင်းကဲ့သို့ပင်။ သူသည် ကျီတင်းကျိုဟူသော အမည်ကို ကြားလိုက်ရုံနှင့်ပင် လုံခြုံမှုများ ခံစားနေရသည်။

"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ..."

ဝေ့ယန်သည် စိတ်အာရုံ တည်ငြိမ်သွားပြီးနောက် စောစောက နှပ်တရှုံ့ရှုံ့နှင့် ငိုကြွေးမှုကို သတိရသွားသည့်အတွက် ရှက်ရွံ့စွာ ထွက်ခွာသွားသည်။ သို့သော် နောက်ဆုံးသွေးသားတော်စပ်သူကို ဆုံးရှုံးလိုက်ရသည့်အတွက် ထိုညတွင် သူ အိပ်မပျော်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျီမိသားစု ခြံဝင်းအတွင်း ညအလှကို ခံစားနိုင်သည့် အကောင်းဆုံးနေရာသို့ သွားကာ ယခင်ကကဲ့သို့ပင် ထိုင်နေမိသည်။ မိခင်၏ နွေးထွေးသောအနံ့နှင့် ဖခင်၏ ကြမ်းတမ်းသော်လည်း ကြင်နာတတ်သော လက်များကို သတိရရင်း ဝေ့ယန်သည် တရှုံ့ရှုံ့နှင့် ထပ်မံငိုကြွေးနေပြန်သည်။

သူ မှီနေသည့် အခန်းသည် ကျီနျန်ကို ပေးထားသည့် အခန်းဖြစ်ကြောင်း သူ မသိခဲ့ပေ။

ကျီနျန်သည် ကနဦးတွင် သရဲဟု ထင်မှတ်ခဲ့သဖြင့် ဝရန်တာ မီးကို ဖွင့်လိုက်သည်။ အလင်းရောင် ကျရောက်လာသောအခါ ဝေ့ယန်သည် ထိတ်လန့်စွာ ထခုန်လိုက်လေသည်။

"ဘယ်သူလဲ"

ကျီနျန်က မီးကို ပြန်ပိတ်လိုက်သည်။ ထို့နောက် ဝရန်တာတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။

“အိပ်မက်ဆိုး မက်လို့လား?”

စူပါမန်း ရုပ်ပုံပါသော ညအိပ်ဝတ်စုံ ဝတ်ဆင်ထားပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့် မျက်ရည်စများ ပေကျံနေသည့် ဝေ့ယန်သည် ကြည့်ရသည်မှာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသည်။ သူ၏ အားနည်းသည့် ပုံစံကို ကျီနျန် မြင်သွားသဖြင့် ဝေ့ယန်သည် အလွန်ရှက်သွားကာ အင်္ကျီလက်ဖြင့် မျက်နှာကို ကမန်းကတန်း သုတ်လိုက်သည်။

"ကျီ... ကျီနျန်၊ သမီး ဘာလို့ ဒီမှာ ရှိနေတာလဲ? မိသားစုခေါင်းဆောင်က သမီးကို ဒီအခန်းမှာ အိပ်ခိုင်းထားတာလား"

ဝေ့ယန်သည် အလွန်ရှက်နေမိသည်။ ကျီနျန်သာ ဤနေရာတွင် ရှိနေမှန်းသိလျှင် သူ ဤသို့နေရာသို့ လာခဲ့မည် မဟုတ်ပေ။

ကျီနျန်က ခေါင်းညိတ်ပြပြီး အခန်းထဲသို့ ပြေးဝင်သွားသည်။ ထို့နောက် ခြေသံလေးများ ပြန်ထွက်လာပြီး ဝေ့ယန်ကို သူမဘေးတွင် ထိုင်ရန် ကြမ်းပြင်ကို ပုတ်ပြလိုက်သည်။ ဝေ့ယန်က တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ပြန်ထိုင်လိုက်သည်။ သူသည် ဤအချိန် ကလေးတစ်ယောက်ကို အဖော်လုပ်ပေးရန် စိတ်မပါသဖြင့် စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားရန် စဉ်းစားနေသည်။ သူ စဉ်းစားနေတုန်း ဘေးမှ ဂလောက်ဟူသော အသံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ကလေးမလေးသည် လက်တစ်ဖက်တည်းဖြင့် သံဘူးနှစ်ဘူးကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး တစ်ဘူးကို သူ့ထံ ကမ်းပေးလိုက်သည်။ ထို့နောက် ဘူးချင်း တိုက်ပြီးနောက် အားရပါးရ သောက်လိုက်သည်။

ပြီးနောက် သူမသည် သက်ပြင်းချကာ—

"ဟူး... ဒီရက်ပိုင်း အသက်ရှင်ရတာ တော်တော် မလွယ်ပါလား"

ဝေ့ယန်: "......"

ဘာကိစ္စနဲ့ ဒီကလေးမလေးဆီကနေ လောကဒဏ်ကို ခံစားထားရတဲ့ လူလတ်ပိုင်း တစ်ယောက်ရဲ့ အငွေ့အသက်တွေ ထွက်နေရတာလဲ?

နေပါဦး... ကလေးတွေက အရက်မသောက်ရဘူးလေ။

ဝေ့ယန်သည် ကိုင်ထားသော သံဘူးကို အမြန် ငုံ့ကြည့်လိုက်သည်။

'ဟီတာယု ဂတ်စ်ပါသော ဖျော်ရည်'

ဘူး အောက်ခြေတွင်လည်း 'သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေ ပါးစပ်ကနေ လေလည်သလို ထွက်သွားပါစေ~' ဟု ရေးသားထားသည်။ အရက်မဟုတ်ကြောင်း သိလိုက်ရမှ ဝေ့ယန် စိတ်အေးသွားပြီး တစ်ငုံ သောက်ချလိုက်သည်။ ပါးစပ်ထဲတွင် ဂတ်စ်များ ပေါက်ကွဲသွားလေသည်။

"မဆိုးဘူးပဲ..."

ကျီနျန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်မလား"

"ဒီအအေးက ဂတ်စ်လည်းများတယ်၊ ကယ်လိုရီလည်းမပါဘူး၊ သကြားလည်းမပါဘူး၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး သောက်လို့ကောင်းတယ်။ လူကြီး၊ လူငယ်၊ ကိုယ်ဝန်ဆောင်တွေပါ သောက်လို့ရတယ်။ ဘေးအိမ်က စိတ်ကောက်တတ်တဲ့ မင်းသမီးလေးတောင် သောက်ချင်လို့ သွားရည်ကျနေတာ"

စနစ်: ?

စနစ်သည် ကျီနျန်ကို ဟီတာယု၏ ဖုံးကွယ်ထားသော အအေး ကြော်ငြာသူဟု သံသယရှိနေသည်။ ဝေ့ယန်သည် ဤအဖြစ်အပျက်ကြောင့် ထွက်သွားချင်စိတ် မရှိတော့ဘဲ ကျီနျန်နှင့်အတူ အအေးသောက်ရင်း ထိုင်နေမိသည်။ ကျီတင်းကျိုနှင့် ဆင်တူသော ကျီနျန်၏ မျက်နှာကို ကြည့်ရင်း ဝေ့ယန်သည် ရင်ဖွင့်ချင်စိတ်များ ပေါ်ပေါက်လာသည်။

"အစ်ကိုကြီး... ကျွန်တော် လမ်းပျောက်နေသလိုပဲ။ အသက်ရှင်နေရတာ ဘာလုပ်ဖို့လဲ..."

လူတို့သည် နာကျင်ချိန်တွင် ဘဝ၏ အဓိပ္ပာယ်ကို စဉ်းစားမိတတ်ကြသည်။ ဝေ့ယန်ကဲ့သို့ ထိုအရာများကို တစ်ခါမှ မစဉ်းစားဖူးသူပင် ယခု ဘဝ​၏ဖြစ်တည်မှုကို မေးခွန်းထုတ်နေမိသည်။ သူသည် တုံ့ပြန်မှုကို မမျှော်လင့်ဘဲ စိတ်ထဲရှိသမျှ ထုတ်ပြောလိုက်ခြင်းဖြစ်သည်။ သူသည် ၅ နှစ်အရွယ် ကလေးတစ်ယောက်ရှေ့တွင် စိတ်ဓာတ်ကျခြင်းက မသင့်တော်ဘူးဟု တွေးမိသောအခါ မတ်တတ်ထရပ်ရန် ပြင်လိုက်သော်လည်း ကျီနျန်က ပြောလာသည်။

"အသက်ရှင်နေတယ်ဆိုတာက ဗိုက်ထဲက အီးတွေကို နွေးထွေးအောင် ထားဖို့ပဲလေ"

သူမသည် ဝေ့ယန်ကို လှည့်ကြည့်ကာ အတည်ပေါက် ပြောလိုက်သည်။ ဤသည်မှာ ရိုးရှင်းလှသော်လည်း ထူးထူးခြားခြား လေးနက်နေသော စကားပင်။ ဝေ့ယန် ဆွံ့အနေမိသည်။

အင်းလေ၊ အသက်ရှင်ခြင်းက အသက်ရှင်ခြင်းပေါ့။ လူတွေကသာ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနေကြတာ။ အခု အသက်မရှင်ရင် သေကြမလို့လား။

သူ့မိဘများသာ ကောင်းကင်ဘုံက ကြည့်နေပါက သူ့ကို ထုရိုက်ကြပေလိမ့်မည်။ ဝေ့ယန်သည် မျက်ရည်များကို သုတ်လိုက်သည်။ ချစ်ရသူများကို ဆုံးရှုံးရသည့် နာကျင်မှုသည် နာတာရှည်ရောဂါကဲ့သို့ ကုသရန် အချိန်ယူရမည်ဖြစ်သော်လည်း ယခုအခါ သူ​၏စိတ်ကို ပြန်လည် စုစည်းနိုင်သွားသည်။ သူသည် ကျီနျန်နှင့် ဘူးချင်း တိုက်ကာ အအေးကို တစ်ကျိုက်တည်း ကုန်အောင် သောက်လိုက်သည်။ ဝေ့ယန်သည် ထပ်မငိုတော့ဘဲ စိတ်ဓာတ်တက်ကြွလာကြောင်း မြင်ရသောအခါ ကျီနျန်က တိတ်တဆိတ် ပြုံးလိုက်သည်။ ဤအအေးသည် ဝေ့ယန် သူမကို မုန့်များ ခိုးပေးခဲ့ဖူးသည့်အတွက် ကျေးဇူးတုံ့ပြန်ခြင်းဖြစ်သည်။ ဝေ့ယန် ထွက်သွားပြီးနောက် ကျီနျန်သည် သွားများ ပြန်တိုက်ကာ ကုတင်ပေါ်တွင် အိပ်ပျော်သွားတော့သည်။

စနစ်ကမူ သူ​၏ ဒီဂျစ်တယ် ခလုတ်များကို ဒေါသတကြီးနှင့် ကြံရာမရ ကုတ်ခြစ်နေမိသည်။ ဝေ့ယန်ကို မိဘများ ဆုံးရှုံးသည့် ဒဏ်ရာမှ ကုစားပေးရမည့် အခန်းသည် ဇာတ်လိုက်မင်းသမီး​၏ ဇာတ်ကွက် မဟုတ်လေသလော။

'ရပါတယ်... ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ ရှန်ချင်းထန်က ဝေ့ယန်ရဲ့ စိတ်အခြေအနေကို သတိထားမိပြီး သူ့ဘေးမှာ အဖော်လုပ်ပေးရင်း ကုစားပေးမှာပါ။ ကျီနျန်က ပါးစပ်သရမ်းရုံပဲလေ... သူ ဇာတ်လိုက်မင်းသမီးကိုတော့ မယှဉ်နိုင်လောက်ပါဘူး' စနစ်သည် မိမိကိုယ်ကို ထိုသို့သာ ပြန်လည် နှစ်သိမ့်နေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment