no

Font
Theme

Chapter ( 3 )

တစ်ချိန်တည်းမှာပင် အနောက်မြောက်ဖက် သဲကန္တရ၌......

ဂူဖောက်သည့် အုပ််စုတစ်စုက မြေအောက်သင်္ချိုင်းဂူတစ်ခု၏ ဝင်္ကပါထဲတွင် ရက်ပိုင်းမျှကြာအောင် နေခဲ့ပြီးနောက် ဖုန်ထူထပ်သည့် ဂိတ်ပေါက်တစ်ခုရှေ့သို့ နောက်ဆုံးတော့ ရောက်လာခဲ့ကြသည်။

ကျောက်သားဖြင့် ပြုလုပ်ထားသည့် ဂိတ်ပေါက်က မီတာအနည်းငယ်မြင့်မား၍ ထူးဆန်းသည့် ရုပ်ပုံများကို ရှေးဟောင်းဂိတ်ပေါ်တွင် ထွင်းထုထား၏။

ရုပ်ပုံများ၏ အလယ်မှာတော့ ကြောက်မက်ဖွယ် သတိပေးချက်ဖြစ်သည့် 'အပြစ်ပြုသူအားလုံး သေရမည်' ဟူ၍ ထင်ရှားသောစာလုံးများ ရှိနေ

ပေသည်။ စာလုံးပုံစံက ချင်မင်းဆက်မှ တံဆိပ်အသေးစားလေး ဖြစ်သည်။

ထူးဆန်းသည့်အရာမှာ နှစ်ပေါင်းထောင်ချီကြာသွားတာတောင် စာလုံးများက နီနီရဲရဲရှိနေသေးပြီး လူများအတွက် ကျောချမ်းစရာ ဖြစ်နေခဲ့သည်။ ဂူဖောက်သည့်အဖွဲ့တွင် တာအိုပညာရှင်များကဲ့သို့ ဝတ်ဆင်ထားသည့် တရုတ်လူမျိုးနှစ်ယောက်ပါဝင်ကာ တစ်ယောက်က အသက်ကြီး၍ တစ်ယောက်က လူငယ်ဖြစ်သည်။ ထိုနှစ်ယောက်မှလွဲလျှင် နိုင်ငံခြားသားများဖြစ်သည့် ကျန်အဖွဲ့သားများက တံခါးပေါ်မှ စာလုံးများကို နားမလည်ကြချေ။

သို့သော်လည်း သူတို့တွေ နားလည်ခဲ့ရင်တောင် ဂရုမစိုက်ပေ။

ကျောက်သားဂိတ်ပေါ်မှ စာလုံးမျိုးကို သင်္ချိုင်းဂူထဲမှ ကျောက်သားအားလုံးနီးပါးပေါ်တွင် ရေးထား၏။ သူတို့က အချိန်တွေငွေတွေ အများကြီး အကုန်ကျခံထားပြီး ဒီနေရာတွင် ရက်ပိုင်းကြာအောင် လှည့်ပတ်သွားလာနေခဲ့ရသည်။ အသင်းသားတချို့ဆိုရင် သေသွားကြပြီ ဖြစ်တာကြောင့် သူတို့တွေ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လက်လျှော့မှာမဟုတ်ပေ။

အသားရောင်ကွဲပြားသည့် လူကောင်အကြီးကြီးတချို့က အချင်းချင်း နားလည်မှုဖြင့် တာအိုပညာရှင်နှစ်ယောက်ကို ကာကွယ်ရန် အနားသို့ အမြန်ပြေးလာကြသည်။

လူငယ်တာအိုပညာရှင်က အသက်ကြီးပြီဖြစ်သည့် တာအိုပညာရှင်ကို တံခါးသို့ တွန်းပို့လိုက်ပြီး သေနတ်ဖြင့်ထောက်လျက် ခြိမ်းခြောက်လိုက်သည်။

" ဆရာသခင် အခုက အချိန်ကျလာပြီ။ ခင်ဗျားက ဘယ်လောက်ပဲ စိတ်ဓာတ်မာကျောပါစေ အသုံးမဝင်ဘူး။ လိလိမ္မာမ္မာနဲ့ တံခါးဖွင့်လိုက်ပါ... "

တာအိုပညာရှင်အိုကြီးက ခေါင်းကို သေနတ်ဖြင့်ထောက်ခံရလျှင် ဒေါသကြောင့် တုန်ရီလာခဲ့သည်။

" ဒီဘုရားကျောင်းရဲ့ ဘိုးဘေးတွေကို သစ္စာဖောက်တဲ့ မကောင်းဆိုးဝါးကောင် ! "

တာအိုပညာရှင်လေးက ဘာမှမပြောပေ။ သူ့အနားမှ လူအကြီးကြီးတချို့က စိတ်မရှည်ဖြစ်လာကြသည်။

တရုတ်စကားတတ်သည့် လူတစ်ယောက်က ဒေါသထွက်လာပြီး မျက်နှာချင်းဆိုင်နံရံသို့ သေနတ်တစ်ချက်ပစ်လိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။

" တော်လောက်ပြီ တာအိုဘုန်းကြီး။ လောင်ဇီကို အချိန်လာဖြုန်းမနေနဲ့။ ခင်ဗျားချစ်တဲ့ ဘိုးဘေးတွေနောက်ကို လိုက်မသွားချင်ရင် တံခါးကို မြန်မြန်ဖွင့်လိုက်။ တစ်ခုခုသိထားရင် တခြားသူတွေကို ပြောပြတာကောင်းမယ်။ ခင်ဗျား ဒါကိုမသိရင်တော့ ကျုပ်က သေနတ်နဲ့ပစ်ပြီး ခင်ဗျားရဲ့ တာအိုပညာတွေကို မီးရှို့ပစ်လိုက်မယ်! "

သင်္ချိုင်းဂူထဲတွင် ရက်ပိုင်းကြာအောင် နေခဲ့ပြီးနောက် လူတိုင်းက အထဲတွင်ရှိသည့် ထောင်ချောက်များကြောင့် ညှင်းဆဲခံနေကြရသည်။

တာအိုပညာရှင်များက သေရမည်ကို မကြောက်သော်လည်း တခြားသူများထံတွင် မီးရှို့ခံရမည်ကိုတော့ ကြောက်ကြပေသည်။

တာအိုပညာရှင်ကြီးက ဘယ်လောက်ပဲ စိတ်တိုနေပါစေ ကျောက်စိမ်းဆွဲပြားတစ်ခုကို နာနာခံခံ ထုတ်ယူ၍ ကျောက်သားဂိတ်ပေါ်မှ တွင်းတစ်ခုပေါ်တွင် တင်လိုက်၏။

ဒီကျောက်စိမ်းဆွဲပြားက သင်္ချိုင်းဂူရဲ့သော့ ဖြစ်သည်။ ၎င်းကို တွင်းပေါ်တွင် တင်လိုက်သည်နှင့် ဂိတ်ပေါက်က စတင်တုန်ယင်လာပြီး ဖြည်းဖြည်းချင်း ပွင့်သွားခဲ့သည်။

ဘုရားကျောင်းရဲ့ ပွင့်သွားမှုနဲ့အတူ တံခါးမကြီးက ၎င်းရဲ့ တကယ့်အရောင်များကို ထုတ်ဖော်ပြလာခဲ့သည်။

သင်္ချိုင်းဂူက သိပ်မကြီးပေ။ ရဲ့မင်ကျူးနှင့် ဆင်တူသည့် ပုတီးစေ့အနည်းစုကြောင့် ၎င်းက ပိုကြီးနေသလို ထင်ရသည်။ အထဲတွင် ခေါင်းတလားမရှိသလို လူတိုင်းမျှော်လင့်ထားကြသည့် အဖိုးတန်ပစ္စည်းများလည်း မရှိပေ။

(ရဲ့မင်ကျူး အလင်းရောင်တောက်ပသည့် ပုလဲအမျိုးအစား)

တာအိုပညာရှင်များ အသုံးပြုလေ့ရှိသည့် မီးဖိုချောင်သုံးပစ္စည်းအနည်းငယ်, ကျောက်စိမ်းသေတ္တာ အနည်းငယ်နှင့် ကျောက်စိမ်းပုလင်းအနည်းငယ် ရှိနေပြီး ထိုအထဲများတွင် ဘာရှိနေကြောင်းကိုတော့ သူတို့မသိပေ။

သို့သော်လည်း လူတိုင်းက စိတ်မပျက်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းဂူအလယ်မှ နံရံက ဧရာမသလင်းကျောက်ကြီးဖြစ်ပြီး သလင်းကျောက်ရဲ့ အနောက်မှာတော့ မရေမတွက်နိုင်သည့် ကျောက်မျက်များ,မဟူရာကျောက်များဖြင့် အလှဆင်ထားသည့် လှပသော နန်းတော်ကြီးတစ်ခုရှိလေသည်။

ပိုပြီးအံ့အားသင့်စရာက နန်းတော်အလယ်ရှိ ကျောက်စိမ်းကုတင်ပေါ်တွင် အသက်ဝင်လှသည့် အမျိုးသားအလောင်းတစ်ခု ရှိနေလေသည် !

ဒါက မဖော်ပြနိုင်လောက်အောင်ပင်။

တာအိုပညာရှင်ကြီးအပါအဝင် လူတိုင်းက မှင်သက်နေခဲ့ကြသည်။

" ဒါက အာယုဒီဃ အသက်ရှည်ဆေးပဲ! ဒါက အာယုဒီဃအသက်ရှည်ဆေးပဲ ဖြစ်ရမယ်! "

ငယ်ရွယ်သည့် တာအိုပညာရှင်လေးက ပိုလို့တောင် စိတ်လှုပ်ရှားသွားပြီး အလယ်တွင် ကာဆီးနေသည့် သလင်းကျောက်နံရံဆီသို့ ပြေးသွားခဲ့သည်။ သူက ကျောက်စိမ်းကုတင်ပေါ်မှ လူငယ်အလောင်းကို တပ်မက်စွာ ငေးကြည့်ရင်း စိတ်လှုပ်ရှားမှုဖြင့် အော်လိုက်သည်။

သို့ရာတွင် သလင်းကျောက်နံရံအား သူ့လက်နှစ်ဖက်လုံးနှင့် ထိလိုက်ချိန်၌ သင်္ချိုင်းဂူတစ်ခုလုံးက ရုတ်တရက် တုန်ခါလာလေသည်။

မျက်စိကျိန်းလောက်ဖွယ် အဖြူရောင်အလင်းနှင့်အတူ သလင်းကျောက်နံရံအပြင်ဖက်မှ သင်္ချိုင်းဂူက စတင်ပြိုကျလာခဲ့သည်။ လူတိုင်းက အလန့်တကြားဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးကြ၏...

တစ်ချိန်တည်းမှာပင်။

မိုင်ပေါင်းထောင်ချီ ဝေးကွာသည့် ရွာလေးတစ်ခုတွင် သေသွားတာမကြာသေးသည့် လူငယ်တစ်ယောက်က ဆတ်ခနဲ မျက်လုံးဖွင့်လာပြီး သူ့အနားမှ အရာအားလုံးကို ရန်လိုမှု သတိထားမှုတို့ဖြင့် ကြည့်လိုက်သည်။

...........

မိုင်ထောင်ချီအဝေးမှ သင်္ချိုင်းဂူဖောက်သည့် အုပ်စုက မည်သို့ဖြစ်သွားကြောင်းကို ဘယ်သူမှ မသိလိုက်ပေ။

အမည်မသိစာစောင်ကို ပေးပို့ပြီး ရက်ပိုင်းအကြာမှာပဲ H မြို့တော်တွင် မူးယစ်ဆေးရောင်းဝယ်သူ အုပ်စုတစ်စုကို ဖမ်းဆီးရမိသည့် သတင်းအား ချူးဟွေ့မြင်လိုက်ရသည်။

ဒီဖြစ်ရပ်ကို ဖြစ်ပွားချိန်က သူ့ယခင်ဘဝနှင့် ကွဲပြားနေသော်လည်း ရလဒ်ကတော့ အတူတူပင်ဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း အစိုးရက အကျင့်ပျက်ခြစားသည့် အရာရှိများကို ပြင်းပြင်းထန်ထန် အရေးယူနေတာကြောင့် ဟူချိုးယန်နှင့် တခြားသူများအဖို့ လျင်မြန်စွာ ဖမ်းဆီးခံလိုက်ရခြင်းက ပုံမှန်သာဖြစ်သည်။

ဒါ့အပြင် H မြို့တော်ရဲ့ မြို့တော်ဝန်က ဒီနှစ်တွင် ရာထူးခန့်အပ်ခြင်းခံရကာ သူ့အနေနဲ့ နိုင်ငံရေးစွမ်းဆောင်ချက်များ လိုအပ်နေခဲ့သည်။ ဤကဲ့သို့ဖြစ်နေချိန်တွင် ဟူချိုးယန်နှင့် တခြားသူများက ရဲများ၏ရေဒါထဲသို့ ရောက်လာရာ သူတို့က အချိန်တိုအတွင်း အဖမ်းခံလိုက်ရတော့သည်။

ဟူချိုးယန်နှင့် တခြားသူများက သူ့အတွက် ဖန်တီးခဲ့သည့် ပြဿနာများကိုတော့ ချူးဟွေ့ စိတ်ပူရန် မလိုအပ်ပေ။

ဒီလူတွေမှာသာ တကယ်ပဲ နောက်ခံအင်အားရှိခဲ့ရင် သူ့ရဲ့ အမည်မသိစာက လုံးဝ တုံ့ပြန်မှုရခဲ့မှာ မဟုတ်ချေ။

ဟူချိုးယန်အား ဖမ်းဆီးလိုက်သည်ဟူသော သတင်းကိုမြင်လျှင် ချူးဟွေ့ သူ့အား ဂရုမစိုက်တော့ပေ။

သူက အခုအချိန်တွင် R မြို့တော်သို့ သွားမည့် ဘတ်စ်ကားပေါ်၌ ထိုင်နေခြင်းဖြစ်သည်။

R မြို့တော်က ယွမ်နန်ခရိုင်၏ အနောက်အရပ်တွင် တည်ရှိသည်။ ၎င်းက အနောက်တောင်တရုတ်တွင် အကြီးဆုံး ကုန်းတွင်းပိုင်းသင်္ဘောဆိပ်ဖြစ်ပြီး အရေးပါသည့် လက်ဝတ်ရတနာဖြန့်ဖြူးရေး ဗဟိုချက်တစ်ခုလည်း ဖြစ်သည်။

ချူးဟွေ့က ကျောက်တုံးများကို လောင်းကြေးထပ်ရန် R မြို့တော်သို့ သွားနေခြင်းပေ။

ကျောက်တုံးများကို လောင်းကစားလုပ်ခြင်းဆိုသည်မှာ စွန့်စားမှုနှင့် ကြီးကြီးမားမား အကျိုးအမြတ်ရမှုတို့ အတူယှဉ်တွဲနေသည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း လူတိုင်းသိကြသည်။

သို့သော်လည်း ချူးဟွေ့က ဒီတစ်ကြိမ်တွင် ပိုက်ဆံရှာရန် ကြိုးစားနေခြင်းမဟုတ်ပေ။ သူ့နာမည်အောက်မှ ကုမ္ပဏီနှင့် အမွေပစ္စည်းများကို ရောင်းချလိုက်ခြင်းက သန်း 50 ထက်မနည်း ရရှိိလိုက်သည်။ သူက ကိစ္စအများအပြားကို ပြင်ဆင်ရန် သူ့အဆက်အသွယ်များကို ကောင်းကောင်းအသုံးချခဲ့သည်။ ရန်ပုံငွေများ တိုးပွားလာစေရန်အတွက်နှင့် စွန့်စားရသည့် လောင်းကြေးထပ်ခြင်းများကို ပြုလုပ်နေရန် မလိုအပ်ချေ။

သူက ကျောက်တုံးများအပေါ်တွင် လောင်းကြေးထပ်ချင်နေသည်မှာ အဓိကတော့ ကျောက်စိမ်းများကို စုဆောင်းရန်ဖြစ်သည်။

ကမ္ဘာပျက်ကပ်အပြီးတွင် ဒီကမ္ဘာပေါ်မှ ကိစ္စအများအပြားကို သိပ္ပံပညာက မရှင်းပြနိုင်ခဲ့ပေ။

တစ်ချိန်တုန်းက လူတိုင်း လျစ်လျူရှုခဲ့ကြသည့် သဘာဝလွန်သက်ရှိများအပြင် တရုတ်ဆေးဆရာများ, တာအိုပညာရှင်များ, ဘုန်းကြီးများနှင့် ဘာသာအမျိုးမျိုးမှ သာသနာပြုသူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

သူတို့ထဲတွင် သမိုင်းကြောင်းအရှည်ဆုံးရှိသည့် နိုင်ငံက အအောင်မြင်ဆုံး ဖြစ်သည်။

ချူးဟွေ့က ထွက်ပြေးနေချိန်အတွင်း ရာနဲ့ချီသော ဇွန်ဘီတစ်အုပ်ကို တာအိုပညာရှင်တစ်ယောက်က ကြိုးနီတစ်ချောင်းတည်းနှင့် ဖမ်းဆီးလိုက်ကာ ဇွန်ဘီများကို ပုတီးတစ်ကုံးတည်းဖြင့် အနိုင်ယူလိုက်ပုံအား မျက်ဝါးမျက်ထင် ကိုယ်တိုင်မြင်ခဲ့ရသည်။

ဇွန်ဘီများဝိုင်းခံထားရသည့်ကြားမှ ဒဏ္ဍာရီလာ တံစက်မြိတ်ပျံများကို အသုံးပြုသည့် သာမန်လူများတောင် ရှိသေးသည်။

သူက ထိုအချိန်တုန်းက ဒါကို ယုံရခက်ခဲ့သော်လည်း အခြေစိုက်စခန်းထဲသို့ ရောက်ပြီးနောက်တွင် ဒီကမ္ဘာရဲ့ မှော်စွမ်းအားအကြောင်း သိလာခဲ့ရသည်။

ကမ္ဘာပျက်ကပ်တွင် ကျောက်စိမ်းက ငွေကြေးစနစ်တစ်မျိုး ဖြစ်လာခဲ့သည်။ အကြောင်းမှာ ကျောက်စိမ်းကို လိုအပ်သည့် တာအိုပညာရှင်များ အများအပြားရှိသောကြောင့် ဖြစ်သည်။ ပြီးလျှင် အနှီဆရာသခင်များက လေ့ကျင့်မှုပြုလုပ်ရန် ကျောက်စိမ်းကို အသုံးပြုနိုင်သည်။

'စိတ်စွမ်းအား' ရှိသူများက ကျောက်စိမ်းကို သိုလှောင်ရေး နေရာလွတ်ပစ္စည်းအဖြစ် ပြုလုပ်နိုင်ကြသည်။

ချူးဟွေ့က ဒီလိုသိုလှောင်ရေးမျိုးကို မထင်မှတ်ပဲ မြင်ဖူးသော်လည်း ၎င်းက သူ့နေရာလွတ်လိုမျိုး သိပ်မကြီးပေ။ သူ့ရဲ့နေရာလွတ်က အစားအစာများကို မပုပ်သိုးစေရပဲ ထိန်းသိမ်းထားနိုင်သလို ကမ္ဘာပျက်ကပ်အတွင်းမှ လူများကို အများအပြား ရောင်းချရန်တောင် လုံလောက်သေးသည်။

အခုလောလောဆယ်တွင် သူ ကျောက်စိမ်းများကိုသာ စုဆောင်းထားချင်သည်။

မဟုတ်ပါက ကမ္ဘာပျက်ကပ်ရောက်ချိန်၌ အပြင်လောကတွင် ဇွန်ဘီများနှင့် မကောင်းဆိုးဝါးများက ထူထပ်များပြားနေပြီး ကျောက်စိမ်းများကို ရှာဖွေရန် ခက်ခဲသွားလိမ့်မည်။

သို့ရာတွင် ကျောက်စိမ်းရဲ့ အရည်အသွေးမြင့်လေ စျေးပိုမြင့်လေဖြစ်သည်။ သူ့ရဲ့ သန်းနဲ့ချီတဲ့ငွေတွေကို ဒီနယ်ပယ်ထဲတွင် မသုံးစွဲနိုင်ပါလေ။

ဒါကြောင့် ချူးဟွေ့က အခုအချိန်တွင် ပြန်လည်မွေးဖွားခြင်းရဲ့ အကျိုးကျေးဇူးများကို အသုံးချပြီး ကျောက်တုံးများပေါ်တွင် လောင်းကစားလုပ်ရန်သာ တတ်နိုင်သည်။

သူက အင်တာနက်ပေါ်၌ စစ်ဆေးကြည့်လျှင် တရုတ်ပြည်၌ R မြို့တော်က ကျောက်စိမ်းထွက်သည့် အဓိကနေရာတစ်ခုဖြစ်ကြောင်း သိခဲ့ရသည်။

ကမ္ဘာပျက်ကပ်မတိုင်မီ အချိန်အများကြီး ကျန်သေးသည်။ ချူးဟွေ့က R မြို့တော်သို့ ရောက်လျှင် ဟိုတယ်သို့ မသွားခဲ့ပေ။

ထိုအစား ID ကတ် ပြစရာမလိုသည့် ဟိုတယ်အသေးလေးတစ်ခုကို အလျဉ်းသင့်သလို ရှာဖွေလိုက်သည်။

ဒီလိုဟိုတယ်အသေးစားတွင် ဆိုးဝါးသည့် ပတ်ဝန်းကျင်ရှိပြီး နဂါးနှင့်မြွေများ ရောထွေးနေသော်လည်း ID ကတ် မလိုပဲ နေနိုင်သည့် အကောင်းဆုံးနေရာ ဖြစ်သည်။ ဒီနေရာက သူ့ရဲ့အထောက်အထားကို ဖုံးကွယ်ထားရန် အဆင်ပြေသည်။

ဒီအကြောင်းပြချက်အတွက် ချူးဟွေ့က ပြန်လည်မွေးဖွားလာကတည်းက သူ့ရဲ့ပါးသိုင်းမွှေးများကို မရိတ်ခဲ့ချေ။ သူက အဝတ်စုတ်များကို လဲလိုက်ပြီး ကျောကုန်းတွင် ဘုပုံသဏ္ဍာန်လုပ်ထားချိန်၌ သူ့ပုံစံက ကျောက်လောင်းခြင်းကို စွဲလမ်းနေသည့် ခြေသလုံးအိမ်တိုင်တစ်ယောက်နှင့် တူသွားသည်။

သူက လောင်းကစားအကြောင်းကို သိပ်မသိသလို အရင်တုန်းက ဒီကိစ္စများကို စိတ်မဝင်စားခဲ့ပေ။

သို့သော်လည်း ချူးဟွေ့က တခြားတစ်ယောက်ကို သွားမေးနေရန် ရည်ရွယ်ချက်မရှိချေ။ ဒီလောကရဲ့ လိုက်နာရမယ့် စည်းမျဉ်းများကို အင်တာနက်ပေါ်တွင် ဖတ်ပြီးနောက် ချက်ချင်းပဲ စတင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူ့တွင် အဖွဲ့အစည်းတစ်ခုထဲကို ပါဝင်နိုင်သည့် စွမ်းရည်ရှိတာကြောင့် သူ့အနေနဲ့ ကျောက်တုံးများ ရွေးချယ်ချိန်တွင် ဟန်ဆောင်ရန်သာ လိုအပ်သည်။

အနည်းငယ် ဒုက္ခများသည့်အဆင့်က 'ကျောက်တုံးဖွင့်သည့်' အဆင့်ဖြစ်သည်။ သာမန်လူတစ်ယောက်ရဲ့ ညံ့ဖျင်းသည့် နည်းလမ်းက ကျောက်တုံးကို အလွယ်တကူ ပြတ်တောက်စေနိုင်သည်။ သူ့အနေနဲ့ ဒါကိုလေ့ကျင့်ရန် အချိန်ယူခဲ့ရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment