no

Font
Theme

Chapter ( 5 )

--------

ချူးဟွေ့က ကောက်ပဲသီးနှံများနှင့် ကုန်ပစ္စည်းများကို ဝယ်ယူမည်ဖြစ်ကြောင်း ပြောလိုက်သည်နှင့် လောင်ဝမ်မိသားစု၏ သူ့အပေါ်သဘောထားက ပိုပြီးစိတ်အားထက်သန်လာခဲ့သည်။

သူက စားချင်စိတ်ရှိပြီး စားပွဲပေါ်၌ ဘာမှမကျန်ခဲ့သည်ကိုမြင်လျှင် လောင်ဝမ်က သူ့ဇနီးကို ခေါက်ဆွဲအိုးကြီးတစ်အိုးနှင့် ကြက်ဥမွှေကြော်တချို့ ပြင်ဆင်ခိုင်းလိုက်ပြီး သူတို့ရဲ့ဧည့်သည်အား ပျော်ရွှင်ပြီး စိတ်အပန်းပြေစေရမည်။

ချူးဟွေ့လည်း ယဉ်ကျေးမနေတော့ပဲ သူ့ဗိုက်ကို အလိုလိုက်ခဲ့၏။

သူ ပြန်လည်မွေးဖွားမလာမီက သူနဲ့အတူ ရှိခဲ့သည့် စွမ်းအင်များမှာ တစ်ပါတည်း ပါလာခဲ့ရာ စွမ်းရည်နိုးထသူတစ်ယောက် အနေဖြင့် သူက သာမန်လူများထက် ပိုစားနိုင်ပေသည်။

ထိုနေ့ညနေတွင် သူ လောင်ဝမ်အိမ်၌ အနားယူခဲ့၏။

နောက်တစ်ရက် နံနက်စာစားပြီးချိန်၌ လောင်ဝမ်က သူတို့ကို ရွာလူကြီးအိမ်သို့ ခေါ်သွားခဲ့သည်။

ကျောက်စိမ်းများကို ဝယ်တာဖြစ်ဖြစ် ကောက်ပဲသီးနှံများကို ဝယ်တာဖြစ်ဖြစ် ဒါတွေအားလုံးက ကျိုးအာရွာသားများနဲ့ သက်ဆိုင်နေပြီး ဒါက အသေးအဖွဲ့လုပ်ငန်း မဟုတ်ချေ။

ကျိုးအာရွာရဲ့ ရွာလူကြီးက ဝဝတုတ်တုတ် အသက်ငါးဆယ်ခန့် လူကြီးတစ်ယောက်ဖြစ်ကာ သူက နူးညံ့သိမ်မွေ့သည့် မျက်နှာနှင့် ဟိန္ဒူဗုဒ္ဓကဲ့သို့ အပြုံးမျိုး ရှိလေသည်။

ချူးဟွေ့က ကျောက်စိမ်းအများအပြားကို ဝယ်ယူရုံမကပဲ ရွာမှ ကောက်ပဲသီးနှံများနှင့် အိမ်လုပ် ကုန်ပစ္စည်းများကိုပါ နောက်နှစ်တွင် ဝယ်ယူမည်ဖြစ်ကြောင်း ကြိုမှာထားသည်ကို သိလိုက်သဖြင့် ရွာလူကြီးလည်း လောင်ဝမ်ကဲ့သို့ပင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

တကယ်တော့ သူတို့ရွာက နှစ်စဉ်နှစ်တိုင်း ထွက်ကုန်အများအပြား ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ရွာသားများက တောင်များမြစ်များကို ဖြတ်ကျော်ကာ အနီးအနားမှ မြို့များရွာများတွင်သာ ရောင်းချနေရသည်။

ဒီလိုရောင်းချသည့် စျေးနှုန်းကလည်း စျေးသိပ်မရတာကြောင့် မိသားစုတိုင်း ဆင်းရဲမွဲတေနေရသည်။

လွန်ခဲ့သည့် နှစ်နှစ်လောက်ကသာ လီကောကျွင့်က မတော်တဆရောက်လာခဲ့ပြီး တောင်ထဲမှ ကျောက်တုံးများကိုလည်း ငွေအတွက် ရောင်းချနိုင်ကြောင်း သူတို့သိခဲ့ရ၍သာ လီကောကျွင့်ကို မှီခိုရင်း သူတို့တွေ နည်းနည်းလေး ပိုအဆင်ပြေလာခဲ့သည်ပင်။

အခုတော့ ချူးဟွေ့ရဲ့ လုပ်ငန်းကြီးက ရောက်ရှိလာရာ ရွာလူကြီးက အင်မတန် အလေးအနက် ထားနေတော့သည်။

ရွာထဲမှ အရေးပါသည့် သက်ကြီးပိုင်းများက သူတို့ကို နှုတ်ဆက်ကြရုံမက စျေးအကြောင်း ဆွေးနွေးရာတွင်လည်း အလွန်ပင် ရိုးသားဖြောင့်မတ်ကြသည်။ ကျောက်စိမ်း, ဝါဂွမ်း, ကောက်ပဲသီးနှံနှင့် အိမ်ထွက်ကုန်များအားလုံးက အလွန်စျေးချိုကြသည်။

ချူးဟွေ့က ဒီအပေါ်တွင် ထင်မြင်ချက်မပေးခဲ့ပေ။ သူသည်လည်း သဘာဝကျစွာပဲ ပိုက်ဆံကို ချွေတာချင်သည် မဟုတ်လား။

စိုက်ပျိုးရေးပစ္စည်းများကို ဝယ်ယူမည့် အစီအစဉ်အတွက်တော့ သူက ရွာသားများကို ဒီနေရာတွင် အစားအစာသိုလှောင်ထားရန် တစ်ဖက်လှည့်နည်းဖြင့် ကူညီပေးလိုက်ခြင်းဖြစ်သည်။ စျေးနှုန်းက အရေးမကြီးပေ။ သူက သိန်းဂဏန်းလောက်သာ စရံငွေချထား၏။

သို့ရာတွင် စိုက်ပျိုးကုန်များနှင့် အိမ်လုပ်ကုန်များကို လေအလုံပိတ်ပြီး ထုပ်ပိုးရန်အတွက် ကျိုးအာရွာတွင် စက်မရှိပေ။

ရွာလူကြီးက အနည်းငယ်ပဟေဠိဖြစ်ပြီး သိချင်သွားသည်။ စားသောက်ကုန်စက်ရုံက အစားအသောက်နဲ့ ထုပ်ပိုးမှုတွေကို သူတို့ကိုယ်တိုင်လုပ်တာ မဟုတ်ဘူးလား?

သို့ရာတွင် လေအလုံပိတ်ထုပ်ပိုးခြင်းက ပြဿနာကြီးမဟုတ်တာကြောင့် ရွာလူကြီးက အဆုံးမှာတော့ သိပ်မမေးလိုက်ပေ။ သူက ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်ပြီး လိုအပ်သည်များကို အလွတ်မှတ်လိုက်ကာ ပို့ဆောင်ရမည့် အချိန်ကိုတော့ မှတ်စုစာအုပ်ဖြင့် အသေချာ မှတ်ထားလိုက်သည်။

တခြားရွာသားများက အပြုံးများဖြင့် မတ်တပ်ရပ်နေပြီး စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြကာ ပိုမိုကောင်းမွန်သည့် အနာဂတ်ဘဝကို တောင့်တနေခဲ့ကြသည်။

ရိုးသားကြသည့် ဒီရွာသားများကိုကြည့်ရင်း ချူး‌ဟွေ့ သက်ပြင်းချမိသွားကာ မနေနိုင်ပဲ မေးလိုက်မိသည်။

" မစ္စတာလော့ တောင်တွေက ကောင်းတယ်ဆိုပေမယ့် ဘဝအတွက်တော့ အမြဲတမ်း အဆင်ပြေမနေဘူးလေ။ ဆင်းရဲတဲ့ အိမ်ထောင်စုတွေအတွက် အစိုးရစီစဉ်ပေးထားတဲ့ နေရာတစ်ခုရှိတာ မြင်ခဲ့တယ်။ ဘာလို့ မပြောင်းတာများလဲ? "

သူ ကျိုးအာရွာကို ရောက်လာချိန်ကတည်းက ဒီမေးခွန်းကို တွေးခဲ့ခြင်းပင်။

ဒီတောင်ထဲမှ ရွာလေးက အလွန်ထူးဆန်းပြီး တကယ့်ကို တောင်ကြားချိုင့်ဝှမ်းတစ်ခု ဖြစ်နေသော်လည်း တခြားရွာများနှင့် ကွဲပြားနေဆဲပင်။

ဒါက ဒီအတိုင်း ဆင်းရဲနွမ်းပါးမှုနှင့် မတူပဲ ခေတ်နောက်ကျနေသည့် ရွာတစ်ရွာနှင့် ပိုတူပေသည်။

လူမျိုးစုရဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ ဘိုးဘေးစဉ်ဆက် ခန်းမများက ဒီနေရာတွင် ရှိနေဆဲဖြစ်ကာ သက်ကြီးရွယ်အိုအများစုက စုတ်တံများဖြင့် လက်ရေးကျင့်နေဆဲဖြစ်ပြီး ရွာသားအများစုက စာပေကို အတော်လိုက်စားပုံရသည်။

ထို့ပြင် ရွာထဲ၌ အလွန်သက်တမ်းရင့်ပုံရသည့် တာအိုကျောင်းတစ်ခု ရှိနေသည်။

တာအိုကျောင်းရဲ့ တည်ရှိနေသည့် သက်တမ်းကို ချူးဟွေ့မပြောတတ်ပေ။ ၎င်းက တည်ကြည်လေးနက်၍ အလေးထားအပ်ကြောင်းကိုသာ သူ ခံစားမိ၏။ ဘုန်းကြီးကျောင်းပေါ်မှ သင်္ကေတများက ချင်ခေတ်တွင် အသုံးပြုခဲ့သည်များနှင့်ပင် ဆင်တူပေသည်။

ဒီအဆောက်အအုံကို နောက်ပိုင်းရောက်မှ တမင်ဆောက်ထားခြင်းမျိုး မဟုတ်လျှင် ၎င်းက နှစ်ထောင်ချီသက်တမ်း ရှိလိမ့်မည်။

တာအိုကျောင်းတစ်ကျောင်းက ပညာရှင်၏ ထိန်းသိမ်းမှုမပါပဲ မိုးဒဏ်လေဒဏ်ထဲတွင် တည်ရှိနေခြင်းမှာ ယုံရခက်နေ၏။ ပြီးလျှင် အစိုးရက 'ကာကွယ်ထားသည့် နေရာများ' စာရင်းထဲတွင် အခုချိန်အထိ စာရင်းမထည့်ခြင်းက ထူးဆန်းနေခဲ့သည်။

" ကျုပ်တို့ပြောင်းသွားရင် ဘယ်လိုလုပ်ရမလဲ? အပြင်လောကရဲ့ ရေမြေလေတွေက ဒီနေရာလောက် မကောင်းကြဘူးလေ။ ကျုပ်တို့ရဲ့ ဘိုးဘေးတွေက မျိုးရိုးစဉ်ဆက် ဒီနေရာမှာ ခေါင်းချသွားခဲ့တာ။ ဆင်းရဲတာက နည်းနည်းတော့ အဆင်မပြေပေမယ့် နေထိုင်မှုကတော့ သက်တောင့်သက်သာ ဖြစ်ပါသေးတယ်... "

ရွာလူကြီးက သူ့မေးခွန်းကို သိပ်မရှင်းပြပဲ ပြုံးလျက်သာ ဤသို့ဖြေခဲ့သည်။

" အဲ့လိုပြောရရင် တောင်တွေက တကယ်ဝေးလံခေါင်းပါးလွန်းတယ်။ သဘာဝကပ်ဘေးတစ်ခုခုများ ဖြစ်လာခဲ့ရင် ခင်ဗျားတို့ကို ကယ်တင်ဖို့ လွယ်မှာမဟုတ်ဘူး။ မြို့တစ်ခုထဲမှာ ရှိနေရင် အစိုးရဌာနတွေရှိတယ်။ သူတို့က ထောက်လည်းထောက်ပံ့ပေးလိမ့်မယ်။ နိုင်ငံ့ဥပဒေက အတော်ကောင်းလာပါတယ် "

ရွာလူကြီးက အများကြီးမရှင်းပြတာကြောင့် ချူးဟွေ့က အသေးစိတ် မမေးခဲ့ပေ။ သို့သော်လည်း ရွာသားများကို တောင်ထဲမှ ခေါ်ထုတ်စေရန် ရွာလူကြီးအား အကောင်းဆုံး နားချခဲ့သည်။

ဇွန်ဘီများသာရှိသည့် ကမ္ဘာပျက်ကပ်အစတွင် ဒီလိုမျိုး လူသူမနီးသည့် တောင်ရွာလေးက ဘေးအကင်းဆုံးဖြစ်သည်။

သို့ရာတွင် သန္ဓေပြောင်းသားရဲများ ပေါ်လာချိန်၌ လူသားများ အသက်ရှင်နိုင်သည့်နေရာက အခြေစိုက်စခန်းသာရှိတော့ကာ ဒီလိုမျိုး တောင်ကုန်းတောင်တန်းများက သန္ဓေပြောင်းသားရဲများအတွက် အသိုက်အမြုံဖြစ်လာခဲ့သည်။

သူက ရွာသားများကို အစားအသောက်စုဆောင်းရာတွင်သာ ကူညီပေးနိုင်သည်။ သို့သော်လည်း လူတိုင်းက ရွာထဲမှထွက်သွားရန် ဆန္ဒရှိလျှင်တော့ ပိုကောင်းလိမ့်မည်။

သို့သော်လည်း ကျိုးအာရွာသားများက အလွန်ခေါင်းမာပြီး သူတို့တွေ ထွက်မသွားချင်ကြောင်းသာ ပြန်ပြောခဲ့သည်။

" အဆင်ပြေပါတယ်။ ကျုပ်တို့က တရုတ်ဆေးဝါးကို နားလည်တယ်လေ။ နေမကောင်းရင် သူတို့ကို သွားမေးလို့ရတယ်။ သဘာဝကပ်ဘေးတွေအတွက် စိတ်မပူပါနဲ့။ ကျုပ်တို့ရဲ့ ဘိုးဘေးတွေက ကျုပ်တို့ကို ကောင်းချီးပေးထားတယ်။ ကျုပ်တို့ရွာက ရှေးအရင်ကတည်းက သဘာဝကပ်ဘေးတွေကို မခံစားခဲ့ရတာ... "

လူတိုင်းက ဂုဏ်ယူစွာပြောနေမှတော့ ချူးဟွေ့လည်း လက်လျှော့ရုံမပြင် မရှိတော့ပေ။

သို့သော်လည်း လီကောကျွင့်က သူ့ကို တိတ်တိတ်လေး လာပြောသည်။

" ကျိုးအာရွာက ဘယ်လောက်ထိ ဆင်းရဲနေလဲဆိုတာကို မကြည့်နဲ့။ ကျိုးအာရွာသားတွေက သေအောင်ခေါင်းမာကြတာ တစ်ယောက်မှ သူတို့ကို မကိုင်တွယ်နိုင်ဘူး "

တကယ်တော့ အစိုးရက မူလတွင် ရွာမှ အပျက်အစီးများနှင့် တာအိုကျောင်းများကို ပြင်ဆင်ရန် ကူညီချင်သော်လည်း ၎င်းက လူတိုင်းကို ဒေါသထွက်စေခဲ့သည်။ ရွာသားများက အစိုးရအရာရှိများကို ကြိုးဖြင့်ချည်ကာ တောင်ကမ်းပါးတွင် ရက်ပိုင်းကြာအောင် တွဲလောင်းချထားပြီး ခြောက်လှန့်ခဲ့ကြ၏။

ထို့နောက်မှာတော့ အရာရှိများက ပြန်သွားခဲ့ကာ နေမကောင်းဖြစ်လာပြီး ညတွင်းချင်းမှာပင် တစ်ကိုယ်လုံး အနာများဖြစ်လာပြီး ဘယ်လိုပဲ ကုသပါစေ မရတော့ပေ။

အဆုံးတွင် တစ်စုံတစ်ယောက်က အရာရှိများကို ရွာမှ တာအိုကျောင်းသို့ ပြန်သွားပြီး ဝတ်ပြုလိုက်လျှင် အနာများ ပြန်ကောင်းလိမ့်မည်ဟု အကြံပြုခဲ့သည်။ ထို့နောက်တွင် အစိုးရက နေရာကို ကာကွယ်မည့်အကြံအား လက်လျှော့လိုက်ပြီး ရွာသားများကို လွတ်လွတ်လပ်လပ် နေခွင့်ပေးလိုက်တော့သည်။

လီကောကျွင့်က အလွန်ဂမ္ဘီရဆန်စွာ ပြောပြနေစဉ် ချူးဟွေ့သည်လည်း နားထောင်ရင်း အတွေးနစ်နေခဲ့သည်။

တခြားသူများက ဒီကောလဟာလများကို ပုံကြီးချဲ့ပြောနေတာလားဟု သံသယဝင်နိုင်သော်လည်း သူကတော့ အရင်ရက်တွေအတွင်း ထူးဆန်းသည့် အရာအားလုံးကို မြင်ဖူးပြီဖြစ်ရာ ဒါတွေက အမှန်ဖြစ်ကြောင်း နားလည်နိုင်ပေသည်။

ကြည့်ရတာ ကျိုးအာရွာတွင် ကျွမ်းကျင်သူတစ်ယောက် ရှိနေပုံရကာ ရွာသားများက ယုံကြည်မှုရှိနေကြပြီး တောင်မှ ထွက်ခွာကြမှာ မဟုတ်ပေ။ ဒါကြောင့် သူ့အနေနဲ့ တိတ်တိတ်လေး ဆုတောင်းပေးရန်သာ တတ်နိုင်တော့၏။

..........

ချူးဟွေ့က ရွာလူကြီးနှင့် ဆွေးနွေးမှုလုပ်ပြီးနောက် ရွာထဲတွင် ဆက်နေခဲ့ကာ ကျောက်စိမ်းတုံးကြီးများကို ရွာသားများ တူးပေးမည့်အချိန်အား စောင့်နေခဲ့သည်။

လီကောကျွင့်က လမ်းပြပေးသည့် အဖိုးအခအဖြစ် ချက်လက်မှတ်ကို ရပြီးနောက် တတိယမြောက်နေ့တွင် ပြန်သွားခဲ့၏။

တောင်ထဲတွင် အင်တာနက်မရှိသလို ဖုန်းလိုင်းလည်း မကောင်းပေ။ထိုကြောင့် ကွန်ဖူးလေ့ကျင့်ခြင်းအပါအဝင် ချူးဟွေ့၏ နေ့စဉ်အလုပ်က ရွာထဲ၌ လှည့်ပတ်သွားနေခြင်း ဖြစ်သည်။

ရွာလူကြီးကလည်း သူ့လို မြို့သားများက တောင်တန်းရွာတွင် ပျင်းနေတတ်ကြောင်း သိတာကြောင့် နေရာအနှံ့မှ ရှုခင်းများကို သူ့အားလိုက်ပြပေးရန် တစ်စုံတစ်ယောက်အား ခိုင်းထားခဲ့သည်။

ချူးဟွေ့က စပ်စုလိုစိတ်ကြောင့် မဟုတ်ပဲ ရွာထဲမှ တာအိုကျောင်းကို အလွန်စိတ်ဝင်စားသည်။ ထိုနေရာသို့ သူသွားလည်ချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်။

တကယ်တော့ ရွာသားများက သူတို့ရဲ့ တာအိုကျောင်းများကို အပြင်လူများအား ဝင်ခွင့်ပေးမထားပေ။ သို့ရာတွင် ချူးဟွေ့က လူဆိုးတစ်ယောက်နှင့်မတူပဲ သူတို့အတွက် ငွေလည်း ရှာပေးတာကြောင့် ရွာလူကြီးက သူ့ကို တံခါးနားတွင် လေ့လာရန် ခွင့်ပြုပေးလိုက်သည်။

သူတို့တွေ ဝင်နိုင်,မဝင်နိုင်အတွက်တော့ သူကြားထားသည်မှာ မျိုးရိုးစဉ်ဆက်တည်ရှိခဲ့သည့် မိသားစုကြီးမှလွဲလျှင် ရွာသားတစ်ယောက်မှ မဝင်နိုင်ကြဟူ၍ ဖြစ်သည်။

ချူးဟွေ့က ဒါကို စိတ်ထဲမထားပဲ ရွာလူကြီးရဲ့ သားဖြစ်သူ နောက်ကနေ လိုက်သွားခဲ့သည်။ ကမ္ဘာပျက်ကပ်သို့ ရောက်လာလျှင် သူ့မှာ ဒီလိုအခွင့်အရေးမရှိတော့မှာ ကြောက်မိ၏။

ရွာလူကြီးရဲ့ သားနာမည်က လော့ရွှယ်ပင်း ဖြစ်သည်။ သူက ရိုးရှင်းသည့် မျက်နှာပေါက်ရှိပြီး ရိုးသားကာ စကားပြောအလွန်ကောင်းပြီး ရွာထဲမှ ကိစ္စအများစုကို သိထားလေသည်။

ရွာရဲ့သမိုင်းကြောင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်တာကြောင့် သူက ချူးဟွေ့ရဲ့ မေးခွန်းများကို သတိထားဖြေနေရန် မလိုအပ်ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment