no

Font
Theme

Chapter ( 7 )

ချူးဟွေ့က ပြန်လည်မွေးဖွားပြီးနောက်တွင် ဒီကမ္ဘာပေါ်မှ မဖြစ်နိုင်သည့် အရာများကို ပိုယုံကြည်လာသည်။ ပြောရလျှင် သူကိုယ်တိုင်လည်း ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ချူးဟွေ့ရဲ့ လေ့လာချက်များအရ ယွီခဲ့ဟာ ရွာသားများပြောသလို မတုံးအပေ။ ပိုမှန်အောင်ပြောရလျှင် ကောင်လေးက အင်မတန် ပါးနပ်ပြီး အတော်လုပ်နိုင်စွမ်းရှိကာ သူ့ရဲ့လေသံက အမြဲလိုလို ရှေးခေတ်ဆန်လှသည်။

သူခန့်မှန်းရလျှင် တစ်ဖက်လူက ရုတ်တရက်ဉာဏ်အလင်းပွင့်သွားခြင်း ဒါမှမဟုတ် တခြားအချိန်တစ်ခုကနေ သေချာပေါက် ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။

လက္ခဏာတွေအားလုံးက ဆင်တူနေတာကြောင့် သူ မတတ်နိုင်ပဲ ထိုကဲ့သို့ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ကောင်လေးက ဘယ်ကပဲ လာပါစေ ဘယ်သူပဲဖြစ်နေပါစေ ဒါတွေဟာ ချူးဟွေ့အတွက် အရေးမကြီးပေ။ အရေးကြီးဆုံးအရာမှာ ကောင်လေးက သူ့အနားတွင် အမြဲကပ်နေပြီး အလွန်ပေးနေခြင်းဖြစ်သည်။

သူစိမ်းတစ်ယောက်ကိုတော့ သူနဲ့အတူ ခေါ်သွားမည် မဟုတ်ပေ။ ဒါက စွန့်စားရာကျလွန်း၏။

ချူးဟွေ့က စိတ်မရှည်သည့် အမူအရာဖြင့် နေရာတွင် မတ်တပ်ရပ်ရင်း စိတ်ထဲတွင် အသေချာ တွေးနေခဲ့သည်။

သူ့ရဲ့ တုံ့ပြန်မှုကို မရလျှင် ကောင်လေးရဲ့မျက်ရည်များက ဆက်မထိန်းထားနိုင်တော့ပဲ စတင်၍ စီးကျလာလေသည်။ ပြီးလျှင် သနားစရာ အမူအရာလေးနှင့် ချူးဟွေ့အား ဆက်ကြည့်နေခဲ့သည်...

မျက်ရည်များကိုမြင်လျှင် ချူးဟွေ့နှလုံးသားက လှုပ်ရှားသွားရသည်။

ထပ်ဖြစ်ပြန်ပြီ !

ဒီကောင်လေးကို သူ့နောက်သို့ လိုက်ခွင့်မပြုချိန်တိုင်း တစ်ဖက်လူက ဒီလိုအမူအရာဖြင့်ကြည့်ရင်း မျက်ရည်သုတ်ပြလိမ့်မည်။

သူဆိုတဲ့ ချူးဟွေ့အတွက် သနားစရာပုံစံ လုပ်ပြခြင်းက ပုံမှန်ဆိုလျှင် အလုပ်မဖြစ်ပေ။ သို့ရာတွင် ကောင်လေးရဲ့ မျက်ရည်များက ရေကြီးသလို စီးကျလာချိန်မှာတော့ သူ့နှလုံးသားထဲမှ နံရံကြီးက ချက်ချင်းပဲ ပြိုကျသွားလေတော့သည်။

" အဲ့မျက်ရည်တွေသုတ်ပြီး ကားထဲကို ၀င်! "

အချိန်အတော်ကြာပြီးနောက် ချူးဟွေ့က တောင်တက်ကားတစ်စီးကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်ကာ တစ်ဖက်လူကိုပါ ကားထဲ၀င်ခိုင်းလိုက်သည်။

နောက်ဆုံးတော့ သူ့ရဲ့ ခွင့်ပြုချက်ကိုရလျှင် ယွီခဲ့က လှိုက်လှိုက်လှဲလှဲ ရယ်မောရင်း အပြေးလေးရောက်လာခဲ့သည်။

ဇီဖန်ကျွင်းက သူ့ကို မထားခဲ့ဘူးဆိုတာ သူသိတာပေါ့ !

သူ့ကျောပေါ်မှ အိတ်ထုပ်ကြီးက ဖောင်းကားလေးလံသော်လည်း ရက်ပေါင်းများစွာ ထိတ်လန့်နေခဲ့ရမှု၊ စိတ်တ်ရှုပ်ထွေးနေရမှုတို့က လုံး၀ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူက ဘယ်မှာ နေခဲ့တာလဲ ဒါမှမဟုတ် ဒီနေရာကို ရုတ်တရက်ကြီး ဘာလို့ ရောက်လာခဲ့လဲဆိုတာ မသိတော့ပေ။

သူမှတ်မိတာဆိုလို့ ဇီဖန်ကျွင်းက အဝေးကြီးကို ထွက်သွားခဲ့ပြီး မကြာခင် ပြန်လာခဲ့မည်ဟု သေချာပေါက် ပြောသွားသော်လည်း သူ့မှာ ရက်ပေါင်းများစွာကြာအောင် ဘယ်သူ့ကိုမှ မတွေ့ခဲ့ရပေ။

ထို့နောက်တွင် ထောင်ရဲ့ အစောင့်အကြပ်များက ပိုတင်းကြပ်လာပြီး သူ့(ယွီခဲ့)အနားမှ အပေါင်းအဖော်များက နည်းသထက် နည်းလာခဲ့သည်။ ကျင်းဖန်ရှီက သူ့သွေးကို လာပြီး ထုတ်ယူပြန်သည်။ ဒီတစ်ကြိမ်မှာတော့ သွေးတွေအများကြီး ယူသွားခဲ့ပြီး ယွီခဲ့ခမျာ သတိမေ့သွားရသည်...

မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ထောင်က ပျောက်ကွယ်သွားခဲ့ပြီး အစောင့်အရှောက်များလည်း မရှိတော့ကာ သူ့အပေါင်းအဖော်များလည်း ပျောက်သွားခဲ့သည်။ သူ့ပတ်ဝန်းကျင်က ထူးဆန်းသည့် ဒီကမ္ဘာကြီးဖြစ်လာခဲ့သည်။

သူက မှောင်မည်းနေသည့် ထောင်အခန်းထဲတွင် အမြဲနေခဲ့ရသော်လည်း ဇီဖန်ကျွင်းက သူ့အား အကြိမ်ပေါင်းများစွာ တိတ်တိတ်လေး ခေါ်ထုတ်ပေးခဲ့သည်။

အပြင်ကမ္ဘာကြီးကို သူ မြင်ဖူးခဲ့သည်။ ၎င်းက သူတွေ့ဖူးသည်နှင့် ကွဲပြားနေကာ သူတို့နေရာမှ မိန်းမများက နွေရာသီတွင် ခြေလက်ဖော်သည့် အဝတ်အစားများကို မဝတ်ကြပေ...

သူ့တွင် ဦးလေးတစ်ယောက်နှင့် အဒေါ်တစ်ယောက်လည်း ရှိနေပြီး ထိုအဒေါ်က အလွန်ကြမ်းတမ်းပေသည်။

သူ မျက်လုံးဖွင့်လိုက်ချိန်တွင် တစ်ဖက်လူက သူ့ကို ဆဲဆိုနေခဲ့ပြီး ကြိမ်လုံးတစ်လုံးဖြင့် သူ့အား ရိုက်ချိန်၌ အလွန်နာကျင်သွားရသည်။ သူမက ထောင်စောင့်များထက်တောင် ပိုကြမ်းတမ်းနေသည်။

ဇီဖန်ကျွင်းက ပြောခဲ့၏။

" လူဆိုတာ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းကို ပြန်ပေးဆပ်ရမယ်။ ကျေးဇူးတရားကို ကြင်နာမှုနဲ့ ကျေးဇူးဆပ်ရတယ် "

ထိုအချိန်တုန်းက ကြမ်းတမ်းတဲ့အဒေါ်ကို သူ ပညာပေးချင်ခဲ့သည်။ ဇီဖန်ကျွင်းက ကိုယ်ခံပညာနှင့် တာအိုပညာရပ်များကို သူ့အား သင်ပေးခဲ့ပြီး စစ်တပ်ခေါင်းဆောင်ကတောင် သူ့ကို အနိုင်မယူနိုင်ခဲ့ပေ။ လယ်ယာစိုက်ပျိုးသည့် သာမန်မိန်းမတစ်ယောက်က သူ့ရဲ့ပြိုင်ဖက် လုံးဝမဟုတ်ပေ။

သို့သော်လည်း ဘာကြောင့်မှန်းမသိပဲ သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေကာ ခန္ဓာကိုယ်ထဲမှ ချီတွေအားလုံး ပျောက်ဆုံးနေခဲ့သည်။

ထို့နောက်တွင် မရင်းနှီးသည့် မှုန်ဝါးဝါး မှတ်ဉာဏ်များက သူ့ခေါင်းထဲ၌ ပေါ်လာခဲ့ပြီး နောက်ဆုံးတော့ အခြေအနေကို နားလည်သွားခဲ့သည်။

သူက သေသွားခဲ့ပြီး ပြန်လည်မွေးဖွားလာပုံရသည်။ ဖြစ်နိုင်တာတော့ ပြည်နယ်အစိုးရက သူ့အား မုန့်ပေါ်စွပ်ပြုတ်တိုက်ရန် မေ့သွားခဲ့တာကြောင့် သူ့အတိတ်ဘဝကို မှတ်မိနေသေးတာ ဖြစ်နိုင်သည်။

ဒါက ကောင်းလေသည်။ သူ့ရဲ့အတိတ်ဘဝကို မေ့မသွားချင်ပေ။

ဇီဖန်ကျွင်းက သူပြန်လာမည်ဟု ပြောသွားခဲ့သည်။ သူ ဇီဖန်ကျွင်းကို အခုထိ မတွေ့ရသေးပေ။ ဇီဖန်ကျွင်းပြန်ရောက်လာချိန်အထိ သူစောင့်သင့်သည်ဟု ယုံကြည်ထားသည်။

သေချာပေါက်ကို မကြာခင်မှာပဲ ဇီဖန်ကျွင်းပြန်ပေါ်လာခဲ့သည်။

ဇီဖန်ကျွင်းက သူ့အား မသိသလိုလုပ်နေသော်လည်း သူကတော့ ဒီလူဟာ ဇီဖန်ကျွင်းဖြစ်ကြောင်း သေချာပြီး ဇီဖန်ကျွင်းရဲ့နေရာလွတ်က သူ့ကိုယ်ပေါ်တွင် ရှိနေသည်။

သို့သော်လည်း သူ ဘာပဲပြောနေပါစေ ဇီဖန်ကျွင်းကတော့ သူ့အားသိကြောင်း ဝန်မခံခဲ့ပေ။

အင်း ချူးဟွေ့ဆိုတော့လည်း ချူးဟွေ့ပေါ့ ဒါက နာမည်တစ်ခုသာ ဖြစ်သည်။ ချူးဟွေ့သာ သူ့ကို မထားခဲ့သရွေ့ အနာဂတ်တွင် ဟွေ့ကျွင်း ဟု သူခေါ်လိုက်မည်။

ရှေ့ခုံတွင်ထိုင်နေသည့် ယွီခဲ့က ကားမောင်းနေသည့် ချူးဟွေ့ကို ပျော်ရွှင်စိတ် စပ်စုစ်ိတ်များဖြင့် ငေးကြည့်နေခဲ့သည်။

" မစ္စတာချူး ခင်ဗျားရဲ့ဆံပင်တွေက ဘယ်ရောက်သွားတာလဲ? ဆံပင်က တိုလိုက်တာ ဒါက ဘယ်နေရာလဲဟင်? ရွာထဲမှာတုန်းက အရမ်းစွမ်းအားကြီးတဲ့ မှော်လက်နက်တစ်ခုကို မြင်ဖူးတယ်။ အဲ့လက်နက်ကို နတ်ကောင်းနတ်မြတ်တစ်ပါးက ဖန်ဆင်းထားတာတဲ့။ အဲ့ဒါကို ကြက်ပေါက်လို့ ပြောကြတာပဲ... "

" ဒါနဲ့လေ ကြက်လက်လို့ခေါ်တာ တစ်ခုရှိတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အသံထုတ်တဲ့ စက်ယန္တရားတွေနဲ့ တူပေမယ့် ဒီကြက်တွေက ကြက်နဲ့လည်းမတူဘူးရော်။ အဲ့ဒါတွေက ကြက်အရသာနဲ့ လုံးဝတူမနေဘူး... "

" မစ္စတာချူးရေ အပြင်ကမ္ဘာကြီးက တကယ်ထူးဆန်းပြီး စိတ်ကူးကြည့်လို့တောင် မရဘူးနော်။ ဒါပေမယ့် တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် ဒီကားလိုပေါ့။ မောင်းစရာ မြင်းမလိုဘူး, တာအိုပညာရှင်က မောင်းခိုင်းစရာမလိုဘူး။ သူ့ဘာသာရွေ့နိုင်တယ် အံ့သြစရာကြီး... "

ကမ္ဘာသစ်ထဲသို့ အခုမှ ရောက်လာသည့် လူငယ်များအတွက် အရာရာတိုင်းက ထူးဆန်းနေကာ ရှားပါးပစ္စည်းများ အပြည့်ဖြစ်နေခဲ့သည်။

ချူးဟွေ့သာ ပြန်လည်မွေးဖွားခြင်းကဲ့သို့ ဂမ္ဘီရဆန်ဆန် ကိစ္စရပ်မျိုးကို မကြုံခဲ့ရလျှင် သူသည်လည်း တခြားရွာသားများကဲ့သို့ တစ်ဖက်လူရဲ့ဦးနှောက်တွင် ပြဿနာရှိနေသည်ဟု ထင်မိပြီး ရူးကြောင်ကြောင်များ လျှောက်ပြောနေသည်ဟု ထင်မိလိမ့်မည်။

သို့ရာတွင် ကောင်လေးရဲ့ သတိလက်လွတ် ပြောဆိုနေသံများကို နားထောင်ရင်း ချူးဟွေ့တစ်ယောက် ပိုပိုပြီး သိချင်လာသည်။

ဒီ ယွီခဲ့က သူခန့်မှန်းထားသည်ထက် ပိုတောင်အသုံးဝင်နေကာ တစ်ဖက်လူက သိပ်ပြီး မရိုးရှင်းပေ။ သူ့လေသံကို နားထောင်ပုံအရ တစ်ဖက်လူက သောင်ချီကုန်းနှင့် တခြားဂမ္ဘီရအတတ်များကို နားလည်ပုံရသည်။

ကမ္ဘာပျက်ကပ်ရောက်ချိန်တွင် ဒီလိုလူများက မြေအောက်ခန်းထဲ၌ ဖွက်ထားသည့် နိုင်ငံ့ရတနာများကဲ့သို့ ဖြစ်လာကြလိမ့်မည်။

ဒီလူငယ်လေးကို ခေါ်လာခဲ့ခြင်းက ကောင်းသည့်အရာလား ဒါမှမဟုတ် ဆိုးသည့်အရာလား သူ မသိပေ။

ချူးဟွေ့က ကားမောင်းနေရင်း ရံဖန်ရံခါတွင် ဘေးပတ်ဝန်းကျင်ကို ကြည့်နေမိကာ ကားအကြောင်း လေ့လာနေသည့် လူငယ်လေးအား သိချင်လာမိသည်။ သူတို့နှစ်ယောက်လုံးရဲ့ စိတ်ထဲတွင် ဖော်မပြနိုင်လောက်အောင် အေးချမ်းရင်း နှလုံးသားထဲမှာတော့ သံသယများစွာ ရှိနေကြလေသည်။

--------

ဒီခရီးတွင် မထင်မှတ်ပဲ ရရှိလာခဲ့သည့် အရည်အသွေးမြင့် ကျောက်စိမ်းများကြောင့် ချူးဟွေ့က ရွာမှထွက်လာသည်နှင့် နိုင်ငံထဲမှ တစ်ခါတည်း ထွက်သွားရန် အစပိုင်းတွင် စီစဉ်ထားခဲ့သည်။

စည်းကမ်းတင်းကြပ်မှုများကြောင့် တချို့အထူးပစ္စည်းများက ပြည်တွင်း၌ ဝယ်မရပေ။ နေ့စဉ်အသုံးအဆောင် ပစ္စည်းတချို့က မူလထွက်ကုန်နေရာတွင် စျေးလျော့၏။ သို့ရာတွင် အခုတော့ ယွီခဲ့ပါလာရာ သူ့အစီအစဉ်များကို ပြောင်းလဲရတော့မည်။

ဒီအဖော်လေးက ဖယ်ထုတ်လို့ မရနိုင်ပုံပေါ်ပေမယ့် ချူးဟွေ့ရဲ့နေရာလွတ်က သက်ရှိများကို လက်မခံပေ။ ပြီးလျှင် အခုက သာမန်လူ့အဖွဲ့အစည်းသာ ဖြစ်နေသေးသည်။ ဒါကြောင့် သူနဲ့အတူပါလာတဲ့ သူ့ရဲ့အဖော်လေးအတွက် စာရွက်စာတမ်းတချို့ ပြင်ဆင်ပေးရလိမ့်မည်။ မဟုတ်ပါက လေယာဉ်နဲ့လည်း ခရီးထွက်မရ ရထားနဲ့လည်း ခရီးထွက်မရ ဖြစ်နေလိမ့်မည်။

ကျိုးအာရွာက တကယ်ဝေးလွန်းလှကာ ရွာထဲမှထွက်ရန် တောင်ခြေမှစ၍ ကားမောင်းလာခဲ့ရာ နာရီပေါင်းများစွာ ကြာပြီးမှ မနက်အစောပိုင်းတွင် မြို့သို့ ရောက်လာခဲ့သည်။

ယွီခဲ့က ခေတ်မီမြို့တော်ကြီးကို ပထမဆုံး မြင်လိုက်ရချိန်တွင် နှလုံးသားထဲ၌ ရှော့ရမှုကိုသာ ခံစားလိုက်ရ၏။

သူ နိုးလာခဲ့ချိန်မှစပြီး ရွာထဲမှ အရာများကိုသာ မြင်ခဲ့ရလေသည်။ သို့ရာတွင် ကျိုးအာရွာရဲ့ အပြင်ဖက်က သူ့ကို အများကြီးပိုပြီး အံ့အားသင့်စေခဲ့သည်။

မြို့ကြီးက ညအချိန်မှာတောင် ခမ်းနားနေဆဲဖြစ်ပြီး ယွီခဲ့ဟာ ပင်လယ်ကြီးထဲမှ ငါးလေးတစ်ကောင်ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ခံစားလိုက်ရသည်။

အဆောက်အဦးအမြင့်ကြီးများ၊ နီယွန်မီးရောင်စုံများနှင့် ထူးဆန်းသည့် ယာဉ်များ။

သူ့အတွက်တော့ အရာအားလုံးက တခြားကမ္ဘာတစ်ခုလို ဖြစ်နေခဲ့သည်...

ဒီကမ္ဘာရဲ့လေထုက အလွန်ပင် ညစ်ညမ်းပြီး ကောင်းကင်ဘုံနှင့် မြေကမ္ဘာကြားတွင် ဝိဉာဉ်စွမ်းအား သိပ်မကြွယ်ဝသော်လည်း ယွီခဲ့ကတော့ အပြင်လောကကိုကြည့်ရင်း နှလုံးသားထဲတွင် အလွန်နှစ်ခြိုက်နေခဲ့သည်။

အကြောင်းမှာ ဒါက လွတ်လပ်သွားသည့် ခံစားချက်ဖြစ်သည်။

လူငယ်လေးရဲ့ ရှော့ရနေတဲ့ အမူအရာကိုကြည့်ရင်း ချူးဟွေ့နှလုံးသားထဲမှ ခန့်မှန်းချက်က ပိုလို့တောင် သေချာလာသည်။

ကျိုးအာရွာက ဘယ်လောက်ပဲ ခေတ်နောက်ကျပါစေ အနည်းဆုံးတော့ TV တစ်လုံး ရှိသည်။ တောင်တန်းဒေသရဲ့ ကျေးလက်ပြည်သူများက မြို့ပြရဲ့ သစ်လွင်မှုကြောင့် ဘယ်လောက်ပဲ အံ့သြကြစေဦးတော့ ဒီလူငယ်လိုမျိုး လုံးဝမယုံကြည်နိုင်ဖြစ်နေကြမှာ မဟုတ်ပေ။

ရှေးခေတ်ဟန်ပန် အပြည့်ဖြစ်နေသည့် တစ်ဖက်လူ၏ စကားလုံးများနှင့် ပေါင်းစပ်လိုက်ချိန်တွင် ယွီခဲ့၏ ဇာစ်မြစ်က ရှင်းပြနေရန် မလိုအောင်ပင် ထင်ရှားနေခဲ့သည်။

" ဒါက မင်းနေခဲ့တဲ့ ကမ္ဘာနဲ့ လုံးဝကွဲပြားတယ်။ စမ်းသပ်မှုတွေလုပ်ဖို့အတွက် အဖမ်းမခံရချင်ရင် ငါ့စကားကို လိလိမ္မာမ္မာနဲ့ နားထောင်။ ပြီးတော့ သူစိမ်းတွေရှေ့မှာ စကားမပြောနဲ့ "

ချူးဟွေ့က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

ပြန်လည်မွေးဖွားခြင်းက အလွန်ဆန်းကြယ်လှပြီး ဒီကိစ္စကို ဖော်ထုတ်ခံလိုက်ရသည်နှင့် သူတို့ရဲ့အဆုံးသတ်က ဟာသမဟုတ်တော့ပေ။ အစိုးရက သူတို့ကို လေ့လာမှုမလုပ်ရင်တောင် ဒီကမ္ဘာပေါ်တွင် ရူးသွပ်နေသည့် လူများစွာရှိနေ

ပေသည်။

ကောင်လေးက အလွန်ဖြူစင်ပုံပေါ်တာကြောင့် အပြင်လောကအကြောင်းကို ဘာတစ်ခုမှမသိတာ သေချာသည်။ ရောင်းစားခံလိုက်ရရင်တောင် သိမှာမဟုတ်ပေ။

" ကျွန်တော် သိပါတယ်။ လူတွေရဲ့ အတွင်းစိတ်က ယုတ်မာတယ်။ ချူးဟွေ့ကျွင်း ပြောဖူးတယ်လေ... "

ယွီခဲ့က လိလိမ္မာမ္မာနှင့် ကတိပေးလာသည်။ သူက ချူးဟွေ့ကို နာမည်ပြောင်းခေါ်လိုက်သော်လည်း 'ကျွင်း' ဆိုသည့် နောက်ဆက်တွဲနာမည်ကိုတော့ ချီးမြှင့်ထားဆဲ ဖြစ်သည်။

လူငယ်လေးက နာခံစွာ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ သူက ထုတ်မေးရန် နည်းနည်းကြောက်မိသော်လည်း ဂရုတစိုက်နှင့် မေးလိုက်ပါသည်။

" သူတို့က စမ်းသပ်မှုတွေအတွက် ဘာတွေလုပ်ကြတာလဲဟင် ချူးဟွေ့ကျွင်း? ကျင်းဖန်ရှီလိုမျိုး အသားတွေဖြတ်, သွေးတွေစုပြီး ဆေးဖော်တာလား? "

ဒီစကားများ ထွက်လာသည်နှင့် ချူးဟွေ့ ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားသည်။

အသားကိုဖြတ်, သွေးတွေကိုစုပြီး ဆေးဖော်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ?

ဆယ်ကျော်သက်လေးရဲ့ အနည်းငယ် ကြောက်ရွံ့နေသံက နှိပ်စက်ခံရဖူးသလို ဖြစ်နေပေသည်။

သို့သော်လည်း တစ်ဖက်လူရဲ့ တတ်ကျွမ်းမှုများနှင့် နှုတ်စွမ်းရည်ကို ကြည့်ခြင်းအားဖြင့် ဒီလိုလူမျိုးက အယူသည်းသည့် ရှေးခေတ်အချိန်အခါတွင် ဆိုးဝါးလွန်းသည့် အခြေအနေမျိုး မရှိခဲ့သင့်ပေ။

တစ်ဖက်လူက သူ့ရဲ့အရင်ဘဝမှာ တော်တော်ဆိုးဝါးခဲ့တဲ့ ပုံစံမျိုး ဘာလို့ဖြစ်နေပါလိမ့်?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment