no

Font
Theme

အပိုင်း ၃၆

တီ၊ တီ၊ တီ...

မကြာမီ တံခါးလော့ခ်၏ လျှို့ဝှက်နံပါတ် ရိုက်နှိပ်သံများ ထွက်ပေါ်လာသည်။

“ကြည့်ရင်းကြည့်ရင်း အခုတော့ လျှို့ဝှက်နံပါတ်ပါ သိနေပြီလား။”

သူက ရှီးခနဲ ရယ်ခဲ့သည်။

ယခင်က ဆရာဝန် အိမ်သို့လာသည့်အခါတိုင်း ဂွမ်ချယ်ဝူက သတိမေ့နေခြင်းဖြစ်စေ၊ အီယွန်းကိုယ်တိုင် တံခါးဖွင့်ပေးခြင်းမျိုးဖြစ်စေ ထိုမျှသာရှိခဲ့သဖြင့် ယခုကဲ့သို့ နားမလည်နိုင်စရာ အခြေအနေကြောင့် သူ မျက်မှောင်ကြုတ်သွား၏။

သူက တမင်ပင် အီယွန်း၏ လည်တိုင်လေးကို ဖိကပ်ကာ စုပ်ယူခဲ့သည်။

“တော်၊ တော်ပါတော့။”

“မတော်နိုင်ပါဘူး။”

ထိုစဉ် လျှို့ဝှက်နံပါတ် မှားသွား၍လားမသိ တီတီဟူသော မြည်သံ အကျယ်ကြီး ထွက်ပေါ်လာသည်။ ဆရာဝန်က နံပါတ်ကို ထပ်မံနှိပ်နေပြန်ရာ အီယွန်းလည်း စိတ်လောလာရ၏။

“တော်တော့လို့ ပြောနေတယ်လေ။”

သူ့ခေါင်းကို အသာအယာထု၍ သတိပေးလိုက်ရာ ဂွမ်ချယ်ဝူက ထူးဆန်းသော မျက်နှာထားဖြင့် မျက်ခုံးပင့်ခဲ့သည်။

“ရပ်ပေးရင်ရော။”

“ရှင်။”

“ကိုယ်က ဒီမှာတင် ရပ်ပေးလိုက်ရင် အီယွန်းက ဘာပြန်လုပ်ပေးမှာလဲ။”

“……အဲ့ဒါက ဘာဆိုင်လို့....”

တီ၊ တီ၊ တီ....

သတိထားပြီး နှေးနှေးကွေးကွေး နှိပ်နေသည့် အသံများကို ဆက်တိုက်ကြားနေရသည်။ သို့သော် အီယွန်းအတွက်မူ ထိုအသံက မြင်းနှင်တံနှင့် ရိုက်​မောင်းခံရသည်ထက် ပို၍ပူပန်ကြောင့်ကြစေသည့် တိုက်တွန်းမှုပင်။

အီယွန်း ခေတ္တ တွေဝေနေစဉ် ဂွမ်ချယ်ဝူက အီယွန်း၏ ယောနိကို ထပ်မံ ပွတ်သပ်ရန် အနေအထား ပြင်လိုက်သဖြင့် အီယွန်းလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

“သိပါပြီ။”

“…….”

“Skinship ကလွဲလို့ ဘာပဲဖြစ်ဖြစ် တစ်ခုခု လုပ်ပေးပါ့မယ်။”

“ဘာပဲဖြစ်ဖြစ်လား။”

အီယွန်းက တံခါးဘက်ကို ခိုးကြည့်ရင်း အသည်းအသန် ခေါင်းညိတ်ပြလိုက်၏။

ထိုအခါမှ ထိုလူက ကျေနပ်စွာပြုံးကာ အီယွန်း၏ ကိုယ်ပေါ်မှလက်ကို အကုန်ဖယ်ပေးခဲ့သည်။

ဂွမ်ချယ်ဝူ ခုတင်ပေါ်မှ ထရပ်လိုက်သည့် ခဏမှာပင် ဆရာဝန်က တံခါးဖွင့်၍ ဝင်လာ၏။ အီယွန်းတစ်ယောက်ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးကွယ်ရန် အချိန်မရလိုက်ဘဲ ကူကယ်ရာမဲ့စွာ တောင့်တင်းသွားရသည်။

သို့သော် အီယွန်းထက် တစ်လှမ်းဦးသွားသော ဂွမ်ချယ်ဝူက အီယွန်းကို စောင်ဖြင့်အုပ်ပြီး ရားဟူသော အသံနှင့်အတူ ထိုစောင်ပုံအတိုင်း မင်းသမီးလေးကို ပွေ့ချီသလို ပွေ့ချီလိုက်၏။

“ဪ၊ ဪ……”

တံခါးဝတွင် ရပ်နေသော ဆရာဝန်လည်း ထိုနေရာမှာတင် အေးခဲသွားကာ စကားများ ထစ်ကုန်တော့သည်။ ဂွမ်ချယ်ဝူက အီယွန်း၏ ဆံပင်လေးတစ်မျှင်ကိုပင် မြင်သွားမည် စိုးသည့်အလား စောင်ကို ဦးခေါင်းထိပ်အထိ ဆွဲတင်ပေးလိုက်၏။

“မူလတန်းမှာ စာရိတ္တ မသင်ခဲ့ရဘူးလား။”

ကျူးကျော်သူကို စိုက်ကြည့်နေသည့် အကြည့်တို့က အေးစက်လှသည်။

သူက အကြောင်းမရှိ ရန်စကားပြောရင်း ပထမထပ်သို့ ဆင်းသွား၏။ ဆရာဝန်ခမျာ အိပ်ရာပေါ်တွင် ပြန့်ကြဲနေသော အီယွန်း၏ ဘောင်းဘီနှင့် ဇာပန်တီလေးကိုကြည့်ရင်း ဆွံ့အကာ ကျန်ရစ်ခဲ့လေတော့သည်။

~~~~

“ချပေးပါဆို။”

အခန်းထဲရောက်သည်မှာ ကြာပြီဖြစ်သော်လည်း ယခုအထိ မိမိကို ပွေ့ချီထားဆဲဖြစ်သည့် လူကို အီယွန်းက အော်ပြောလိုက်သည်။ စောင်ပုံထဲတွင် ပူလောင်အိုက်စပ်နေချေပြီ။

ထိုအခါ ခေါင်းအထိ လုံအောင်ခြုံထားသည့် စောင်က အောက်သို့ လျှောကျသွားကာ သူနှင့် မျက်လုံးချင်း ဆုံသွားတော့၏။

“……”

“……”

ဂွမ်ချယ်ဝူက မျက်မှောင်ကြုတ်လျက် အီယွန်းကို စိုက်ကြည့်နေသည်။

“ကိုယ်က အခုအထိ ဒီအိမ်ရဲ့ လျှို့ဝှက်နံပါတ်ကိုတောင် မသိသေးဘူး။”

နဂိုကမှ အကဲဆတ်လှသော သူ၏ မျက်ခုံးအစုံက ပို၍ပင် ကျုံ့သွား၏။

“ဒါပေမဲ့ ဟိုကောင်ကတော့ ဘာမှမဖြစ်သလိုမျိုး နှိပ်ပြီးဝင်လာတယ်။”

“…….”

ကျွန်မလည်း အနောက်တံခါးနံပါတ်ကို မသိရပါဘူးရှင်။

ဤစကားကို မည်သို့ပြောရမည်နည်းဟု အီယွန်းတစ်ယောက် မျက်လုံးလေးကို ဟိုလှည့်ဒီလှည့် ကစားနေမိသည်။

အနောက်တံခါးကို ဆေးအဖွဲ့သားများသာ သုံးခဲ့ကြခြင်းဖြစ်ကာ ဒုတိယထပ်ကိုလည်း ဂွမ်ချယ်ဝူ၏ အစ်ကိုသာ ပြင်ပေးထားသောကြောင့်ပင်……

“လျှို့ဝှက်နံပါတ်က ဘာလဲ။”

သူသာ အတင်းအကျပ် မေးမြန်းလာလျှင် အီယွန်းဘက်မှ ပြန်ပြောစရာ စကားမရှိတော့ပေ...

“အကယ်၍ ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ပဲဖြစ်ဖြစ်၊ အီယွန်းရဲ့ မွေးနေ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အီယွန်းရဲ့ ဖုန်းနံပါတ်ပဲဖြစ်ဖြစ် အဲ့ဒီကောင်က သဘာဝကျကျလေး နှိပ်ပြီးဝင်လာတာဆိုရင်တော့ ကိုယ် တကယ် ငြိမ်ခံနေမှာ မဟုတ်ဘူး။”

“……”

ဘယ်၊ ဘယ်သူ့ကိုလဲ……။ အီယွန်းတစ်ယောက် ပုခုံးလေးများ တောင့်တင်းသွားရသည်။

“အခု ကြည့်လိုက်တော့မှ ကိုယ်က ဘာတစ်ခုမှ မသိသေးပါလား။”

သူက ခက်ခက်ခဲခဲ တံတွေးမျိုချရင်း မျက်နှာပျက်သွားသည်။

“ကိုယ်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့၊ အီယွန်းရဲ့ မွေးနေ့၊ ဖုန်းနံပါတ်။”

“…….”

“သိတာ တစ်ခုမှ မရှိဘူး။”

သူက အီယွန်းကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း အီယွန်း၏ ပုခုံးလေးပေါ်သို့ ခေါင်းမှီထားလိုက်သည်။ ခေါင်းကို မည်မျှအထိ အတင်းတိုးဝှေ့နေသလဲဆိုလျှင် စောင်အခုအခံရှိသော်လည်း အီယွန်း၏ပုခုံးများ နာကျင်လာရသည့် အတိုင်းအတာအထိပင်။

“ကိုယ်က ခင်ပွန်းဖြစ်ရဲ့သားနဲ့ သူစိမ်းတွေလောက်တောင် အီယွန်းအကြောင်း မသိဘူး။ အဲ့ဒီလိုဖြစ်တိုင်း စိတ်တိုလွန်းလို့ ရူးတော့မလိုပဲ။”

နားရွက်နားသို့ လာထိသော သူ၏ ပါးပြင်က ပူနွေးနေသည်။

“အရင်ကသာဆိုရင် အကုန် သိနေခဲ့မှာကို။”

ဟင့်အင်း၊ အဲ့ဒီတုန်းကလည်း မသိခဲ့ပါဘူး……။

အီယွန်းက ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသော အမူအရာကို အမြန်ပြင်ကာ သူ့ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။

“……ရ၊ ရပါတယ်။ ဂွမ်ချယ်ဝူက ဒဏ်ရာရထားတယ်မဟုတ်လား။”

“ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်ဘူး။”

သူက အေးစက်သောလေသံဖြင့် တီးတိုးရေရွတ်ခဲ့သည်။

“အရင်ဆုံး အနောက်တံခါး လျှို့ဝှက်နံပါတ်ကနေပဲ စရအောင်။ အီယွန်းရဲ့ ဘဝတစ်လျှောက်လုံးကို အကုန်သိနေမှပဲ ကိုယ် စိတ်ကျေနပ်နိုင်မှာမို့လို့။”

“ဟင်……”

အာခေါင်ပင် ခြောက်လာရသည်။

……မဖြစ်ဘူး။

မလိုအပ်ဘဲ သိလိုစိတ်များလာ၍ မဖြစ်ပေ။

ဂွမ်ချယ်ဝူက အိမ်တွင်းရေးကိစ္စများကို သင့်တော်ရုံလောက်သာ စိတ်ဝင်စားလျှင် ကောင်းမည်။ သို့သော် မှတ်ဉာဏ်ပျောက်နေသည့် ‘ကိုယ့်ကိုယ်ကိုယ်’ နှင့် အသားကျသွားသောအခါ သူ၏ စိတ်ဝင်စားမှုက မလွဲမသွေ ကျယ်ပြန့်လာ၏။

အီယွန်းနှင့် အီယွန်း၏ ပတ်ဝန်းကျင်ဆီသို့။

သူ၏အတိတ်၊ မိသားစု သို့မဟုတ် ဝါသနာအကြောင်းကို သိပ်မမေးသော်လည်း အီယွန်းနှင့် ပတ်သက်လာလျှင်မူ ထူးဆန်းသော စွဲလမ်းမှုကို ပြခဲ့သည်။

သို့သော် ဂွမ်ချယ်ဝူ အရာအားလုံးကို သိရန်ကြိုးစားသလောက် အီယွန်း၏ နမော်နမဲ့ ဆင်ခြေများက ချက်ချင်းပင် ပေါ်သွားရပေမည်။

ခေါင်းခဲစရာပင်။

“……ဂွမ်၊ ဂွမ်ချယ်ဝူရှင့်။”

ယခုကဲ့သို့သော လူ၏ အာရုံကို လွှဲပြောင်းပေးနိုင်သည်မှာ...

“ဒါနဲ့လေ ကျွန်မက အဲ့ဒီလို အသံမျိုး တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးအကြိမ် ထွက်ဖူးတာပါ။”

လောလောဆယ်တွင် လိင်မှုကိစ္စသာ ရှိပေသည်။

“……”

မော့ကြည့်လာသော သူ၏ မျက်လုံးများက ရီဝေဝေဖြစ်သွားသည်။ အကြည့်က ချက်ချင်းပင် ကြောင်တောင်တောင်ဖြစ်သွားပုံထောက်လျှင် အီယွန်း၏ အကွက်က ကွက်တိမှန်သွားပုံပင်။

“ဂွမ်ချယ်ဝူက ကျွန်မနဲ့ အဲ့ဒီလိုမျိုး ဆက်ပြီး လုပ်ချင်တာလား။”

အီယွန်းက လက်လေးကို အသာထုတ်ပြီး သူ၏ နှုတ်ခမ်းကို ထိလိုက်သည်။ ထိုအခါ သူက မျက်မှောင်ကြုတ်ကာ တစ်ဖက်သို့ လှည့်သွား၏။ ရယ်စရာကောင်းသည်က သူ၏ နားရွက်ဖျားလေးများ နီရဲနေခြင်းပင်။

“အဲ့ဒီလိုလုပ်ဖို့ဆိုရင် ဂွမ်ချယ်ဝူ အမြန်နေကောင်းမှ ဖြစ်မှာပေါ့။ ကျွန်မက သစ်ပင်တွေပဲ ကိုင်ဖူးတာဆိုတော့ သာမန်လေး မာရုံလောက်နဲ့ သိပ်ပြီး မထူးဆန်းဘူးလေ။”

“…….”

“အမြန်လေး ပတ်တီးတွေ စနစ်တကျပတ်ပြီး မြန်မြန် ပြန်ကျန်းမာလာအောင် လုပ်ပါ။”

“……အခု တမင် ဒီလိုလုပ်နေတာလား။”

သူက မေးရိုးကို တင်းတင်းစေ့ထားသော်လည်း အကြည့်ချင်းတော့ မဆုံရဲခဲ့ပေ။ သူ၏ လည်စေ့က စိတ်လှုပ်ရှားခြင်းကြီးစွာ လှုပ်ရှားနေသည်။

“အီယွန်းက ကိုယ့်ကို ဘယ်လောက်အထိ အသုံးမကျတဲ့ကောင်ဖြစ်အောင် လုပ်ဦးမလို့လဲ။ အခု ကြည့်ရင်းကြည့်ရင်း သစ်ပင်နဲ့ပါ……”

ဂွမ်ချယ်ဝူက စိတ်တိုတိုဖြင့် စုတ်သပ်လိုက်ရင်း စကားကို အဆုံးမသတ်ဘဲ ချန်ထားခဲ့သည်။

သူက အီယွန်းကို အိပ်ရာပေါ်သို့ ညင်သာစွာ ချပေးပြီးနောက် အီယွန်းနှင့် မျက်လုံးချင်း ဆုံလိုက်၏။

“ဒါဆို မျှော်လင့်နေလို့ ရတယ်ပေါ့။”

“ရှင်။”

“သစ်ပင်ပဲ ကိုင်ဖူးတယ်ဆိုတဲ့ အီယွန်းရဲ့ လက်ဖဝါးလေးကိုလေ။”

“……”

“ကိုယ် မြန်မြန် နေကောင်းအောင် လုပ်ပါ့မယ်။”

ရယ်ချင်စိတ်ကို အောင့်ထားရသည့်အလား သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက သိသိသာသာ လှုပ်ရှားနေသည်။

ဂွမ်ချယ်ဝူ ထွက်သွားပြီးနောက် ကျန်ရစ်ခဲ့သည့်နေရာ။

အီယွန်း ဒူးပေါ် မျက်နှာအပ်လိုက်သည်။ ရင်ထဲတွင် ဘယ်နေရာကမှန်းမသိ သိသိသာသာ မှောင်မိုက်လာ၏။ ယခုကဲ့သို့သော မိမိကိုယ်မိမိ အသေအလဲ မုန်းမိတော့သည်။

ထိုညတွင်။

“တကယ် ငိုချင်နေတဲ့သူက ဘယ်သူလဲလို့……”

အီယွန်းက အိပ်မက်ဆိုး မက်နေသည့်အလား ရှိုက်ငိုနေသော လူကို မေးထောက်လျက် ကြည့်နေမိသည်။

နေ့ခင်းဘက်တွင် ခက်ထန်ကာ၊ ညစ်ကျယ်ကျယ်နိုင်ပြီး အရာရာကို အစွန်းရောက်အောင် လုပ်တတ်သည့် လူက ညဘက်ရောက်လျှင် ကမ္ဘာပေါ်တွင် အားအငယ်ဆုံးသော ကောင်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားတတ်၏။ အီယွန်း၏ မျက်ခုံးလေးများ အသာအယာ လှုပ်ရှားသွားတော့သည်။

“……သွား။”

“…….”

“...လာမယ်……”

ယခုအထိ နားမလည်နိုင်သော တစ်ကိုယ်တည်း ရေရွတ်သံများဖြစ်သော်လည်း အီယွန်းကမူ ရိုးနေပြီဖြစ်သည့် မျက်နှာထားဖြင့် သူ၏ မျက်ရည်များကို သုတ်ပေးလိုက်သည်။

ဂွမ်ချယ်ဝူ၏ ညဉ့်နက်ပိုင်းအချိန်များအား ခိုးကြည့်နေရသည်ကို ဘာကြောင့်မှန်းမသိ ရင်ထဲ လေးလံလာရ၏။

တကယ်ပဲ ဒီလူ ဘာတွေများ ဒီလောက်တောင် ဝမ်းနည်းနေရတာပါလိမ့်။

အချို့နေ့များတွင် တစ်စုံတစ်ယောက်ကို ရှာနေတတ်ကာ၊ အချို့နေ့များတွင် ပုန်းကွယ်ပြီး၊ အချို့နေ့များတွင်မူ ထွက်ပြေးနေတတ်၏။ အီယွန်းက တဆတ်ဆတ် တုန်ယင်နေသော ထိုလူ၏ နှုတ်ခမ်းများကို ကြည့်မနေနိုင်တော့ဘဲ နေရာမှ ထရပ်လိုက်သည်။

“…….”

ယနေ့မှ ငိုနေသည့်လူကို ဒီအတိုင်း မထားလိုသောကြောင့်ပင်။ သူက တွေဝေမနေဘဲ ပထမထပ်သို့ ဆင်းလာခဲ့သည်။

မြေဆီလွှာနှင့် ဟင်းခတ်အမွှေးအကြိုင်နံ့များ ပြည့်နှက်နေသော ရုံးခန်းထဲတွင် ကြမ်းတမ်းလှသော ပစ္စည်းများသာ ပြည့်နှက်နေ၏။

အီယွန်းက အံဆွဲဟူသမျှ အကုန်ဖွင့်ကာ ခေတ္တကြာအောင် ရှာဖွေပြီးနောက် နောက်ဆုံးတွင် အောက်ခြေမှ ဟောင်းနွမ်းနေသည့် CD ချပ်တစ်ခုကို ထုတ်လိုက်သည်။

“အာ……”

ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားသော အပြုံးလေးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။

ထိုအရာက အီယွန်း သူစိမ်းတစ်ယောက်ဆီမှ ပထမဆုံး ရရှိခဲ့သည့် လက်ဆောင်ဖြစ်သလို၊ ပထမဆုံးသော သစ်ပင်နှင့် ပတ်သက်သည့် အမှတ်တရများ ပါဝင်နေသော ပစ္စည်းလည်း ဖြစ်ပေသည်။ မှိန်ဖျော့နေသော CD မျက်နှာပြင်ကို ပွတ်သပ်နေသည့် လက်ချောင်းလေးများက တုန်ရီနေ၏။

ဂန္တဝင်ဂီတပင်။ သူက အနောက်ဘက်တွင် ရေးထားသည့် ခေါင်းစဉ်များအနက်မှ တစ်ခုကို ဖုန်းထဲသို့ ကူးရေးလိုက်ပြီးနောက် CD ကို အံဆွဲထဲသို့ ပြန်ထည့်လိုက်သည်။

ဒုတိယထပ်သို့ တက်လာသည့် ခြေလှမ်းများက ပေါ့ပါးနေ၏။ အီယွန်းက ဂွမ်ချယ်ဝူ၏ ဘေးတွင် ပြန်လှဲလိုက်ကာ စမတ်ဖုန်းဖြင့် သီချင်းကို ရှာဖွေပြီး ဖွင့်လိုက်သည်။

『Bach : Suite For Cello Solo No.1 In G, BWV 1007 - 1. Prelude』

Bach ၏ Solo Cello Suite No.1 Prelude

အိပ်ခန်းမီး မှိန်မှိန်လေးသာ လင်းနေသောအခန်း။

အမျိုးသား၏ ညည်းတွားသံများသာ လရောင်လို စုဝေးနေသည့် ညဉ့်နက်ပိုင်းတွင် ငြိမ့်ညောင်းသော တေးသွားလေးက ရောယှက်ဝင်ရောက်လာသည်။

အီယွန်းက သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါစေဟူသော ဆုတောင်းမျိုးဖြင့် လွမ်းဆွတ်ဖွယ် တေးဂီတကို နားထောင်နေမိ၏။

ထို့နောက် ပထမဆုံးအကြိမ်အဖြစ်...

ထိုလူ၏ ငိုသံများ တဖြည်းဖြည်း တိတ်သွားတော့သည်။

~~~~

“သွားပြီး ပြုံးနေရုံလေးဆိုရပြီလို့ ပြောနေတာကို။”

“အဲ့ဒီလိုဆိုပေမဲ့လည်း အဲ့ဒါကြီးကိုတော့ လုံးဝ မဝတ်ချင်ပါဘူး။”

အီယွန်းက မျက်မှောင်ကြုတ်လျက် ခေါင်းကို ဆတ်ခနဲ လွှဲလိုက်သည်။ ချူဂျာက ပလတ်စတစ်အိတ်အကြည်ဖြင့် ထုပ်ထားသော ညနေခင်း ပွဲတက်ဂါဝန်ကို လှုပ်ယမ်းရင်း “ရှူး” ဟု အသံပြုကာ မျက်လုံးပြူးကြည့်လိုက်၏။

ယနေ့ကား စိုက်ပျိုးရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဂျူရင်း ပျိုးပင်ဥယျာဉ် ဥက္ကဋ္ဌ၏ နှစ် ၄၀ ပြည့် နှစ်ပတ်လည် ဂုဏ်ပြုပွဲနေ့ပင်။

စိုက်ပျိုးရေးနှင့် သစ်တောလုပ်ငန်း လုပ်ကိုင်သူများအကြားတွင် ဥက္ကဋ္ဌ အင်မ်မှာ မရှိမဖြစ် အရေးပါသည့် ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်သလို၊ ဒေသခံ ဩဇာရှိသူလည်း ဖြစ်သဖြင့် ယခုလို နေ့မျိုးတွင် မျက်နှာပြရမည်မှာ ချူဂျာ၏ မပြောင်းလဲသော ခံယူချက်ဖြစ်၏။

သို့သော် အီယွန်း အသေအလဲ ငြင်းဆန်နေရသည့် အကြောင်းရင်းမှာ အခြားကြောင့်မဟုတ်ဘဲ ချူဂျာ ကိုင်ထားသည့် အဝတ်အစားကြောင့်ပင်။ ထိုအကြည့်ကို ရိပ်မိသွားသော ချူဂျာက ဦးအောင် အစပျိုးလိုက်သည်။

“ဘာလို့လဲ။ ပေါ်တာလည်း မပါဘူး၊ သေသပ်နေတာပဲကို။”

အီယွန်းက ခန္ဓာကိုယ် လုံခြုံအောင် ဝတ်ဆင်ရသည်ကို ပိုနှစ်သက်သူဖြစ်သဖြင့် ချူဂျာလည်း ဤဂါဝန်ကို အသေအချာ ရွေးချယ်ခဲ့ရခြင်းပင်။

Square-neck ပုံစံဖြင့် တည်ငြိမ်သည့် Mermaid dress။

အစိမ်းရင့်ရောင်က ကျော့ရှင်းတင့်တယ်လှကာ ခြေသလုံးအထိ ကျနေသည့် အရှည်နှင့် ခါးကောက်ကြောင်းကို ပေါ်လွင်စေသည့် ပုံစံက အဆင့်အတန်းမြင့်လှသည်။

ထိုအရာကို မျက်နှာသေဖြင့် ကြည့်နေသော အီယွန်းက သူ၏ အိပ်ခန်းဘက်သို့ လက်ညှိုးထိုးပြရင်း ပြန်လည် အာခံခဲ့၏။

“ကျွန်မရဲ့ အဝတ်ဗီရိုထဲမှာလည်း ဝတ်သွားစရာ အင်္ကျီတွေ အများကြီး ရှိပါတယ်။”

“အဲ့ဒါတွေက အဝတ်အစား မဟုတ်ဘူး၊ အဝတ်စုတ်တွေဟဲ့။”

ချူဂျာက အလျှော့မပေးလိုသည့်အလား မျက်လုံးများဖြင့် စူးစူးစိုက်စိုက် ကြည့်ခဲ့သည်။

ထိုစဉ် ဒုတိယထပ်မှ ဂွမ်ချယ်ဝူ ဆင်းလာ၏။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment