no

Font
Theme

အပိုင်း ၅၈

သူက ပေါင်ပေါ်တွင်တင်ထားသော လင်ပန်းကို ဘေးစားပွဲပေါ်သို့ တင်လိုက်ကာ အီယွန်းနှင့် မျက်လုံးချင်းဆုံနိုင်ရန် ကိုယ်ကို အောက်သို့နှိမ့်ချခဲ့သည်။

သို့သော်လည်း ဖြူကောင်လေးလို တစ်ကိုယ်လုံးကို အားတင်းကာ ခုခံနေသော အီယွန်းက နူးညံ့ပြီး ကြောက်တတ်သလို ထိုမျက်လုံးလေးများကို လွယ်လွယ်နှင့် မပြခဲ့ပေ။

“မိသွားလိမ့်မယ် မထင်... အဲလေ၊ ဟင့်အင်း၊ ကိစ္စတွေက ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့တာပါ။”

ဂွမ်ချယ်ဝူက တဆတ်ဆတ်တုန်နေသော အီယွန်း၏ လက်ကောက်ဝတ်လေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

“အီယွန်း။ ကိုယ့်ကို ကြည့်ပါဦး။”

အီယွန်းက ဇွတ်အတင်း ခေါင်းခါယမ်းနေသဖြင့် သူက အမှတ်တမဲ့ အီယွန်း၏ လက်ဖမိုးကို ပြွတ်ခနဲ အသံထွက်အောင် နမ်းလိုက်သည်။ အီယွန်း ဆတ်ခနဲတွန့်သွားသည်ကို မြင်လိုက်ရ၏။ ဂွမ်ချယ်ဝူက သေးငယ်သော ထိုလှုပ်ရှားမှုလေးကိုပင် ရင်ထဲစိမ့်နေအောင် ချစ်မြတ်နိုးကာ ကျေနပ်နေမိသည်။

“ပုန်းနေချင်တယ်ဆိုရင်လည်း ပုန်းခိုကျင်းထဲမှာ သေသေချာချာ ပုန်းမှပေါ့။”

လွတ်ထွက်သွားသော စောင်က အီယွန်း၏ ကိုယ်ကို တစ်ဖန်ပြန်၍ နွေးထွေးစွာ လွှမ်းခြုံသွားသည်။

ထိုသို့ပတ်ထားသော အီယွန်းကို ဂွမ်ချယ်ဝူက ပွေ့ချီလိုက်ကာ သူ၏ ပေါင်ကြားထဲတွင် အီယွန်းကို ချုပ်နှောင်ထားလျက် အနောက်မှနေ၍ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။ ဂွမ်ချယ်ဝူ၏ ကိုယ်အလေးချိန်နှင့် ကိုယ်ငွေ့က ထူးဆန်းသော လုံခြုံမှုမျိုးကို ပေးစွမ်းနေခဲ့သည်။

“ဒီတော့ တခြားယောက်ျားတွေနဲ့ ကိုယ့်ကို နှိုင်းယှဉ်ကြည့်ရတဲ့ ခံစားချက်က ဘယ်လိုလဲ။ အဲ့ဒီရလဒ်ကို ကိုယ် ကြားချင်တယ်။”

ထိကပ်နေသော ခန္ဓာကိုယ်အထက်ပိုင်းမှတစ်ဆင့် သူ၏ အသံတုန်ခါမှုက ပဲ့တင်ထပ်လာသည်။

အီယွန်းက စောင်ထဲတွင် လူးလွန့်လှုပ်ရှားရင်း အချိန်ဆွဲနေသော်လည်း ဂွမ်ချယ်ဝူက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးခဲ့၏။ ထိုအနေအထားက တဖြည်းဖြည်း သက်သောင့်သက်သာ ဖြစ်လာချိန်မှသာ အီယွန်းက ပါးစပ်ဟလာသည်။

“ဒီအတိုင်း ဘာအတွေးမှကို ဝင်မလာတာပါ။ အဲ့ဒီအချိန်မှာ ပြတင်းပေါက်အပြင်ဘက်က ဂွမ်ချယ်ဝူကို မြင်လိုက်ရလို့လေ။”

ခပ်လှမ်းလှမ်း အကွာအဝေးမှပင် တစ်ချက်ကြည့်ရုံနှင့် မှတ်မိခဲ့သော ထိုလူကို အီယွန်း ပြန်တွေးလိုက်မိသည်။ တဖြိုင်ဖြိုင် ရွာချနေသော မိုးစက်များ၊ မနေ့က စိုထိုင်းဆ၊ ရွှဲရွှဲစိုနေသော ဂွမ်ချယ်ဝူ၏ ခန္ဓာကိုယ် စသည်တို့က အီယွန်း၏ မိဘအရင်းများအပေါ် ကျန်ရှိနေသော ပုံရိပ်လွှာများကို တဖြည်းဖြည်း ချေဖျက်ပေးခဲ့၏။

“အိမ်ကိုပဲ မြန်မြန်ပြန်ချင်ခဲ့တာပါ။”

“……”

“ဂွမ်ချယ်ဝူကို ခေါ်ပြီးတော့။”

အီယွန်းက ပါးစပ်ကို ပြန်၍ တင်းတင်းစေ့လိုက်သော်လည်း ဂွမ်ချယ်ဝူက အီယွန်းကို ကြေမွသွားမတတ် တင်းကျပ်စွာ ဖက်ခဲ့သည်။

“အီယွန်းလည်း ကိုယ့်ကို ကောက်ယူချင်ခဲ့တာပဲကို၊ ဘာလို့ ဒီလောက်တောင် နှိပ်စက်နေရတာလဲ။ ကိုယ့်ကို ကြည့်ပါဦး။”

အလင်းရောင်အောက်တွင် သူ့ကို မျက်နှာချင်းဆိုင်ရသည်မှာ အလွန်ပင် အနေခက်လှသော်လည်း အီယွန်းက ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်သည်။

“ကိုယ့်မှာ တစ်ခုခု ပြောင်းလဲသွားသလို မခံစားရဘူးလား။”

ဂွမ်ချယ်ဝူက ငါ့ရဲ့ ဟိုနေရာကို ကြည့်ခဲ့တာ။ ဂွမ်ချယ်ဝူက ငါ့ရဲ့ ဟိုနေရာကို လျက်ပေးခဲ့တာ။

လက်ခံရန် ခက်ခဲလှသော ထိုစကားလုံးအချို့ကြောင့် ရှက်သွေးဖြာကာ မျက်လုံးချင်း ကြာကြာမဆုံရဲပေ။ မျက်နှာတစ်ပြင်လုံးမှ ပူနွေးသော အငွေ့အသက်များက မြူနှင်းများပမာ ထွက်ပေါ်လာသည်။

လူတိုင်းက နေ့နှင့်ည၏ ကွာခြားချက်ကို ဤမျှအထိ ထင်ထင်ရှားရှား ခံစားပြီး ရှင်သန်နေကြခြင်းလား။ အီယွန်းတစ်ယောက် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ စိတ်မဝင်စားခဲ့ဖူးသော အရာများကို စိတ်ဝင်စားလာမိသည်။ ယခင်က သူ့အဖို့ နေ့နှင့်ညကို ခွဲခြားရခြင်းမှာ ထွေထွေထူးထူး အဓိပ္ပာယ်မရှိခဲ့သောကြောင့်ပင်။ ဧကန္တ ဤသည်က အတွေ့အကြုံသစ်တစ်ခု ဖြစ်ပေလိမ့်မည်။

“အမ်……”

အီယွန်းက အမှတ်မထင် မေးလာသော မေးခွန်းကြောင့် ဂွမ်ချယ်ဝူကို သေသေချာချာ စိုက်ကြည့်လိုက်သည်။

အသိစိတ်လွတ်လုနီးပါး ဖြစ်နေခဲ့သော မနေ့ကနှင့်မတူဘဲ တည်ငြိမ်စွာ ကိုယ်ပိုင်အရောင် ပြန်လည်ရရှိထားသည့် ပယင်းရောင်မျက်ဝန်းများ၊ လည်ပင်းအထိ ကြယ်သီးကို သေသေချာချာ တပ်ထားသော အဝတ်အစား၊ သပ်ရပ်စွာ ဖြီးသင်ထားသော ဆံပင်၊ အပြစ်ကင်းစင်ပုံရသော အကြည့်တို့က ပုံမှန်လို အီယွန်းကိုသာ စိုက်ကြည့်နေတတ်သည့် ဂွမ်ချယ်ဝူ၏ ပုံစံအတိုင်းပင်။

သို့သော်လည်း ထိုပုံရိပ်ပေါ်တွင် အကုန်ဖရိုဖရဲဖြစ်နေကာ အကြောများထောင်ထလျက် မိမိကို ဖြဲကြည့်နေခဲ့သော ပုံရိပ်က ထပ်တူကျလာ၏။ အပူရှိန်တက်လာသော အီယွန်းတစ်ယောက် မျက်တောင်များကို ခပ်မြန်မြန်ခတ်ရင်း ချောင်းဟန့်လိုက်သည်။

“အင်း……. နည်းနည်း ပိုကြည့်ကောင်းလာသလိုပါပဲ……”

ယုံကြည်ချက်မရှိဘဲ ထွက်လာသော အသံကြောင့် ဂွမ်ချယ်ဝူက ရုတ်တရက် နှုတ်ခမ်းလေး အနည်းငယ် ဟသွားသည်။ သူ၏ အမူအရာ ထူးဆန်းစွာ ပြောင်းလဲသွားသည်ကို သတိထားမိသွားသော အီယွန်းက တစ်ဖန် ပျာပျာသလဲ စကားပြောင်းလိုက်ပြန်၏။

“မဟုတ်ဘူးလား။ အာ၊ ဒါဆိုရင်…… အသားအရေ ကောင်းလာတာလား။”

ဂွမ်ချယ်ဝူက မအောင့်နိုင်ဘဲ ဖစ်ခနဲ ရယ်လေတော့သည်။ ချစ်ခင်မြတ်နိုးမှုများ အပြည့်စွက်လျက် အီယွန်းကို စိုက်ကြည့်နေသော အကြည့်တို့က နက်ရှိုင်းကာ ပူလောင်လှ၏။ ဘာကြောင့်မှန်းမသိ ထိုအကြည့်တစ်ချက်က ဝတ်လစ်စားလစ်ဖြစ်နေရသည်ထက် ပို၍ ရှက်စရာကောင်းသည်ဟု အီယွန်း တွေးမိလိုက်သည်။

“ချီးကျူးပေးတာ ကျေးဇူးတင်ပေမဲ့ မနက်နိုးလာတော့ မျက်လုံးတစ်ဝိုက်က သန့်ရှင်းနေလို့လေ။”

“……ရှင်။”

ဝိုင်းစက်သွားသော မျက်လုံးလေးများက ပြောင်လက်ကာ လှပလွန်း၏။ ဂွမ်ချယ်ဝူက ရုတ်တရက် ခေါင်းငုံ့ကာ အီယွန်း၏ နှုတ်ခမ်းလေးများကို စုပ်ယူလိုက်သည်။ ပူနွေးနေသော အသားစိုင်လေးကို ရစ်ပတ်ပွတ်တိုက်လိုက်သည့် ခဏမှာပင် ထိုလူလည်း ထိုနေရာ၌ပင် အရည်ပျော်ကျသွားရတော့၏။ အစကတည်းက ပူနွေးသောလျှာ မည်သည့်နေရာကို ထိလိုက်သည်ဖြစ်စေ နူးညံ့သော ခရင်မ်များအလား ချက်ချင်းပင် ပျော့ပျောင်းသွားလေသည်။

“ငိုထားတဲ့ အရိပ်အယောင် မရှိတော့လို့ပါ။”

“……”

ပြန်စဉ်းစားကြည့်မှ အရုဏ်တက်ချိန်က တိတ်တဆိတ် ထွက်လာစဉ်တွင်လည်း ဂွမ်ချယ်ဝူ၏ ရှိုက်သံကို မကြားခဲ့ရပေ။ အီယွန်း တကယ်ပင် အံ့အားသင့်သွားသည့်ဟန်ဖြင့် နဖူးလေး တွန့်သွားသည်။ မိမိကိုယ်တိုင်ပင် မသိလိုက်ဘဲ ပြုံးပျော်သွားသည်ကို ဂွမ်ချယ်ဝူက စိုက်ကြည့်နေ၏။

“အီယွန်းကရော အကြောင်းရင်းက ဘာလို့ ထင်လဲဟင်။”

“……မပြောတတ်ပါဘူး။”

အီယွန်း တည်ကြည်လေးနက်စွာ စဉ်းစားနေစဉ် သူက အဓိပ္ပာယ်ပါပါ ပြုံးခဲ့သည်။

“ကိုယ်ကတော့ သိနေသလိုပဲ။”

~~~~

ဂွမ်ချယ်ဝူ စောင့်ကြည့်နေသည့်အောက်တွင် ဆန်းဒဝစ်ခ်ျကို ဒရောသောပါးစားကာ နေရာမှထွက်လာခဲ့ပြီးနောက် အီယွန်း ရုံးခန်းထဲတွင် နှစ်နာရီဆက်တိုက် အောင်းနေခဲ့သည်။ အခန်းအပြင်မှ ဂွမ်ချယ်ဝူ ပန်းကန်ဆေးနေသည့်အသံဖြစ်စေ၊ ဖုန်စုပ်စက် လှည့်နေသောအသံများကိုဖြစ်စေ ဝေဝါးစွာ ကြားနေရ၏။

မမြင်ရသော်လည်း သူ၏ လှုပ်ရှားမှုများကို မျက်စိထဲတွင် မြင်ယောင်နေသည်။ အပြင်ဘက်ကို အသေအလဲ စိတ်ရောက်နေသော်လည်း အီယွန်းတစ်ယောက် သူ၏ မျက်နှာကို တည်တည်ငြိမ်ငြိမ် ကြည့်နိုင်စရာ သတ္တိမရှိသေးပေ။

“အိပ်မက်ဆိုးတွေကလည်း sex ကိုတော့ ရှောင်ဖယ်ပေးကြပုံပဲနော်။”

သူ၏ ညစ်ကျယ်ကျယ် အသံက နားထဲတွင် ကပ်ငြိနေသလိုပင်။

တော်သေး၍ ထိုလူက ရုံးခန်းတံခါးကို ဝုန်းခနဲ ဖွင့်ဝင်မလာခဲ့သဖြင့် အီယွန်း နားရွက်ကို အားရပါးရ ပွတ်သပ်ရင်း အတွေးစကို လွှဲပြောင်းရန် ကြိုးစားနေခဲ့သည်။

ဒုတိယအဆင့် ပြိုင်ပွဲကျင်းပရန် တစ်ရက်အလို၊ သာမန်မဟုတ်သော နေ့တစ်နေ့ပင်။

ထိုသို့ အသက်ရှူကျပ်စရာကောင်းသော မနက်ခင်းကို ဖြတ်သန်းပြီးနောက် အီယွန်းလည်း နောက်ဆုံးတွင် ခြံထဲသို့ထွက်ကာ ပန်းခင်းကို ရှင်းလင်းရန် ဆုံးဖြတ်လိုက်၏။

အရင်ဆုံး မျက်စိနောက်စရာ ပေါင်းမြက်များကိုနှုတ်ကာ ပိုက်ဖြင့် ရေဖျန်းပေးနေချိန်တွင်…

“ဆေးရုံအုပ် ဆိုအီယွန်း ရှိပါသလား…”

​အမြဲစိမ်းထင်းရှူးပင်ဆေးရုံ၏ တံခါးကြီး ဝှစ်ခနဲ ပွင့်သွားလေသည်။ ပါတီခန်းမတွင် မြင်တွေ့ခဲ့ရသော ခန့်ညားထည်ဝါသည့်ပုံစံက ဘယ်ဆီဘယ်ဝယ် ရောက်သွားသည်မသိ၊ ပွယောင်းယောင်း ဂျာကင်အင်္ကျီအောက်တွင် နစ်မြုပ်နေသည့် ဂျူဒုံမီက ခြံထဲသို့ ဝင်လာနေခြင်းပင်။ အီယွန်းနှင့် မျက်လုံးချင်း တည့်တည့်ဆုံသွားသော သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“မင်္ဂလာပါရှင့်။”

ရင့်ကျက်သလိုလိုနှင့် ညစ်ကျယ်ကျယ်နိုင်သောအကြည့်၊ စည်းကမ်းရှိသည်လား၊ လူပါးဝသလား ခွဲခြားမရသော လေသံ။ တစ်သတ်မတ်တည်း စီးဆင်းနေသော ရေအလျဉ်က တစ်ချက်တုန်ယင်သွားသည်။

“……မင်္ဂလာပါရှင့်။ ဒါနဲ့ ဂျူဒုံမီက ဒီကို ဘယ်လိုကိစ္စနဲ့……”

အီယွန်းက ရေဘုံဘိုင်ခေါင်းကို ပိတ်လိုက်ရင်း စကားကို အဆုံးမသတ်ဘဲ ထားလိုက်သည်။

ထင်ထားသည့်အတိုင်း ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်နေသော ဂျူဒုံမီက တစ်စုံတစ်ယောက်ကို ရှာနေသည့်ပုံပင်။ အီယွန်း၏ မျက်နှာက ချက်ချင်း ညှိုးမှိုင်သွားသော်လည်း ဤသည်က လူမှုရေးလောက၏ အစိတ်အပိုင်းဖြစ်ကြောင်း မမေ့ခဲ့ပေ။

“ဟိုတစ်ခေါက်က အဲ့ဒီဝန်ထမ်းရော အလုပ်မလာသေးဘူးလားရှင့်။”

“မဟုတ်ပါဘူး၊ အထဲမှာ ရှိတော့ရှိပေမဲ့……”

ထိုစကားအဆုံးတွင် ဂျူဒုံမီ၏ မျက်နှာက နွေရာသီနေ့တစ်နေ့လို တောက်ပသွားတော့သည်။

“သူ့ကို ပြောစရာကိစ္စလေးရှိလို့ အားနာနာနဲ့ပဲ လိုက်လာခဲ့တာပါ။”

အီယွန်းတစ်ယောက် အကြောင်းမဲ့ ပျော့အိအိ ရေပိုက်ကိုသာ ခပ်တင်းတင်း ညှစ်နေမိသည်။

“ဒါဆို ခဏလောက် အထဲဝင်လို့ရမလားရှင့်။”

အီယွန်း ချက်ချင်း ပြန်မဖြေနိုင်မီမှာပင် ဂျူဒုံမီက အခက်တွေ့နေသည့်ဟန်ဖြင့် နားထင်ကို ကုတ်လိုက်သည်။

“ဒီနေ့တော့ ဘာကိစ္စပဲရှိရှိ ဆက်ဆက် သွေးဆောင်ဖြားယောင်းမှ ဖြစ်မှာကို……”

သူ့ဘာသာ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သောစကားကြောင့် အီယွန်း၏မျက်နှာက အနည်းငယ် တင်းမာသွားရ၏။

“……ဟို၊ ဂျူဒုံမီရှင့်။”

အီယွန်း တိုးတိုးလေးခေါ်လိုက်တော ဂျူဒုံမီ၏ အကြည့်က သဘာဝကျကျပင် ဤဘက်သို့ ရောက်လာသည်။

“ကျွန်မ အဲ့ဒီတုန်းက သေသေချာချာ မပြောလိုက်မိတာ တစ်ခုရှိလို့ပါ။”

ဘောင်းဘီဘေးစကို တင်းတင်းဆုပ်ကိုင်ထားသော အီယွန်းက ခဲရာခဲဆစ် ပါးစပ်ဟလိုက်သည်။

အသေးအဖွဲကိစ္စမှသည် အရေးကြီးကိစ္စအထိ အီယွန်းက အမှန်အတိုင်းပြောရန် အမြဲတမ်း ကြောက်လန့်နေတတ်သူပင်။

မိဘအရင်းများက ညတွင်းချင်း ထွက်ပြေးသွားခဲ့ကြခြင်း။ အတူနေမိသားစုက သူ့ကို တစ်စက်ကလေးမှ ချစ်မပေးခြင်း။ ကဲ့ရဲ့ရှုတ်ချခံရမည့် ဇာစ်မြစ်ရှိခြင်း။ မြို့ငယ်လေးတွင် နေထိုင်စဉ်အတွင်း မည်သူကမျှ အီယွန်းကို အပေါင်းအသင်း မလုပ်ခဲ့ကြခြင်းအထိ။

ထိုအကြောင်းရင်းများစွာက အီယွန်းကို ဆုံးဖြတ်ချက်မပြတ်သားသူ၊ လှည့်ပတ်ပြောတတ်သူနှင့် လူတစ်ယောက်ကို စိတ်ရင်းဖြင့် မျက်နှာချင်းဆိုင်ရန် ဝန်လေးသူတစ်ဦး ဖြစ်စေခဲ့သည်။ အီယွန်းအဖို့ ဖုံးကွယ်ထားမှသာ သာမန်လူလို ရှင်သန်နိုင်မည်ဖြစ်သောကြောင့်ပင်။ သို့သော်လည်း မည်သို့ပင် ကြိုးစားစေကာမူ ပြောင်းလဲ၍မရသော အတိတ်က လေးလံလွန်းသဖြင့် ပခုံးများ ကိုင်းညွှတ်ကာ လက်ဖဝါးများ စိုစွတ်လာရသည်။

သို့သော်လည်း အီယွန်းက ပထမဆုံးအကြိမ် ပိုင်ဆိုင်ခဲ့ရသော အရာတစ်ခုကို ယခင်ကလို အားကိုးရာမဲ့စွာ အလုမခံချင်တော့ပေ။

ဘဝ၏ အရေးကြီးသော အလှည့်အပြောင်းတိုင်းတွင် သူ့ကို နှောင့်ယှက်ခဲ့ကြသော နာကြည်းဖွယ် ဝမ်းကွဲမောင်နှမများကို ရုတ်တရက် သတိရလိုက်မိသောကြောင့်ပင်။

“တကယ်တော့ အဲ့ဒီလူက ကျွန်မရဲ့ ဝန်ထမ်းမဟုတ်ပါဘူး။ ဝန်ထမ်းမဟုတ်ဘဲ……”

တစ်ချက် အသက်ရှူသွင်းလိုက်စဉ်အတွင်း ဂျူဒုံမီက မျက်လုံးအပြူးသား ဖြစ်သွားသည်။

“နေပါဦး၊ ဝန်ထမ်းမဟုတ်ဘူးလားရှင့်။ သစ်ပင်ဆေးရုံက ဝန်ထမ်းမဟုတ်ဘူးပေါ့လေ။”

ရုတ်တရက် မျက်နှာချင်းဆိုင်လာကာ မျက်လုံးချင်း စိုက်ကြည့်လာသော ဂျူဒုံမီ၏ အရှိန်အဝါကြောင့် ဆတ်ခနဲတွန့်သွားရသည်။ ကျယ်လာသော နှာခေါင်းပေါက်နှင့် စူးစူးစိုက်စိုက်ကြည့်နေသော အကြည့်တို့က ဖိအားပေးနေသလိုပင်။

“……ဟုတ်ကဲ့၊ ဝန်ထမ်းတော့ မဟုတ်ပါဘူး၊ အဲ့ဒီအစား ကျွန်မရဲ့…… ကျွန်မရဲ့ ယောက်….ပါ။”

အီယွန်းက ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သော်လည်း ဂျူဒုံမီက အံ့သြတကြီးဖြင့် ပြန်မေးလာသည်။

“အခု ဘာရယ်……ယောက်ျားတန်ဆာတဲ့လား။”

“ရှင်။”

ထူးဆန်းသော မေးခွန်းကြောင့် အီယွန်း ဖျတ်ခနဲ ခေါင်းမော့လာသည်။

“အဲ့ဒီလူက ဆေးရုံအုပ်ကြီးရဲ့ ယောက်ျားတန်ဆာတဲ့လား။ ဝါး….”

“…….”

[TL/N : အီယွန်းက 남편= ခင်ပွန်း/ယောက်ျား ဆိုပြီးပြောချင်တာပါ။

ဒါပေမဲ့ မရဲတရဲ တိုးတိုးလေးပြောလိုက်တော့ တစ်ဖက်လူက အရှေ့စာလုံးပဲကြားပြီး နောက်ကဟာကို တွေးချင်ရာဖြည့်တွေးလိုက်တာ။

သူက 남편 မဟုတ်ဘဲ 남근 ဆိုပြီး ထင်လိုက်တာ။

남근 က အမျိုးသားလိင်အင်္ဂါကို ပြောတာပါ။]

အီယွန်းတစ်ယောက် တစ်ဖက်လူ၏ စွမ်းအင်အောက်တွင် လုံးဝ နစ်မြုပ်သွားတော့သည်။ သူ ကြောင်တောင်တောင် ငေးကြည့်နေစဉ် ဂျူဒုံမီက ထိုနေရာ၌ပင် ခုန်ပေါက်နေတော့၏။

“ဆေးရုံအုပ်ကြီးက ရိုးပုံရိုးပန်းလေးနဲ့။ သိလိုက်ပါပြီ၊ ကျွန်မနဲ့ အမျိုးအစားတူတာပဲ။ တကယ်ကြီး အဲ့ဒီလို ထင်မထားခဲ့တာကို အရမ်း ဝမ်းသာသွားပြီ။”

ဂျူဒုံမီက ဖြူစင်ရိုးအပုံရသော အီယွန်းကို အထက်အောက် စုန်ဆန်ကြည့်လိုက်ပြီးနောက် လက်ဆွဲနှုတ်ဆက်ရန် ကမ်းလှမ်းလာသည်။ ကြောင်တောင်တောင်ဖြင့် ထိုလက်ကို ဆုပ်ကိုင်လိုက်မိသော အီယွန်းလည်း လိပ်ကလေးတစ်ကောင်အလား မျက်တောင်ကိုသာ ဖြည်းဖြည်းချင်း ခတ်နေမိတော့၏။

“ဒီခေတ်မှာ မိန်းမမှန်ရင် ယောက်ျားတန်ဆာတစ်ခုလောက်ကတော့ ရှိထားသင့်တာပေါ့။”

“……”

အီယွန်းက ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ အမြန်ပြန်ပိတ်လိုက်သည်။

ဒီလူက ဘာ၊ ဘာကြီးလဲ။ ချူဂျာ အသေးစားလေးများလား။

“ယောကျ်ားဆိုတာ အတူခေါ်နေရမှာ မဟုတ်ပါဘူး။ ဒီအတိုင်း ဘောင်းဘီထဲသာ ထည့်ထားလိုက်ပါ။”

အီယွန်းတစ်ယောက် သူ၏ အားမာန်များကြောင့် ကြောင်တောင်တောင်နှင့် ခေါင်းညိတ်လိုက်၊ ပြန်ပြီး ‘မဟုတ်ဘူး’ ဟု ခေါင်းခါလိုက် ဖြစ်နေတော့သည်။

ဂျူဒုံမီက ချူဂျာနှင့် ဆင်တူသယောင်ရှိသော်လည်း အခြေခံအားဖြင့် လုံးဝ ကွဲပြား၏။ ချူဂျာက ငြိမ်ငြိမ်လေးနေလျှင်ပင် ယောကျ်ားကို ဆွဲဆောင်တတ်သော အလှမျိုးရှိကာ ဒဏ်ရာများကို ခံစားရင်းနှင့်ပင် ယောကျ်ားတစ်ယောက်ကို ရင်ခွင်ထဲသို့ သိမ်းကျုံးသွင်းတတ်သူဆိုလျှင်…..

ဂျူဒုံမီကမူ ခြေလေးချောင်းပါသော အမသတ္တဝါအလား ကိုယ်တိုင် အမဲလိုက်ထွက်ကာ အဖိုကို ခြေတော်တင်ရုံသာတင်ပြီး တာဝန်ယူမည့်ပုံ မပေါ်ပေ။

“ကျွန်မတို့ ဆေးရုံအုပ်ကြီးက အရက်သောက်နိုင်လားဟင်။”

“ဟင့်အင်း။ သိပ်မသောက်နိုင်ပါဘူး……”

“ဝါး….ဒါဆို မမူးတဲ့အချိန်မှာတောင် အဲ့ဒီလိုလုပ်တာပေါ့။ ကျွန်မကတော့ အရက်မပါရင် စိတ်မပါတတ်ဘူး။”

ယခုမူ ဂျူဒုံမီက လက်ခုပ်တီးကာ သဘောတွေ့နေတော့သည်။

“ဒီလို နှာခေါင်းပေါက်လောက်ရှိတဲ့ ကျွန်းလေးမှာ ကျွန်မနဲ့ အမြင်ချင်းတူတဲ့ ရွယ်တူမရှိလို့ အထီးကျန်နေခဲ့တာကို ဒီလောက် အနီးအနားမှာ ယောက်ျားတန်ဆာအကြောင်း ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့ ဆေးရုံအုပ်ကြီးလို လူရှိနေတယ်တဲ့လား။ တကယ်ပဲ ရင်ထဲထိပါတယ်။ ကျွန်မက ရေကိုလည်း အရက်လိုသောက်နိုင်တဲ့သူမို့လို့ အဆင်ပြေအောင် ညှိပေးပါ့မယ်။ တစ်ရက်လောက်ချိန်းပြီး အပြတ်အသတ် သောက်ကြတာပေါ့။”

ဂျူဒုံမီက အရက်ခွက်ကို မော့သောက်သည့်ပုံစံလုပ်ပြရင်း မျက်စပစ်ပြလာသည်။ အီယွန်းက ရွယ်တူချင်း ထိုသို့ ရင်းနှီးစွာ ချဉ်းကပ်လာခြင်းကို အနေခက်လှသဖြင့် တောင့်တောင့်ကြီး ဖြစ်နေမိ၏။

ထိုစဉ် ဂျူဒုံမီက စိတ်တိုစရာကောင်းသော စကားတစ်ခွန်းကို ထပ်မံပြောလာပြန်သည်။

“ဒါဆို အဲ့ဒီယောကျ်ားကို ကျွန်မ ခဏလောက် ငှားသွားလို့ ရမလားဟင်။ တောင်းဆိုပါတယ်။ ဆေးရုံအုပ်ကြီး၊ ကျွန်မကို ကျေးဇူးပြုပြီး အဲ့ဒီလူလေး ပေးလိုက်ပါနော်။”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၅၀ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment