no

Font
Theme

အပိုင်း ၅၃

‘ဘာလို့ အဲ့ဒီမှာ……’

အာရုံအားလုံးက ပြတင်းပေါက်အပြင်ဘက်သို့သာ စုပြုံရောက်ရှိသွားသည်။

မျဉ်းစက်လေးများပမာ မိုးစက်တန်းလေးများက ပြတင်းပေါက်မှန်ပေါ်တွင် တစောင်းတင်ကျန်နေ၏။ မမှန်ကန်သော အဖြေလွှာတစ်ခု မဟုတ်ပါဘဲ သူတို့နှစ်ဦးကြားတွင် မျဉ်းစောင်းများက အဆက်မပြတ် ခြားနားနေခဲ့သည်။

ဘယ်အချိန်ကတည်းက အဲ့ဒီမှာ ရပ်နေခဲ့တာလဲ။

အီယွန်း၏ လက်ဖျားလေးများ အေးစက်သွားရ၏။ မမြင်စေချင်သောအရာကို မြင်သွားစေခဲ့ပြီဟူသော နောင်တစိတ်ကြောင့် အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်မိသည်။

ထိုစဉ် အဝေးတစ်နေရာမှ အီယွန်းကိုသာ စိုက်ကြည့်နေသော ဂွမ်ချယ်ဝူက ရုတ်တရက် အကြည့်လွှဲသွား၏။ အီယွန်းနှင့် မျက်နှာချင်းဆိုင်ထိုင်နေသော အမျိုးသားကို ခြေဆုံးခေါင်းဆုံး ဖြည်းဖြည်းချင်း အကဲခတ်နေသည့် သူ၏အကြည့်များက အေးစက်ကာ တုန်လှုပ်ချောက်ချားဖွယ်အတိပင်။ အီယွန်းလည်း ကိုယ်တိုင်ပင်မသိလိုက်ဘဲ နေရာမှ ဝုန်းခနဲ ထရပ်မိတော့သည်။

“အီယွန်း။”

တစ်ဖက်လူက လှုပ်ခါသွားသော စားပွဲအစွန်းကို ဆွဲကိုင်လိုက်ရ၏။

“……ဟို၊ တောင်းပန်ပါတယ်။ ကျွန်မ အခု အိမ်ပြန်မှဖြစ်မယ်ထင်တယ်ရှင့်။”

“ဗျာ။”

အိတ်ကို အလောတကြီး သိမ်းဆည်းနေသော အီယွန်းက တုံ့ခနဲရပ်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။ ကြောင်အမ်းအမ်းမျက်နှာထားဖြင့် လိုက်ပါထရပ်လိုက်သော ဤလူတွင် အပြစ်မရှိပေ။ အီယွန်းက မျက်ခုံးလေးများ ညှိုးကျလျက် ပါးစပ်ဖွင့်ခဲ့သည်။

“ကျွန်မက ခြေလှမ်းမှားခဲ့ပြီးသားပါ။”

“ဗျာ။”

“ကျွန်မကလေ…… ကျွန်မထက် မိသားစုအချစ် မရှိတဲ့သူမျိုးကို ပိုကြိုက်ပါတယ်။ အရင်က မိန်းမတွေ၊ အမှတ်တရတွေကို အကုန်မေ့ပစ်နိုင်ရင် ပိုကောင်းမှာဆိုပေမဲ့ ဖြစ်နိုင်ရင်တော့ ကျွန်မလိုပဲ ပြဿနာတွေ အများကြီးရှိတဲ့သူဆိုရင် ပိုသဘောကျမိမှာပါ။”

“ဗျာ။”

ထိုလူက အထူးအဆန်း စကားများကို နားထောင်နေရသည့်အလား မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။

“အဲ့ဒါက ကျွန်မရဲ့ စံပြအမျိုးသားပါပဲ။ အဲ့ဒီလိုမှ စိတ်ထဲမှာ နေလို့ကောင်းမှာမို့လို့။”

“……”

“ကျွန်မရဲ့ အားနည်းချက်အကြောင်း တခြားသူကို ရှင်းပြရတာပဲဖြစ်ဖြစ်၊ ဆင်ခြေပေးရတာပဲဖြစ်ဖြစ် အဲ့ဒီလိုအချိန်မျိုး ရောက်လာရင်တောင် သိပ်ပြီး အရေးတယူ မလုပ်မဲ့သူမျိုးဆိုရင် ပိုကောင်းမှာဆိုပေမဲ့ အဲ့ဒီလောက်အထိ နားလည်ပေးနိုင်စွမ်းမျိုးက ဘာသာရေးနယ်ပယ်မှာပဲ ရှိနိုင်တာမို့လို့……အဲ့ဒီအစား တစ်ဖက်လူမှာလည်း ချို့ယွင်းချက်ရှိနေရင် ကျွန်မအတွက် ပိုပြီးမျှတလိမ့်မယ်ထင်ပါတယ်။ ကျွန်မတစ်ယောက်တည်းပဲ အပြစ်အပြောခံရမှာကို မလိုချင်လို့။”

“……အီယွန်းခင်ဗျ။ အဲ့ဒါက နည်းနည်း အန္တရာယ်ရှိတဲ့ပုံပဲနော်။ ဘယ်လိုအကြောင်းကိစ္စမျိုးရှိလဲတော့ မသိပေမဲ့ အဲ့ဒီလောက်အထိ အမြင်ကမနိမ့်သင့်ဘူးဗျ။”

သူက ပြတ်ပြတ်သားသား ထောက်ပြလာသဖြင့် အီယွန်းလည်း စိတ်ထဲမှ ကြိတ်၍ခေါင်းညိတ်လိုက်မိသည်။

“မှန်တဲ့စကားပါပဲ။ ပုံမှန်ဆိုရင်တော့ ပိုးကောင်ကိုက်ရာတွေ အများကြီးရှိတဲ့ သစ်ပင်က အညံ့စားပေါ့။”

အီယွန်းက အိတ်ကို ပခုံးတွင်လွယ်ကာ ကိုယ်ကို မတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ့၏အကြည့်က သဘာဝကျကျပင် ပြတင်းပေါက်အပြင်ဘက်သို့ ဦးတည်သွား၏။ ရုတ်ခြည်း နေရာတစ်ခုတည်းတွင် အမြစ်တွယ်သွားသော သူ၏ မျက်လုံးများက တုန်ရီလျက်။

“ဒါပေမဲ့ သစ်အယ်ပင်ကတော့ ခြွင်းချက်ပါ။”

အညိုရောင်သမ်းသည့် ထိုအပင်က အလွန်တောင့်တင်းခိုင်မာပြီး သူ၏ အလေးချိန်ကိုပါ တိုက်ရိုက်ခံစားရစေသည့် အပင်မျိုးပင်။

“အဲ့ဒီ ပိုးပေါက်လေးတွေက သစ်အယ်ပင်ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခာပဲလေ။”

ကြည့်ရသည်က မှိုင်းညို့နေပုံရသော်လည်း ယုံကြည်ချက်အပြည့်ရှိနေသည့် အသံက ထပ်မံ၍ တုန်လှုပ်ခြင်းမရှိတော့ပေ။ အီယွန်းက ခါးကိုကိုင်းကာ အရိုအသေပေးပြီးနောက် ကော်ဖီဆိုင်ထဲမှ ထွက်လာခဲ့သည်။

သို့သော် တကယ်တမ်း တံခါးဖွင့်ထွက်လာချိန်တွင် အလောတကြီး ပြေးလွှားနေကြသော လူအုပ်ကြား၌ ရုပ်တုတစ်ခုအလား တစ်ဦးတည်း ရပ်နေခဲ့သည့် ဂွမ်ချယ်ဝူကို မတွေ့ရတော့ပေ။ အီယွန်းလည်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း သူ့ကို အသည်းအသန် ရှာဖွေရတော့၏။

ထိုသို့ဖြင့် အဝတ်အစားများ စိုရွှဲနေသည်ကိုပင် သတိမထားမိဘဲ လမ်းကြားတစ်ခုချင်းစီကို လိုက်လံစစ်ဆေးနေစဉ် တစ်စုံတစ်ယောက်က သူ့လက်ကို ဆတ်ခနဲ ဆွဲခဲ့လေသည်။ နံရံနှင့် အရှိန်ပြင်းပြင်း ဆောင့်မိသွားသော ပခုံးရိုးက ကျဉ်တက်အောင် နာကျင်သွားရ၏။ အော်ဟစ်ရန် ပြင်လိုက်ပြီးမှ ရင်းနှီးနေသော ကိုယ်သင်းနံ့ကို အရင်ဆုံး ရလိုက်သည်။

“……ဂွမ်ချယ်ဝူ။”

မိုးရေစိုနေသဖြင့် ဖောက်ထွင်းမြင်သာနေသော အဖြူရောင်ရှပ်အင်္ကျီက သူ၏ကိုယ်ပေါ်တွင် ကပ်နေကာ မလိုအပ်ဘဲ ခန္ဓာကိုယ်ကောက်ကြောင်းများကို အထင်းသား ပေါ်လွင်စေခဲ့သည်။ အတိုင်းထက်အလွန် မည်းနက်လှသော ဆံပင်များပေါ်မှတစ်ဆင့် မြင့်မားသော နှာတံတစ်လျှောက် မိုးရေစက်များ စီးကျနေ၏။

“ကိုယ့်ကို စွန့်ပစ်တော့မယ်ပေါ့၊ အီယွန်းက။”

သူ၏နှုတ်ဖျားမှ အေးစက်သော လေငွေ့များက မီးခိုးငွေ့ကဲ့သို့ ပျံ့လွင့်သွားသည်။

“အနံ့အသက်တွေက ထောင်းခနဲ ထွက်နေတာပဲ။”

ဂွမ်ချယ်ဝူက အနံ့ခံသည့်အလား ခေါင်းကို အသာလေး ငုံ့လာသည်။ သေးငယ်သော ထိုလှုပ်ရှားမှုလေးကပင် အီယွန်း၏ လည်ပင်းကြွက်သားများကို တောင့်တင်းသွားစေခဲ့၏။

တစ်ခုခုကို ကြိုတင်သိမြင်နေသည့်အလား အီယွန်း၏ ကိုယ်လေးက တဆတ်ဆတ် တုန်ယင်နေသည်။ အမြဲတမ်း ဤကဲ့သို့ ချောင်ပိတ်မိသွားတတ်သည့်ပုံစံက အီယွန်းအတွက် အလွန်ပင် ရင်းနှီးလှသဖြင့် တံတွေးကို ခဲရာခဲဆစ် မျိုချကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

ဂွမ်ချယ်ဝူ လွှမ်းမိုးသမျှကို အမြဲတမ်း ခံနေမည်မဟုတ်ပေ။

ယခုတစ်ကြိမ်တွင်မူ အီယွန်းလည်း သူလုပ်သလို ပြန်လုပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“မိန်း၊ မိန်းမတစ်ယောက်ကလည်း လုပ်ငန်းခွင်မှာကျင်လည်တဲ့အခါ ဒီလူ၊ ဟိုလူနဲ့ တွေ့ရတာတွေလည်း ရှိနိုင်တာပဲပေါ့။ ဒါနဲ့ ဂွမ်ချယ်ဝူကရော မိုးတွေရွာနေတာကို ဘယ်တွေသွားခဲ့တာလဲ။”

အီယွန်း မျက်လုံးကို အားစိုက်ပြီး ကြည့်လိုက်သည်။

“အပြင်ထွက်မယ်လို့လည်း ပြောမထားဘဲနဲ့။ တခြား ဘာတွေ ထပ်လုပ်ခဲ့ပြန်တာလဲ။”

လည်ပင်းမှ သွေးကြောများက တဒုတ်ဒုတ်နှင့် ခုန်နေ၏။ မသန့်စင်သော ခွေးက အညစ်အကြေးပေနေသော ခွေးကို အပြစ်တင်နေသည့် စိတ်ပျက်စရာပုံစံမျိုးဖြစ်သော်လည်း နဂိုကတည်းက အသံကောင်းဟစ်တတ်သူသာ အနိုင်ရစမြဲပင်။ ဂွမ်ချယ်ဝူက မည်သို့သောမျက်နှာထားမှမရှိဘဲ ပြန်ဖြေခဲ့သည်။

“မှတ်ပုံတင် သွားလုပ်ခဲ့တာပါ။”

“……”

သို့သော် ထင်မှတ်မထားသော အဖြေကြောင့် နေရာမှာပင် ကြောင်အမ်းသွားရ၏။

ဘာ…… ဘာလုပ်ခဲ့တယ်။

ဝိုင်းစက်သွားသော မျက်လုံးများက တင်းခနဲ ဖြစ်သွားသည်။

“လန့်သွားတဲ့ပုံပဲနော်၊ အီယွန်း။”

“အာ၊ မ၊ မဟုတ်ပါဘူး၊ အဲ့ဒါက……”

မိုးရေထဲတွင် စိုရွှဲနေသော လူနှစ်ဦး စကားမပြောဘဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြရုံသာ။

အီယွန်းတစ်ယောက် တစ်ဖက်လူ၏ အတွေးကို ခန့်မှန်း၍မရဘဲ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားတော့သည်။

“ကိုယ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလား။”

“……ရှင်။”

“ဒါကြောင့်ပဲ လိမ်ညာပြီးတော့ တခြားယောက်ျားနဲ့ သွားတွေ့တာလား။”

ရွှံ့နွံထဲမှ ဆွဲထုတ်လိုက်ရသော အသံမျိုးပင်။

“Sex မလုပ်ရလို့ အဲ့ဒီလိုလား။ အီယွန်းက တစ်ခါတလေကျရင် ကိုယ်က ခင်ပွန်းဆိုတာကို မေ့သွားသလိုပဲ။ ဒါမှမဟုတ် အဆင်သင့်မဖြစ်သေးတဲ့ အီယွန်းကို ကိုယ်ကပဲ အတင်းအဓမ္မ ဆွဲဖြဲပြီးတော့ ဆောင့်သွင်းလိုက်ရမှာလား။”

“……”

ထိုလူ၏ ပျက်ယွင်းနေသော အကြည့်များကြောင့် ကြောင်သွားမိသည်က တဒင်္ဂသာ။ ဂွမ်ချယ်ဝူက မျက်နှာတစ်ခြမ်းကို လုံးဝ မဲ့ပစ်ကာ အီယွန်း၏ ပခုံးပေါ်သို့ မှီအပ်ခဲ့သည်။

“ခင်ပွန်းဟောင်းနဲ့ ကိုယ့်ကို လုံးဝ ခွဲခြားလို့မရဘူးလား။”

“……”

“အဲ့ဒီလောက်တောင် လက်လွန်သွားခဲ့တာလား။”

သူက ခေါင်းကိုမော့ကာ အသနားခံသော အကြည့်များဖြင့် အီယွန်းဆီသို့ တိုးဝင်လာသည်။

“ဒီလိုမျိုး လူကို ရင်ထဲမှာ ဗလောင်ဆူအောင် မွှေနှောက်ရလောက်တဲ့အထိလား။”

သူ၏ မျက်ဖြူသားတွင် နီရဲနေသည့် သွေးကြောများ ထွက်ပေါ်လာသဖြင့် အီယွန်း၏ ခန္ဓာကိုယ်က သိသိသာသာ တုန်လှုပ်သွားရ၏။ ထိုသို့သော တုံ့ပြန်မှုကြောင့် ဂွမ်ချယ်ဝူက ကိုယ့်ကိုယ်ကိုယ် လှောင်သလို ရယ်ခဲ့သည်။

“သိပါတယ်၊ အီယွန်း အသည်းအသန် ဖုံးကွယ်ထားချင်ခဲ့တဲ့ အဲ့ဒီ ဂွမ်ချယ်ဝူက ဘယ်လောက်တောင် သောက်သုံးမကျတဲ့ကောင် ဖြစ်ခဲ့မလဲဆိုတာ။ အီယွန်း ကိုယ့်ကို ဘာတွေ လိမ်ခဲ့သလဲဆိုတာကိုရော။”

“……”

ရုတ်တရက် ထွက်ပေါ်လာသော ထိုစကားကြောင့် အီယွန်း အသက်ပင် မရှူနိုင်တော့ပေ။ ခန္ဓာကိုယ်အတွင်းပိုင်းကို အေးစက်သောတစ်စုံတစ်ရာနှင့် အထိုးခံရသလို ခံစားချက်ကြောင့် ခဏချင်းအတွင်း စိတ်ဝိညာဉ် လွင့်ထွက်သွားရသည်။

“ဘယ်၊ ဘယ်လိုလုပ်ပြီး……”

တစ်ခုခု မှတ်မိသွားတာလား။ အတိတ်က ပေါ်လာတာလား။ အဲ့ဒီညအကြောင်းကို သတိရသွားတာလား။ သူ ဘာကို မြှုပ်နေခဲ့တာလဲဆိုတာကိုရောလား။

အီယွန်း၏ ခေါင်းထဲ၌ ရှုပ်ထွေးပွေလီသွားသည့်အချိန်မှာပင် သူက ထပ်မံ၍ ဖိအားပေးလာပြန်သည်။

“ကိုယ်တို့ လှည့်ပတ်ပြောနေတာတွေကို အခု ဒီလောက်နဲ့ ရပ်ရအောင်။”

“……”

“အီယွန်း၊ ကိုယ့်ကို သဘောမကျဘူးမဟုတ်လား။”

“……ရှင်။”

“ကိုယ့်ကို မသိဘူးများမှတ်နေတာလား။”

အီယွန်းတစ်ယောက် ဆက်တိုက်ဆိုသလို ဖော်ထုတ်ခံနေရသော အလိမ်အညာများကြောင့် သတိလစ်မတတ် ဖြစ်နေရသည်။

“ဇနီးဖြစ်သူအပေါ် လက်ပါတတ်တဲ့ သောက်သုံးမကျတဲ့အမှိုက်ကောင်ကို ဘယ်အချိန်မှာ စွန့်ပစ်ရမလဲ၊ ဘယ်လိုစွန့်ပစ်ရမလဲဆိုတဲ့ အဲ့ဒီအတွေးတစ်ခုတည်းနဲ့ပဲ ရှိနေခဲ့တာဆိုရင်တောင် ကိုယ် နားလည်ပေးနိုင်ပါတယ်။”

“ဘာ၊ ဘာရယ်……. လက်ပါတယ်၊ ဟုတ်လား။”

အီယွန်းတစ်ယောက် ထင်မှတ်မထားသော စကားကြောင့် မျက်တောင်များကို ခပ်မြန်မြန်ခတ်လိုက်မိသည်။

“ဒါပေမဲ့ စဉ်းစားလေလေ မတရားသလိုခံစားရလို့ ရူးတော့မလိုပဲ။ ကိုယ်က အခုမှ စတင်ရုံရှိသေးတာကို တစ်စုံတစ်ယောက်ကတော့ အဆုံးသတ်ကို မြင်နေရတယ်တဲ့။ အီယွန်းသာ ကိုယ့်နေရာမှာဆိုရင် အသာတကြည် လက်ခံနိုင်ပါ့မလား။”

သူက ခြောက်ကပ်ကပ် တစ်ချက်ရယ်ခဲ့သည်။ သို့သော် ရွဲ့ပြောနေခြင်းတော့ မဟုတ်ပေ။

“အဲ့ဒါကြောင့် တောင်းပန်ပါတယ်။”

ဂွမ်ချယ်ဝူက မျက်ခုံးများကို ဆတ်ခနဲတွန့်လိုက်ပြီးမှ မူလအတိုင်း ပြန်လျှော့သွားသည်။

“ကိုယ်က အီယွန်းနဲ့ အဆုံးအထိသွားဖို့ စဉ်းစားထားတာမို့လို့။”

“……”

“စိတ်မကောင်းပေမဲ့ ငဲ့ညှာမှုတွေက ဒီအခိုက်အတန့်ကစပြီး အဆုံးသတ်လိုက်ပြီ။”

သူ၏ ကြီးမားသော လက်ဖဝါးက အီယွန်း၏ ခါးလေးကို နာကျင်အောင် ဆုပ်ကိုင်လာသည်။ ကျဆင်းနေသော မိုးစက်များကို အငွေ့ပျံသွားစေနိုင်လောက်သည့် အပူရှိန်များက သူ၏ မျက်လုံးများတွင် တဟုန်းဟုန်းတောက်လောင်နေ၏။ အီယွန်းလည်း အေးစက်သွားသော လက်များဖြင့် အင်္ကျီအနားစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။

“……ကျွန်၊ ကျွန်မက ဂွမ်ချယ်ဝူဆီမှာ အရိုက်ခံပြီး နေခဲ့ရတာမဟုတ်ပါဘူး……အဲ့ဒါက အထင်လွဲတာပါ။ ဘယ်လိုလုပ်ပြီး အဲ့ဒီလို တွေးမိသွားတာလဲ။”

“အဲ့ဒါဆို တစ်ခါမှ မရှိခဲ့ဘူးပေါ့။”

အီယွန်း ပါးစပ်ဟရန်ပြင်ပြီးမှ ပြန်ပိတ်သွားသည်။

ပထမဆုံးအကြိမ်တွေ့တုန်းကတော့ တစ်ခါလေး……

ဂွမ်ချယ်ဝူက အနေခက်စွာ မျက်လုံးလွှဲသွားသော အီယွန်း၏ မေးစေ့ကို ဆွဲယူကာ အတင်းအဓမ္မ အကြည့်ချင်း ဆုံစေခဲ့သည်။ သူက ယခုပဲဖြစ်ဖြစ် နှုတ်ခမ်းကို ဆွဲဟကာ တိုးဝင်လာတော့မည့်အလား ခေါင်းကို အရှိန်အဟုန်ဖြင့် ငုံ့ကိုင်းကာ တီးတိုးရေရွတ်ခဲ့၏။ ဆိုအီယွန်းက သူ့လက်ထဲတွင် ရှိနေလျက်နှင့် ဖမ်းမမိသလို ခံစားနေရသည်။

“ပြောကြည့်ပါဦး၊ ဒါဆို ဘာလို့ ကိုယ့်ကို အဲ့ဒီလောက်တောင် ကြောက်နေရတာလဲ။”

“……”

“ပထမဆုံး သတိရလာတဲ့ အချိန်ကနေ အခုအထိ။ ဘာလို့ အခုအထိ ကိုယ့်ကို ‘ဂွမ်ချယ်ဝူ’ လို့ ခေါ်နေပြီး အခွင့်အရေးရရင် ရသလို ခပ်ဝေးဝေးမှာနေဖို့ ကြိုးစားနေရတာလဲ။ ကိုယ် ဆက်ဆက် ကြားရမှဖြစ်မယ်။ အခု၊ ဒီနေရာမှာ။”

စိုရွှဲနေသော မျက်နှာက သနားစရာကောင်းရမည့်အစား ခက်ထန်နေရုံသာ။ စူးရှလှသော အကြည့်များနှင့် ပြင်းထန်သော ဖိအားများကြောင့် အီယွန်းလည်း သူပြောသလိုပင် ထွက်ပြေးချင်စိတ်များ ပေါက်နေတော့သည်။ မျက်နှာပေါ်သို့ ကျရောက်နေသော မိုးစက်များက စူးစူးရှရှ နာကျင်စေခဲ့၏။

“အဲ့ဒါက…… အဲ့ဒါက……”

သူက မျက်တောင်တစ်ချက်ပင် မခတ်ဘဲ အီယွန်းကို စိုက်ကြည့်နေသည်။

အကြောက်တရားနှင့် ရင်ခုန်သံကို ခွဲခြားကြည့်ရန် ကြိုးစားခဲ့သည့် အီယွန်း၏ အချည်းနှီးဖြစ်ခဲ့သော ကြိုးပမ်းမှုလေးက ဤကဲ့သို့ပင် အမြီးအဖမ်းခံလိုက်ရကာ တစ်ဖန်ပြန်၍ တရွတ်ဆွဲခေါ်ခံလိုက်ရပြန်၏။

ဂွမ်ချယ်ဝူကို တွေ့လိုက်ရသည့် အခိုက်အတန်မှစ၍ နှလုံးက ပေါက်ထွက်တော့မလို တဒုန်းဒုန်းခုန်နေခဲ့ပြီး ထိုသို့ဖြစ်တိုင်း အီယွန်း သတ်မှတ်ထားသော စည်းများကို အဆက်မပြတ် နင်းခြေဖျက်ဆီးပစ်ခဲ့သည်။ ကြောက်သော်လည်း ဝမ်းသာမိပြီး၊ ကြောက်သော်လည်း လိုအပ်နေပြန်သော။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသောအရာများကို တစ်ခုတည်းဖြစ်အောင် စုစည်းပေးမည့်လား ထပ်ကာတလဲလဲ ထုနှက်နေ၏။

“ကိုယ့်ကို တကယ်ပဲ ဘာတွေ ဖုံးကွယ်ထားတာလဲ။”

ပြဿနာက ခံစားချက်နှင့်အပြိုင် ကြီးထွားလာသော အပြစ်ရှိစိတ်ပင်။

“အဲ့၊ အဲ့ဒါကလေ ကျွန်မက ဂွမ်ချယ်ဝူကို လိမ်ထားလို့ပါ……”

“လိမ်တယ်။”

“ကျွန်မတို့…… လက်ထပ်စာချုပ် မချုပ်ထားလို့ပါ။”

အီယွန်း မျက်လုံးကို တင်းတင်းမှိတ်ကာ အားကုန်အော်ဟစ်လိုက်သည်။ နောက်ဆုံးတွင် စိတ်ယိုင်လာသော အီယွန်းတစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အမှန်တရားကို ဖွင့်ချလိုက်သည့် အခိုက်အတန့်တွင်။

ဝေါ…..

မနားတမ်း ရွာသွန်းနေသော မိုးစက်များက အီယွန်း၏ မျက်တောင်များကို စိုစွတ်စေခဲ့သည်။ တဒင်္ဂ တိတ်ဆိတ်မှု ဖြတ်သန်းသွားပြီးနောက် အီယွန်း မျက်လုံးတစ်ဖက်ကို သတိထားကာ ဖွင့်ကြည့်လိုက်၏။

ထိုအခါ ထိုနေရာတွင်….

“……”

နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကို ဖြဲကာ ပြုံးနေသော ဂွမ်ချယ်ဝူ ရှိနေသည်။

မျှော်လင့်ထားသည်နှင့် လုံးဝ ခြားနားနေသော တုံ့ပြန်မှုကြောင့် စိုနေသော ဘလောက်စ်အင်္ကျီကြားမှ ကြက်သီးမွေးညင်းများ ထသွားရ၏။ ထိုမျက်နှာထားက အံ့အားသင့်ခြင်းသော်လည်းကောင်း၊ တုန်လှုပ်ခြင်းသော်လည်းကောင်း မဟုတ်ပေ။

ဖြစ်ချင်ဖြစ်…….

မတော်တဆ အခြားသော အလိမ်အညာတစ်ခုကို တွေ့ရှိသွားသည့်၊ နဂိုကတည်းက အမဲလိုက်ရန်သာ အခွင့်အရေးကို ချောင်းနေခဲ့သော လူက ချောမွတ်သော သေနတ်ပြောင်းကို ပွတ်သပ်ရင်း ထွက်ပေါ်လာသည့် အပြုံးမျိုးပင်။

“မင်းကတော့၊ စကားအကောင်းနဲ့ ပြောလို့ရမှာမဟုတ်ဘူးပဲ။”

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment