အပိုင်း ၆၀
ကုပ်ပိုးမှ ချွေးစေးများ ထွက်လာသလိုပင်။
မျက်ခုံးကိုပင့်ကာ မိမိကို စိုက်ကြည့်နေသော ဂွမ်ချယ်ဝူ၏ အကြည့်များကို ရှောင်လွှဲရန် အီယွန်းအတွက် လမ်းစမရှိတော့ပေ။ သူက မျက်နှာကို အနည်းငယ် လှုပ်ရှားကာ စကားပြောရန် အသာလေး တိုက်တွန်းနေရာ အီယွန်းလည်း မျက်လွှာချကာ တုန်ရီသောအသံလေးဖြင့် ပြောလိုက်မိသည်။
“အပြင်မှာ အလုပ်လုပ်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ တခြားမိန်းမနဲ့ အလုပ်လုပ်မယ်လို့ တွေးမိတော့……”
“တွေးမိတော့ ဘာဖြစ်လဲ။”
ဂွမ်ချယ်ဝူက အလိုလိုနေရင်း စိတ်လောလာကာ နှုတ်ခမ်းကို သပ်လိုက်သည်။
“……နည်းနည်း စိတ်တိုမိလို့ပါ။”
ဟန်ဆောင်လျစ်လျူရှုထားချင်ခဲ့သော ခံစားချက်ကို ထိုသို့ပင် အတည်ပြုလိုက်မိ၏။ အသေအချာ ဖုံးကွယ်ထားခဲ့သော စိတ်ရင်းကို ဖွင့်ဟလိုက်သည့် ခဏတွင် ကြွေကျလာသော သစ်ရွက်တစ်ရွက်ပမာ ရင်ဘတ်ထဲ၌ တလှပ်လှပ် တုန်ခါသွားတော့သည်။ ထိုသို့ဖြင့် အီယွန်းတစ်ယောက် အလုံးအရင်းနှင့် တိုးဝင်လာသော သဝန်တိုစိတ်ကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေစဉ် ဂွမ်ချယ်ဝူက အီယွန်း၏ခေါင်းလေးကို ဆွဲယူကာ နှုတ်ခမ်းချင်း တေ့ဆက်လိုက်လေ၏။
“……”
အနမ်းက အလောကြီးလွန်းလှသည်။ မမျှော်လင့်ဘဲ ရစ်ပတ်လာသော လျှာကြောင့် နှုတ်ခမ်းများက အစွမ်းကုန် ဟသွားရ၏။ ထိုလူက လျှာကို နက်နက်ရှိုင်းရှိုင်း ထိုးသွင်းကာ သွားတန်းလေးများကို အလျင်စလို ပွတ်သပ်နေသည်။
“ဟင်း……”
စိုစွတ်သော အသံများ အတန်ကြာ ထွက်ပေါ်နေပြီးနောက် ကျင်လည်စွာပင် သွားရည်များ စီးဝင်လာသည်။ အီယွန်းလည်း အလိုလိုနေရင်း လိုက်ပါမျိုချမိကာ ဂွမ်ချယ်ဝူကမူ နှုတ်ခမ်းချင်း ကပ်ထားလျက်သားဖြင့် ခပ်ရေးရေး ပြုံးခဲ့၏။
အာခေါင်ကို ပွတ်ဆွဲနေသော လျှာက မကြာမီမှာပင် နှုတ်ခမ်းအတွင်းသားများကို ပြင်းပြင်းထန်ထန် ပွတ်တိုက်လာသည်။ နူးညံ့သော ထိုအမြှေးပါးလွှာလေးက သူ့ကို ရူးသွပ်စေခဲ့သော အခြားအတွင်းသားနံရံတစ်ခုကို သတိရသွားစေသည့်ပုံပင်။ ဂွမ်ချယ်ဝူက မျက်ခုံးကို ကျုံ့လိုက်ရင်း ခေါင်းကို ပို၍ပင် ငဲ့စောင်းခဲ့သည်။
‘တကယ်လို့ အတိတ်က ကိုယ် ပြန်ရောက်လာရင်တောင် ကိုယ်တို့ကြားမှာ ဘာတွေများ ပြောင်းလဲသွားမှာမို့လို့လဲ။’
သို့သော် နှုတ်ခမ်းများ စုပ်ယူခံနေရစဉ်မှာပင် အီယွန်း၏ ရင်ထဲ၌ အေးစက်လာရသည်။ အစက်အပြောက်ကဲ့သို့ ပေါ်ထွက်လာသော ကြောက်ရွံ့မှုများက တစ်ကြိမ်တစ်ခါ ဖယ်ရှားရုံနှင့် အလွယ်တကူ ပျောက်ကွယ်သွားမည့်ပုံ မပေါ်ပေ။ နှလုံးကို ဖိထားလိုက်သည့်အခါ အနာဟောင်းမှ ပြည်များယိုစီးလာသလို မယုံကြည်မှုများ စိမ့်ထွက်လာ၏။
ကျွန်မတို့က ဘယ်လိုပတ်သက်မှုမျိုးလဲဆိုတာ ရှင်မသိလို့ အဲ့ဒီလောက်အထိ ယုံကြည်မှုရှိရှိ ပြောနိုင်တာပေါ့။ လူသတ်သမားနဲ့ မျက်မြင်သက်သေ၊ ကျူးလွန်သူနဲ့ နစ်နာသူ။ အဆုံးအထိ ဖုံးကွယ်ထားတဲ့ အမှန်တရားကိုသာ သိသွားရင်……
သို့သော်လည်း ယခုအချိန်တွင်မူ ရှုပ်ထွေးသမျှ အရာအားလုံးကို ဘေးဖယ်ထားကာ အလျင်စလိုပင် လက်မောင်းများကို ဆန့်တန်းလိုက်မိသည်။ တိုတောင်းသော ဤနေ့ရက်များကို ခံစားချင်လွန်းသောကြောင့်၊ လှည့်စားမှုမှန်း သိပါလျက်နှင့် ယုံကြည်ချင်မိသောကြောင့်ပင်။
ဂွမ်ချယ်ဝူက ချက်ချင်းပင် တုံ့ပြန်လာသည်။ စောင့်နေခဲ့သည့်အလား အီယွန်းကို ရင်ခွင်ထဲသို့ အားပါးတရ ဆွဲသွင်းကာ နှုတ်ခမ်းများကို ပို၍ပင် ပြင်းပြင်းထန်ထန် ငုံခဲယူလေတော့၏။ တစ်ကိုယ်လုံး ညက်ညက်ကြေလုမတတ် နာကျင်နေသော်လည်း ထိုအတိုင်း ဘယ်ကမှန်းမသိ အပူရှိန်များ တက်လာသည်။
ထိုလူ၏ ကြီးမားလှသော ခန္ဓာကိုယ်အောက်တွင် မြုပ်ဝင်သွားသော အီယွန်းကို ယခုအခါ မြင်ပင်မမြင်ရတော့ပေ။ ကွက်လပ်မရှိ ကပ်နေသော နှုတ်ခမ်းများနှင့် ငဲ့စောင်းထားသော ခေါင်းတို့က ရမ္မက်ဇောကြွလျက်။ နုနယ်သော နှုတ်ခမ်းများကို ကိုက်ခဲကာ ထောင့်မျိုးစုံ ပြောင်းရင်း အတွင်းသားများကို အားရပါးရ စုပ်ယူကာ နမ်းရှိုက်နေခဲ့သည်။
“ဟင်း……”
လူတစ်ယောက်နှင့် ပတ်သက်ရခြင်းက နာကျင်ကာ ပင်ပန်းလှ၏။ ယင်းက sex ဖြစ်နေလျှင်ပင် ထူးခြားမည်မဟုတ်ပေ။
သို့သော် လူအများ အီယွန်းအပေါ် ပြုမူခဲ့ကြသော လက်ညှိုးထိုးခြင်း၊ ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်း စသည်တို့နှင့် ဂွမ်ချယ်ဝူ၏ အပြုအမူက လုံးဝကွဲပြားနေခဲ့သည်။
အကြည့်တစ်ချက်၊ ထိတွေ့မှုတစ်ခုစီတိုင်းတွင် အတိုင်းအဆမရှိသော ချစ်ခြင်းမေတ္တာများ ကိန်းအောင်းနေသောကြောင့်ပင်။ သူက နာကျင်အောင် တိုးဝင်လာခဲ့လျှင်ပင် ချော့မြူခံရသော ကလေးတစ်ယောက်လို ရင်ဘတ်ထဲတွင် နွေးထွေးမှုများ စိမ့်ထွက်လာရ၏။
ချစ်ခြင်းမေတ္တာက ဤမျှအထိ ချိုမြိန်မှန်း မသိခဲ့ဘဲ။
ရှင်သန်ရန်အတွက်သာ အားခဲလုံးပန်းနေခဲ့မိ၏။
အီယွန်းတစ်ယောက် ရုတ်တရက် တိုးဝင်လာသော မွတ်သိပ်မှုကြောင့် ဗိုက်ထဲတွင် ဟာခနဲဖြစ်သွားရသည်။
‘ကိုယ်သာ မှတ်ဉာဏ်တွေ ပြန်မရှာရင် ကိုယ်တို့ကြားက အခြေအနေက ပိုပြီး လွယ်ကူသွားမလား။’
‘ဟုတ်ကဲ့။’
အလိမ်အညာတစ်ခုပေါ်တွင် နောက်ထပ် အလိမ်အညာတစ်ခုကို ထပ်ဆင့်မိပြန်သည်။
ဤအချိန်က ထာဝရမဟုတ်မှန်း မိမိထက် ပိုသိသူ မရှိပေ။ သို့သော်လည်း ထိုကဲ့သို့သော ကတိကဝတ်ကို မဖြစ်မနေ ပြောဆိုခဲ့ရခြင်းမှာ အနည်းဆုံး ထိုအချိန်အတောအတွင်း၌ သူများတကာလို သာမန်လေး နေထိုင်ချင်သောကြောင့်ပင်။ လူဆိုသည်မှာ တဒင်္ဂ အမှတ်တရလေးနှင့်ပင် တစ်သက်လုံး ရှင်သန်နိုင်သည် မဟုတ်ပါလား။
ဤသည်က အီယွန်း မှောက်ထားလိုက်သည့် သဲနာရီပင်။
အဆုံးသတ် တဖြည်းဖြည်း နီးကပ်လာနေသည့် သဲနာရီ။
“အီယွန်းရဲ့ တုံ့ပြန်မှုကို ကြည့်ရပုံထောက်ရင် နေ့ခင်းဘက်လည်း အလုပ်လုပ်မှဖြစ်မဲ့ပုံပဲ။”
ရူးသွပ်စွာ နမ်းရှိုက်နေခဲ့သော နှုတ်ခမ်းများ ကွာသွားပြီးနောက် ရီဝေဝေ မျက်ဝန်းများဖြင့် သူက ရေရွတ်ခဲ့သည်။
“အဲ့ဒီ စိတ်တိုတာလေး ထပ်လုပ်ပေးပါဦး။ ကိုယ့်ဟာက ချက်ချင်း တောင်လာပြီ။”
“……”
အီယွန်းလည်း အောက်သို့ ရောက်သွားတော့မည့် အကြည့်ကို အတင်းဖျစ်ညှစ် ထိန်းထားလိုက်ရသည်။
“အဲ့ဒါကြောင့် ကိုယ်လည်း အလုပ်လုပ်မှာ။ အဲ့ဒါက ဘာကြီးပဲဖြစ်ဖြစ်။”
ဂွမ်ချယ်ဝူက အီယွန်း၏ မွှေးပျံ့သော ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း ခေါင်းမာနေပြန်သည်။ လည်တိုင်နားတွင် ကြောင်တစ်ကောင်လို နှာခေါင်းနှင့် ပွတ်သပ်နေသည်က ယားယံလွန်း၍ နာကျင်ရသည့် အဆင့်သို့ပင် ရောက်လာပေပြီ။ အီယွန်းတစ်ယောက် ယောင်နနနှင့် ခေါင်းညိတ်လိုက်မိသော်လည်း မကြာမီ ဝေးလံသော တောင်တန်းကြီးကို ငေးကြည့်နေသလို မျက်ဝန်းများ ဝေဝါးလာတော့၏။
ဒါပေမဲ့ တကယ်ပဲ ဒီလိုလုပ်လို့ ဖြစ်ပါ့မလား မသိတော့ဘူး……
ကယ်ဆယ်ရေးတဲ့လား။
ဂွမ်ချယ်ဝူတို့ မိသားစုက သားသတ်တာ ပိုကျွမ်းကျင်မဲ့ပုံကို……
~~~~
စုတ်တသပ်သပ်နှင့် အပြင်သို့ ထွက်လာသော ဂျူဒုံမီတစ်ယောက် ရှင်းပြ၍မရသော မတင်မကျဖြစ်မှုကြောင့် အိမ်ရှေ့တံခါးကို ခဏစိုက်ကြည့်ကာ ရပ်နေမိသည်။
“ဆေးရုံအုပ်ကြီး…… ကျွန်မ မဆင်မခြင်လုပ်ခဲ့တာတွေကို မေ့ပေးနိုင်ရင် ကျေးဇူးတင်မိမှာပါ……”
သူများအိမ်တွင်းရေးကို ဝင်မပါရဘူးဟုဆိုကြသော်လည်း ဤနေရာ၌မူ တကယ် နှမြောစရာကောင်းလွန်းလှသည်။
ဂျူဒုံမီက စိတ်ထဲမတင်မကျဖြစ်နေသော ခံစားချက်ကို ဖယ်ထုတ်ရန် ခေါင်းကို ကုတ်လိုက်ရင်း ကျောခိုင်းထွက်လာ၏။
‘ဒါပေမဲ့ ဘယ်လိုပဲကြည့်ကြည့် တစ်နေရာရာမှာ မြင်ဖူးသလိုပါပဲဆို……။ တကယ်ပဲ ဘယ်မှာမြင်ဖူးတာပါလိမ့်။’
ထိုစဉ် အိမ်၏ အုတ်တံတိုင်းကို ကျောမှီထားသော လူတစ်ယောက်ကို တွေ့လိုက်ရခြင်းက တိုက်ဆိုင်မှုသက်သက်ပင်။ ပုံမှန်ဆိုလျှင် ကျော်သွားမိမည်ဖြစ်သော်လည်း သာမန်လမ်းသွားလမ်းလာ မဟုတ်သော ထိုလူ၏ ကိုယ်လုံးကိုယ်ပေါက်က အငြင်းခံလိုက်ရသော ဂျူဒုံမီ၏ အာရုံကို ဖမ်းစားခဲ့သည်။
ဟွာအီဒိုတွင် တွေ့ရခဲသော တောင့်တင်းသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် လူငယ်တစ်ဦး၊ အလုပ်လုပ်ရမည့် ကြားရက် မနက်ပိုင်းတွင် လမ်းပေါ်၌ လျှောက်သွားနေသော ထိုလူ၏ အေးဆေးလွန်းလှသည့် အခြေအနေ။
ဂျူဒုံမီ၏ မျက်ဝန်းထဲတွင် မူမမှန်သော အရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။
“မင်္ဂလာပါရှင့်။”
ကျော်သွားမည်ဟု ထင်ခဲ့သော ဂျူဒုံမီက အရင်ချဉ်းကပ်ကာ နှုတ်ဆက်လာသဖြင့် ဂျန်ဘုမ်ဟီးတစ်ယောက် မျက်ခုံးများ ကျုံ့သွားသည်။ အေးအေးဆေးဆေး ကျော်သွားရန် စောင့်နေခဲ့သော သူ့အဖို့ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
သူက ဘေ့စ်ဘောဦးထုပ်ကို ငိုက်ငိုက်ဆောင်းထားကာ ထိုကဲ့သို့သော ဂျန်ဘုမ်ဟီးကို အကဲခတ်လိုက်သည့် ဂျူဒုံမီက ကျေနပ်သွားသလို ပြုံးခဲ့သည်။
“အားနာပေမဲ့ ဒီနားဝန်းကျင်မှာ နေတာလားဟင်။”
ထိုလူက ပြန်မဖြေခဲ့သော်လည်း လည်စေ့က လှုပ်ရှားသွားသည်။
“ကျွန်မက လူထူးလူဆန်း မဟုတ်ဘဲ ဒီလိုလူမျိုးပါ။”
ဂျူဒုံမီက သူ၏ ဂျာကင်ပေါ်ရှိ တံဆိပ်ကို ပြလိုက်သည်။ ထို့နောက် ခေါင်းအသာမော့လာသော လူနှင့် အကြည့်ချင်းဆုံလိုက်သည့် ခဏတွင် ဂျူဒုံမီ၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။
ဂျန်ဘုမ်ဟီးတစ်ယောက် ချက်ချင်း ခေါင်းလွှဲကာ ထွက်သွားရန် ပြင်လိုက်သော်လည်း လက်နှစ်ဖက်ကို ဆန့်ထုတ်လာသော ဂျူဒုံမီက သူ့ရှေ့မှ ကန့်လန့်ဖြတ် ပိတ်ရပ်ခဲ့သည်။ သူက ထွက်ပြေးသော တိရစ္ဆာန်များကို ပိတ်ဆို့ဖမ်းဆီးရာတွင် ကျွမ်းကျင်သူမဟုတ်ပါလော။
“ဟိုလေ၊ ဒီစကားက နည်းနည်းတော့ ဓာတ်ပြားဟောင်းကြီးလိုဖြစ်နေမယ်မှန်း သိပေမဲ့ ကျွန်မတို့ တစ်နေရာရာမှာ တွေ့ဖူးသလားလို့။ ဒီလိုမျက်နှာမျိုးက သာမန်တော့မဟုတ်ပေမဲ့ ထူးထူးဆန်းဆန်း ရင်းနှီးနေလို့ပါ။”
ပထမဆုံးတွေ့ဖူးသူက စပ်စုလွန်းသဖြင့် ဂျန်ဘုမ်ဟီးလည်း စိတ်မရှည်ဖြစ်ကာ သူ့ကို တွန်းဖယ်ရန် ပြင်လိုက်စဉ်မှာပင်။
“အာ……မှတ်မိပြီ။”
မှင်သေသေ ထိုလူ၏ မျက်နှာတွင် တဒင်္ဂ တုန်လှုပ်မှု ဖြတ်သန်းသွားသည်။
ဂျူဒုံမီက မျက်နှာကို ထပ်မံတိုးကပ်ကာ ထိုလူ၏ ရုပ်ရည်ကို အသေးစိတ် ကြည့်ရှုနေ၏။ ရုတ်တရက် တိုးဝင်လာသော ခေါင်းလျှော်ရည်နံ့ကြောင့် ဂျန်ဘုမ်ဟီးလည်း နောက်ဆုတ်ကာ နှာခေါင်းကို အသာအယာ ပိတ်လိုက်မိသည်။
“ကျွန်မတို့ ဦးလေးရဲ့ ဂုဏ်ပြုပွဲမှာ အလုပ်လုပ်ခဲ့တဲ့ စားပွဲထိုးမဟုတ်လား။ ကျွန်မရဲ့ ဖန်ခွက်ကို လာယူပေးတဲ့သူလေ။”
“……”
ဂျန်ဘုမ်ဟီးက သခင်လေးနှင့် ဆိုအီယွန်းတို့ ထိတွေ့ဆက်ဆံခဲ့သော လူအားလုံးကို သိထားသဖြင့် ဂျူဒုံမီ၏ ဖြစ်တည်မှုကိုလည်း သိရှိထားပြီးသားပင်။
ဂုဏ်ပြုပွဲတွင် သူ၏ ဖန်ခွက်ကို ယူပေးခဲ့ခြင်းမှာလည်း တမင်လုပ်ခဲ့ခြင်း တစ်ဝက်ပါ၏။ သို့သော် ထိုအခိုက်အတန့်ကို အရှေ့မှ အမျိုးသမီးက အမှတ်ရနေလိမ့်မည်ဟု စိတ်ပင်မကူးထားသဖြင့် သာမန်လူတစ်ယောက်ကို ရင်ဆိုင်နေရသော်လည်း အခြေအနေနှင့်မလိုက်အောင် ထိတ်လန့်သွားရသည်။
“ငယ်ငယ်ကတည်းက လူကဲခတ် အရမ်းတော်တာပါနော်။ ဒါနဲ့ ဒီအဝတ်အစားက……”
“……”
“ရဲလားဟင်။”
ဂျန်ဘုမ်ဟီးတစ်ယောက် ဘယ်လိုမှမတတ်နိုင်ဘဲ ကြောင်အမ်းနေကာ ဂျူဒုံမီကမူ နှမြောသလို အမူအရာပြလာသည်။
ယခုတလော သူက ဘိန်းခင်းအမှုကို အဆုံးသတ်ရန် ဤဝတ်စုံကို မကြာခဏ အသုံးပြုနေခြင်းဖြစ်သည်။ သို့သော် ကံဆိုးချင်တော့လည်း ဤမျှအထိ ဆိုးရသလား။ ဖြတ်သွားရုံလောက်သာ တွေ့ဖူးခဲ့သော မိမိကို မှတ်မိကာ စကားလာပြောလိမ့်မည်ဟု ထင်မထားခဲ့။ သူက အလိုအလျောက် အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ကာရမ်ဘစ်ဓားငယ်လေးကို စမ်းလိုက်မိသည်။
“ဒီရပ်ကွက်က အရှိန်အဝါ ကောင်းတာလားမသိဘူး။ ဘာလို့ လူတွေက တစ်ယောက်ချင်းစီတိုင်း ကြည့်ကောင်းနေရတာလဲ။”
ဂျူဒုံမီက သက်ပြင်းချရင်း နာကျင်နေသော ကုပ်သားကို နှိပ်ခဲ့သည်။
“ဒါနဲ့ ရဲက ဘာလို့ ကျွန်မတို့ ဦးလေးရဲ့ ဂုဏ်ပြုပွဲမှာ စားပွဲထိုးလုပ်နေတာလဲ။ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးလား။ ဦးလေးက တရားမဝင် ငွေကြေးခဝါချတာတွေများ လုပ်ထားလို့လား။ လူဆိုးတော့ မဟုတ်ပေမဲ့ အဲ့ဒီလိုလုပ်မဲ့သူဆိုတာတော့ လုံလုံလောက်လောက်ကို ဟုတ်ပါတယ်။”
ဂျူဒုံမီ မေးစေ့ကို ပွတ်နေစဉ် ဂျန်ဘုမ်ဟီးက ဘာမှမပြောဘဲ သူ့ကို တွန်းဖယ်ကာ ထွက်သွားတော့သည်။
“ဟော……ဒီမှာ၊ နာမည်က ဘယ်လိုခေါ်လဲရှင့်။”
“……”
“အသက်က ဘယ်လောက်လဲဟင်။”
“……”
“တစ်ယောက်နဲ့တစ်ယောက် ဘယ်သူတွေမှန်း အတည်ပြုပြီးပြီကို ခဏလောက် စကားပြောရအောင်လေ…”
စိတ်ဝင်စားနေသော ဂျူဒုံမီက ထွက်ပြေးသလို လျှင်မြန်စွာ လျှောက်သွားသော ဂျန်ဘုမ်ဟီးနောက်သို့ အမီလိုက်လေသည်။
ဂျန်ဘုမ်ဟီး မျက်ခုံးများကျုံ့သွားသည့် ခဏတွင် ဂျူဒုံမီ၏ ရင်ဘတ်ကို ဆွဲကိုင်ကာ ဘေးအိမ်၏ အုတ်တံတိုင်းဆီသို့ ဝုန်းခနဲ တွန်းကပ်လိုက်၏။ မာကျောသော အုတ်ခဲများနှင့် ထိမိသွားသော ကျောပြင်က ထုံကျဉ်သွားရသည်။
“အင့်……”
လည်ပင်းတစ်နေရာတွင် ထိုလူ၏ လက်မက ပြင်းပြင်းထန်ထန် ထိတွေ့လာသည်။ သွေးခုန်နှုန်း စည်းချက်ကျနေသော နေရာကို ဖိနှိပ်ထားသော အရှိန်အဝါကြောင့် အသက်ရှူမှားသွားရ၏။
“လာမရှုပ်နဲ့။”
ဦးထုပ်အောက်မှ အရိပ်ကျနေသော အကြည့်များက ပြတ်သားသော သတိပေးချက်ကို ချန်ထားခဲ့သည်။ နှစ်ဦးသား တဒင်္ဂ လေးလံသော အကြည့်ချင်း ဖလှယ်မိသွားကြ၏။ ထို့နောက် ထိုလူက အရင် လက်ကို ခွာသွားရာ တင်းမာနေသော အနေအထားက ပြီးဆုံးသွားသလိုပင်။
ဂျန်ဘုမ်ဟီး လမ်းမပေါ်သို့ထွက်ရန် ပြင်လိုက်စဉ်မှာပင် လျစ်လျူရှုထားခဲ့သော ကျောပြင်ဆီသို့ ပြင်းထန်သော ဝိုက်ကန်ချက်တစ်ခု ရောက်လာတော့သည်။
“……”
ရှေ့သို့ယိုင်သွားသော ဂျန်ဘုမ်ဟီး အားယူကာ ပြန်လှည့်ကြည့်လိုက်တော့ မြေပြင်ပေါ်တွင် လဲကျနေသော ဂျူဒုံမီက အိတ်ကပ်ထဲမှ ထုတ်လိုက်သော ကြိုးကွင်းဖြင့် သူ၏ခြေချင်းဝတ်ကို အတင်းဆွဲထားကြောင်း တွေ့လိုက်ရ၏။
“နင်က ဘာကောင်လဲ……ရဲက ပြည်သူကို ခြိမ်းခြောက်လို့ ရတယ်လား။”
ဟိန်းထွက်လာသော အသံကြောင့် တစ်ရပ်ကွက်လုံး ပဲ့တင်ထပ်သွားတော့သည်။ ဂျန်ဘုမ်ဟီးလည်း ဂွမ်ချယ်ဝူ၏ အိမ်ဘက်ကို လှမ်းကြည့်ရင်း ဆဲရေးလိုက်မိ၏။
“လူဆိုရင် လူလိုသူလို စကားနဲ့ပြောရမှာ မဟုတ်ဘူးလား….”
ဒီဆူညံသံကိုကြားပြီး ဂွမ်ချယ်ဝူသာ ထွက်လာရင်တော့ ဒုက္ခပဲ။
လက်ရှိ ဂျန်ဘုမ်ဟီး၏ တာဝန်က ဂွမ်ချယ်ဝူကို စောင့်ကြည့်ကာ ကာကွယ်ရန်၊ ဆိုအီယွန်းကို ခိုးနားထောင်ကာ ထောက်လှမ်းရန်နှင့် ဟွာအီဒိုကို ထိန်းချုပ်ရန်အတွက် လျှို့ဝှက်နေထိုင်ရန်ဖြစ်သည်။ ဒါရိုက်တာဂွမ်ထံမှ ရရှိထားသော လုပ်ပိုင်ခွင့်အချို့ဖြင့် ကိစ္စအဝဝကို ဖြေရှင်းနေသူဖြစ်ရာ လူသိမခံရလေ ကောင်းလေပင်။
ဤကဲ့သို့ လျှို့ဝှက်ရသည့် အခြေအနေမျိုးတွင် ဘာကြောင့်များ ဤမိန်းမက စိတ်အားထက်သန်နေရသနည်း။ ခြေချင်းဝတ်ကို ဖြတ်ပစ်မတတ် ဆွဲထားသော ကြိုးကွင်း၏ အရှိန်က မသေးလှပေ။
ချက်ကောင်းကို ရိုက်ပြီး မေ့လဲအောင် လုပ်ရမလား၊ သို့မဟုတ် လူမသိသူမသိ အစဖျောက်ရမလား၊ ပုံမှန်ဆိုလျှင် တစ်ခုခု လုပ်မိမည်ဖြစ်သော်လည်း။
အံကြိတ်ကာ အစွမ်းကုန် ပြန်လည်လက်စားချေနေသော ထိုမိန်းမကိုကြည့်ရင်း သူ့ကို မှားထိမိလျှင် ခေါင်းခဲစရာကိစ္စများ ဖြစ်လာလိမ့်မည်ဟု ခံစားလိုက်ရသည်။
ယင်းမှာ ငယ်စဉ်ကတည်းက ဂွမ်မိသားစု၏ အမဲလိုက်ခွေးအဖြစ် မွေးမြူခံခဲ့ရသော ဂျန်ဘုမ်ဟီး၏ ယုံကြည်စိတ်ချရသော အလိုလိုသိစိတ်ဖြစ်ကာ နောက်ဆုံးတွင် သူက ကိုယ်ကိုကိုင်းပြီး ဂျူဒုံမီ၏ ပါးစပ်ကို လက်ဖဝါးဖြင့် အတင်းပိတ်လိုက်ရတော့၏။
“အရင်ဆုံး တိတ်တိတ်နေစမ်းပါ။”
“အစ်……”
“ဒီတော့ မင်း လိုချင်တာက ဘာလဲ။”
ထိုအခိုက်အတန့်တွင် ဂျူဒုံမီ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားတော့သည်။
~~~~
Miel’s Translations
Main Story ဇာတ်သိမ်းပါပြီ။
Morning Star website နဲ့ telegram paid group မှာ Extra အပိုင်း ၁ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။