အပိုင်း ၅၄ 🔞
အိမ်အထိ မည်သို့သောစိတ်နှင့် ပြန်ရောက်လာခဲ့မှန်း မသိတော့။
“ဟင်း……”
နှုတ်ခမ်းလေးများ ကြမ်းတမ်းစွာ စုပ်ယူခံလိုက်ရသည်။ စိတ်လွတ်ကိုယ်လွတ်နှင့် လျှာရင်းကို ဆွဲယူခံလိုက်ရပြီး နှုတ်ခမ်းတစ်ခုလုံးလည်း မနားတမ်း အကိုက်ခံနေရ၏။ အခြားသူတစ်ယောက်၏ လက်ခုပ်ထဲမှရေလို ဖြစ်နေကာ ခြေမွဖျက်ဆီးခံနေရသည့် ဤခံစားချက်က အနမ်းထက် ပြစ်ဒဏ်ခံနေရခြင်းနှင့် ပိုတူနေသည်။
ထူထဲသောလျှာက တံတွေးဂလင်းများကို တစ်စိုက်မတ်မတ် လာထိနေသဖြင့် သွားရည်များ စီးကျလာ၏။ အီယွန်းက အားကုန်သုံးကာ သူ့ကို တွန်းထုတ်လိုက်သော်လည်း ဂွမ်ချယ်ဝူကမူ အီယွန်း၏ခါးလေးကို ပို၍တင်းတင်းကျပ်ကျပ် ဆွဲဖက်လိုက်ရုံသာ။
တက္ကစီစီးလာစဉ်တစ်လျှောက်လုံး ဖမ်းချုပ်ခံထားရသည့် လက်ကောက်ဝတ်က နာကျင်နေသည်။ သူက အိမ်ရောက်သည်အထိ ပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်နေခဲ့ကာ အီယွန်းကမူ တင်းတင်းစေ့ထားသည့် သူ့၏မေးရိုးကို အကဲခတ်ကြည့်နေရသည်နှင့် အလုပ်ရှုပ်နေခဲ့၏။
ကျိန်းသေပေါက် သူ ရှော့ခ်ရသွားပေလိမ့်မည်။
ယုံကြည်ထားသမျှ အရာအားလုံးကို အငြင်းခံလိုက်ရသလို ခံစားချက်မျိုး ဖြစ်နေမည်ပင်။
ကြက်သီးထစရာကောင်းအောင် ရယ်ခဲ့ခြင်းကလည်း အင်မတန် အံ့အားသင့်သွား၍ ဖြစ်မည်သာ။ ကျိန်းသေပေါက် ဆင်ခြင်တုံတရားနှင့် ကြည့်မည်ဆိုလျှင် ဤသည်က အမှန်ပင်။ အီယွန်းလည်း ထိုသို့သာ ခဲရာခဲဆစ် ကောက်ချက်ချလိုက်သည်။
“ဟင့်……”
သို့သော် အိမ်ထဲရောက်ရောက်ချင်း အေးစက်မှုများ ကိန်းဝပ်နေသည့်လျှာက အတွင်းထဲအထိ တိုးဝင်လာကာ စိတ်အာရုံများကို မွှေနှောက်ဖျက်ဆီးပစ်လေတော့၏။ အီယွန်းလည်း မတတ်သာဘဲ သူ၏ ဝါးမျိုခြင်းကို ခံနေရရင်း အသံကုန် အော်လိုက်မိသည်။
“ဂွမ်……”
ထူထဲသောလျှာကို အတွင်းထဲအထိ ငုံထားရသဖြင့် အသံက ပျက်ယွင်းသွားကာ အက်ရှရှအသံများသာ ထွက်လာ၏။ တစ်ချိန်တည်းမှာပင် ဂွမ်ချယ်ဝူ၏ ခြေသလုံးကို ခြေချောင်းလေးများနှင့် ဖွဖွလေးကန်ကာ သတိပေးလိုက်တော့မှ နောက်ဆုံးတွင် မျက်ခုံးများကိုပင့်ရင်း အီယွန်း၏လျှာလေးကို အားပါပါနှင့် စုပ်ယူပြီးမှ ပြန်လွှတ်ပေးခဲ့သည်။
ဆုံမိသွားသော ထိုလူ၏အကြည့်များက မှောင်မိုက်လျက်။
အီယွန်းလည်း လည်ချောင်းဝတွင်တစ်နေသည့် ပင့်သက်ကိုပင် အကုန်မထုတ်နိုင်သေးဘဲ လိုရင်းကိုသာ အရင်ပြောလိုက်ရသည်။
“ကျွန်မတို့ကြားမှာ အထင်လွဲတာရှိရင် စကားနဲ့ပဲ ဖြေရှင်းကြရအောင်ပါ။”
“……”
မယိမ်းမယိုင်နှင့် အေးစက်နေကာ ညှိနှိုင်းရန် အခွင့်အရေး လုံးဝမရှိသည့် မျက်လုံးများ။ ထိုသို့ အလျှော့မပေးမည့် အကြည့်များနှင့် ဆုံနေရခြင်းက အီယွန်းကို အနက်ရှိုင်းဆုံး ချောက်ထဲသို့ ကျသွားစေသလိုပင်။
“ဂွမ်ချယ်ဝူရှင့်……”
အီယွန်းက တောင်းပန်တိုးလျှိုးနေသလို မျက်နှာလေးကို ညှိုးမှိုင်စွာမဲ့လိုက်သည်။
“အဲ့၊ အဲ့ဒါကလေ။ ဒီဘက်ခေတ်မှာ လက်ထပ်စာချုပ် မချုပ်ဘဲ အတူတူနေတဲ့ ဇနီးမောင်နှံတွေ အများကြီးပါ။ အဲ့ဒါက လူမှုပတ်ဝန်းကျင်ရဲ့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုအနေနဲ့……”
“အဲ့ဒီပါးစပ်ကို ပိတ်ထားတာက ပိုမကောင်းဘူးလား။”
“……ဟုတ်ကဲ့။”
အီယွန်းလည်း မျက်နှာငယ်လေးနှင့် ခေါင်းငုံ့လိုက်ရုံသာ ရှိတော့သည်။
ဂွမ်ချယ်ဝူက အီယွန်း၏ ငယ်ထိပ်သေးသေးလေးကို စိုက်ကြည့်ရင်း စိုထိုင်းထိုင်း အဝတ်အစားများကို ချွတ်လိုက်၏။ အီယွန်းလည်း ရုတ်တရက် အေးစိမ့်သွားသဖြင့် တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။ နောက်ပိုင်းတွင် ဂွမ်ချယ်ဝူ ဘာလုပ်တော့မည်ကို မသိစိတ်က အလိုလို သိနေသလိုပင်။ ထူးဆန်းစွာ ပြင်းထန်စူးရှလှသော အရှိန်အဝါက အသားကို ထိုးဖောက်လာသည်။
“……လိမ်ခဲ့မိလို့ တောင်းပန်ပါတယ်။”
နောက်ဆုံးတော့ သူ့မျက်နှာကို အကဲခတ်နေသည့် အီယွန်းသာ အရင်ဆုံး တောင်းပန်လိုက်ရ၏။
စိတ်ထဲကမူ ထိုကဲ့သို့ အောက်ကျို့ရသောအပြုအမူကို ကန့်ကွက်ချင်သော်လည်း ဦးစားပေးရမည့်အရာကို သိရန်က အမြဲတမ်း အရေးကြီးပေသည်။ ယခုအချိန်က လည်ပတ်ကြိုးကို တင်းတင်းမဆွဲဘဲ လျော့ပေးထားရမည့်အချိန်ပင်။ အီယွန်း၏ စကားတစ်ခွန်း နှစ်ခွန်းနှင့်တင် အလွယ်တကူ ယိုင်နဲ့သွားတတ်သည့် ဂွမ်ချယ်ဝူဖြစ်၍ ဤသို့သောဗျူဟာက အသာစီးရသူအနေနှင့် သင့်တော်သော….
“ကိုယ့်မှာ မှတ်ဉာဏ်မရှိဘူးဆိုပြီး အီယွန်းက တကယ် ဝမ်းသာနေတာပဲ။”
သူက ခေါင်းကို ငဲ့စောင်းကာ ခနဲ့ခဲ့သည်။
“ကိုယ့်ကို သေလောက်အောင် တွန်းထုတ်ချင်နေပုံပါလား။ အဲ့ဒီလို အလိမ်အညာမျိုးတွေ ပြောနေပုံထောက်ရင်လေ။”
“……ရှင်။”
တွေးနေခြင်းများ ရပ်သွားကာ အီယွန်းတစ်ယောက် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပိတ်လိုက် လုပ်မိသွားသည်။
“နေပါဦး……ကျွန်မကို လိမ်နေတယ်လို့ပြောနေတာလား။”
ဂွမ်ချယ်ဝူနှင့် ပတ်သက်လျှင် မိမိက လိမ်လည်သူဆိုသည်မှာ မှန်သော်လည်း ယခုမူ ကျိန်းသေပေါက် ထိုသို့မဟုတ်ပေ။ အီယွန်း မျက်လုံးကိုအားစိုက်ကာ လက်ဟန်ခြေဟန်နှင့်ပါ ပြောလိုက်သည်။
“ကျွန်မက ဘာလို့ လိမ်ရမှာလဲ။ သက်သေလည်း ပြနိုင်ပါတယ်။”
“ပြလေ၊ ဒါဆိုရင်။”
“စာရွက်စာတမ်းတွေဖြစ်ဖြစ် သွားထုတ်လာရမလား။”
အီယွန်းက မိမိ၏ ဖြူစင်မှုကို သက်သေပြရန် အသံကို မြှင့်လိုက်သည်။ ထိုအခါ မျက်မှောင်ကို ကြမ်းတမ်းစွာ ကြုတ်လိုက်သည့် ဂွမ်ချယ်ဝူက ဘောင်းဘီအိတ်ထဲမှ လေးထောင့်ပုံစံ စာရွက်တစ်ရွက်ကို ထုတ်လာ၏။
သုံးလေးခါလောက် ခေါက်ထားပုံရသော အဖြူရောင်စာရွက်။
ထူးဆန်းလှစွာ ရင်ဘတ်ထဲမှ တဒိန်းဒိန်း ခုန်လာသည်။ ဂွမ်ချယ်ဝူက စိုနေသောဆံပင်များကို အသာအယာ ခါယမ်းလိုက်ကာ ချက်ချင်းဖွင့်ကြည့်လိုက်ဟူသော သဘောနှင့် မေးငေါ့ပြခဲ့၏။ အေးစက်စက် မျက်လုံးများက အီယွန်းကို မသွေမဖည် တိုက်တွန်းနေသည်။
မကြာမီ ထူးဆန်းသော ဖိအားများကြားမှ စာရွက်ကို ဖြန့်ကြည့်လိုက်သော အီယွန်းတစ်ယောက် တန်နှင့်ချီသည့် လှိုင်းလုံးကြီးတစ်ခုနှင့် ရိုက်မိသွားသလို ယိုင်နဲ့သွားရတော့၏။
“……”
ချက်ချင်းပင် ကိုယ်လက်များလှုပ်မရတော့သလို မျက်စိရှေ့တွင် မှောင်မိုက်သွားကာ မည်သည့်အသံမှလည်း မကြားရတော့ပေ။
မိသားစုဆက်နွှယ်မှု သက်သေခံလက်မှတ်။ နောက်ထပ် ဘယ်နှစ်ခါပင် ဖတ်ကြည့်ပါစေ ဂွမ်ချယ်ဝူ၏ ‘အိမ်ထောင်ဖက်’ က ဆိုအီယွန်း ဖြစ်နေသည်။
“ဒါ၊ ဒါက ဘယ်လိုလုပ်ပြီး……”
အီယွန်းတစ်ယောက် ဟောင်းလောင်းပွင့်နေသည့် ပါးစပ်ကို ပြန်မစေ့နိုင်တော့။ ခေါင်းထဲ၌လည်း ဗလာကျင်းသွားရသည်။
ဒါက ကျိန်းသေပေါက် အတုပဲ ဖြစ်ရမယ်……အတုပဲ ဖြစ်မှာ။ ဘယ်လိုလုပ်ပြီး၊ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ရှိနိုင်မှာလဲ……
“ကြောက်စိတ်ဆိုတာ မရှိဘူးလား။ ကိုယ့်ကို ဘယ်လောက်တောင် လူရာမသွင်းလို့ မျက်စိရှေ့တင် ထပ်ပြီး ဗြောင်လိမ်နေပြန်တာလဲ။”
ထိုအချိန်မှာပင် စီးကရက်ကို မိုးမွှန်အောင်သောက်နေခဲ့သည့် လူကို ရုတ်တရက် သတိရသွားသည်။ မိမိကို ပြီးပြည့်စုံသည့် ရာဇဝတ်သားဖြစ်အောင်လုပ်မည်ဟု ခြိမ်းခြောက်ခဲ့သော၊ တစ်စုံတစ်ယောက်၏ဘဝကို ကြိုးကိုင်ရခြင်းအား ထမင်းစားရေသောက်လို သဘောထားပုံရသော၊ အထက်စီးဆန်လှသော ထိုလူသာဆိုလျှင် ဤသည်က ဖြစ်နိုင်သည်ဟု တွေးလိုက်မိ၏။
“ဒါကြောင့် နောက်ကွယ်မှာ တခြားကောင်တွေနဲ့ ခိုးတွေ့ပြီးတော့၊ အီယွန်း မျှော်လင့်ထားတဲ့ ‘စိတ်ကောင်းရှိပြီး နူးညံ့တဲ့’ လူ ပေါ်လာရင် နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးထားတာလား။”
“…….”
“အရူးလို ယောက်ျားကို အချိုသပ်ပြီးကြိုးကိုင်ရတာက အလုပ်တောင်မဟုတ်တာမို့လို့လေ၊ အဲ့ဒီလိုလား။”
သူက စိတ်လွတ်နေသလို မျက်လုံးများနှင့် အီယွန်းကို ထိုးဖောက်မတတ် ကြည့်နေခဲ့သည်။
“လက်ထပ်စာချုပ် မချုပ်ထားဘူးဆိုပဲ။”
ထိုအခိုက်အတန့်မှာပင် ဂွမ်ချယ်ဝူက အီယွန်း၏ ကုပ်ပိုးလေးကို ကြမ်းတမ်းစွာ ဆွဲယူခဲ့သည်။
“အီယွန်းလေး၊ ကိုယ်က ဘာလို့ မင်းရဲ့ယောက်ျား မဟုတ်ရမှာလဲ။”
အသံအိုးကို ခြစ်ထုတ်လိုက်သလို ကြမ်းတမ်းသော အက်ရှရှအသံက ခြိမ်းခြောက်သလို ထွက်ပေါ်လာသည်။
“ပေါက်ကရတွေ မလုပ်စမ်းပါနဲ့။”
တောက်ပနေသော မျက်လုံးများက လူနှင့်မတူဘဲ ကြောက်စရာကောင်းလှ၏။ အီယွန်းလည်း တစ်ဖန် ရင်တုန်လာရကာ အာခေါင်များလည်း ခြောက်ကပ်လာသည်။ သို့သော် ပူနွေးသော လက်ဖဝါးက စိုစွတ်နေသည့် ခန္ဓာကိုယ်ကို တစ်ခဏချင်းအတွင်း အရည်ပျော်သွားစေသည့် အခိုက်အတန့်တွင် အီယွန်းတစ်ယောက် တွေးတောနေခြင်းကို ရပ်ပစ်လိုက်၏။
“အီယွန်းက အဲ့ဒီလိုလုပ်တယ်ဆိုတိုင်း ကိုယ်က အသာလေး ထွက်သွားပေးမှာမဟုတ်ဘူး။”
ထိုလူ၏လက်က စိုထိုင်းထိုင်းဖြစ်နေသော အီယွန်း၏ ဘလောက်စ်အင်္ကျီအောက်သို့ တိုးဝင်လာသည်။ ကျောပြင်ကို ပွတ်သပ်ရင်း ဘရာစီယာချိတ်ကို ချက်ချင်း ဖြုတ်ပစ်ခဲ့၏။ ထပ်ပြီး ငြင်းဆန်၍မရနိုင်သော နှုတ်ခမ်းများက အီယွန်းကို ဖမ်းချုပ်ဝါးမျိုနေချေပြီ။
“ဘယ်လိုများ အဲ့ဒီလောက်တောင် ရိုးစင်းတဲ့အတွေးမျိုး တွေးခဲ့တာလဲ။”
ကြမ်းတမ်းစွာ ချုပ်ကိုင်ခံထားရသည့် မျက်နှာလေးပေါ်တွင် သူ၏နှာတံက အားပါပါနှင့် ဖိကပ်ထားလျက်ရှိသည်။ ပူလောင်ပြင်းပြသော အသက်ရှူသံများနှင့် လျှာက ကြမ်းတမ်းစွာ ငြိတွယ်နေချိန်တိုင်းတွင် ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေ၏။
ကျိန်းသေပေါက် ကြက်သီးထစရာကောင်းကာ အေးစက်နေသော်လည်း ဘယ်နေရာကမှန်းမသိ ပွက်ပွက်ဆူနေသည်။ ယင်းက ဂွမ်ချယ်ဝူအပေါ် ယခုမှ စတင်ပေါ်ပေါက်လာသည့် အီယွန်း၏ ရှေ့နောက်မညီသော ခံစားချက်များဖြစ်မည့်ပုံပင်။ အီယွန်းက ကြောက်ရွံ့မှုခပ်ရေးရေးကို မဖယ်ထုတ်နိုင်သေးဘဲ သူ၏ခါးကို ဖက်လိုက်မိသည်။ ထိုအခါ ဂွမ်ချယ်ဝူက မည်မျှပင် ထိတွေ့နေရပါစေ မလုံလောက်နိုင်သေးဘူးဟူသည့်အလား ခေါင်းကို ငဲ့စောင်းကာ တိုးဝင်လာ၏။
“အင်း၊ ဟား……”
ပွင့်အာနေသော နှုတ်ခမ်းများကြားသို့ သူက တစိုက်မတ်မတ် တိုးဝင်လာသည်။ တံတွေးဂလင်း အောက်ခြေကို ထိုးဆွကာ အာခေါင်ကို ပွတ်သပ်ခဲ့၏။ ရက်ပိုင်းလောက်ကြာအောင် ငတ်မွတ်နေသူလို မနားတမ်း ဟသွားလိုက် စေ့သွားလိုက်ဖြစ်နေသော မေးရိုးက အရိုင်းဆန်လှသည်။ အီယွန်း၏နှုတ်ခမ်းဖျားမှ သွားရည်များ စီးကျလာ၏။
ဒူးများတုန်ယင်နေသဖြင့် သူ၏ပခုံးကို ဖမ်းကိုင်ကာ တွယ်ကပ်ထားလိုက်မိသည်။ ဂွမ်ချယ်ဝူက ထိုသို့ဖြစ်နေသည့် အီယွန်းကိုပင့်ကာ သူ့ရဲ့ခါးတွင် ခြေထောက်များနှင့် ရစ်ခွေသိုင်းနှောင်ထားစေ၏။
တင်ပါးကို မြဲမြံစွာပွေ့ပိုက်ထားရင်း သူက ခြေလှမ်းကို ရွေ့လှမ်းကာ အီယွန်း၏အခန်းထဲသို့ ဝင်သွားခဲ့သည်။ ထိုအတောအတွင်းတွင်လည်း တိုးဝင်နေသောနှုတ်ခမ်းများက ကွာသွားမည့်အရိပ်အယောင် လုံးဝမရှိပေ။ အာခေါင်များ ပွတ်တိုက်ခံရပြီး အချွဲမြှေးများ ထိတွေ့မိတိုင်း လျှပ်စစ်စီးသလို ကျဉ်တက်သွားရသည်။
“ဟား၊ ဟ……”
ထိုသို့နှင့် အတော်ကြာအောင် ဖိအားပေးနေခဲ့သည့် သူက ခုတင်ပေါ်ကို တက်လိုက်ရင်း နှုတ်ခမ်းများကို ခွာသွား၏။ နှစ်ယောက်သား တဒင်္ဂ အချင်းချင်း စိုက်ကြည့်နေမိသည်။ နှုတ်ခမ်းများက နီရဲစိုလက်နေကာ ရင်ဘတ်များကလည်း နိမ့်ချည်မြင့်ချည် ဖိုလှိုက်လျက်။
ဂွမ်ချယ်ဝူက ရမ္မက်ဇောကြောင့် အပူရှိန်တက်နေသည့် အီယွန်း၏မျက်နှာလေးကို စွဲစွဲလမ်းလမ်း စိုက်ကြည့်နေရာမှ တိုတောင်းသော ဆဲဆိုသံနှင့်အတူ နှုတ်ခမ်းများကို တစ်ဖန်ထပ်၍ ရှာဖွေစုပ်ယူခဲ့ပြန်သည်။ ပူနွေးသောလျှာက ကျင်လည်စွာနှင့် ကြားထဲသို့ တိုးဝင်လာ၏။
“အား……”
သူက အီယွန်း၏ အင်္ကျီရင်ဘတ်ကို ဆွဲဖြဲပစ်ခဲ့သည်။ အီယွန်းလည်း လန့်ပြီးတုန်သွားကာ ကြယ်သီးများက လွင့်စဉ်ပြီး ကြမ်းပြင်ပေါ်တွင် လိမ့်သွား၏။
“ဟို၊ ဟိုလေ၊ ဂွမ်ချယ်ဝူ….”
“အီယွန်း၊ ကိုယ်ကလေ။”
သူက အီယွန်း၏ ဂျင်းဘောင်းဘီ ခါးပတ်ကွင်းကို လက်ဖြင့်ကိုင်ရင်း စူးရှသောမျက်လုံးများကို ဖော်ပြလာသည်။ သူ့မျက်နှာမှ ကျလာသည်က ရေစက်လား ချွေးစက်လားဆိုသည်ကို ခွဲခြား၍မရတော့ပေ။
“အမည်ခံ ဇနီးမောင်နှံအဖြစ်နဲ့ပဲ မနေချင်တော့ဘူး။ တစ်ယောက်ကိုတစ်ယောက် အောက်ခြေအထိ စုပ်ယူစားသောက်ရင်းနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့ ပတ်သက်မှုမျိုးပဲ ဖြစ်ချင်တယ်။”
အီယွန်း ကြောင်အမ်းအမ်းနှင့် စိုက်ကြည့်နေတော့ သူက အေးစက်စွာပင် ပြတ်ပြတ်သားသားပြောခဲ့သည်။
“ဘာပဲဖြစ်ဖြစ် အီယွန်းရဲ့ကြည်ဖြူမှုက လိုအပ်တဲ့အရာလည်း မဟုတ်ပါဘူး။”
လျော့တိလျော့ရဲ ဖြစ်နေသည့် နံ့သာရောင် ဘရာစီယာကြားထဲမှ ဖြူဖွေးသော အသားစိုင်လေးများ ထိုးထွက်နေသည်။ ဂွမ်ချယ်ဝူက စားချင်၍ သွားရည်တမျှားမျှားဖြစ်နေသည့်ပုံဖြင့် တံတွေးကို မျိုချလိုက်၏။ ဘရာစီယာကို ကြမ်းတမ်းစွာ ပင့်တင်လိုက်ချိန်တွင် စုပ်၍ကောင်းမည့် အရွယ်အစားနှင့် အနေတော် ရင့်မှည့်နေသည့် နို့သီးခေါင်းလေးကို မြင်လိုက်ရသည်။ ထိုအချိန်မှစ၍ ထိုလူလည်း စိတ်လွတ်ကိုယ်လွတ်နှင့် မနားတမ်း စုပ်ယူလေတော့၏။
“ဟင်း……အား……”
ခန္ဓာကိုယ် အတွင်းပိုင်း တစ်နေရာရာမှ လျှပ်စစ်ပွင့်သွားသလိုပင်။ ထိုလူက လျှာကို ချွန်လိုက်ကာ ခံစားတုံ့ပြန်လွယ်သော အဖုလေးကို ပွတ်သပ်ရင်း ဖရိုဖရဲ ဖြစ်အောင် ချေမွပစ်ခဲ့သည်။
“ဟား၊ ဟား……”
အီယွန်း ခန္ဓာကိုယ်အပေါ်ပိုင်းကို လူးလွန့်လိုက်၏။ တစ်နေရာမှ စိုစွတ်လာကာ အသက်ရှူရကျပ်လာသဖြင့် မခံမရပ်နိုင်ဖြစ်နေသော်လည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပေ။ မျက်လုံးလေးများ နီရဲလာသည်။
ဂွမ်ချယ်ဝူက မို့မောက်နေသော ရင်သားများကို လျက်ပေးလိုက်၊ ကိုက်လိုက်လုပ်ရင်း အီယွန်းရဲ့ ဘောင်းဘီ ဇစ်ကို ဆွဲချလိုက်၏။ ထို့နောက် ဘောင်းဘီကို တင်ပါးအောက်အထိ အနည်းငယ်ဆွဲချကာ လျှို့ဝှက်သောနေရာလေးထဲသို့ လက်ထည့်ခဲ့သည်။
“ဟား……အား…ဟင်း……”
ထိုအခါ ညည်းသံ၏ အပူရှိန်ပါ ပြောင်းလဲသွား၏။
“ဟား….ဟား…… ဂွမ်ချယ်ဝူ……”
သေးငယ်သော အဖုလေးကို အတွင်းခံပေါ်မှ ပွတ်ပေးနေသည့်လူက ဤတစ်ကြိမ်တွင် အတွင်းခံကိုပါ တင်ပါးအောက်အထိ ဆွဲချခဲ့သည်။ သူက အစေ့လေးကို လက်ချောင်းများကြားထဲတွင်ညှပ်ပြီး ခပ်ပြင်းပြင်း ပွတ်ဆွဲခဲ့၏။ စိုစွတ်ကာ နူးညံ့ပျော့ပျောင်းလှသည့် အသားစိုင်များကြောင့် သူ သွားကို တင်းတင်းကြိတ်လိုက်ရသည်။
“ဟား… အား……”
ထိုစဉ်မှာပင်။
“ဂွမ်ချယ်ဝူ၊ ကတိတစ်ခုပဲ ပေးပါ။ အင့်….”
သူက ကြိုတင်အသိမပေးဘဲ လက်ခလယ်ကို ချက်ချင်း ထိုးသွင်းခဲ့သည်။ ရမ္မက်အရှိန်ကြောင့် ငိုမတတ်ဖြစ်နေသည့် အသံလေးနှင့် အီယွန်း သူ၏ပခုံးကို ဆုပ်ကိုင်လိုက်မိ၏။
“….လုံးဝ…အင့်…မှတ်ဉာဏ်တွေကို ပြန်မရှာပါဘူးလို့။ လုံးဝနော်။”
ရွှဲနစ်စွာ စီးကျလာသော အရည်များက သူ၏လက်ချောင်းများတွင် စေးကပ်စွာ ကပ်ငြိနေသည်။ ပထမဆုံးအကြိမ် ဝင်ကြည့်လိုက်ရသည့် အီယွန်း၏ အတွင်းသားနံရံများက ထင်ထားသည်ထက် ပို၍စေးစေးပိုင်ပိုင်ရှိကာ နူးညံ့လှသဖြင့် မျက်စိရှေ့၌ သွေးရောင်လွှမ်းသွားသလိုပင်။ ဘာမှမစဉ်းစားဘဲ သူ၏အချောင်းကြီးကို အတင်းထိုးသွင်းပစ်ချင်စိတ်သာရှိတော့သည်။ သူက ထောင်မတ်နေသော သူ၏လိင်တံကို တစ်ချက်ကြည့်ကာ အီယွန်းနှင့် မျက်လုံးချင်းဆုံလိုက်၏။
“ဒီအခြေအနေမှာ အီယွန်းအတွက် အရေးကြီးတာက အဲ့ဒါလား။”
“……ဟုတ်ကဲ့။”
“ကိုယ်သာ မှတ်ဉာဏ်ကိုမရှာရင် ကိုယ်တို့နှစ်ယောက်ကြားက ကိစ္စတွေ လွယ်ကူသွားမှာလား။”
အီယွန်း တုန်ယင်နေသော မျက်လုံးလေးများဖြင့် ဂွမ်ချယ်ဝူကို ငေးကြည့်နေမိသည်။ တစ်နည်းအားဖြင့် ထိုအထဲတွင် အိပ်ပျော်နေမည့် ‘ဂွမ်ချယ်ဝူ အစစ်’ ကို စိုက်ကြည့်နေသလိုပင်။
“ဟုတ်ပါတယ်။”
~~~~
Miel’s Translations