အပိုင်း ၅၇
လရောင်ပင် မသာသော အရုဏ်ဦးအချိန်။
ယိမ်းထိုးနေသော ခြေလှမ်းတစ်စုံက နောက်ဖေးခြံဝင်းထဲသို့ ဖြတ်လျှောက်လာသည်။
“……”
ဖိနပ်ကို တရွတ်တိုက်ဆွဲလာသောပုံစံက ခြေထောက်မသန်စွမ်းသူတစ်ဦးနှင့်ပင် တူနေတော့၏။
အရုဏ်တက်ခါနီးမှ အနိုင်နိုင်အိပ်ပျော်သွားသော ဂွမ်ချယ်ဝူကို ထားခဲ့ကာ အီယွန်းတစ်ယောက် ခိုးထွက်လာခြင်းပင်။
သာယာမှု၏ အဆုံးသတ်က အထွတ်အထိပ်ရောက်ပြီးမြောက်ခြင်းမဟုတ်ဘဲ ကြွက်သားနာကျင်မှုသာ။
အထူးတလည် ကြီးမားလှသော အရာကြီးက အောက်ပိုင်းသို့ စိတ်ကုန်လောက်အောင် ဝင်ထွက်ခဲ့သည့်အတွက် ယောနိတစ်ဝိုက်က ယခုအထိ တင်းတောင့်နာကျင်နေဆဲပင်။
ထိုအရာက ခန္ဓာကိုယ်ထဲတွင် ရှိနေဆဲဖြစ်သည်ဟု ထင်မှတ်ရသော ထူးဆန်းသည့် ခံစားချက်ကြောင့် ပထမဆုံးအကြိမ် sex လုပ်ခဲ့သည့် အခိုက်အတန့်ကို အကြိမ်ကြိမ် ပြန်လည်အမှတ်ရနေမိ၏။
ဂွမ်ချယ်ဝူ၏ အကြည့်များ၊ သူ၏ညည်းသံများ၊ ပွတ်တိုက်မိသော အသားချင်းထိတွေ့မှု၊ တစ်ဖတ်ဖတ်မြည်နေသော အသံနှင့် စိုထိုင်းသော အငွေ့အသက်များအထိ……
သတိမထားမိလိုက်လျှင် အာရုံအားလုံးက ထိုအချိန်ဆီသို့ ပြန်ပြန်ရောက်သွားတော့သည်။
“ဟူး……”
အီယွန်း သစ်သားခုံလေးပေါ်တွင်ထိုင်ရင်း သက်ပြင်းချကာ ခေါင်းကို ခါယမ်းလိုက်သည်။
‘ငါတော့ အမှားကြီးမှားပြီ…… တကယ် အမှားကြီး လုပ်မိပြီ။’
တစ်ယောက်တည်း ရှိနေသည့် ယခုအချိန်မှသာ အီယွန်းတစ်ယောက် စိတ်ပျက်စွာဖြင့် မျက်နှာကို လက်ဝါးနှစ်ဖက်နှင့်အုပ်ကာ ပွတ်မိတော့၏။ ညိုမည်းနေသော မျက်လုံးများတွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုများ ရှိနေကာ ငိုမဲ့မဲ့မျက်နှာလေးကလည်း ဖြူဖျော့နေသည်။
ဂွမ်ချယ်ဝူကို အလွန်ပင် အာရုံစိုက်နေမိသော်လည်း ထိုစိတ်က ပျော်သည့်စိတ်တော့ မဟုတ်ခဲ့ပေ။ ဟင့်အင်း၊ မပျော်နိုင်ခြင်းသာ။ တကယ်က သေတွင်းထဲသို့ ကိုယ်တိုင်လမ်းလျှောက်ဝင်သွားရသလို ခံစားချက်ပင်။
“……”
အီယွန်းက ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်ကာ အမည်တစ်ခုကို စိုက်ကြည့်နေမိသည်။
ဂွမ်ဂီဆော့။ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ခဲ့သော်လည်း သူ၏ဆက်သွယ်မှုကို လက်မခံခဲ့သောလူ။
ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေသော်လည်း အခြေအနေကို ဤအထိရောက်အောင် တွန်းပို့ခဲ့သည်မှာ ဂွမ်ဂီဆော့၏ ကလိမ်ကကျစ်လုပ်ရပ်ကြောင့်ချည်း မဟုတ်ပေ။
ဂွမ်ချယ်ဝူနှင့် ကိုယ်ထိလက်ရောက် လွန်လွန်ကြူးကြူးဖြစ်ပြီးမှသာ ထိုစဉ်က ချူဂျာ ဘာကြောင့် မျက်လုံးပြူးမျက်ဆန်ပြူးနှင့် မိမိ၏ ကျောကို တအားထုရိုက်ခဲ့မှန်း နားလည်သွားတော့သည်။
ချူဂျာ စိုးရိမ်ခဲ့သည့်အတိုင်း ဤလိမ်လည်မှုထဲသို့ ခံစားချက်များ ပါဝင်ပတ်သက်သွားချေပြီ။ အီယွန်း အသက်ကို ပြင်းပြင်းရှူရင်း မျက်လုံးများကို မှိတ်ထားလိုက်၏။
‘ဂွမ်ချယ်ဝူရှင့်၊ ကတိတစ်ခုပဲ ပေးပါ။ လုံးဝ၊ အတိတ်ကမှတ်ဉာဏ်ကို ပြန်မရှာပါဘူးလို့။ လုံးဝနော်။’
ဒါဆိုရင် ကျွန်မလည်း အဲ့ဒီအတိုင်းပဲ လုပ်ပါ့မယ်။
လုံးဝ ပြန်မတွေးတော့ဘဲ၊ အမှတ်မရတော့ဘဲ။
အီယွန်း မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် မရေမရာ ဆုံးဖြတ်ချက်တစ်ခုက ခိုင်ခိုင်မာမာ နေရာယူသွားတော့သည်။ အီယွန်းက ဘောင်းဘီအိတ်ထဲမှ အဖြူရောင် လက်ကိုင်ပဝါလေးတစ်ခုကို ထုတ်လိုက်၏။
တံတွေးကို ခဲရာခဲဆစ် မျိုချရင်း လက်ကိုင်ပဝါကို ဖြန့်လိုက်ရာ မီးခိုးရောင် ကြိုးမျှင်လေးတစ်ခုကို တွေ့လိုက်ရသည်။ လွန်ခဲ့သော ၂ နှစ်ကတည်းက အံဆွဲထဲတွင် ဝှက်ထားခဲ့သော အရာ။ လက်ရှိ သူ့ထံတွင်ရှိနေသည့် ဂွမ်ချယ်ဝူ၏ တစ်ခုတည်းသော အသုံးအဆောင်ပစ္စည်း။
“……”
တောင်ပေါ်တွင် ဂွမ်ချယ်ဝူ သူ့ကို တိုက်ခိုက်စဉ်က အသုံးပြုခဲ့သော အေးစက်ပြီး မာကျောသည့် ကြိုးမျှင်ပင်။
အီယွန်းကို သေလုနီးပါး ဖြစ်စေခဲ့သည့်အရာ။
‘စက်ရုံမှာ သုံးတာလား။ အလူမီနီယံကြိုးလိုမျိုး ပါးပေမဲ့ မာပြီး ရုန်းအားကောင်းတာပဲ…..’
သို့သော် အီယွန်း မီးခြစ်ကို ခြစ်လိုက်သော အခိုက်အတန့်တွင် ထိုသိချင်စိတ်များက အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
ကျွန်မလည်း အဲ့ဒီအတိုင်း လုပ်ပါ့မယ်။ ဘယ်တော့မှ ပြန်မတွေးတော့ဘူး။
မှားယွင်းသောလမ်းဖြစ်ကြောင်း သတိပေးနေသည့်အလား နှလုံးက တဒိန်းဒိန်း ခုန်နေသော်လည်း အီယွန်းကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသည့် နွယ်ပင်များ ရှိနေ၏။
အနည်းငယ် အေးစက်ကြမ်းကြုတ်သော်လည်း အီယွန်းအပေါ် အလွန်အပ်နှံထားသော ဂွမ်ချယ်ဝူ။ အီယွန်းမရှိလျှင် အိပ်ရာကပင် မနိုးနိုင်သော သနားစရာ ဂွမ်ချယ်ဝူ။ ဝမ်းသာအားရ အမဲလိုက်ပြီး သခင့်အရိပ်အကဲကို ကြည့်တတ်သော အံ့ဩမှင်တက်ဖွယ် ဂွမ်ချယ်ဝူ။ ဤအတိုင်း အပြီးအပိုင် စွန့်ပစ်ခံရမည်ကို စိုးရိမ်နေသော ဂွမ်ချယ်ဝူ။ အီယွန်း မွေးမြူထားသည့် သစ်ပင်လူသား ဂွမ်ချယ်ဝူ။ ထိုအချက်တစ်ခုချင်းစီက အီယွန်း၏ ယိမ်းယိုင်နေသောစိတ်ကို ဖမ်းဆုပ်ထား၏။
အီယွန်းက မီးနှင့်ထိပြီး လိပ်တက်ကာ မည်းနက်သွားသော ကြိုးကို မြေပြင်ပေါ်သို့ ပစ်ချပြီး မြေကြီးနှင့် ဖုံးအုပ်လိုက်သည်။
“……ကတိပေးပါ့မယ်။”
သစ်ခုတ်သမားက နတ်သမီး၏ ဝတ်ရုံကို မီးရှို့ဖျက်ဆီးပစ်ခဲ့သောညပင်။
~~~~
“အီယွန်း၊ အခု ထတော့မှပေါ့။”
ညင်သာသော အသံက ပင်ပန်းနွမ်းနယ်နေသော အီယွန်း၏ကိုယ်လေးကို နှိုးခဲ့သည်။ သို့သော် ယနေ့မှ ပို၍ မထချင်သဖြင့် စောင်ထဲသို့ မျက်နှာကို ပိုတိုးဝင်လိုက်စဉ် တစ်နေရာမှ မွှေးပျံ့သော ကော်ဖီနံ့လေး သင်းပျံ့လာ၏။ ကြမ်းတမ်းသော်လည်း နူးညံ့သော လက်က အီယွန်း၏ နားထင်မှ ဆံစလေးများကို သပ်တင်ပေးနေသည်။
အနိုင်နိုင် မျက်လုံးဖွင့်ကြည့်လိုက်ရာ လင်ပန်းထဲတွင်ပါလာသော ကော်ဖီ၊ ဆန်းဒဝစ်ချ်နှင့် ဂွမ်ချယ်ဝူကို မြင်လိုက်ရ၏။
“ကောင်းကောင်းအိပ်ပျော်ရဲ့လား။”
မျက်လုံးချင်းဆုံသွားသည်နှင့် သူ၏ နှုတ်ခမ်းအစုံက ပြုံးယောင်သမ်းသွားသည်။
“အင်း……”
ပြတင်းပေါက်မှ ဝင်လာသော မနက်ခင်း နေရောင်ခြည်က ပါးလွှာသော လိုက်ကာကို ဖြတ်ကျော်ကာ သူတို့နှစ်ဦးပေါ်သို့ဖြာကျနေသည်။ မသိမသာ တိတ်ဆိတ်မှုအဆုံးတွင် အီယွန်း၏ မျက်နှာက ရဲခနဲ ဖြစ်သွားတော့၏။
အလင်းရောင်အောက်တွင် သူ့ကို ရင်ဆိုင်ရသည်မှာ သေလောက်အောင် ရှက်စရာကောင်းလှသဖြင့် အီယွန်းက စောင်ကို ခေါင်းမြီးခြုံကာ ပြန်ပုန်းလိုက်မိသည်။
ဂွမ်ချယ်ဝူက အခြေအနေကို ရှောင်တိမ်းရန် ချက်ချင်း ထွက်ပြေးတတ်သည့် အီယွန်း၏ အမူအရာကို သိပ်သဘောမကျသော်လည်း တစ်နေ့တည်းနှင့် စွဲမြဲနေသော အကျင့်ကို ဖျောက်ပစ်ရန်က မလွယ်ကူပေ။
နေရောင်ရှိသေးစဉ် စတင်ခဲ့သော sex က ညရောက်မှသာ အဆုံးသတ်ခဲ့သည်။
ချူဂျာ၏ပြောပြချက်အရ အမျိုးသမီးတစ်ဦး၏ ပထမဆုံး အတွေ့အကြုံဆိုသည်မှာ ရှစ်ဆယ်ရာခိုင်နှုန်းက အကျယ်ချဲ့ထားခြင်းများသာဖြစ်သည်ဟုဆို၏။ အံ့ဩစရာကောင်းသည့်တစ်ခုခု လုပ်တော့မလိုနှင့် အတင်းတိုးဝင်ကြပြီးမှ ကိုးရိုးကားရား အဆုံးသတ်သွားခြင်းမျိုးသာရှိလိမ့်မည်ဟူ၍။ သို့သော် အီယွန်းကမူ အလယ်မှာတင် သတိလစ်သွားရသည်။
‘……ချူဂျာရေ၊ ဒါက ကျွန်မ ကိုးရိုးကားရား အဆုံးသတ်သွားတဲ့ ကိစ္စလားဟင်။’
မောပန်းနွမ်းနယ်နေသော အီယွန်း သတိလစ်သွားရာမှ ပြန်နိုးလာချိန်တွင် အရာအားလုံးက ပြောင်းလဲသွားပေပြီ။
သုက်ရည်များဖြင့် စေးကပ်နေသော ခန္ဓာကိုယ်က သန့်ရှင်းနေကာ စုတ်ပြဲသွားသော အဝတ်များအစား ညအိပ်ဝတ်စုံကို ဝတ်ထားပြီးသား ဖြစ်နေသည်။ ညစ်ပတ်သွားသော အိပ်ရာခင်းများလည်း ပျောက်ကွယ်သွားကာ ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော အဝတ်အစားများလည်း မရှိတော့ပေ။ ဖရိုဖရဲဖြစ်ခဲ့ရသော sex ၏ အရိပ်အယောင် တစ်စက်ကလေးမျှ မကျန်ခဲ့ဘဲ သာမန်နေ့ရက်များအတိုင်း သပ်ရပ်သော အိပ်ခန်းလေးသာ ရှိတော့၏။
ထိုဆန့်ကျင်ဘက် အခြေအနေကြောင့် အီယွန်းတစ်ယောက် အိပ်မက်မက်နေသည်ဟု ထင်မှတ်ကာ ဇဝေဇဝါဖြင့် ခေါင်းကိုငဲ့ကြည့်လိုက်မိသည်။ ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဂွမ်ချယ်ဝူ၏ပုံစံကြောင့် ထိုသံသယက ပို၍ အားကောင်းလာ၏။
သို့သော် ပေါင်ကြားမှ စတင်လာသော ဖော်ပြမရနိုင်သည့် နာကျင်မှုက ထိုအဖြူထည်အတွေးကို ချက်ချင်းပင် ရိုက်ချိုးပစ်ခဲ့သည်။
နောက်ဆုံးတွင် အစအဆုံး အားလုံးကို သူကပဲ ရှင်းလင်းပေးခဲ့ကြောင်း သိလိုက်ရချိန်၌ အီယွန်း၏မျက်နှာတစ်ခုလုံး ပူထူလာကာ သည်းမခံနိုင်အောင် ဖြစ်သွားရ၏။
“အီယွန်း။”
ပြင်းထန်သောအားကြောင့် စောင်က အောက်သို့ လျှောကျသွားသည်။ ဖရိုဖရဲဖြစ်နေသော ဆံပင်များက အီယွန်း၏ မြင်ကွင်းကို ကွယ်ထားသော်လည်း မွေ့ရာကို လက်ဖြင့်ထောက်ကာ ငုံ့မိုးကြည့်နေသော သူနှင့် မျက်လုံးချင်း ဆုံသွားသည့် အခိုက်အတန့်တွင် အီယွန်း၏ ပါးစပ်က မလိုအပ်ဘဲ ပွင့်လာပြန်၏။
“မနေ့ကအတွက် တကယ် ကျေးဇူးတင်ပါတယ်။ ကျွန်မ မနေ့ညက အများကြီး အကြွေးတင်မိသွားတယ်……”
ထိုအခါ မျက်နှာသေနှင့်ရှိနေသော သူက ခေါင်းကို စောင်းငဲ့ကာ ကြည့်လာ၏။
“ဒီခံစားချက်က တစ်မျိုးကြီးနော်။ စောင်ကို လှန်ကြည့်လိုက်ရင် ပိုက်ဆံတွေဖြစ်ဖြစ် ရှိနေတော့မလိုပဲ။ အပြန်ကားခအတွက် သုံးဆိုပြီးတော့လေ။”
“……ရှင်။”
“အီယွန်းက sex လုပ်ပြီးရင် နောက်နေ့မှာ ဒီလိုစကားမျိုးကနေ စပြောတာလား။”
“မ၊ မဟုတ်ပါဘူး……”
“ထူးဆန်းလိုက်တာ။ ကိုယ့်ကို နည်းနည်းလေးတောင် ပြန်မထိပေးလို့ စိတ်မကောင်းဖြစ်ပြီး ခပ်ကြမ်းကြမ်း ဆောင့်လုပ်ခဲ့တာကို။”
“……”
“အဲ့ဒါကို ကြိုက်သွားတဲ့ပုံပဲ၊ အီယွန်းက။ ဘာကို အကြွေးတင်တာလဲ။”
အီယွန်း ပါးစပ်အဟောင်းသားနှင့် ကြောင်သွားစဉ် ဂွမ်ချယ်ဝူက ကျွမ်းကျင်စွာပင် စကားလမ်းကြောင်း လွှဲခဲ့သည်။
“နာနေတဲ့နေရာ မရှိဘူးလား။”
“မရှိဘူးများ….မှတ်နေလား၊ ရှင့်။”
မနက်စောစောကတည်းက စိတ်အနှောင့်အယှက်ပေးနေသော ထိုလူကို စိတ်တိုသဖြင့် အသံက ဆောင့်ကြီးအောင့်ကြီးထွက်သွားသည်။ အီယွန်း ချောင်းပြန်ဟန့်လိုက်ရ၏။ ဂွမ်ချယ်ဝူကမူ ပြုံးချင်နေသော နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်ခုံးကို အားစိုက်ထားသည်။
“မနက် နိုးလာရင် အသိစိတ်အပြည့်နဲ့ ပြောချင်တဲ့ စကားပါရှိတယ်။”
“……ဘာများလဲဟင်။”
အီယွန်းက လိပ်လေးလို ခေါင်းလေးကိုကျုံ့ကာ သူ့ကို မော့ကြည့်လိုက်သည်။
“မနေ့က အီယွန်း ကိုယ့်ကို လိမ်ခဲ့တာလေ။”
“……”
အီယွန်း မျက်နှာမပြရဲသဖြင့် ခေါင်းကို ငုံ့ချလိုက်သည်။ ဂွမ်ချယ်ဝူက ထိုပုံစံကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားသော်လည်း ထိုအချက်ကို မသိသော အီယွန်းကမူ မျက်ခုံးများကိုသာ အသာအယာ ပွတ်နေမိ၏။
အကြောင်းရင်းက မည်သို့ပင်ဖြစ်စေ တရားဝင် အိမ်ထောင်သည်မိန်းမက တခြားယောက်ျားနှင့် ဘလိုင်းဒိတ်သွားသည်မှာ ခွင့်လွှတ်နိုင်စရာ ကိစ္စမဟုတ်ပေ။ နဂိုအတိုင်းသာဆို ဤမျှအထိ ကြီးကျယ်မည့်ကိစ္စမဟုတ်သော်လည်း ဂွမ်ဂီဆော့ ကြားဝင်လာပြီး ထိတ်လန့်စရာ စာရွက်စာတမ်းများ ပေါ်လာချိန်တွင် အီယွန်းက ရုတ်တရက် တရားခံဖြစ်သွားရတော့သည်။
မိဘများ၏ လမ်းဟောင်းကို လိုက်မိတော့မည့် အဆိုးဆုံး ပုံစံမျိုးဖြင့်။ ကိုယ့်ကိုယ်ကိုယ် ရွံရှာသောစိတ်ကို အရေပြားအောက်တွင် ပိုးကောင်များ ပြေးလွှားနေသလို တဆစ်ဆစ် ခံစားနေရ၏။
“နောက်တစ်ခါ ထပ်ပြောတာဆိုပေမဲ့ အီယွန်း ဘယ်လိုပဲ ကြိုးစားပါစေ အလကားပါပဲ။ ဒီလက်ကလေးနဲ့တော့ သေတောင် ကိုယ့်ကို တွန်းထုတ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီလိုလုပ်ရာက အီယွန်းပဲ နာရမှာ။”
ဂွမ်ချယ်ဝူ အီယွန်း၏ ဆံပင်ကိုကိုင်ရန် လက်ကမ်းလိုက်စဉ် အီယွန်းက ပခုံးလေးကိုတွန့်ကာ ရှောင်လိုက်မိသည်။
“……အဲ့ဒါကို အီယွန်းတစ်ယောက်ပဲ မသိတာထင်လို့။”
ရုတ်တရက် မျက်နှာထားတင်းမာသွားသော ဂွမ်ချယ်ဝူက အနည်းငယ် တုံ့ဆိုင်းပြီးမှ စကားကို ဆက်ပြောခဲ့သည်။
သွေးက စကားပြောသည်ဆိုသည့်အတိုင်း ကဲ့ရဲ့ရှုတ်ချသံများ ဝိုင်းဝန်းကျရောက်လာသလိုမျိုးပင်။ အီယွန်း မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ထားလိုက်သည်။ လည်ချောင်းထဲမှ နာကျင်မှုက ပျံ့နှံ့လာပြီး ရင်ထဲတွင်လည်း လှိုက်တက်လာ၏။
“အီယွန်း။”
သူက ပုံမှန်ထက် အသံကိုနှိမ့်ကာ အီယွန်းကို မာန်မဲသည့်အလား ခေါ်ခဲ့သည်။ ထိုအခါ ထိတ်လန့်တုန်လှုပ်သွားသော အီယွန်းက ရင်ဘတ်လေး နိမ့်ချည်မြင့်ချည်ဖိုလှိုက်လျက် တီးတိုး ရေရွတ်မိတော့၏။
“……အဲ့ဒါက၊ အဲ့ဒါက ကျွန်မ တကယ် မှားသွားပါတယ်။”
“……”
တုန်ရီနေသော အသံက ပုံမှန်မဟုတ်ပေ။ ဂွမ်ချယ်ဝူက မျက်မှောင်ကြုတ်ကာ အီယွန်းကို စိုက်ကြည့်နေမိသည်။
“တကယ်ပဲ အဲ့ဒီလိုစိတ်ကူးမျိုး မရှိခဲ့ပါဘူး။ တခြားစိတ်ကူးရှိလို့ အဲ့ဒီလိုလုပ်ခဲ့တာမဟုတ်ပါဘူး။ ဒီအတိုင်း…… သိချင်ခဲ့လို့ပါ။ တခြားယောက်ျားတွေက ဂွမ်ချယ်ဝူနဲ့ ဘယ်လိုကွာခြားလဲဆိုတာ။ တခြားယောက်ျားတွေရှေ့မှာလည်း ကျွန်မက ဂွမ်ချယ်ဝူရှေ့မှာ တစ်ခါတလေ ဖြစ်တတ်သလို ရင်တဒိန်းဒိန်း ခုန်မလားဆိုတာ။ ကျွန်မက အဲ့ဒါလေး အတည်ပြုကြည့်ဖို့ပဲ လိုအပ်ခဲ့တာပါ။”
“……”
“ဘာလို့လဲဆိုတော့၊ ကျွန်မက ဂွမ်ချယ်ဝူကို တကယ်…… တကယ်……”
အီယွန်း သင့်တော်သောစကားကို ရှာဖွေရန် အချိန်ခဏယူနေရစဉ် ဂွမ်ချယ်ဝူက မျက်တောင်မခတ်ဘဲ သူ့ကို စိုက်ကြည့်နေသည်။ သို့သော် လည်စေ့က လှုပ်ရှားနေကာ နှုတ်ခမ်းကို လျှာဖြင့်သပ်နေသောပုံစံက အနည်းငယ် ရယ်စရာပင်။
“လူလို့တွေးလိုက်ရင် ကြောက်ပါတယ်၊ ဒါပေမဲ့ ခွေးလို့ သတ်မှတ်လိုက်ရင် အဆင်ပြေသွားရော။ အိပ်နေရင်လည်း သစ်ပင်လေးလိုပဲမို့လို့ မျက်စိထဲက မထွက်ဘူး……”
ဂွမ်ချယ်ဝူ၏ မျက်ခုံးများက တွန့်သွားသော်လည်း အီယွန်း၏ ညင်သာသော အသံက ဆက်ထွက်နေဆဲပင်။
“လူတစ်ယောက်ကြောင့် ဒီလောက်အထိ စိတ်အနှောင့်အယှက်ဖြစ်ဖူးတာ ဒါပထမဆုံးပါပဲ။ ဂွမ်ချယ်ဝူကြောင့် နေ့တိုင်းက အာရုံမရအောင်ဖြစ်နေရတာမို့လို့ တကယ်ပဲ စိတ်ရှုပ်ဖို့ကောင်းပါတယ်။”
“……အခု ဘာပြောလိုက်တယ်။”
နိမ့်ဝင်သွားသော အသံက လှိုင်းတစ်ခုပမာ ပေါ်ထွက်လာသည်။ ထိုစဉ် ဂွမ်ချယ်ဝူ၏ မျက်ဝန်းများ ပြူးကျယ်သွားကာ နက်ရှိုင်းသော မျက်ဆန်ထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားတော့၏။
အဲ့ဒီလိုစကားတွေ ပြောနေရင်း ဘာလို့ နားရွက်တွေက နီရဲလာရတာပါလိမ့်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၄၄ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။