no

Font
Theme

အပိုင်း ၅၁

“ရဲသုံးယောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီး ကျန်တဲ့ ရှစ်ယောက်ကတော့ နုတ်ထွက်စာ တင်လိုက်ကြပါပြီ။”

ဂျန်ဘုမ်ဟီးက နားကြပ်တပ်ထားရင်း ပြတင်းပေါက်အပြင်ဘက်မှ ဆိုအီယွန်း၏အိမ်ကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

ပင်လယ်ပြင်အလယ်တွင် ငါးဖမ်းသင်္ဘောကို အသွင်ပြောင်းကာ လျှို့ဝှက်စွာ လုပ်ကိုင်နေခဲ့သော လုပ်ငန်းများအနက်မှ တစ်ခု ဖော်ထုတ်ခံလိုက်ရခြင်းပင်။

ထိုသို့ ဖော်ထုတ်လိုက်သူကလည်း ဂွမ်မိသားစု၏ အငယ်ဆုံးသခင်လေးဖြစ်နေကာ သူ၏ လက်ချက်ဖြင့် အရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ရ၏။

ထိုစဉ်က ခံစားချက်ကို မည်သို့ ဖော်ပြရမည်နည်း။

ငြင်းမရနိုင်သည့် သက်သေအထောက်အထားများကလည်း အလျှံအပယ်ရှိနေ၏။ မူးယစ်ဆေးဝါးတင်ဆောင်လာသည့် သင်္ဘောတစ်စီး၊ ဖန်လုံအိမ်ဓာတ်ပုံများ၊ စိုက်ခင်းကို တာဝန်ယူခဲ့သည့် ကိုရီးယားနွယ်ဖွားတရုတ်များ။

သို့သော် ထိုအဆင့်အထိသာ။ သူတို့အားလုံး ဖမ်းဆီးခံရပြီး အစိုးရရှေ့နေထံ လွှဲပြောင်းပေးခြင်းခံခဲ့ရသော်လည်း ယင်းက အမြီးဖြတ်ရုံမျှသာ ဖြစ်ခဲ့သည်။

ခဲရာခဲဆစ် ထွက်ပေါ်လာသော သတင်းတစ်ပုဒ်ကလည်း ကိုရီးယားနွယ်ဖွားတရုတ်များအပေါ် အမုန်းပွားစေရန် လှုံ့ဆော်သည့်နေရာတွင်သာ အသုံးချခံလိုက်ရကာ အဓိကအနှစ်သာရကို မှေးမှိန်စေခဲ့၏။

ဥပဒေလိုက်နာမှု အားနည်းသော ကိုရီးယားနွယ်ဖွားတရုတ်များက မူးယစ်ဆေးဝါးကို တိတ်တဆိတ် စိုက်ပျိုးခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရန် ကြိုးပမ်းမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း စသည်ဖြင့် အမှုအား သာမန်ကာလျှံကာအဖြစ်သာ အဆုံးသတ်လိုက်ကြသည်။

— ချယ်ဝူကို ဘယ်လိုလုပ်ရင် ကောင်းမလဲ။

ဒါရိုက်တာဂွမ်၏ အေးအေးလူလူ သက်ပြင်းချသံကြောင့် ဂျန်ဘုမ်ဟီး၏ မျက်နှာက အနည်းငယ် တင်းမာသွားသည်။

အစပိုင်းတွင် သွားရောက်ဖမ်းဆီးခဲ့သော ရဲများကို အရေးယူမှုများလည်း အားလုံး ပြီးဆုံးသွားပေပြီ။

တစ်စုံတစ်ယောက်က ခေါင်းမာစွာဖြင့် ပြန်လည်ခုခံခဲ့သောကြောင့် အပြစ်ပေးခြင်းခံရပြီး၊ အချို့ကမူ တစ်သက်လုံး အလုပ်လုပ်လျှင်ပင် မြင်ဖူးနိုင်မည်မဟုတ်သည့် ငွေကြေးပမာဏကို ရရှိသွားသဖြင့် ပျော်ရွှင်စွာ အလုပ်ထွက်ခဲ့ကြ၏။

သို့သော် ဤနေရာတွင် တကယ်တမ်း ခေါင်းခဲစရာဖြစ်နေသူက အခြားမဟုတ်ဘဲ ဂွမ်ချယ်ဝူပင်။

— ဖောက်သည်တွေ မကျေမနပ်ဖြစ်ကြလို့ မျက်နှာပျက်ရတယ်ဆိုတော့ အစ်ကိုတစ်ယောက်အနေနဲ့ အပြစ်ပေးရမှာပေါ့။

~~~~

ဂွမ်ချယ်ဝူက ပြတင်းပေါက်နားတွင် ရပ်နေရင်း တဖြည်းဖြည်း ဝေးကွာသွားသော အီယွန်းကို စောင့်ကြည့်နေခဲ့သည်။

မည်သည့်အမူအရာမှ ရှိမနေသော သူ၏မျက်နှာက ခြောက်သွေ့နေသည့် ပန်းပင်ကဲ့သို့ နွမ်းလျလျက်။

မှန်ပြတင်းအပြင်ဘက်သို့ မျက်တောင်တစ်ချက်ပင်မခတ်ဘဲ စိုက်ကြည့်နေသောလူက အီယွန်း ပျောက်ကွယ်သွားသည်အထိ မလှုပ်မယှက် ရှိနေခဲ့၏။

ထို့နောက်တွင်လည်း ပြတင်းပေါက်နားမှ အလွယ်တကူ ထွက်မသွားနိုင်ဘဲရှိနေရာမှ နာရီကြီး အချိန်တိကျစွာ အချက်ပေးလာတော့မှသာ နှုတ်ဆိတ်စွာဖြင့် ကျောခိုင်းသွားတော့သည်။ မည်မျှပင် စောင့်နေပါစေ၊ အီယွန်းက ယောင်၍ပင် နောက်ကြောင်းပြန်လှည့်လာခြင်းမရှိခဲ့။

ဆိုဖာပေါ်တွင် ထိုင်လိုက်သည့် သူ၏ ကိုယ်နေဟန်ထားက ခွေခေါက် ကုန်းကိုင်းမနေဘဲ စည်းကမ်းရှိသူတစ်ယောက်လိုပင်။ ခါးက မတ်နေပြီး လက်နှစ်ဖက်ကိုလည်း ဒူးပေါ်တွင် သေသပ်စွာတင်ထား၏။

သို့သော် ဂွမ်ချယ်ဝူက ခလုတ်ပိတ်ထားသော လူတစ်ယောက်လို ဘာမှမလုပ်ဘဲ နေနေသည်။

ပြင်းရှရှ အသက်ရှူသံနှင့်အတူ မျက်တောင်များသာ ရံဖန်ရံခါ လှုပ်ရှားနေကာ ရပ်တန့်သွားသော အချိန်များက ဒြပ်ဆွဲအားကဲ့သို့ ဖိနှိပ်ထားသည့်တိုင် သူက အောင့်အည်းသည်းခံနေ၏။

အီယွန်း ထွက်ခွာပျောက်ကွယ်သွားရာ ထိုနေရာက သူတို့ အတူတူနေသော အိမ်လေးဖြစ်သော်လည်း သူစိမ်းတစ်ယောက်၏ နေရာပမာ ယောင်အမ်းအမ်းဖြစ်စေခဲ့သည်။ ဂွမ်ချယ်ဝူက အားမရှိသလို ထိုင်နေရင်း ဆိုအီယွန်း၏ မျက်နှာကိုသာ ထပ်ခါတလဲလဲ ပြန်တွေးနေမိ၏။

အိမ်တင်မကပေ။ ဂွမ်ချယ်ဝူအတွက် ပစ္စည်းတိုင်း၊ လူတိုင်းက ထိုအတိုင်းပင်။

“…….”

ကိုယ့်ကို ထားခဲ့ပြီး ဘယ်သွားမှာလဲ။ ဘယ်သူငယ်ချင်းလဲ။ ယောက်ျားလား၊ မိန်းမလား။ ဘယ်လိုသိခဲ့တာလဲ။

သူ လက်သီးကို တင်းတင်းဆုပ်လိုက်တော့ လက်ဖမိုးပေါ်မှ အရိုးများ ငေါထွက်လာသည်။

ထိုသို့သော စိတ်ရှုပ်စရာ မေးခွန်းများက သူ့အမြင်တွင်ပင် ရင့်ကျက်မှုမရှိသလို ထင်ရ၏။ ကောင်းကောင်း သည်းခံနိုင်ပြီဟု ထင်ခဲ့သော်လည်း ရုတ်တရက် ဒေါသက ဟုန်းခနဲထလာပြန်သည်။

နွေဦးအစနှင့် လိုက်ဖက်သော ပေါ့ပေါ့ပါးပါးအင်္ကျီနှင့် လတ်ဆတ်သော ဂျင်းဘောင်းဘီ။ တစ်ခါမှ မမြင်ဖူးသော ဝတ်စုံဖြင့် လူကို ဘာမှမဟုတ်သလို ဆွဲဆောင်ထားခဲ့ပြီးမှ။ ထွက်ပြေးသလို အိမ်ရှေ့တံခါးဆီသို့ သုတ်ခြေတင် ပြေးထွက်သွားချိန်တွင် အီယွန်းကို ကိုယ်တိုင်ပင်မသိလိုက်ဘဲ ဆွဲဖမ်းမိတော့မလို ဖြစ်သွားခဲ့သည်။

“……ဘယ်တော့ ပြန်လာမှာလဲ။ ဘယ်နှနာရီ။ ဘယ်နှမိနစ်လဲ။”

သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို အနောက်သို့ ပစ်လှန်လိုက်သည်။ ထင်ရှားစွာ ပေါ်ထွက်နေသော လည်စေ့က ဒေါသတကြီး လှုပ်ရှားသွား၏။

ဂွမ်ချယ်ဝူက အီယွန်းရှိနေသောကြောင့်သာ မြူဆိုင်းနေသကဲ့သို့ ဝေဝါးနေသော ဤလက်တွေ့ဘဝတွင် အထိုင်ကျနိုင်ခဲ့ခြင်းပင်။ အီယွန်းဟူသော ကြားခံနယ်မရှိခဲ့လျှင် ဤနေရာနှင့် ကင်းကွာကာ လေလွင့်နေသော ဘဝမျိုးဖြင့် ရှင်သန်နေမိမည်မှာ သေချာလှသည်။

မှတ်ဉာဏ်ဆိုသည်က လူတစ်ယောက်ကို တည်ဆောက်ထားသည့် အနှစ်သာရဖြစ်ပြီး ထိုအရာများ ပျောက်ဆုံးနေသော ဂွမ်ချယ်ဝူက မည်သည့်နေရာတွင်မဆို မိမိ၏ ဖြစ်တည်မှုကို ခံစားရရန် ခက်ခဲနေသောကြောင့် အီယွန်းကို ဝါးမျိုခြင်းဖြင့် မိမိကိုယ်ကိုယ် ဖြည့်ဆည်းခဲ့၏။ အီယွန်းပြောသော စကားများကိုသာ သောက်သုံးရန် စိတ်လောနေခဲ့ရသည်။

ဆိုအီယွန်း၏ ခင်ပွန်း။

လက်ရှိအချိန်တွင် ထိုအရာတစ်ခုတည်းကသာ သူ ဖြစ်တည်နေရခြင်း၏ အကြောင်းရင်းနှင့် တစ်ခုတည်းသော တန်ဖိုးပင်။

ရံဖန်ရံခါ သံသယနှင့် မယုံကြည်မှုကဲ့သို့သော မနှစ်မြို့ဖွယ် အသံများက သူ၏အာရုံကြောများကို လာရောက်နှောင့်ယှက်တတ်သော်လည်း ဇနီးဖြစ်သူသာ ရှိနေပါက သူ ဂရုမစိုက်ပေ။

သို့သော်…

အေးအေးဆေးဆေး စောင့်နေပေးရန်မှာလည်း ဆိုအီယွန်းက ယခုအထိ၊ ကျိန်စာသင့်နေသလို ယခုအထိ၊ ကျောခိုင်းရန်သာ ဝါသနာပါနေဆဲပင်။

“…….”

ရုတ်တရက် ဂွမ်ချယ်ဝူ အသံတိတ် ကိုယ်ကို ထရပ်လိုက်သည်။

ယခု ရှုပ်ထွေးနေသော ခေါင်းထဲမှ အတွေးများကို တစ်ခါလောက် ရှင်းလင်းရန် အချိန်တန်ပေပြီ။

~~~~

ပထမဆုံး တွေ့ဆုံခဲ့သော အမျိုးသားက ကိုယ်ပိုင်စာအုပ်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားသည်ဟုဆိုသော အသက်ပိုကြီးသူပင်။

အီယွန်းက သေသပ်သော ရုပ်ရည်နှင့် အမူအရာကအစ တည်ငြိမ်လှသော ထိုအမျိုးသားကို မသိမသာ အကဲခတ်ကြည့်နေမိသည်။ သူက အစမှအဆုံး ပြုံးနေကာ ဖောက်သည်တစ်ယောက်ကို ဧည့်ခံနေသကဲ့သို့ ပြီးပြည့်စုံသော နားထောင်သူအဖြစ်ရှိနေ၏။

မျက်လုံးချင်းဆုံအောင်ကြည့်ခြင်း၊ အပိုအလိုမရှိ ခေါင်းညိတ်ပြခြင်းနှင့် သင့်တော်သော အချိန်တွင် ထောက်ခံစကား ပြောပေးခြင်းတို့က ကျွမ်းကျင်သော အတွေ့အကြုံနှင့်အတူ စိတ်ရင်းမှန်မှုကို ခံစားရစေသည်။

နံပါတ် (၁) အမျိုးသားက ကျိန်းသေပေါက် အင်မတန် စာနာထောက်ထားတတ်သူ ဖြစ်ပေမည်။

“အီယွန်း၊ ဘယ်သစ်ပင်ကို အကြိုက်ဆုံးလဲဗျ။”

……မေးခွန်းအဆင့်အတန်းကိုသာ ကြည့်ဦးတော့။ အသက်ရှူလိုက်ရုံနှင့် EQ ကို ခံစားရစေသည့် ဤခံစားမှုမျိုး။

သူက ကျိန်းသေပေါက် ပညာတတ်တစ်ယောက်ပင်။

ထိုလူက အီယွန်း ဂွမ်ချယ်ဝူထံတွင် ရိုက်သွင်းပေးချင်ခဲ့သည့် ယောက်ျားပုံစံမျိုး ဖြစ်ပေသည်။ သဘောကောင်းပြီး၊ နူးညံ့ကာ ယဉ်ကျေးသိမ်မွေ့သော…….

သို့သော် ဂွမ်ချယ်ဝူကမူ…….

‘အားး’

ရုတ်တရက် အီယွန်းက ခေါင်းကို အကြောက်အကန် ခါယမ်းလိုက်သည်။

မစဉ်းစားနဲ့။

ဤနေရာအထိ ရောက်လာပြီးမှ ဂွမ်ချယ်ဝူအကြောင်းကို မတွေးချင်တော့ပေ။

အီယွန်း စိတ်ကိုပြန်လည်စုစည်းကာ အရှေ့မှ အမျိုးသားအပေါ် အာရုံစိုက်လိုက်သည်။ ပထမဆုံးတွေ့ဖူးသူနှင့်ဆိုလျှင် အနည်းငယ် အနေခက်တတ်သော်လည်း သစ်ပင်အကြောင်းကမူ အမြဲတမ်း စိတ်ဝင်စားစရာကောင်းနေဆဲပင်။

“စပရူးစ် ထင်းရှူးပင်ကို ကြိုက်ပါတယ်။”

“ကြားဖူးတယ်ဗျ။ အဲ့ဒါက တူရိယာတွေလုပ်တဲ့နေရာမှာ သုံးတဲ့သစ်ပင် မဟုတ်လား။”

“ဟုတ်ပါတယ်ရှင့်။”

အီယွန်း ဝမ်းသာအားရ ပြုံးလိုက်သည်။

“အဲ့ဒီသစ်ပင်ကို ကြိုက်ရတဲ့ ထူးထူးခြားခြား အကြောင်းရင်းများရှိလို့လား။”

အီယွန်း တစ်ချက် တန့်သွားသည်။ ထိုတဒင်္ဂလေးက အဆုံးမရှိ ရှည်လျားသွားတော့မလို ဖြစ်နေစဉ် သူက ပုခုံးကို တွန့်ပြလိုက်၏။

“……မှတ်ဉာဏ်တွေက မပြည့်စုံတော့ တစ်နည်းနည်းနဲ့ အဓိပ္ပာယ်ရှိတဲ့နာမည်လေး ပေးချင်လို့ပါ။”

“ဗျာ။”

အမျိုးသားက ခေါင်းကို ငဲ့စောင်းပြီး ကြည့်လာရာ အီယွန်းက လက်ဖက်ရည်ခွက်ကိုကိုင်ရင်း နားလည်ရခက်သော မျက်နှာထားကို ပြခဲ့သည်။

“ငယ်ငယ်တုန်းက အကြောင်းပါ။ ကျွန်မ ခဏခဏသွားတတ်တဲ့ နောက်ဖေးတောင်ပေါ်မှာ သစ်ပင်လေးတစ်ပင် ရှိတယ်ရှင့်။”

သူက စိတ်ဝင်တစား နားထောင်ပေးနေသည်။ ထိုအနည်းငယ်သော စိတ်ဝင်စားမှုကပင် ကျေးဇူးတင်စရာ ဖြစ်နေသောကြောင့် အီယွန်း အနည်းငယ် ပြုံးလိုက်မိ၏။

“ပင်စည်က သေးပေမဲ့ သစ်ရွက်တွေ အရမ်းဝေဆာပြီး အရိပ်ကလည်း တကယ်ကြီးတဲ့ သစ်ပင်ပါ။ ဒါပေမဲ့ အဲ့ဒီအောက်မှာ ထိုင်လိုက်ရင်လေ အမြဲတမ်း ဘယ်ကမှန်းမသိ ဂီတသံလေး ကြားနေရတတ်တယ်ရှင့်။ လိမ်နေတာလို့ ထင်လောက်ပေမဲ့ အဲ့ဒီသစ်ပင်ကို ကျောမှီလိုက်ရုံနဲ့ တေးသွားလေးတွေက ပေါ်ပေါ်လာတာပဲ။”

ထိုအချိန်ကို ပြန်တွေးမိတော့ သဘာဝကျကျပင် နှုတ်ခမ်းထောင့်စွန်းများက ကွေးတက်သွားသည်။

“……အိပ်မက်မက်နေတာ မဟုတ်ဘူးလားဗျ။”

အမျိုးသား၏ တုံ့ပြန်မှုက ချူဂျာနှင့် ထပ်တူပင်။

ထိုစဉ်ကလည်း ချူဂျာက နှာခေါင်းရှုံ့ရယ်ရုံသာ လုပ်ခဲ့သည်။ တစ်နေ့တွင် မိမိစကား မှန်ကန်ကြောင်း သက်သေပြရန် ချူဂျာကိုခေါ်ပြီး နောက်ဖေးတောင်ပေါ် တက်ခဲ့သော်လည်း ထူးထူးဆန်းဆန်းပင် တောအုပ်ကြီးက တိတ်ဆိတ်နေ၏။

“တကယ်ပါရှင့်။”

အီယွန်းက ရယ်သံကို ထိန်းထားရင်း ထပ်လောင်း အတည်ပြုလိုက်သည်။

သို့သော် နောက်တစ်နေ့၊ စိတ်တိုတိုနှင့် အီယွန်း တစ်ယောက်တည်း နောက်ဖေးတောင်ပေါ် ပြန်တက်သွားသည့်အခါ။ ထိုလျှို့ဝှက်ဆန်းကြယ်သော တေးသွားက သူ့ကို စောင့်နေသကဲ့သို့ ပြန်ကြားရပြန်သည်။ အီယွန်း တစ်ယောက်တည်းရှိနေသည့် အချိန်မျိုးတွင်သာ။

“ဒါဆို အဲ့ဒီသစ်ပင်က စပရူးစ် ထင်းရှူးလား။”

“ဟင့်အင်း၊ အဲ့ဒါတော့ မဟုတ်ပါဘူး။”

အီယွန်းက ခေါင်းကို အမြန်ခါပြလိုက်သည်။

“အဲ့ဒါက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုတော့ ကျွန်မလည်း မှတ်ဉာဏ်က ဝေဝါးနေပါပြီ။ တစ်ခါကတော့ သိချင်လွန်းလို့ သွားရှာကြည့်သေးပေမဲ့ မြို့ပြစီမံကိန်းကြောင့် အကုန်ပျက်စီးသွားပြီရှင့်။”

အသံက အေးဆေးတည်ငြိမ်နေသော်လည်း မျက်ဝန်းများတွင်မူ မသိမသာ လွမ်းဆွတ်တမ်းတရိပ်များ ထင်နေခဲ့သည်။

“အဲ့ဒါကြောင့် နှမြောလွန်းလို့ ကျွန်မဘာသာ ‘သီချင်းဆိုတဲ့သစ်ပင်’ ဆိုပြီး ခေါ်ခဲ့တာပါ။ ရိုမန့်တစ်ဆန်တဲ့သူတချို့က စပရူးစ်ထင်းရှူးကို အဲ့ဒီလိုခေါ်တတ်ကြတာ သိသွားတော့မှ ကျွန်မလည်း လိုက်ပြီး ခေါ်ဖြစ်သွားတာလေ။”

“တကယ့် ပုံပြင်စာအုပ်ထဲကလို ဇာတ်လမ်းပဲ။”

အမျိုးသားက နူးညံ့စွာပြုံးပြီး ခေါင်းညိတ်ခဲ့သည်။

— ဂျီးးးး၊ ဂျီးးးး

ထိုစဉ်၊ စားပွဲပေါ်တွင် တင်ထားသော တစ်ဖက်လူ၏ ဖုန်းက မြည်လာသည်။ အမျိုးသားက ဖုန်းစခရင်န်ကို ကြည့်လိုက်ပြီးနောက် မျက်နှာ အနည်းငယ် တင်းမာသွား၏။ သေသပ်လှပသော သူ၏ပုံရိပ်က ခဏချင်းအတွင်း မှေးမှိန်သွားကာ အင်မတန် အကျပ်ရိုက်နေသည့်ပုံစံမျိုး ဖြစ်သွားတော့သည်။

“ကိုင်လိုက်လို့ ရပါတယ်ရှင့်။”

အမျိုးသားက ကျေးဇူးတင်သည့် အကြည့်တစ်ချက်ပေးကာ ဖုန်းကို နားတွင်ကပ်လိုက်သည်။

“……အင်း၊ ဂျီဆူ။”

တည်ငြိမ်နေသော အမျိုးသားက ရုတ်တရက် ပေါင်ကို ပွတ်သပ်ရင်း ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်ခဲ့သည်။ အဝေးသို့ ဦးတည်လိုက်သော သူ၏အကြည့်တွင် ထူးဆန်းသော စိုစွတ်မှုများ ရစ်ဝဲတက်လာ၏။ ရင့်ကျက်ပုံရသော သူ၏မျက်နှာထားက ခဏတွင်းချင်း လမ်းပျောက်နေသည့် ကလေးတစ်ယောက်ပမာ ဂနာမငြိမ် ဖြစ်လာတော့သည်။

“ကလေးကို ဆေးတိုက်ပြီးပြီလား။ ငါ ဆန်ပြုတ်ဝယ်ထားတယ်၊ အဲ့ဒါ အရင်တိုက်လိုက်ပါလား။”

အီယွန်းက ကိတ်မုန့်တစ်ဖဲ့စားရင်း ထိုလူကို သေချာ စောင့်ကြည့်နေမိ၏။

“……ဒါဆို၊ ငါ အိမ်မပြန်ခင် ဝင်ခဲ့မယ်။”

သူက မျက်ခုံးရိုးကိုနှိပ်ရင်း သက်ပြင်းချလိုက်သည်။ အသံက ထူးဆန်းစွာ ခံစားချက်များပါနေ၏။

“အဲ့လိုမပြောစမ်းနဲ့……ပြောပြီးပြီလေ။”

သူက အသံကို ဟိန်းခနဲ မြှင့်လိုက်ပြီးမှ ခံစားချက်ကို ထိန်းချုပ်သည့်အလား သွားကို တင်းတင်းကြိတ်ခဲ့သည်။

အီယွန်းလည်း ဘာဖြစ်တာလဲဟု သိချင်စိတ်ဖြင့် ကိတ်မုန့်ကို တစ်လုပ်စာ ထပ်ဖဲ့လိုက်ပြန်၏။

“……ငါ့အမေပြောတဲ့စကားကို ဂရုမစိုက်ပါနဲ့ဆို။”

ဘုရားရေ၊ အမေနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုခုဖြစ်မဲ့ပုံပဲ။ အီယွန်း၏ ပန်းကန်ပေါ်မှ ခက်ရင်းလေးကလည်း ပို၍မြန်ဆန်လာသည်။

“ငါက ဘာလို့ သူစိမ်းဖြစ်ရမှာလဲ၊ ငါတို့တွေ အလယ်တန်းကတည်းက သူငယ်ချင်းဖြစ်လာကြတာ ဘယ်နှနှစ်ရှိပြီလဲ……”

သူက အသက်ရှူကျပ်နေသလို အသံကိုနှိမ့်ကာ ပြောခဲ့သည်။

“ငါက နင့်အပေါ် အဲ့ဒီလောက်တောင် သစ္စာမရှိဘူးလို့ ထင်နေတာလား။ နင့်ကလေးဆိုရင် ငါ့ကလေးပဲပေါ့။”

ဖုန်းပြောသံက အငြင်းအခုံဖြစ်နေသလို ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

သူ၏ကိစ္စ ရှည်ကြာလာသည်နှင့်အမျှ ခိုးနားထောင်နေသော အီယွန်း၏ ပါးစပ်ထဲတွင်လည်း အချိုဓာတ်များ ပေါက်ကွဲနေ၏။ တစ်လုပ်ချင်း ဖဲ့စားနေသော ကိတ်မုန့်ကလည်း မသိလိုက်ခင် ကုန်သွားပေပြီ။

အီယွန်းက ခက်ရင်းကိုစုပ်ရင်း အချိန်နှင့်အမျှ ပြောင်းလဲနေသော အမျိုးသား၏ မျက်နှာထားကို အကဲခတ်နေမိသည်။ ကိတ်မုန့် နောက်တစ်ပွဲ ထပ်မှာရတော့မည်ပုံပင်။

ချူဂျာရေ၊ ဒီလူကတော့ အံ့သြစရာကောင်းတဲ့ ယုတ္တိဗေဒကို သုံးနေတဲ့အပြင် မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေပါ ရှိနေတာပဲ။

ကာယကံရှင်က ထိုအချက်ကို သိရဲ့လား မသိသော်လည်း……

စာနာမှုက တစ်မျိုးကြီး ဖြစ်နေသဖြင့်…….

ဤလူတော့ မအောင်လိုက်ပေ။

~~~~

သေးငယ်သော မြို့နယ်ရုံးအတွင်း၌။

ကောင်တာတွင် ထိုင်နေသော ဝန်ထမ်းက စာရွက်စာတမ်းကိုယူရန် ကြိုးစားနေရာမှ လက်က ဆတ်ခနဲတွန့်သွားသည်။ ဤကဲ့သို့သော နေရာမျိုးတွင် တွေ့ရခဲသည့် ခံ့ညားထည်ဝါသော အမျိုးသားတစ်ဦး လျှောက်လှမ်းလာသောကြောင့်ပင်။

မည်သည့်ချို့ယွင်းချက်မှ ရှာမရသော သူ၏ရုပ်ရည်က အကြည့်အားလုံးကို စုပ်ယူထားသည့်အလား နီးကပ်လာ၏။ ပတ်ဝန်းကျင်ကို သတိထားကြည့်နေသော အကြည့်က ဝန်ထမ်းဆီသို့ ရောက်လာသည်။

လူတစ်ယောက်ကို ထိုးဖောက်မြင်နိုင်သော စူးရှသည့် အကြည့်မျိုးပင်။

“……ဟုတ်ကဲ့၊ ဘာကိစ္စရှိလို့လဲရှင့်။ ဘာ…ဘာများကူညီပေးရမလဲ။”

ဝန်ထမ်းက ဖော်ပြ၍မရသော ထူးဆန်းသည့် ဖိအားကြောင့် တံတွေးကို ခဲရာခဲဆစ် မျိုချလိုက်မိသည်။

ဂွမ်ချယ်ဝူက အတွေးထဲမျောနေသလို ခေတ္တ နှုတ်ဆိတ်နေပြီးမှ မျက်ခုံးကို အသာလှုပ်ရှားလိုက်၏။

“မိသားစုဆက်နွှယ်မှု သက်သေခံလက်မှတ် ထုတ်ချင်လို့ပါ။”

မည်သည့်ခံစားချက်မှ မပါဝင်သော အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာလေသည်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment