no

Font
Theme

အပိုင်း ၄၅

“……”

ဆောယောင်း မျက်မှောင်ကြုတ်လိုက်သည်။

ကျေးဇူးတင်စရာဖြစ်သော်လည်း တစ်ချိန်တည်းတွင် စိတ်ကသိကအောက်ဖြစ်စေသည့် ဂရုစိုက်မှုမျိုးပင်။

မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို အကဲခတ်နေသော အီဝူရှင်းက တစ်ခုခုကို အလိုမကျသလို ထိလွယ်ရှလွယ်ဖြစ်နေပုံရပြီး၊ မကြာခဏဆိုသလို တုံ့နှေးတုံ့နှေးလုပ်နေသည့် အဖွဲ့ဝင်များကို ဆဲရေးတိုင်းထွာသည့်အလား ဝီစီကို ပြင်းပြင်းထန်ထန် မှုတ်နေခဲ့သည်။

ဆောယောင်းအနေနှင့် သူ၏သဘောထားကို အကဲခတ်ရန် ခက်ခဲလှ၏။ သူ၏ဂရုစိုက်မှုက တစ်ခါတစ်ရံ လျစ်လျူရှုခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင်မူ အသိတရားရှိသော ပြုမူမှုမျိုး ဖြစ်နေတတ်သည်။

ဤလေ့ကျင့်ရေးစခန်းတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်ကြောင်း သိသော်လည်း အခြေအနေပေါ်မူတည်၍ နှစ်ခွဖြစ်နေသော မိမိ၏အနေအထားကို ဆောယောင်း မကျေမနပ်ဖြစ်မိ၏။

မလွှဲမရှောင်သာ ခွဲခြားဆက်ဆံခံရသည့်အချိန်မျိုးလည်း ရှိနိုင်သည်ဟု တည်တည်ငြိမ်ငြိမ် လက်ခံသင့်သော်လည်း တစ်ပြိုင်နက်တည်းမှာပင် အာခံချင်စိတ်ကလည်း ရှိနေပြန်သည်။

ယခု ရေကူးကန်ထဲတွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။

“……”

“……”

ဆောယောင်းက အီဝူရှင်းထံမှ အကြည့်မလွှဲဘဲ ထိုအတိုင်း အပေါ်သို့ တက်လာခဲ့သည်။ ထင်သည့်အတိုင်းပင် သူ၏မျက်နှာက ချက်ချင်း တင်းမာသွားတော့၏။

ကြီးမားသော လည်စေ့ မတည်မငြိမ် လှုပ်ရှားသွားသည်ကို မြင်လိုက်ရသော်လည်း ဆောယောင်းက လျစ်လျူရှုကာ ရေကူးကန်လှေကားကို နင်းလိုက်သည်။ အီဝူရှင်းက ခေါင်းကိုမော့ပြီး သက်ပြင်းချသံနှင့်တူသော ရယ်သံတစ်ခုကို လွှတ်ထုတ်ခဲ့၏။

အေးစက်သောလေက ဗလာကျင်းနေသည့် ခြေထောက်များကို ရှပ်ထိကျီစယ်သွားသော်လည်း မာနချင်း အားပြိုင်နေ၍လားမသိ၊ ထူးဆန်းစွာ အေးသည်ဟုပင် မခံစားရပေ။

“ဒီဟာဖြစ်ဖြစ် ပတ်သွား။”

အက်ရှရှ နိမ့်သောအသံနှင့်အတူ ထိုလူက ကိုင်ထားသည့် ဘောင်းဘီကို စေတနာထားသလို ပစ်ပေးလာသည်။ ရေစိုကာ လေးလံနေသည့် ဘောင်းဘီက ဆောယောင်း၏ကျောကို ထိမှန်ကာ ပြုတ်ကျသွား၏။

ဆောယောင်းကမူ ယင်းကို ကောက်ယူရန် အားမထုတ်ခဲ့ပေ။

“အရည်မရအဖတ်မရကောင်တွေရဲ့ မျက်စိအစာ အဖြစ်မခံဘဲ ဝတ်သွားဆိုရင် ဝတ်သွားလိုက်။”

“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလိုတွေအထိပါ တွက်ချက်ပြီး ချွတ်ခဲ့တာပါ။”

“……”

“အဲ့ဒီလို ဉာဏ်နီဉာဏ်နက်တွေ ထုတ်နေရလို့ အမြန် မချွတ်နိုင်ခဲ့တာပေါ့။”

မျက်လုံးကို စုံမှိတ်ထားသည့် အီဝူရှင်းက မျက်ခုံးရိုးကိုသာ ခပ်ပြင်းပြင်း ဖိနှိပ်နေခဲ့သည်။

“အဖွဲ့ဝင် ဟန်ဆောယောင်းမှာ လိုက်လျောညီထွေဖြစ်မှုဆိုတာ လုံးဝမရှိဘူးလား။”

“လေ့ကျင့်ရေးကာလမှာ အဲ့ဒါက လိုအပ်လို့လားရှင့်။”

“ပုခုံးရိုးကပဲ ပျော့ပျောင်းနေရင် ဘာလုပ်မှာလဲ၊ စိတ်ဓာတ်က တစ်စက်ကလေးမှ မပျော့​ပျောင်းတာကို။”

“တစ်စုံတစ်ယောက်လို ကံဆိုးမိုးမှောင်ကျနေတာထက်စာရင် ပိုမကောင်းဘူးလား။”

ထိုစကားကြောင့် အီဝူရှင်းက လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ တစ်ချက် ငြိမ်သက်သွားပြီးမှ…

“ချီးပဲ၊ ဆောယောင်းလေး၊ အဲ့ဒီလိုဆိုတိုင်း အဲ့ဒီပုံစံနဲ့ လမ်းလျှောက်သွားရင်...”

ဝင်သက်ထွက်သက်ကို ဝါးနေသလို အသက်ရှူထုတ်ရင်း တီးတိုးရေရွတ်ခဲ့သည်။

ဆောယောင်းတစ်ယောက် ရုတ်တရက် အခေါ်ခံလိုက်ရသည့် နာမည်ကြောင့် ဆတ်ခနဲတုန်သွားရ၏။

“အခု တင်ပါးကြားအထိ အကုန် အတိုင်းသားမြင်နေရတာကို နည်းပြကတော့ တကယ် သဘောကျနေမှာပဲ၊ ဟုတ်တယ်မဟုတ်လား။”

“……”

အေးစက်စွာ မျက်မှောင်ကြုတ်လိုက်သည့် သူက ကြမ်းပြင်ပေါ်တွင် ကျနေသော ဘောင်းဘီကို ကောက်ယူကာ ခြေလှမ်းကျဲကြီးများဖြင့် ချဉ်းကပ်လာသည်။ ထို့နောက် အောက်ပိုင်းကို ပတ်ပေးရန်အတွက် ခါးကိုကိုင်းကာ ဆောယောင်းကို ဆွဲယူလိုက်၏။

ရေစိုနေသဖြင့် လေးလံနေသော ဘောင်းဘီက ဗလာကျင်းနေသည့် အသားပေါ်တွင် စေးကပ်စွာ ကပ်ငြိသွားကာ မီနီစကတ်လေးကဲ့သို့ အထုံးချည်တော့မည့် အချိန်တွင်။

ကြမ်းတမ်းစွာ လှုပ်ရှားနေသည့် လက်အစုံက ရုတ်တရက် ရပ်တန့်သွားသည်။

ထူးဆန်းသော နိမိတ်မကောင်းသည့်အာရုံကြောင့် ခေါင်းငုံ့ကြည့်လိုက်မိရာ နံ့သာရောင် အတွင်းခံပါးပါးလေးမှတစ်ဆင့် မည်းနက်သော မွေးညင်းနုလေးများကို ဖောက်ထွင်းမြင်နေရ၏။

ချက်ချင်းပင် ဆောယောင်း၏မျက်နှာက နီမြန်းသွားတော့သည်။ အလိုအလျောက် တုံ့ပြန်မှုဖြင့် သူ၏လက်မောင်းကို ပုတ်ထုတ်လိုက်သော်လည်း ထောင်တက်နေသည့် သွေးကြောများကိုသာ ထိတွေ့လိုက်ရပြီး အီဝူရှင်းက တစ်စက်ကလေးပင် နောက်ဆုတ်မသွားပေ။

“အဲ့... အဲ့ဒါကို ကျွန်မဘာသာ ကြည့်လုပ်...”

“ပါးစပ်ပိတ်ထား။”

နှာခေါင်းချင်း ထိလုနီးပါး အကွာအဝေးတွင် အီဝူရှင်းက သူ့ကို ဝါးမျိုတော့မည့်အလား စိုက်ကြည့်နေသည်။ အထုံးကို မည်မျှအထိ ပြင်းပြင်းထန်ထန် ချည်နေသနည်းဆိုလျှင် သူဆွဲလှုပ်သမျှအတိုင်း ခန္ဓာကိုယ်က ယိမ်းထိုးနေရ၏။

ထိုလူက ကြောက်စရာအကြည့်များဖြင့် ဆောယောင်းကို စိုက်ကြည့်နေဆဲပင်။ ရေစက်လက်ကျနေသည့် ဆံနွယ်များမှသည် အေးစက်လွန်း၍ တုန်ရီနေသော နှုတ်ခမ်းများ၊ လျင်မြန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်ဘတ်အထိ။ သူ၏စေးကပ်သော အကြည့်များက ဆက်တိုက် ကျရောက်နေ၏။

ထိုသို့ဖြင့် လက်ချောင်းများက မှားယွင်းစွာ အတွင်းခံပေါ်သို့ ရှပ်ထိသွားသည့် အခိုက်အတန့်တွင်…

အင့်...ဆောယောင်းတစ်ယောက် နှုတ်ခမ်းကိုကိုက်လျက် ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားရသည်။

“……”

“……”

ဘာလုပ်လို့လုပ်ရမှန်းမသိရလောက်အောင် နှလုံးခုန်နှုန်းများ မြန်ဆန်လာကာ တစ်ခဏအတွင်း ရမ္မက်ဆန်သော တင်းမာမှုများ မြင့်တက်လာတော့သည်။ ပါးပြင်များ ပူထူလာသည်အထိ ပြင်းထန်သော အရှက်တရားက ဖုံးလွှမ်းသွား၏။

သားရဲတစ်ကောင် အကိုက်ခံလိုက်ရသလို ထူးဆန်းသော ထင်ယောင်ထင်မှားဖြစ်မှုကြောင့် ခန္ဓာကိုယ် တုန်ရီသွားသည့် အခိုက်အတန့်မှာပင် အီဝူရှင်းက အထုံးချည်နေခြင်းကို အဆုံးသတ်လိုက်ပြီး ကိုင်းထားသည့် ခါးကို ပုံမှန်အတိုင်း ပြန်ဆန့်သွားသည်။

“ပြီးပါပြီ။”

သို့သော် အမြဲတမ်း စိတ်မပါသလို၊ မလိုမုန်းထားသလိုနှင့် ငြီးငွေ့မှုကိုသာ ဖော်ပြနေတတ်သည့် မျက်လုံးများက ယခုမူ ထူးဆန်းလောက်အောင် အလိုရမ္မက်ကြီးစွာ တောက်ပနေသည်။ ထိုအကြည့်များ ကျရောက်လာတိုင်း စိတ်မသက်မသာ ဖြစ်ရသည့် ခံစားချက်များ ပွင့်အန်ထွက်လာရ၏။

“ဧကန္တများ နားလည်မှုလွဲပြီး အကြောင်းမဲ့ နစ်နာသူစိတ် ဝင်နေမှာစိုးလို့ ပြောထားဦးမယ်…”

ထိုလူ၏မျက်နှာတွင် ရယ်မြူးရိပ် လုံးဝသမ်းမနေပေ။

ဆောယောင်းက ဤကသိကအောက်ဖြစ်စရာ ခံစားချက်ကို ဖယ်ထုတ်ရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ငါက အဖွဲ့ဝင်တွေကို ထိန်းချုပ်ပြီး စီမံခန့်ခွဲရတဲ့ တာဝန်ရှိသူပဲ။ အဖွဲ့ဝင် ဟန်ဆောယောင်းကို တစ်ခါတလေ ပိုပြီးတင်းကျပ်တာ၊ တစ်ခါတလေ အလျှော့ပေးတာက အဖွဲ့တစ်ခုလုံးရဲ့ ဟန်ချက်ညီမှုကို ထိန်းညှိဖို့။”

“……”

“မင်းက အထူးတလည် အားနည်းလို့၊ အထူးတလည် အရေးပါနေလို့ မဟုတ်ဘူး။”

“ဒါပေမဲ့လည်း နည်းပြကြီးက ကျွန်မကို ထုတ်ပစ်ချင်နေတာပဲမဟုတ်လား။”

ထိုအခါ စိမ်းသက်နေသော သူ၏အမူအရာက တဖြည်းဖြည်း မူလအတိုင်း ပြန်ဖြစ်လာသည်။ စောစောက ပြေးကိုက်တော့မည့်အလား စိုက်ကြည့်နေသည့် မျက်လုံးများက အလိမ်အညာဖြစ်ခဲ့သလိုပင်။ စည်းမဲ့ကမ်းမဲ့ ပျင်းတိပျင်းတွဲ မူလအီဝူရှင်းအဖြစ်သို့။

“အဲ့ဒီအကြောင်းရင်းကို မေးကြည့်လို့ရမလား။”

မည်သို့ပင်ဖြစ်စေ တစ်ကြိမ်တော့ သေသေချာချာ မေးချင်ခဲ့သည့် စကားပင်။

“ခနဲ့တာတွေ၊ ဟန်ဆောင်ကောင်းတာတွေ မဟုတ်ဘဲနဲ့။ နည်းပြကြီးက ကျွန်မကို ဒီမှာချန်ခဲ့ချင်တဲ့အကြောင်းရင်းကို အကုန်သိနေကြတာပဲ။ အဲ့ဒါ​ဆိုရင် ကျွန်မကိုလည်း သိခွင့်ပေးပါ၊ သေသေချာချာ နားလည်ပြီး ကျော်ဖြတ်နိုင်အောင်လို့။”

“……”

တိတ်ဆိတ်မှု အတော်ကြာသွားသည့်အခါတွင် အီဝူရှင်းက မျက်မှောင်ကြုတ်လျက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ အက်ရှရှ သူ၏အသက်ရှူသံက တိုးလျစွာ ထွက်ပေါ်လာ၏။

“အဖွဲ့ဝင် ဟန်ဆောယောင်းက ငါလုပ်မဲ့အလုပ်မှာ အနှောင့်အယှက်ဖြစ်နေတယ်။ ဒါပေမဲ့ ဘယ်လို စိတ်ဓာတ်မျိုးနဲ့များ တည်ဆောက်ထားလို့လဲမသိ၊ ဖယ်ထုတ်ပစ်ဖို့ ကြိုးစားရင်တောင် ဖယ်လို့မရဘူး ဖြစ်နေလို့။”

“……”

“အဖွဲ့ဝင် ဟန်ဆောယောင်းကို ငါ ဘယ်လောက်အထိ ထပ်ပြီး နှိပ်စက်ရဦးမှာလဲ။”

“သိတယ်မဟုတ်လား၊ ကျွန်မက ဒီလောက်နဲ့ ရပ်မှာမဟုတ်ပါဘူး။”

“အဲ့ဒီလိုပဲ ဖြစ်မှာပေါ့။”

နှစ်ဦးကြားတွင် အေးစက်သောလေ တိုက်ခတ်သွားသည်။ သို့သော်လည်း ပွင့်အံထွက်လုနီးပါး ဖြစ်နေသော မသိမသာ အပူဓာတ်က ရင်ထဲတွင် လှည့်ပတ်နေ၏။

“ဒါဆိုရင် ငါက သေသေချာချာ သင်ပေးရုံပဲ ရှိတော့တာပေါ့လေ။ ဒီအလုပ်ကို မဖြစ်မနေ လုပ်ရမယ်ဆိုရင် မိုက်မဲတဲ့ အဖွဲ့ဝင် ဟန်ဆောယောင်း အခု လွတ်သွားတာက ဘာမှန်း အတိအကျ သိသွားအောင်လို့။”

ဆောယောင်းက နောက်ထပ်စကားကို စောင့်ဆိုင်းနေခဲ့သော်လည်း ထိုလူကမူ နှုတ်ခမ်းကို တင်းတင်းစေ့ထားရုံသာရှိသည်။

တစ်ချက် ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သော ဆောယောင်း၏ မြင်ကွင်းထဲသို့ ထိုလူ၏ ဖြူဖွေးသော ခြေဖဝါးများ ဝင်လာ၏။ ထို့နောက် အတွင်းခံမော်ဒယ်လ်ကဲ့သို့ ရှည်လျားကာ သန်မာသည့် ခြေသလုံး၊ တင်းရင်းသော ပေါင်တံများနှင့် တုတ်ခိုင်သော ကောက်ကြောင်းကို ဖော်ဆောင်နေသည့် အတွင်းခံကို အစဉ်အတိုင်း မြင်လိုက်ရသည်။

အီဝူရှင်း၏ ရုပ်ရည်က အလွန်ဖြူဝင်းကာ ချောမောလွန်း၍လားမသိ၊ အကြောင်းမဲ့ ပို၍ အရိုင်းဆန်နေသလိုပင်။ ပထမဆုံးတွေ့ဆုံစဉ်က သူ၏ ဝတ်လစ်စားလစ် ခန္ဓာကိုယ်ကိုပင် မြင်ဖူးခဲ့ပါလျက်နှင့် ယခုမှ ဘာဖြစ်နေရသနည်း...

စိတ်တို၍ ကျုံ့နေသော မျက်လုံးများက အနည်းငယ် ပို၍ အပေါ်သို့၊ ထပ်၍ အပေါ်သို့ တက်သွားသည့် အချိန်တွင်…

“ဘာကို အဲ့ဒီလောက်တောင် စိုက်ကြည့်နေတာလဲ။”

ရုတ်တရက် အီဝူရှင်းက နှုတ်ခမ်းအနားသတ်ကို နီမြန်းသော လျှာဖြင့် ခပ်ပြင်းပြင်း ဖိထားခဲ့သည်။ လေတိုက်သံပင် ငြိမ်သက်သွားသလို လုံးဝဥဿုံတိတ်ဆိတ်မှု။ ဆောယောင်းလည်း လန့်ဖျပ်ကာ ဆင်ခြေပေးသလို ဝန်ခံလိုက်မိတော့သည်။

“……နို့သီးခေါင်းက ထောင်နေလို့ပါ။”

“ဘာ။”

“ကျွန်မတို့ကို အေးစက်တဲ့ရေထဲ ဒီလောက်တောင် နှစ်ထားပေမဲ့ နည်းပြကြီးကလည်း ချမ်းတာကို မကြိုက်ဘူးထင်တယ်။”

“……”

“အဲ့ဒီမှာ အကုန်မြင်နေရပါတယ်။”

ရေစိုနေသော အင်္ကျီအပေါ်မှ ထင်ရှားနေသည့် အီဝူရှင်း၏ နို့သီးခေါင်းကို ဆောယောင်းက မျက်ရိပ်ဖြင့် ပြလိုက်သည်။ ထိုအခါ အီဝူရှင်းက ထုံးစံအတိုင်း မထီတရီရယ်သံဖြင့် ခပ်ရိုင်းရိုင်း ရယ်လေ၏။

“ဒါက ဘယ်သူနဲ့ ဘယ်မှာလာနှိုင်းနေတာလဲ။ နည်းပြမှာ ဆီးခုံမွေး မရှိဘူး။”

မည်သို့သောစိတ်ဖြင့် ထိုနေရာမှ ကတိုက်ကရိုက် ထွက်ပြေးလာခဲ့မှန်း မသိတော့ပေ။

၅ ကီလိုမီတာ အပြေးလေ့ကျင့်မှုကိုပင် ခံနိုင်ရည်ရှိသည့် ခွန်အားဖြစ်သော်လည်း ထူးဆန်းလှစွာ ပင့်သက်က ရင်ဘတ်အထိ တက်လာသည်။

တားဆေးသောက်ပြီး ရာသီစက်ဝန်းကို နောက်ဆုတ်ထားသည့် ဆောယောင်းက မိမိ၏ သားဥကြွေချိန် ဖြစ်နေ၍လားဟု တွေးလိုက်မိ၏။

မဟုတ်လျှင် ဤကဲ့သို့ အချိန်အခါမဟုတ်ဘဲ စိတ်တိုစရာကောင်းသည့် အပူဓာတ်မျိုး တက်လာစရာ အကြောင်းမရှိပေ။ သို့သော် လူသားဆိုသည်မှာ အကြောင်းမဲ့ လိင်စိတ်ကြွတတ်သည့် အချိန်မျိုး ရှိတတ်သည်ဖြစ်ရာ ယင်းက ဟော်မုန်းများ၏ လုပ်ဆောင်ချက်ဆိုလျှင် အတော်အသင့် နားလည်ပေးနိုင်၏။

ဆောယောင်း ခေါင်းကို ခဏခဏ ညိတ်လေလေ၊ သူ့အတွင်းမှ မသက်မသာဖြစ်နေသော တစ်စုံတစ်ရာက ပြုတ်ထွက်သွားသလို ခံစားရလေပင်။

Blast လေ့ကျင့်ရေး ၅ ပတ်မြောက်။

အတန်ငယ် ပေါ့ပါးသွားသောစိတ်ဖြင့် တိုက်ခိုက်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

“မစခင် ရိုးရှင်းတဲ့ ယှဉ်ပြိုင်မှုလေးတစ်ခုလောက် ကြည့်ကြမလားလို့။”

ထူးဆန်းခဲ့သည့် ထိုနေ့ နောက်ပိုင်းတွင်လည်း ကျိန်ဆဲချင်လောက်အောင် ပင်ပန်းသော လေ့ကျင့်ရေးအစီအစဉ်များကို မောဟိုက်စွာဖြင့် ဖြတ်သန်းခဲ့ရပြီး၊ အီဝူရှင်းကလည်း တင်းလိုက်လျှော့လိုက်နှင့် သူ့အား နည်းအမျိုးမျိုးဖြင့် အပြစ်ပေးခိုင်းစေခဲ့သည်။ ပြီးခဲ့သည့်တစ်ခေါက် ရေကူးကန်တွင် ခံစားခဲ့ရသည့် ထူးဆန်းသော အနေအထားကလည်း အရှင်းပျောက်ကွယ်သွားချေပြီ။

“အဖွဲ့ဝင် ဆောင်းဝုချန်း၊ အဖွဲ့ဝင် ဟန်ဆောယောင်း၊ အရှေ့ကို ထွက်ခဲ့။”

သူ့ပါးစပ်မှ သူတို့နှစ်ဦး၏ နာမည်ကို ခေါ်လိုက်သည်က ထိုအချိန်၌ပင်။

ဖျာပေါ်တွင် မိမိနှင့်အတူ တစ်ပြိုင်နက်တည်း ထလာသည့် လူကို မြင်လိုက်ရတော့ ဆောယောင်း စိတ်ပျက်စွာ နှာခေါင်းရှုံ့လိုက်မိ၏။

သူ့နာမည်က ဆောင်းဝုချန်းတဲ့လား။

အစပိုင်းကထက် ပို၍ ပိန်ချုံးသွားသော 'စားကြွင်းစားကျန်လူ' က သူ့အား စူးစိုက်စွာ ကြည့်နေသည်။

မကြာမီ နည်းပြများ ချဉ်းကပ်လာကာ သူတို့နှစ်ဦးကို ရိုးရှင်းသော ကာကွယ်ရေးဂီယာများကို ကမ်းပေးလေ၏။ ဆောယောင်း ခေါင်းဆောင်းနှင့် ကာကွယ်ရေးဂီယာများကို ကိုးရိုးကားရား ကိုင်ထားစဉ် အီဝူရှင်းက လမ်းလျှောက်လာကာ ထမင်းလိပ် လိပ်သလို တစ်ခဏအတွင်း ဗိုက်တွင် ကာကွယ်ရေးဂီယာများ ဝတ်ပေးပြီး ခေါင်းတွင်လည်း ဆောင်းပေးခဲ့သည်။

သူ ကာကွယ်ရေးဂီယာကို ဟိုဟိုဒီဒီ လှုပ်ယမ်းကြည့်နေစဉ် ရုတ်တရက် မကျေမနပ်ဖြစ်နေသော သူ၏အကြည့်များနှင့် ဆုံသွား၏။ သူ့ဘာသာ နာမည်ခေါ်ခဲ့သည့် အကြောင်းရင်းရှိပါလျက်နှင့် မျက်နှာက ဘာကြောင့် ထိုမျှအထိ တင်းမာနေရသနည်း။

“အရင်ဆုံး လုပ်ကြည့်လိုက်။ လုပ်ကြည့်ပြီးမှ သေသေချာချာ လေ့လာ။”

သူက အဓိပ္ပာယ်မရှိသော စကားကို ခပ်တိုးတိုး ရေရွတ်ခဲ့သည်။

ဖျာအလယ်သို့ ခြေလှမ်းရွှေ့လိုက်သည့် ဆောယောင်းလည်း ဆောင်းဝုချန်းနှင့် ရင်ဆိုင်လျက်သား ဖြစ်သွားတော့၏။

အမှန်တော့ ဆောယောင်းက သေသေချာချာ တိုက်ခိုက်ဖူးခြင်း မရှိပေ။ ရမ်းသမ်းတိုက်ခိုက်ရမည်ဆိုလျှင် ယုံကြည်ချက်ရှိသော်လည်း ပြဿနာက…

“အု...”

အံ့သြစရာကောင်းလောက်အောင် ဆောင်းဝုချန်းက တိုက်ခိုက်ရေးတွင် အတော်ကျွမ်းကျင်သူ ဖြစ်နေခြင်းပင်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment