အပိုင်း ၅၂
“တကယ်ကြီး လန်းဆန်းသွားတာပါဆို။”
ဆောယောင်းက အခုပဲဖြစ်ဖြစ် တုန်ယင်တော့မည့် ခြေထောက်များကို အားတင်းထားရင်း တည်ငြိမ်သော မျက်နှာထားမျိုး ဟန်လုပ်ခဲ့သည်။
“လန်းဆန်းတယ် ဟုတ်လား... အဲ့ဒီနေရာက ဧကန္တ ရေချိုးရုံများလား။ ချေးတွေဘာတွေရော ချွတ်ခဲ့တာလား။”
“စိတ်ပိုင်းဆိုင်ရာအရ တစ်ခုခုက ကွာကျသွားသလိုပဲကို။”
ယခုမူ သူတို့က ဆောယောင်းကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သလို ကြည့်နေကြတော့သည်။
“မင်း... ဧကန္တ နှိပ်စက်ခံရတာကို အရသာတွေ့သွားတာတော့ မဟုတ်ပါဘူးနော်...”
“မျက်စိပွင့်သွားတာတော့ မှန်ပေမဲ့ နှိပ်စက်တာကိုတော့ မဟုတ်ဘူး။”
ဆောယောင်း အသာလေး ကြိတ်ပြုံးလိုက်မိသည်။
အတင်းအဓမ္မ ခန္ဓာကိုယ်ကို ဖွင့်ဟခံလိုက်ရခြင်းမှတစ်ဆင့် မထင်မှတ်ဘဲ လမ်းစအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
ဘာလို့ ဒီအချက်ကို အစောကြီးကတည်းက မတွေးမိခဲ့တာလဲ။
အိမ်ထောင်သည်ဟူသော ဘောင်ထဲတွင် ပိတ်မိနေကာ ကိုယ်တိုင်ပင် မသိလိုက်ဘဲ ကိုယ်ကျင့်သီလစောင့်ထိန်းရန်သာ အစွဲအလမ်းကြီးနေခဲ့ခြင်းလား။
ခင်ပွန်းဖြစ်သူကို ခွဲခြားသတ်မှတ်နိုင်မည့် အသေချာဆုံး အချက်တစ်ချက် ရှိနေသည်ဆိုလျှင် ယင်းက စင်စစ် ထူးခြားသော လိင်အင်္ဂါသာ ဖြစ်မည်ကို....
သူ အသေအချာ သိထားသည်က ဂင်ဟျွန်း၏ အသံ၊ အရပ်အမောင်း၊ အသား၏ အထိအတွေ့နှင့် လက်ဖျားဖြင့် ထိတွေ့ခဲ့ဖူးသော ရုပ်သွင်အခြေအနေတို့ပင်။
ထိုအချက်များအပြင် ရှားပါးလှသော လိင်အင်္ဂါ ပုံသဏ္ဌာန်ကိုပါ ပေါင်းစပ်လိုက်မည်ဆိုလျှင်။ ဂင်ဟျွန်းဖြစ်နိုင်ခြေရှိသူအဖြစ် ဆန်ခါတင် ရွေးထုတ်၍ရမည့်သူ ပေါ်ကောင်းပေါ်လာနိုင်ပေသည်။
အတော်လေးကြာမှ ရင်ခုန်သံများ ပြန်လည် စတင်လာတော့၏။
သူ့ကို ရှာဖွေရန် နည်းလမ်းမရှိသဖြင့် ပြောင်းပြန်အနေနှင့် အဖမ်းခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်ငြား တစ်ပြိုင်နက်တည်းမှာပင် ခင်ပွန်းဖြစ်နိုင်ခြေရှိသူများကို စာရင်းပြုစုကြည့်ခြင်းကလည်း အကြံကောင်းတစ်ခု ဖြစ်လာမည်သာ။
အဆုံးအထိသွားရန် ခက်ခဲလျှင်ပင် အနည်းဆုံး မည်သို့သောပုံစံလဲဟု ထိတွေ့ကြည့်နိုင်ရုံနှင့်တင်....
ထိုသို့ ခေါင်းထဲတွင် ဂင်ဟျွန်း၏ လိင်အင်္ဂါအကြောင်းများသာ ပြည့်နှက်နေစဉ်မှာပင် သူတို့ ထမင်းစားဆောင်သို့ ရောက်ရှိလာကြသည်။
ထမင်းစားချိန်တိုင်း သားရဲတွင်းကဲ့သို့ လူများဖြင့် ပြည့်နှက်နေတတ်သော်လည်း၊ ယခု လာကြည့်ချိန်တွင်မူ လေ့ကျင့်ရေးမတိုင်မီနှင့် နောက်ပိုင်းတွင် လူလျော့သွားသဖြင့် ခန်းမထဲ၌ ဟာလာဟင်းလင်းဖြစ်နေ၏။
ဗန်းများကိုကိုင်ကာ နေရာယူလိုက်သော အဖွဲ့ဝင်များက စိတ်အားထက်သန်စွာ ဇွန်းကို ကိုင်လိုက်ကြသော်လည်း၊ အားလုံး၏ ခန္ဓာကိုယ်များက အခြေအနေမဟန်လှသဖြင့် အနည်းငယ်မျှသာ စားနိုင်ကြတော့သည်။ ထိုအစား မပြောနိုင်ခဲ့သော မကျေနပ်ချက်များကို စတင်၍ ရင်ဖွင့်ကြတော့၏။
“ငါကတော့ ဇောက်ထိုး အချိတ်ခံရပြီး ရေထဲကို မျက်နှာနှစ်ခံရတာ... ဟူး... အခုအထိ နှာခေါင်းထဲက စပ်နေတုန်းပဲ...”
“ငါကတော့ ဒီနည်းပြအယုတ်တမာကို ဘယ်လိုပြန်နှိပ်ကွပ်ရမလဲ၊ အဲ့ဒီအတွေးပဲ တွေးနေတာ။”
“ဧကန္တ ဒီလေ့ကျင့်ရေးကို နောက်တစ်ခါ ထပ်မလုပ်ရတော့ပါဘူးနော်။”
ထိုအချိန်တွင် ငေးကြောင်ကြောင်မျက်နှာဖြင့် စားပွဲအနားစကိုသာ ပွတ်သပ်နေသော တစ်ယောက်က ဒက်ခနဲဝင်ပြောလာသည်။
“ငါ... ငါ့ကျတော့ နည်းပြက ရုတ်တရက်ကြီး ပြောင်းသွားတာ။”
ဘာကြောင့်မှန်းမသိ မှိုင်တွေတွေဖြစ်နေသောအသံကြောင့် အားလုံး၏ အကြည့်များက ထိုသူ့ဆီသို့ ရောက်သွားတော့၏။
“......ငါက ဒီအတိုင်း ပုံမှန်လိုပဲ အစစ်ဆေးခံနေရတာပေါ့။ ဒါပေမဲ့ ရုတ်တရက်ကြီး ငါ့မိသားစုအကြောင်းတွေကို ထုတ်ပြောပြီး၊ စာရွက်အကြောင်း မပြောရင် ငါမဟုတ်ဘဲ တခြားတစ်ယောက်က ဒဏ်ရာရလိမ့်မယ်လို့ပြောတာ။ ငါ့ညီမရဲ့ ဓာတ်ပုံကိုပါ ဘယ်ကနေ ရလာမှန်းမသိ ထုတ်ပြတော့……”
သူက စိတ်မတည်ငြိမ်သလို လက်သည်းများကို ကိုက်ရင်း ဆက်ပြောခဲ့သည်။
“ရ... ရုတ်တရက်ကြီး တံခါးက လွင့်ထွက်သွားတော့မလို ပွင့်လာပြီး……”
သူက တံတွေးကို ဂလုခနဲ မျိုချလိုက်ရင်း ဖူးရောင်နေသော မျက်လုံးများက တုန်ယင်သွားသည်။
“နည်းပြ အီဝူရှင်း ဝင်လာတာပဲ။”
“…….”
“…….”
စားပွဲဝိုင်းက တိတ်ဆိတ်သွားသည်။ တိတ်တဆိတ် ထမင်းစားနေသော ဆောယောင်း၏ အကြည့်ကလည်း ထိုဘက်သို့ ဦးတည်သွား၏။
တံတွေးကို မျိုချလိုက်သော အဖွဲ့ဝင်များက အလုအယက် မေးမြန်းကြတော့သည်။
“ဒါနဲ့ အထိုးခံလိုက်ရလား။”
“အ... အထိုးခံရတာတော့ ဟုတ်ပေမဲ့ တကယ်တော့ ငါ့ကို မဟုတ်ဘဲ….”
“ဒါပေမဲ့ နည်းပြ အီဝူရှင်းဆီမှာ အထိုးခံရတာဆိုရင် အညိုအမည်း စွဲနေတာက သေးလွန်းနေသလိုပဲ။”
“ဒီ... ဒီဒဏ်ရာက ငါ့ဘာသာ အနောက်ကို လဲကျပြီး ကြမ်းပြင်နဲ့ ဆောင့်မိတာ။ တကယ်တော့ ငါ... ငါလည်း အခုအထိ ဘာဖြစ်လို့ဖြစ်သွားမှန်းကို မသိသေးဘူး။ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲဆိုတာ……”
ရုတ်တရက် သူက အသက်ရှူနှုန်း ပြင်းထန်လာကာ ဂနာမငြိမ်ဖြစ်ပြီး အင်္ကျီကို ဆွဲနေတော့သည်။
“ဒီကောင် ဘာဖြစ်နေတာလဲ။ ဘာဖြစ်လို့လဲ ပြောပါဦး…”
စိတ်မရှည်သော လူအချို့က ဒေါသတကြီး အော်လိုက်တော့ ထိုအချိန်မှစ၍ ဆည်ကျိုးသလို အောင့်ထားသမျှ စကားလုံးများ ပေါက်ကွဲထွက်လာတော့သည်။
“နည်းပြ အီဝူရှင်းက ပြုံး... ပြုံးပြုံးကြီး ဝင်လာပြီးတော့ ပြင်းပြင်းထန်ထန် စစ်ဆေးရမှာကို မင်းတို့နှစ်ယောက်က ဘာလဲ၊ အိမ်ထောင်ဖက်တွေ့ပွဲ လာနေတာလားဆိုပြီး... ရုတ်... ရုတ်တရက်ကြီး ငါ့ကို စစ်မေးနေတဲ့ နည်းပြကို အသေအလဲ ထိုးတော့တာပဲ...ငါက သတင်းအချက်အလက်ကို ထုတ်ပြောမှ ရပ်မယ်တဲ့။ ဒါပေမဲ့ နောက်တစ်ခါကျတော့လည်း မြန်မြန်ထုတ်ပြောရင် လေ့ကျင့်ရေးကောင်းကောင်း မပေးနိုင်တဲ့ ဒီနည်းပြရဲ့တာဝန်ပဲဆိုပြီး၊ ဘယ်လိုလုပ်မလဲလို့ မေးပြီးတော့... အဲ့ဒီနည်းပြကို စိတ်လွတ်နေသလိုမျိုး တက်နင်းတာ၊ အရိုး... အရိုးကျိုးသံတွေ ထွက်လာတာတောင် မျက်တောင်တစ်ချက် မခတ်ဘဲ ကုလားထိုင်နဲ့ ရိုက်ချတာပါဆို...”
“…….”
“အဲ့... အဲ့ဒါကို ကြည့်ရင်း ငါက မနေနိုင်ဘဲ မျက်ရည်တွေ ကျလာတာနဲ့ အကုန်ပြောပါ့မယ်လို့ အော်ပြောတော့လည်း၊ ငါ့နည်းပြက မပြောနဲ့ဦး၊ ထပ်ပြီး တောင့်ခံထားဦးဆိုပြီး ငေါက်ပြန်ရော။...ငါ... ငါက စကားမပြောမိလို့။ ငါက ဒီအတိုင်း သတင်းအချက်အလက်ကို ပြောလိုက်ရင် ပြီးပြီကို... တကယ်ပဲ ပြောရမှာလား၊ မပြောရဘူးလား ဆိုတာကို ဝေခွဲမရဖြစ်နေလို့.....”
ဘယ်လိုလုပ်မလဲ၊ ဒီကောင်တော့ mental ပျက်စီးသွားပြီ ထင်တယ်... တစ်စုံတစ်ယောက်က ထိုသို့ တီးတိုးပြောခဲ့သည်။
“ဧကန္တ ငါ့ပါးစပ်ဟအောင် နှစ်ယောက်သား ကြိုပြီးဇာတ်တိုက်ထားတာများလား။ အဲ့ဒီလိုလား။ မင်းတို့ရော ဘယ်လိုထင်လဲ။ ဒါက တကယ်တော့ ငါ့ကို တစ်ပတ်ရိုက်လိုက်တာလား။ အစကတည်းက အဲ့ဒီနှစ်ယောက် ဇာတ်တိုက်ထားကြတာ မဟုတ်လားဟင်……”
“တကယ်တော့ အဲ့ဒီလို ဖြစ်နိုင်ခြေက ပိုများတာပေါ့။”
“ဒါပေမဲ့လည်း နည်းပြကြီးက အများကြီး ဒဏ်ရာရသွားမှာကို။ အဲ့ဒါ ငါ့ကြောင့်ပဲ၊ ငါက အကုန်မပြောလို့ ဖြစ်ရတာ……”
သူက ပြန်တွေးမိရုံနှင့်တင် ထိတ်လန့်နေသလို ပုခုံးများ တုန်ယင်နေသည်။ ထိုပုံစံကို ကြည့်နေသော အဖွဲ့ဝင်တစ်ဦးက အော်ပြောလေ၏။
“ဟေ့ကောင်၊ သတိကပ်စမ်းပါ။ အစကတည်းက အဲ့ဒါ သူတို့ရဲ့ ရည်ရွယ်ချက်ပဲလေ။ မင်းကို တမင်တကာ အပြစ်ရှိစိတ် သွင်းပေးနေတာမဟုတ်လား။ နှိပ်စက်တယ်ဆိုတာ ခန္ဓာကိုယ်ကိုပဲ နင်းခြေတာလို့ ထင်နေတာလား။ ပြီးတော့ ကြည့်လိုက်ရင် ထိရောက်မှု ကောင်းကောင်းရှိသွားတာပဲ။ မင်း စိတ်ကို သေသေချာချာ ထိန်းစမ်း...”
“အဲ့... အဲ့ဒီလိုလား။ ဒါပေမဲ့ ငါ့ရင်ဘတ်ထဲမှာ တလှပ်လှပ် ဖြစ်နေတုန်းပဲ။ ငါ့ကြောင့်... ငါက အလိုက်မသိလို့၊ အလိုက်မသိဘဲ နေခဲ့မိလို့ သူ ဒဏ်ရာရသွားတယ်ထင်ပြီး……”
သူက ဖြူဖျော့သော မျက်နှာဖြင့် အရူးတစ်ပိုင်းဖြစ်ကာ ဆံပင်ကို ဆွဲဖွနေတော့သည်။
“ငါ ဒီအတိုင်းပဲ ပြောလိုက်ရမှာများလား။ အထူးသဖြင့် အရေးကြီးတဲ့နေရာတွေကို အများကြီး အထိုးခံရလို့ ထွက်ပြေးဖို့ ကြိုးစားတော့လည်း ထပ်ပြီး အထိုးခံရတာကို……”
အစသို့သာ တစ်ပတ်ပြန်လည်သွားသောစကားများကြောင့် အဖွဲ့ဝင်များက အချင်းချင်း မျက်ရိပ်ပြလိုက်ကြပြီးနောက် ဖြည်းဖြည်းချင်း နေရာမှထကုန်ကြသည်။ ဆောယောင်းလည်း ပါးစပ်ကို လှုပ်ရှားရင်း ကုလားထိုင်ကို ဆွဲထုတ်ကာ ထမင်းဗန်းကို မလိုက်၏။
ထိုအချိန်တွင် နောက်ဆုံးမှ ထလာသူတစ်ဦးက ဝတ်ကျေတမ်းကျေ “အဲ့ဒီ အထိုးခံရတယ်ဆိုတဲ့ နည်းပြက ဘယ်သူလဲ” ဟု အက်ရှရှအသံဖြင့် မေးခဲ့သည်။ ထိုအခါ ငိုတော့မလိုဖြစ်နေသော အသံက ချက်ချင်း ထွက်ပေါ်လာ၏။
“နည်းပြ ဂျင်ဟိုဂျယ်။”
~~~~
ဒိုင်း၊ ဒိုင်း ဒိုင်း….
မြေအောက် သေနတ်ပစ်လေ့ကျင့်ကွင်းတွင် ကျယ်လောင်သော သေနတ်သံများ ဆက်တိုက် ပဲ့တင်ထပ်နေသည်။ အီဝူရှင်းက သေနတ်ပစ် နားကြပ်ကို တပ်ထားရင်း ကြောက်စရာကောင်းသော မျက်နှာထားဖြင့် မရပ်မနား မောင်းကို ဆွဲနေ၏။
ပြောင်လက်နေသော ကျည်ခွံများက ကြမ်းပြင်ပေါ်သို့ တဖြည်းဖြည်း ကြွေကျလာကာ လမ်းကြောင်း အဝေးတွင်ရှိသော စက္ကူပစ်မှတ်က မျက်စိတစ်မှိတ်အတွင်း စုတ်ပြတ်သတ်သွားကုန်တော့သည်။
နှိပ်စက်ခြင်းလေ့ကျင့်ရေး ပြီးဆုံးသွားသည်မှာ ရက်ပိုင်းခန့် ရှိနေပေပြီ။
အမျိုးသားထောက်လှမ်းရေး အေးဂျင့်တစ်ဦးအနေဖြင့် လူ့အသက်ကို ချိန်တွယ်ရသည့် အခြေအနေမျိုးတွင်ပင် တွန့်ဆုတ်ခြင်း မရှိခဲ့သော သူက ယခုမူ သေးနုပ်လှသော ဒွိဟများကြားတွင် ပိတ်မိကာ လူးမရ လှုပ်မရ ဖြစ်နေလေသည်။
ထို့အပြင် မပြေပျောက်နိုင်သော အပူရှိန်ကြောင့် ဦးနှောက်၏ တစ်နေရာ၌ မီးခိုးအူနေသလို ခံစားနေရ၏။
ဇီးကွက်ကို မျက်စိရှေ့မှ အမြန်ဆုံး ဖယ်ထုတ်လိုက်လျှင် စိတ်အေးရလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ ကြေညာခဲ့သည့် ရည်မှန်းချက်က အင်မတန် ထိတ်လန့်စရာပင်။
ဒစ်ကောက်... ဟင့်အင်း၊ ထိုစကားလုံးကို ထပ်မတွေးချင်တော့သလို၊ သတိပင် မရလိုတော့။
ဆောယောင်း၏ ဇွဲကို သွေးတိုးရလောက်အောင် လုံလောက်စွာ ခံစားဖူးပေပြီ။ အကယ်၍ ခြေချင်းဝတ်ကို ချိုးလိုက်လျှင်ပင် ဂင်ဟျွန်းကို စွန့်လွှတ်မည့်သူမဟုတ်ပေ။
အတင်းအဓမ္မ အကြမ်းဖက်ခဲ့သော်လည်း အနည်းငယ်မျှပင် ကျိုးနွံမသွားသော မျက်လုံးများ။ ခြေချင်းဝတ် တစ်ဖက်လောက် ပျက်စီးသွားရုံနှင့် ရပ်တန့်မည့်သူမဟုတ်။
သို့သော် ဇီးကွက်ကို ဖယ်ထုတ်လိုက်လျှင်…
ငါ မသိတဲ့ နေရာမှာ။ မမြင်ရတဲ့ နေရာမှာ။
“....”
မည်သို့ပင် ထိုသို့ဆိုပါစေဦး၊ ဒစ်ကောက်များကိုသာ လိုက်ရှာကြည့်မယ်တဲ့လား...တကယ် လေ့ကျင့်ရေးစခန်းမှ ထွက်သွားပြီး အခြားကောင်များ၏ ပစ္စည်းများကို လိုက်စုံစမ်းနေမည်ဆိုလျှင်....
သွားကို တင်းတင်းကြိတ်ထားသော လူက ကျည်အိမ်ထဲရှိ ကျည်ဆန်များကို အကုန်သုံးပြီးနောက်၊ ကျည်အသစ် ပြန်ဖြည့်ကာ စက္ကူပစ်မှတ်ကို ထပ်မံ ပစ်ခတ်ပြန်သည်။
ယခင် စစ်ဆင်ရေးဖြစ်သော ဇီးကွက်နှင့် ပြန်လည် ဆုံတွေ့ပြီးနောက်၊ မိမိကိုယ်ကိုယ် တဖြည်းဖြည်း ပျက်ယွင်းလာသလို ခံစားနေရ၏။ အတိအကျ ထောက်ပြ၍မရသော တစ်နေရာရာက ထိုသို့ဖြစ်နေခြင်းပင်။
အီဝူရှင်းက စစ်ဆင်ရေးတစ်ခု ပြီးဆုံးတိုင်း Mask ကို ခွာချလိုက်သည်နှင့် တစ်ပြိုင်နက် အရာများစွာကိုပါ အတူတကွ ဖြတ်တောက်ပစ်လေ့ရှိသူဖြစ်သည်။ ယင်းမှာ အလုပ်၏ အခြေခံ၊ စံနှုန်း၊ ပြီးတော့ စည်းမျဉ်းဖြစ်သောကြောင့်ပင်။
သို့သော် ဘာကြောင့် ဇီးကွက်နှင့် ပတ်သက်လာလျှင် ယင်းက အဆင်မပြေဖြစ်ရသနည်း။
ဇနီးဖြစ်ခဲ့၍လား။ ခန္ဓာကိုယ်ချင်း နှီးနှောပြီး အတူတူနေခဲ့သောကြောင့်လား။
ဤမျှလောက် အကြောင်းပြချက်လေးကြောင့် စိတ်ရှုပ်ထွေးနေရသည်ဆိုလျှင် အစကတည်းက အေးဂျင့်ဖြစ်ရန် အရည်အချင်း မရှိခြင်းပင်။ တစ်ဖန် ဆယ်နှစ်တာ အေးဂျင့်ဘဝတွင် တမင်ချဉ်းကပ်ပြီး လိမ်ညာခဲ့သည့်လူများက တစ်ယောက်နှစ်ယောက်တည်း မဟုတ်ပေ။
ရေတွက်၍ပင်မရသည့် အနေအထားတွင် ယခုမှ မရှိခဲ့ဖူးသည့် ကိုယ်ကျင့်တရားများ ပြန်ရလာခြင်းလည်း မဟုတ်တန်ရာ။ စိတ်ထဲတွင် တစ်ခုခုဖြစ်နေသည်ဆိုခြင်းမှာ နဂိုကတည်းက အဓိပ္ပာယ်မရှိပေ။
အီဝူရှင်းက ဤမနှစ်မြို့ဖွယ် ခံစားချက်ကို ဖယ်ထုတ်ရန် သေနတ်ကိုထောက်ထားသည့် လက်တွင် ပို၍အားစိုက်လိုက်သည်။
မည်သို့ပင်ဖြစ်စေ အဆုံးအထိ မျဉ်းပြိုင်ဖြစ်နေမည့် ပတ်သက်မှု။
ပစ်မှတ်နှင့် အမျိုးသားထောက်လှမ်းရေး အေးဂျင့်တို့ ပတ်သက်မိလျှင် နောက်ဆုံးတွင် နှစ်ဦးအနက် တစ်ဦးက လက်လျှော့မှသာ အဆုံးသတ်ပေမည်။
မဟုတ်လျှင် နှစ်ဦးစလုံး ပျက်စီးခြင်းဖြင့်သာ အဆုံးသတ်မည်ဖြစ်သဖြင့် အီဝူရှင်းက ဤနေရာ၌ပင် သေသေချာချာ ဆုံးဖြတ်ရမည်ဟု အေးစက်စွာ တွေးလိုက်၏။
သူတို့ လုပ်ခဲ့သော ချစ်သူဘဝနှင့် အိမ်ထောင်ရေးကဲ့သို့ ရှေ့ဆက်မည့် အချိန်များကလည်း အေးအေးဆေးဆေးနှင့် ချောချောမွေ့မွေ့ စီးဆင်းသွားစေရန် မျှော်လင့်နေခြင်းက အချည်းနှီးဖြစ်မည့် နုံနဲ့ရိုးစင်းသော ဆန္ဒတစ်ခုသာ။
ဟန်ဆောယောင်းကို လက်ဖဝါးပေါ်တွင် ထားရန်မှာ ဤထက်ပို၍ မဖြစ်နိုင်တော့။ ဤသည်ကသာ တစ်ခုတည်းသော နိဂုံးပင်။
‘ဂင်ဟျွန်း’ မဟုတ်သော မိမိက သူ့ကို ထိန်းချုပ်၍ မရနိုင်ပေ။
သို့ဆိုလျှင်…
ဖြစ်ချင်ဖြစ် ဂင်ဟျွန်း၏ အလောင်းကိုပဲ ယူလာပေးရမည်လား။
ရုတ်တရက် ဝင်လာသော အတွေးကြောင့် ထိုလူ၏ မျက်နှာက အေးစက်သွားသည်။
ထိုစဉ် မြေအောက် ပစ်ခတ်လေ့ကျင့်ကွင်းတံခါး ပွင့်လာပြီး အသံလုံအောင် လုပ်ထားသော အတားအဆီး နံရံကို တစ်စုံတစ်ယောက်က လာခေါက်၏။ နားကြပ်ကို ချွတ်လိုက်တော့ အထူးလုံခြုံရေးအဖွဲ့ဝင် ဂီထယ်မင်း ဖြစ်နေသည်။
“အဖွဲ့မှူး၊ ဂျင်ဟိုဂျယ်ရဲ့ မျက်နှာက တကယ် ကြည့်လို့ကောင်းနေတာပဲ။”
ငယ်ရွယ်ပြီး သပ်ရပ်သော ရုပ်ရည်ရှိသည့် ဂီထယ်မင်းမှာ ၇၀၇ အထူးတပ်ဖွဲ့တွင် ရှိခဲ့စဉ်က တပ်ဖွဲ့အတွင်း နှိပ်စက်ညှဉ်းပန်းမှုများကို မခံနိုင်ဘဲ ထွက်လာခဲ့သော အရည်အချင်းရှိသည့် လက်ဖြောင့်သေနတ်သမားတစ်ဦးပင်။
သူက အခြေခံ အထူးစစ်ဆင်ရေးသင်တန်း ပြီးဆုံးပြီးနောက် အထက်လူကြီးကို အာခံကာ ဆူပူသောင်းကျန်းခဲ့ပြီး အတိအကျ ပြောရလျှင် အထုတ်ခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက်တွင် Blast ကုမ္ပဏီက လက်ဖြောင့်သေနတ်သမားများအတွက် လိုအပ်သော အသွင်ယူ လေ့ကျင့်ခန်းများကို သင်ကြားပေးကာ ဂီထယ်မင်းကို သေသေချာချာ မွေးမြူခဲ့၏။
ဝန်ချန်း စုစည်းပေးထားသော အချက်အလက်များကို ပြန်တွေးရင်း အီဝူရှင်းက တည်ငြိမ်စွာပင် ခနဲ့လိုက်သည်။
“ဘာလဲ၊ ငါက မင်းသူငယ်ချင်းကို ထိလိုက်လို့ စိတ်ဆိုးနေတာလား။”
ထိုအခါ ဂီထယ်မင်းက “အာ...” ဟု ရွံရှာသလို လုပ်ရင်း ပွစိပွစိ ညည်းညူတော့သည်။
“မဟုတ်ပါဘူး၊ ထိုးတုန်းက ပါးစပ်ကိုပါ ပိုပြီး ပိတ်ပေးလိုက်ရမှာကို။ လဲနေပြီး မာယာတွေ များနေတာကို မြင်ရတော့ စိတ်ပျက်ဖို့ကောင်းလို့ပါ။”
“အဖွဲ့ဝင် ဂီထယ်မင်း။”
သေနတ်ကို ချလိုက်သော အီဝူရှင်းက လက်အောက်ငယ်သားကို မျက်နှာသေဖြင့် ကြည့်ခဲ့သည်။
“ငယ်ငယ်ကတည်းက အဖွဲ့ဝင် ဂျင်နဲ့ သူငယ်ချင်းလို့ ပြောခဲ့တယ် မဟုတ်လား။”
“ဟုတ်ကဲ့၊ အဲ့ဒါကတော့….”
တွဲပေးထားလိုက်လျှင် ရန်ဖြစ်နေကြသော နှစ်ဦးဖြစ်၍လားမသိ၊ အမှန်တကယ် ငယ်သူငယ်ချင်းဖြစ်သော်လည်း ဖြေရသည်ကို စိတ်မပါသလိုပင်။
“ဒါဆို ငယ်ငယ်က ရေချိုးရုံလည်း ခဏခဏ အတူတူ သွားဖူးမှာပေါ့။”
ကွက်တိပင် သတ္တုလမ်းကြောင်းက ရွေ့လျားလာပြီး စက္ကူပစ်မှတ်က အနားတွင် လာရပ်သည်။
လူပုံသဏ္ဌာန်ရှိသော ပစ်မှတ်က မျိုးပွားအင်္ဂါနေရာတစ်ခုတည်းကိုသာ စူးစိုက်ပြီး ဖောက်ထွက်နေလေသည်။
~~~~
Miel’s Translations