no

Font
Theme

အပိုင်း ၄၈

‘ခွင့်ပြုပါခင်ဗျ။’

တင်းတင်းဆုပ်ထားသည့် လက်သီးဆုပ်ကို တစ်စုံတစ်ယောက်က အသာအယာ ဆွဲယူခဲ့သည်။ နိမ့်ရှရှသံဖြင့် ခွင့်တောင်းလာသည့် အမျိုးသားက နွေးထွေးသော ခွက်အလွတ်တစ်ခုကို ဆောယောင်းလက်ထဲသို့ ထည့်ပေးခဲ့၏။

‘အေးနေတယ်ထင်လို့ပါ။’

သူက ဆောယောင်း အံ့ဩတုန်လှုပ်မသွားစေရန် ခွက်၏ ကောက်ကြောင်းကို ဆောယောင်း၏ လက်ဖျားလေးများဖြင့် စမ်းသပ်ကြည့်ခိုင်းခဲ့သည်။ အသံကိုသာ နားထောင်လျှင် တောပုန်းဓားပြဟု ထင်ရသော်လည်း လက်အထိအတွေ့ကမူ ဆန့်ကျင်ဘက်ဖြစ်စွာ နူးညံ့လှ၏။

ထိုအခိုက်အတန့်တွင် ဆောယောင်းတစ်ယောက် ရင်ထဲမှ စို့တက်လာမှုကို ထိန်းချုပ်ရင်း အနည်းငယ် လက်ခံလိုက်မိခြင်းလား မသိပေ။ နောင်တွင် ဤကဲ့သို့သော ကမ္ဘာမျိုး၌ ဆက်လက်ရှင်သန်ရတော့မည်ဟူ၍။

လူတစ်ယောက်ကို မျက်နှာဖြင့်မဟုတ်ဘဲ အသံဖြင့် မှတ်မိနေရမည့်၊ တစ်စုံတစ်ယောက်၏ ကြင်နာမှုကို အပြုံးဖြင့်မဟုတ်ဘဲ ကိုယ်ငွေ့ဖြင့် ခံစားရမည့် လုံးဝခြားနားသော ကမ္ဘာ။

သို့သော် ထိုမျှအထိ အဆိုးကြီးမဟုတ်လောက်ဘူးဟု တွေးမိခဲ့ပုံပင်။

ထိုနေ့က မိုးသက်လေသည်လည်း ခဏချင်းပင် တိတ်သွားခဲ့သည်။

~~~~

“ဟော့...”

အေးစက်သော ဆူးချွန်ဖြင့် အထိုးခံရသလို နာကျင်မှုကြောင့် မျက်လုံးများ အပြူးသားပွင့်လာသည်။ မျက်နှာပေါ်သို့ အညှာအတာမဲ့စွာ လောင်းချခံလိုက်ရသော ရေအေးများက မေးစေ့တစ်လျှောက် တစ်စက်တစ်စက် စီးကျနေ၏။

ဒါ ဘယ်နေရာလဲ။

ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်လိုက်စဉ် စိုစွတ်နေသော မျက်တောင်များကြားမှ ရေစက်များ မျက်လုံးထဲသို့ စီးဝင်သွားသည်။

လစ်ဟာနေသော ခေါင်းထဲသို့ မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာ၏။

အာ... လေ့ကျင့်ရေးကွင်းမှာ ရပ်နေရင်း အားပြတ်သွားတာပဲ။

ဆောယောင်း ခေါင်းကို ခါယမ်းရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အလင်းရောင်ဟူ၍ မျက်နှာကြက်တွင် ချိတ်ဆွဲထားသော မီးသီးအဟောင်းတစ်လုံးသာရှိသည့် ကျဉ်းမြောင်းပြီး နံစော်နေသောအခန်း။

ဆောယောင်းတစ်ယောက် ယခုပဲဖြစ်ဖြစ် ငြိမ်းသွားတော့မည့်အလား တဖျပ်ဖျပ်ဖြစ်နေသော မီးသီးကို စိုက်ကြည့်နေမိသည်။ အလင်းရောင် မှိန်လိုက် လင်းလိုက် ဖြစ်သည့်အချိန်တိုင်း ညစ်ပတ်ပေရေနေသော အခန်းတွင်း အခြေအနေက ပေါ်ပေါ်လာ၏။

ချေးတက်နေသော ကြွေပြားများ၊ အင်္ဂတေ နံရံများ၊ ကွဲအက်နေသော ရေချိုးကန်နှင့် ထိုအထဲတွင် အပြည့်ဖြည့်ထားသော ရေများ။ မညီမညာဖြစ်နေသော သစ်သားစားပွဲပေါ်တွင် ရှည်လျားသော ကိရိယာမျိုးစုံ စီတန်းထားလျက်ရှိသည်။ ပြီးတော့…

“ဘာလို့ အခုမှ နိုးလာတာလဲ။ စောင့်နေရတာ လီးတောင်ပြုတ်ကျတော့မလားမှတ်ရတယ်။”

“...”

ငြီးငွေ့သလို မျက်နှာထားဖြင့် ခြေတစ်ဖက်ကို ကွေးကာရပ်နေသည့်လူ။

ဝေဝါးနေသော အသိစိတ်များ ပြန်လည်ကြည်လင်လာမှသာ တုပ်နှောင်ခံထားရသည့် လက်မောင်းများ စတင်နာကျင်လာတော့သည်။

ဆောယောင်းက လက်နှစ်ဖက်ကို ခေါင်းပေါ်တွင် တုပ်နှောင်ပြီး ငါးတစ်ကောင်လို တွဲလောင်းဆွဲခံထားရခြင်းပင်။ ခြေထောက်က မြေပြင်နှင့် မထိသဖြင့် ဒီအတိုင်း အသာလေး တွဲလောင်းခိုနေရုံနှင့်ပင် အတော်လေး အင်အားကုန်ခန်းစေသည်။

ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးကို တောင့်ခံထားရသည့် လက်ကောက်ဝတ်များက အတော်ကြာကတည်းက သွေးမလျှောက်တော့ပုံရပြီး ကြိုးနှင့် ပွတ်တိုက်မိသော အသားက ယားယံကာ စပ်ဖျဉ်းနေ၏။

ယခုမှသာ မိမိ ရင်ဆိုင်နေရသော အခြေအနေကို တဖြည်းဖြည်း သတိပြုမိလာသည်။ ထိုသို့သော အခြေအနေမျိုးတွင်ပင် ဇောက်ထိုးဆွဲမခံထားရ၍ တော်သေးသည်ဟု တွေးလိုက်မိသေး၏။

“...ကျွန်မတို့ကို ဆေးခတ်လိုက်တာလား။”

ပထမဆုံးအနေဖြင့် အသိချင်ဆုံးအရာကို မေးလိုက်သည်။ သို့သော် အီဝူရှင်းက ဘာမှမပြောဘဲ ရေချိုးကန်ထဲမှ ရေကို ခပ်ထုတ်နေရုံသာ။ သူ မဖြေသော်လည်း တစ်ခါတစ်ရံတွင် တိတ်ဆိတ်ခြင်းက အဖြေထက် ပို၍ကျယ်လောင်တတ်ပေသည်။

အာ... အပြေးလေ့ကျင့်ခန်းပြီးမှ သောက်ခဲ့တဲ့ ရေသန့်ကြောင့်လား။

မကြာမီ အမျိုးသားက လျှံထွက်လုနီးပါး ရေအပြည့်ပါသော ပုံးကို မပြီး အနားသို့ ချဉ်းကပ်လာသည်။

ဒီအခြေအနေနဲ့ နှစ်ရက်လုံး ဒီလူနဲ့အတူ ရှိနေရမယ်ပေါ့လေ…

ဤသည်က တကယ့် နှိပ်စက်မှုဖြစ်ပြီး အင်မတန် ခံရခက်သည့် ကိစ္စပင်။

ထိုစဉ် အီဝူရှင်းက အေးစက်စက် မျက်နှာထားဖြင့် ရွတ်ဆိုခဲ့သည်။

“59.9343°N, 30.3351°E.”

“...”

“စာရွက်ထဲက အကြောင်းအရာကို ငါ သိပြီးသား။”

ဆောယောင်း သူ့ကို ရှော့ခ်ရသွားသလိုမျက်နှာဖြင့် စိုက်ကြည့်လိုက်မိ၏။

ဒါဆို လေ့ကျင့်ရေးက ဘယ်လိုလုပ်မလဲ။

မစရသေးခင်မှာပဲ ပြီးသွားတာလား။

“ငါ တကယ်ကြားချင်တဲ့ စကားက သီးသန့်ရှိလို့၊ အဲ့ဒီလို မျက်နှာမျိုး လုပ်မနေနဲ့။”

လိမ္မော်ရောင် မီးရောင်အောက်တွင် သူ၏ မျက်နှာက ယနေ့မှ ပို၍ စိမ်းသက်ကာ ထူးဆန်းနေသလိုပင်။

သူက တစ်ခါတစ်ရံ အဖွဲ့ဝင်များကို ချိုးနှိမ်ရန် ရိုင်းစိုင်းသော အသုံးအနှုန်းများ သုံးတတ်သော်လည်း ယခုကဲ့သို့သော ခံစားချက်မျိုး မဟုတ်ခဲ့ပေ။

ယခုတွင်မူ သူက အဖွဲ့မှူးလည်းမဟုတ်၊ နည်းပြလည်းမဟုတ်။ ပို၍ သဘာဝကျနေပြီး သူ၏ ပင်ကိုစရိုက်နှင့် ပိုတူနေသည်။

“မင်း လွတ်သွားတာက ဘာလဲဆိုတာကို နည်းပြက သေချာသင်ပေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား။”

သူက စက်သီးတွင် ချိတ်ထားသော ကြိုးကို အားကုန် ဆွဲလိုက်သည်။ ထိုအခါ လက်မောင်းနှစ်ဖက်က နားရွက်တွင် ကပ်သွားကာ ခန္ဓာကိုယ်က အပေါ်သို့ မြင့်တက်သွား၏။ မျက်နှာကြက်တွင် ချိတ်ဆွဲထားသော သားသတ်ရုံမှ အသားတုံးကြီးလို ဖြစ်သွားတော့သည်။

“သုံ့ပန်းဖြစ်သွားရင် ဘာတွေခံရမလဲဆိုတာ တွေးဖူးလား။”

သူနှင့် မျက်လုံးချင်း တည့်တည့်ဆုံသွား၏။ ဆောယောင်းလည်း ​ကြမ်းပြင်နှင့်ကွာသွားသည့် ခြေထောက်များကို ကူကယ်ရာမဲ့စွာ လှုပ်ယမ်းကြည့်မိသည်။ အီဝူရှင်းက စားပွဲပေါ်မှ ရှည်လျားသော တုတ်တစ်ချောင်းကို ယူလာ၏။ မျက်မမြင်သုံး လက်ကိုင်တုတ်နှင့်ပင် ဆင်တူနေသည်။

“မကောင်းတာလုပ်ရင်၊ မကောင်းတာ ပြန်ခံရတတ်တယ်ဆိုတာကို ဘာလို့ မသိရတာလဲ။”

ရုတ်တရက် သူကိုင်ထားသော တုတ်မှ ဖျပ်ဖျပ်ဟူသော အသံနှင့်အတူ လျှပ်စစ်စွမ်းအင်များ ထွက်ပေါ်လာတော့သည်။

“Blast ရဲ့ အဓိက ဖောက်သည်တွေက ခြစားနေတဲ့ ခေါင်းဆောင်တွေ ဦးဆောင်တဲ့ နိုင်ငံငယ်လေးတွေ များတယ်။ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အောက်တန်းစားတွေ အများစုပဲ။ အဲ့ဒီလို အမှိုက်တွေရဲ့ နောက်ကွယ်က အညစ်အကြေးတွေကို သန့်ရှင်းပေးရတဲ့ အိမ်သာက အထူးလုံခြုံရေးအဖွဲ့။”

“…….”

“အာဏာရှင်ဘက်က ရပ်လိုက်၊ သူပုန်ဘက်က ရပ်လိုက်၊ နိုင်ငံတော် အဖွဲ့အစည်းတွေနဲ့ ပေါင်းလိုက်၊ မူးယစ်ဆေးကုန်သည်တွေနဲ့ ပေါင်းလိုက်။”

“…….”

“ဖောက်သည်က အလိုရှိရင် အပြစ်မရှိတဲ့လူကိုလည်း သတ်တယ်။ ရာဇဝတ်ကောင်တွေကို ဗုံးလုပ်နည်း သင်ပေးတယ်။ ဒါတောင် ဒီကို ဝင်ချင်သေးတာလား။”

သူက မိမိကိုယ်တိုင် ပါဝင်နေသည့်အဖွဲ့ကို အားမနာတမ်း ရှုတ်ချပြောဆိုနေသည်။ ထိုင်းနိုင်ငံတွင် ရှိခဲ့စဉ်ကလည်း ခံစားခဲ့ရသည့်တိုင် သူက ထင်မှတ်မထားသော နေရာများတွင် စံနှုန်းတိကျလွန်းလှ၏။

ကောင်းမှုနှင့် မကောင်းမှုကို ရောနှောပြီး ယင်းအပေါ်တွင်ထိုင်ကာ ပျော်မွေ့နေသူဟုသာ ထင်ခဲ့သော်လည်း။ ယခုအချိန်အထိ ဤကဲ့သို့ တွေးတောကာ အလုပ်လုပ်နေခဲ့ခြင်းလား။

“နောက်ဆုတ်ရင်း ကြွက်တစ်ကောင် ဖမ်းမိတာနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်နေလိုက်တာ။”

ဘယ်သူကြည့်ကြည့် ဆောယောင်းကို အပြစ်တင်ဝေဖန်နေသည့် အကြည့်ပင်။

အမြဲတမ်း အကျင့်လို ပြုံးနေတတ်သည့် မျက်နှာက ပျောက်ကွယ်သွားကာ၊ စိတ်ကူးထားသည်ထက် ပို၍ အေးစက်စက်နိုင်ပြီး အသက်မဲ့လှသည်။

ဆောယောင်းတစ်ယောက် ထိုမျက်နှာကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိ၏။ လှပသော အခွံအတွင်းတွင် ရှိနေသည့်အရာက သကြားလုံးမဟုတ်ဘဲ ပုပ်စော်နံသည့် အနာစိမ်း ဖြစ်နေသတဲ့လား။

ပထမဆုံးအကြိမ်အဖြစ် အီဝူရှင်းအပေါ် စိတ်ဝင်စားမှု အနည်းငယ် ဖြစ်ပေါ်လာသည်။ တည်ငြိမ်နေသော ဆောယောင်း၏ မျက်ဝန်းများက တဖြည်းဖြည်း စူးရှလာ၏။

“အဲ့ဒီလို လုပ်ရပ်တွေလုပ်ရင်း အဖမ်းခံရရင်။”

တစ်ဖန် တဖျပ်ဖျပ်နှင့် ချောမွတ်သော တုတ်ပေါ်တွင် လျှပ်စစ်များ ခုန်ထွက်လာသည်။

“ဒီလို လျှပ်စစ်တုတ်က မင်းရဲ့ ပါးစပ်၊ နား၊ ပြီးတော့ မင်းရဲ့ မိန်းမကိုယ်ထဲကို စိုက်ဝင်သွားရင်တောင်။”

“...”

“ဘယ်သူမှ မကယ်ဘူး။”

“…….”

“ဒီအထိ မင်းကို လာကယ်မဲ့လူလည်း ရှိမှာမဟုတ်ဘူး။”

အီဝူရှင်းက ဆောယောင်း၏ မေးစေ့ကို ဆွဲယူကာ နားဝင်ခက်သော ကလေးငယ်တစ်ယောက်ကို ချော့မော့သလို ပြောခဲ့သည်။

“နားလည်လား။ မင်းလုပ်မယ်ဆိုတဲ့ အလုပ်က အဲ့ဒီလိုမျိုးပဲ။”

“အင့်...”

မကြာမီ ကြမ်းတမ်းသော လက်ဖဝါးက မေးရိုးကို ကြေမွသွားစေတော့မည့်အလား ညှစ်လာသည်။

“ပျက်စီးသွားမှာ သေချာတဲ့အရာကို ပြန်လိုက်ကောက်နေတာထက် ဒီအတိုင်း စွန့်ပစ်လိုက်တာက ပိုလွယ်ကူ၊ ပိုထိရောက်ပြီး၊ စီးပွားရေးအရ တွက်ခြေကိုက်လို့ Blast ကုမ္ပဏီက ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အဆုံးအထိ တာဝန်မယူဘူး။”

တဖျပ်ဖျပ်နှင့် ထူးဆန်းသည့်အသံက မူမမှန်စွာ ဆက်တိုက် ထွက်ပေါ်နေသည်။

“တောင်အာဖရိကမှာဆိုရင် ယောက်ျားတွေချည်းရှိတဲ့ အချုပ်ခန်းထဲ မိန်းမသုံ့ပန်းကို အဝတ်ဗလာနဲ့ ထည့်ပစ်တာ။ သံညှပ်နဲ့ သုံ့ပန်းရဲ့ ပါးစပ်ကို ဖြဲပစ်တာဖြစ်ဖြစ်၊ လက်သည်းအောက်ကို သံချွန်တွေနဲ့ ထိုးစိုက်တာမျိုးတွေဖြစ်ဖြစ်။ အာ... ညစ်ပတ်တဲ့ အညစ်အကြေးတွေထဲမှာ လူကို ရက်ပိုင်းလောက်ကြာအောင် နှစ်ထားရင် ဘာဖြစ်သွားမလဲ သိလား။ တစ်ကိုယ်လုံး ပုပ်ပွသွားတာပဲ။”

မှောင်မိုက်ပြီး စိုထိုင်းသော ပတ်ဝန်းကျင်၏ ဖိအားကြောင့်လားမသိ၊ ဆောယောင်း၏ နှုတ်ခမ်းများက ကောင်းကောင်း မလှုပ်ရှားနိုင်တော့။

“ဒါတွေက တပ်ပြင်ပကို လုံးဝ မပေါက်ကြားစေရတဲ့ လေ့ကျင့်ခန်းတွေဖြစ်သလို၊ ကမ္ဘာ့တခြားတစ်ဖက်မှာ အခုအထိ မကြာမကြာ သုံးနေတဲ့ နှိပ်စက်နည်းတွေပဲ။ မင်းက Blast မှာ၊ အဲ့ဒီထဲကမှ ငါ့လက်အောက်မှာ ညစ်ပတ်တဲ့အလုပ်တွေကို လုပ်ရမယ်ဆိုရင် ဘာဖြစ်သွားမလဲ။”

သူက ဆောယောင်းကို စိုက်ကြည့်ရင်း လျှပ်စစ်တုတ်ကို နံရံဘက်သို့ အားကုန်လွှတ်ပစ်လိုက်သည်။

“ခန္ဓာကိုယ်က ပျက်စီးသွားမှာပေါ့၊ ဆောယောင်းရဲ့။”

တောင့်တင်းသောရင်ဘတ် နိမ့်ချည်မြင့်ချည်ဖြင့် အသက်ရှူသံ ပြင်းနေသော သူက ထပ်ပြောလာသည်။

“ရေထဲမှာ ဘောင်းဘီချွတ်ဖို့တောင် ဝေခွဲမရဖြစ်နေတဲ့ကောင်က၊ တစ်ခုလောက်ပဲ သိပြီး နှစ်ခု သုံးခုကိုတော့ ခန့်မှန်းလို့တောင်မရနိုင်ဘဲ ဖြစ်နေတာ။ အဲ့ဒါကြောင့် ငါကိုယ်တိုင် သင်ပေးမယ်လို့ ပြောခဲ့တာပေါ့။ မင်း လျစ်လျူရှုထားတာက ဘာလဲဆိုတာကို။”

ထိုစကားအဆုံးတွင် အီဝူရှင်းက ဆောယောင်း၏ ရင်သားကို အတင်းအဓမ္မ ဆုပ်ကိုင်ခဲ့သည်။ ကြမ်းတမ်းသော လက်အထိအတွေ့ကြောင့် ခန္ဓာကိုယ်က တောင့်တင်းသွားသော်လည်း ဆောယောင်းက ချက်ချင်းပင် ခါးကို လိမ်ရင်း သူ့ကို ရွံရှာစက်ဆုပ်စွာ စိုက်ကြည့်လိုက်၏။

“လွှတ်...”

“မင်းရဲ့ အဲ့ဒီ ဘဝင်လေဟပ်နေတဲ့ အဆိပ်နဲ့တောင် ဖြေရှင်းလို့မရတာက ဒီလို အခြေအနေမျိုးပဲ။”

ကြီးမားသော လက်က ရင်သားအောက်ခြေမှ ပင့်ကိုင်လိုက်ရာ ရင်သားများ ပေါက်ထွက်တော့မည့်အလား နာကျင်သွား၏။

“ဒီအထိလာပြီး ကြိုးစားနေတာကိုတော့ လုံလုံလောက်လောက် သိပါရဲ့။ ဒါပေမဲ့ ဒါက တကယ့် လက်တွေ့ပဲ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လေ့ကျင့်ရေးကို အောင်မြင်ရင် ပြီးသွားမယ်လို့ ထင်နေတာလား။ အမျိုးသမီး အဖွဲ့ဝင်တစ်ယောက် ပြည်ပမှာ အမှားအယွင်းဖြစ်ပြီး အဖမ်းခံရရင်…..”

“လွှတ်... လို့ ပြောနေတယ်လေ။”

ဆောယောင်းက မျက်လုံးကို အားစိုက်ကြည့်ရင်း သွားချင်းကြိတ်ထားသည့်ကြားမှ ပြောလိုက်သည်။

“ဖြစ်နိုင်ခြေအမြင့်ကြီးနဲ့ကို ဒီလိုမျိုး ချီးလိုအဖြစ်တွေနဲ့ ကြုံရမယ်လို့။”

သူက အေးစက်စွာ သတိပေးရင်း ယခုတစ်ကြိမ်တွင် အဝတ်အစားထဲသို့ လက်ကို ဝှစ်ခနဲ ထိုးထည့်ခဲ့သည်။ နုနယ်သော အရေပြားပေါ်သို့ ကျရောက်လာသည့် ပူနွေးသော အပူရှိန်က စက်ဆုပ်ဖွယ်ကောင်းလှ၏။

ဆောယောင်းက ထွန့်ထွန့်လူးမတတ် ခန္ဓာကိုယ်ကို လူးလွန့်ခဲ့သော်လည်း ချက်ချင်းပင် သူ့ခါးကို ထိန်းချုပ်လိုက်သော လူက ဘရာစီယာကို ပင့်တင်ကာ ခံစားတုံ့ပြန်နိုင်စွမ်းမြင့်သော ရင်သားများကို ဆုပ်နယ်ခဲ့သည်။

“အထူးသဖြင့် အမျိုးသမီး သုံ့ပန်းတွေအပေါ် ကျူးလွန်တဲ့ နှိပ်စက်မှုတွေက အကုန် အရိုင်းစိုင်းဆုံးတွေပဲ။”

“အင့်... ဒီခွေးကောင်...”

“လိမ္မာတယ်၊ အခုမှပဲ နည်းနည်း ခေါင်းထဲဝင်သွားပြီလား။ ဘယ်သူ့အတွက် အဲ့ဒီလို ခွေးကောင်တွေဆီမှာ မင်းရဲ့ အသားတွေကို အကိုက်ခံမှာလဲ။”

“လွှတ်...”

“ခုခံလို့လည်းမရ၊ တုံ့ပြန်လို့လည်းမရ။ ဒီအတိုင်း အောင့်အည်းသည်းခံနေရတဲ့ ဒီလို အခြေအနေမျိုးကို၊ မင်းက ဇွဲဆိုတဲ့ စကားတစ်လုံးနဲ့ အကုန်ကျော်ဖြတ်သွားမယ်လို့ တွေးနေတာလား။ ချီးပဲ... စိတ်ဓာတ်ကြံ့ခိုင်ရေး တင်ပြမှုလုပ်တာလည်း အတိုင်းအတာတစ်ခုအထိပဲ လုပ်မှပေါ့။”

ဆတူမျက်နှာရှုံ့မဲ့နေသော လူနှစ်ဦး၏ မျက်လုံးများက ဒိုင်းခနဲ တည့်တည့်ဆုံသွားလေတော့သည်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment