အပိုင်း ၅၈
အေးစက်ခက်ထန်လှသော အသံကြောင့် တစ်ယောက်က ကိုယ်ကိုမတ်မတ်ဆန့်ပြီး အလေးပြုလိုက်ကာ နောက်တစ်ယောက်ကမူ စိုစွတ်နေသော မျက်နှာကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
ဘာလို့ ဒီလိုပုံစံမျိုးကိုမှ ပြမိရတာလဲ။ ဆောယောင်းတစ်ယောက် ကိုယ်တိုင်ပင် နားမလည်နိုင်လောက်အောင် တောက်လျှောက်စီးကျနေသည့် မျက်ရည်များကို ဂရုမစိုက်ဟန်ဖြင့် အတင်းပွတ်သုတ်ပစ်လိုက်၏။
ပင်လယ်ရေထဲ ခဏခဏဆင်းရင် ဆားရည်တွေပါ ကူးစက်လာတတ်တာလား။
ထိုကဲ့သို့ အဓိပ္ပာယ်မရှိသည့်အရာကို တွေးနေစဉ် အီဝူရှင်းက ခေါင်းကို တစ်ချက်ဆတ်ပြခဲ့သည်။
"ဆေးပေးခန်းတံခါးကို အဖွဲ့ဝင် ဒုံဂျီဝူးက ပိတ်သွား။"
"ဟုတ်ကဲ့..."
ယင်းမှာ နှင်ထုတ်ခြင်းဖြစ်မှန်း ရိပ်မိသွားသော ဒုံဂျီဝူးတစ်ယောက် အပြစ်ရှာမခံရစေရန် ဆောယောင်းကိုပင် နှုတ်မဆက်နိုင်ဘဲ ကပျာကယာ ထွက်ပြေးသွားတော့သည်။
ထိုသို့ဖြင့် နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သော ဆေးပေးခန်းအတွင်း၌ စိတ်မသက်မသာဖြစ်ဖွယ် တိတ်ဆိတ်မှုသာ လွှမ်းမိုးသွား၏။
"အဖွဲ့ဝင် ဟန်ဆောယောင်း၊ ဘာလို့ ငိုနေတာလဲ။"
"မငိုပါဘူး။"
ခြောက်ကပ်ကပ်လေသံကြောင့် သူ၏မျက်ခုံးများကျုံ့သွားသည်။ ပုံမှန်အတိုင်း ပေါ့ပြက်ပြက်နေတတ်သော အမူအရာက ပျောက်ကွယ်သွားကာ နီမြန်းနေသော ဆောယောင်း၏မျက်လုံးများကို အကဲခတ်နေသည့် အကြည့်က တည်ကြည်နေ၏။
ယခုလေးတင် ရေချိုးပြီးလာဟန်တူကာ showergel ရနံ့သင်းသင်းလေးက ပျံ့လွင့်နေသည်။ နှာခေါင်းဝသို့ ရောက်လာသော ထိုလတ်ဆတ်မှုကြောင့် ဆောယောင်းလည်း မိမိ၏ ညစ်ပတ်ပေရေနေသောပုံစံကို အလိုအလျောက် သတိရသွားတော့၏။ တစ်ပတ်လုံး ရေမချိုးရသေး၊ သွားမတိုက်ရသေးသဖြင့် အနံ့ဆိုးများလည်း ထွက်နေပေလိမ့်မည်။
ထို့အပြင် ဒုံဂျီဝူးထံမှ ကြားခဲ့ရသော စကားကလည်း စိတ်ထဲတွင် အနှောင့်အယှက်ဖြစ်နေရပြန်၏။
ကောက်ချီလာတယ်တဲ့လား။
ကျေးဇူးတင်စကား ပြောရမည်မှန်း ဦးနှောက်က သိနေသော်လည်း ထိုသို့ပြောလိုက်လျှင် နောက်ဆုံးအချိန်တွင် သတိလစ်သွားကြောင်း ဝန်ခံရာရောက်သွားမည်စိုးသဖြင့် ပါးစပ်ဟရန် တုံ့ဆိုင်းနေမိသည်။
မဟုတ်တောင် အမျိုးသမီးအဖွဲ့ဝင်ကို သဘောမကျဖြစ်နေတာကို...
ဆောယောင်း မျက်မှောင်ကြုတ်ကာ ခေတ္တနှုတ်ပိတ်နေလိုက်၏။
"ငိုတာမဟုတ်ရင်…."
သန့်ရှင်းသပ်ရပ်နေသော နည်းပြက ခနဲ့သည့်လေသံဖြင့် စကားစလာသည်။
"မျက်နှာသစ်ထားတာလည်း မဟုတ်ဘဲနဲ့ မျက်တောင်တွေပဲ စိုနေတာက ငိုတာမဟုတ်လို့ ဘာလဲ။"
သူက သွားကြားထဲမှ စကားလုံးများကို တစ်လုံးချင်း ဝါးစားသလို ပြောလာသည်။
"ခုနက ထွက်သွားတဲ့ကောင်က မင်းမျက်လုံးကို လာလျက်ပေးသွားလို့လား။"
"……"
"ရေဖတ်ဝတ်နဲ့ မျက်ချေးတွေများ လာသုတ်ပေးသွားတာလား။"
"……"
"အဲ့ဒါမျိုးမှမဟုတ်ရင် နည်းပြအရှေ့မှာ ချက်ချင်းတန်းပေါ်မဲ့ မဖြစ်စလောက် မာနတွေ ထုတ်မပြနဲ့။"
အားလုံးသိနေသလို မောက်မာသည့်ပုံစံက အမြင်ကပ်စရာကောင်းလှသဖြင့် ဆောယောင်း ဒေါသတကြီး ပြန်ပြောလိုက်မိသည်။
"တကယ် ငိုတာမဟုတ်ပါဘူး၊ ရေတွေကျလာတာပါ။ ချွေးမှာလည်း စိမ့်ချွေးရှိသလို ကျွန်မဆီကလည်း စိမ့်ရေတွေ ထွက်လာရုံပါပဲ။"
အီဝူရှင်းက အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း လှောင်ရယ်သလို တစ်ချက်ရယ်ခဲ့သည်။ သို့သော် ချက်ချင်းပင် အမူအရာကို ပြန်ဖျောက်လိုက်ကာ ဘာမှမဖြစ်သလို ပြန်မေးလာ၏။
"ဒါနဲ့ ခန္ဓာကိုယ်က ဘယ်လိုနေသေးလဲ။"
"မြင်တဲ့အတိုင်းပဲ ညစ်ပတ်ပြီး နာကျင်နေတာပေါ့။ ရေချိုးချင်နေပါပြီ။ ဒါကြောင့် အခု သွားချိုးလို့ရမလား။"
သတိထားမိလိုက်သည်နှင့် နှာခေါင်းထဲသို့ တိုးဝင်လာသော ချဉ်စုတ်စုတ် အနံ့ဆိုးကြောင့် ကိုယ့်ကိုယ်ကိုယ် မခံမရပ်နိုင်ဖြစ်လာရသည်။
အိပ်ရာပေါ်မှ အမြန်ဆင်းကာ အိပ်ရာခင်းကို အကြမ်းဖျင်း သိမ်းဆည်းနေစဉ် သံဖြင့်ပြုလုပ်ထားသော ခုတင်ခြေရင်းဘောင်ကို သူ လှမ်းကိုင်လိုက်ကြောင်း မြင်လိုက်ရ၏။
အီဝူရှင်းက ခါးကိုကိုင်းကာ ဆောယောင်း၏မျက်လုံးများကို မရမက စိုက်ကြည့်ရင်း မေးလာသည်။
"ဘယ်မှာ သွားချိုးမလို့လဲ။"
"……အဆောင်က ရေချိုးခန်းကို သွားမှာပေါ့၊ ပင်လယ်ထဲ သွားမယ်ထင်လို့လား။"
"အားတော့နာပေမဲ့ အဖွဲ့ဝင် ဟန်ဆောယောင်းဟာ ဒီနေ့ကစပြီး အဆောင်ရေချိုးခန်းကို အဝင်အထွက် အပိတ်ခံလိုက်ရပြီ။"
"ရှင်။"
ဆောယောင်း၏မျက်နှာက အံ့ဩလွန်း၍ ပုံပျက်သွား၏။
ဆောယောင်းက အခြားအဖွဲ့ဝင်များ အရင်ချိုးပြီးမှ ကျန်ရှိသောအချိန်တွင် တစ်ယောက်တည်း ရေချိုးရန် အားလုံးနှင့် သဘောတူထားခဲ့ခြင်းဖြစ်သည်။ အနည်းငယ် အလုပ်ရှုပ်သော်လည်း ကျိန်းသေပေါက် ဤမျှလောက်ကိုမူ သည်းခံရမည်ဖြစ်ပြီး၊ ထိုအကြောင်းကိုလည်း နည်းပြက အသေးစိတ် သိရှိထားပြီးသားပင်။
သို့သော် ရုတ်တရက် ရပ်တည်ချက် ပြောင်းလဲသွားပုံက အတော်လေး သဘာဝမကျသလိုဖြစ်နေ၏။
"အဖွဲ့ဝင်တွေနဲ့ အချိန်ခွဲသုံးနေတာ သိပေမဲ့ အဲ့ဒါ မလုပ်နဲ့တော့။"
"အကြောင်းရင်းကို မေးလို့ရမလား။"
ထိုမေးခွန်းကို အီဝူရှင်းက အဖြေမပေးဘဲ တွန့်ကြေနေသော စက္ကူတစ်ရွက်ကို လှမ်းပစ်ပေးခဲ့သည်။
"အဖွဲ့ဝင် ဟန်ဆောယောင်းက ဒီမှာ အားအနည်းဆုံးလို့ ထင်ခဲ့မိတဲ့ နည်းပြရဲ့အမှားပဲ။"
"ရှင်။"
"တကယ်တော့ အဲ့ဒါနဲ့ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တာကိုး။"
ဘာတွေ ပြောနေတာလဲ....
ဆောယောင်းက စိတ်ထဲမှ တိုးတိုးလေး ရေရွတ်ရင်း တွန့်ကြေနေသော စက္ကူကို ဖြန့်ကြည့်လိုက်သည်။
ဘာမှန်းမသိရသော်လည်း အတော်ပင် အားစိုက်ကာ လုံးခြေထားသည့်ပုံပင်။ တစ်ဖန် အနည်းငယ် အားထည့်လိုက်ရုံနှင့် ကြေမွသွားတော့မည့် ဤစက္ကူကား ပြီးခဲ့သည့်တစ်ပတ်က အီဝူရှင်း ဆွဲဖြဲသွားသော စာမျက်နှာမှန်း ဖြန့်ကြည့်လိုက်သည်နှင့် သိလိုက်ရ၏။
"နားမလည်ဘူးလား။ ဒီမှာ မင်းက အန္တရာယ်အများဆုံးလူပဲလို့။"
['ခင်ပွန်းလောင်း' 'ခင်ပွန်းလောင်း' SEX လိင်ဆက်ဆံခြင်း၊ လိင်ပိုင်းဆိုင်ရာအပေးအယူမျှမှု၊ one night stand၊ ဆန်ခါတင်စာရင်း၊ 'ပါးစပ်နဲ့ စမ်းသပ်ကြည့်ရန်' 'တုပ်နှောင်ပြီး ထိတွေ့ကြည့်ရန်' 'အပေါ်မှ တက်ခွရန်' 'ဟင့်အင်း၊ အရင်ဆုံး လိင်တံထောင်မတ်အောင်လုပ်တာကစ' 'အရှည်အပေါ် အခြေခံပြီး အရင်ဆုံး ထုတ်ပယ်ရန်’ 'ပေကြိုး ဆောင်ထားရန်' အလှကို အသုံးချပြီးဆွဲဆောင်ရန်၊ dating app၊ လိင်အင်္ဂါ ခေါ်ယူခန့်ထားရေး။]
မျက်စိထဲ ကြည့်ရဆိုးလှသော စကားလုံးများ၊ ထို့အပြင် ဒစ်ကောက်ပုံသဏ္ဌာန်ကိုပါ ဆွဲထားသည့် ရမ္မက်ကြွဖွယ် ရုပ်ပုံများအထိ။
ကာယကံရှင်ဖြစ်သည့် မိမိကိုယ်တိုင် ကြည့်လျှင်လည်း ခေါင်းထဲ၌ ညစ်ညမ်းသည့်အရာများဖြင့်သာ ပြည့်နှက်နေသောလူတစ်ယောက်လိုပင်။
ဘာလို့ ဒါမျိုးကိုမှ မိသွားရတာလဲ....။ ငိုက်နေရင်းနဲ့တောင် ဘာတွေလျှောက်ရေးထားတာလဲ....။
မိမိ၏ မသိစိတ်နှင့် ရင်ဆိုင်လိုက်ရသောအခါ အသစ်တစ်ဖန် မျက်နှာပူလာရပြီး၊ တင်းမာသော မျက်နှာထားဖြင့် ရှိနေသည့် ထိုလူ၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်မိသွားသည်။
"အဲ့ဒီတော့ ခင်ပွန်းလောင်း ပေါ်လာရင် ကိုယ်တိုင် ထမင်းကျွေး၊ ရေတိုက်ပြီး အနားမှာထားမယ်၊ ပြီးရင် ရက်ပိုင်းလောက် အဲ့ဒီကိစ္စတွေ လုပ်ဖို့လား။"
"……ရှင်။"
"ပြီးခဲ့တဲ့တစ်ခေါက်က အဖွဲ့ဝင် ဟန်ဆောယောင်း သတိထားရမဲ့အချက်တွေကို မေးခဲ့တယ်မဟုတ်လား။"
"……"
"အဲ့ဒီတုန်းက မျက်လုံးနှစ်လုံး ဘယ်လောက်တောင် တောက်ပနေလဲဆိုရင်၊ ဆွဲထုတ်ပစ်ချင်စိတ်တောင် ပေါက်သွားတယ်။"
သူက မျက်လုံးများကို လှပစွာ မှေးစင်းလျက် ပြောလာသော်လည်း ချီးကျူးစကားဟု လုံးဝမထင်ရပေ။ ထို့အပြင် ဆောယောင်း၏ ဦးခေါင်းကို စူးစိုက်ကြည့်နေသည့် ထိုအကြည့်က ဒြပ်မဲ့ လွန်ပူတစ်ခု တိုးဝင်လာသလို မညှာမတာရှိလှသဖြင့် ဆတ်ခနဲ တုန်သွားမိသည်။
"တကယ်ပဲ ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ကိစ္စကိုလုပ်မလို့ အခုလို ဖြစ်နေရတာလဲ။"
ထိုအခါမှ ဆောယောင်းတစ်ယောက် ပြီးခဲ့သည့်တစ်ပတ်က မိမိမေးခဲ့သော မေးခွန်းများကို ပြန်လည်သတိရသွားသည်။
လိုအပ်ချက်အရ လူကို ဖမ်းဆီးရမည့်ကိစ္စ။
ဒါပေမဲ့.... ကတ္တားက လုံးဝတခြားစီပဲလေ။ အမျိုးသားထောက်လှမ်းရေး အရာရှိကို ပြန်ပေးဆွဲချင်တာပါ၊ လိင်တံက ရည်ရွယ်ချက် မဟုတ်တာကို....
ထိုသို့ ဝေခွဲမရဖြစ်နေသော မျက်နှာထား ပေါ်သွား၍လားမသိ။
အီဝူရှင်းက ဘာကို အထင်လွဲသွားသည်မသိဘဲ အေးစက်စွာ ရယ်ခဲ့သည်။
မျက်လုံးထဲတွင် သွေးကြောလေးများ အကုန်ပေါက်ထွက်ကာ မိမိကိုသာ စိုက်ကြည့်ပြီး ရယ်နေသည်မှာ စိတ်မမှန်တော့သည့်အတိုင်းပင်။
"ဟူး……"
မကြာမီ သူက ဒေါသကို လျှော့ချသည့်အလား တိတ်ဆိတ်နေသော ဆေးပေးခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့သည်။ ထွားကြိုင်းသောကိုယ်နှင့်လူက အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် စကားတစ်ခွန်းပင် လှမ်းမပြောရဲသည့် အခြေအနေမျိုးပင်။
သူက ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည်ဖြစ်သည်အထိ အသက်ကို မောဟိုက်စွာ ရှူသွင်းပြီးနောက် နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လေတော့၏။
"မင်းက အဲ့ဒီသောက်ကျိုးနည်း ယောက်ျားကိုသာ ရှာတွေ့နိုင်မယ်ဆိုရင် ဒီကမ္ဘာမှာ မလုပ်နိုင်တာ မရှိတော့ဘူးလား။"
"……"
"ဒါကြောင့် တခြားကောင်တွေဆီမှာ အလုပ်ခံကြည့်ဖို့ အဲ့ဒီလောက်တောင် ဆန္ဒပြင်းပြနေတာလား။"
"ဘာလို့ စကားကို အဲ့ဒီလို ပြောရတာပါလဲ။"
မျက်လုံးကို စိုက်ကြည့်ကာ ပြန်မေးလိုက်တော့ အီဝူရှင်းက ချက်ချင်းပင် ရယ်သံကိုရပ်ကာ အေးစက်သော မျက်နှာထားအဖြစ် ပြောင်းလိုက်သည်။
ရုတ်တရက် အနားသို့ တိုးကပ်လာသော သူက ဆောယောင်းကိုတွန်းကာ ခုတင်ပေါ်သို့ လှဲချခဲ့၏။ မနည်းအားယူ ရပ်နေရရုံသာ ရှိသေးသော ဆောယောင်းလည်း မွေ့ရာပေါ်သို့ ဘုတ်ခနဲ လဲကျသွားရတော့သည်။
သူက ဆောယောင်းကို ချက်ချင်းပင် တက်ခွလေ၏။
"ဘာ……"
ပူနွေးသော ထွက်သက်ကို အနီးကပ် ခံစားလိုက်ရသည်။ ဆောယောင်းတစ်ယောက် မိမိ၏မျက်နှာကို ဖုံးလွှမ်းသွားသော လူရိပ်ကြောင့် ခေတ္တ အသက်ရှူရပ်သွားမိ၏။
အနက်ရောင်မျက်ကပ်မှန်အောက်တွင် ရက်စက်ကြမ်းကြုတ်လှသော မီးခိုးရောင် မျက်လုံးများက ကျိန်းသေပေါက် တောက်ပနေပေလိမ့်မည်။
"မင်း၊ အဲ့ဒီလိုကနေ ငါနဲ့အိပ်ကြည့်လိုက်လို့ ငါက မင်းရဲ့ယောက်ျားနဲ့ တကယ်တူနေရင်ရော။"
"……"
သံမဏိကဲ့သို့ မာကျောသော ဒူးက ဆောယောင်း၏ ပေါင်ကြားထဲသို့ တိုးဝင်လာသည်။ မွေ့ရာကို ထောက်လျက် ငုံ့မိုးကြည့်နေသော အကြည့်က အေးစက်လှ၏။
"ဒါဆိုရင် ငါကလည်း မင်းရဲ့ ခင်ပွန်းလောင်း ဖြစ်သွားမှာလား။"
"……"
"ခန္ဓာကိုယ်ကိုပါ အသုံးချပြီး ရှာချင်နေတဲ့ ယောက်ျားဆိုတဲ့ကောင်က ဒီလိုပုံစံမျိုးလား။ မျက်လုံးကို သေသေချာချာဖွင့်ပြီး ကြည့်စမ်းပါ။"
သူက ဆောယောင်း၏ မေးစေ့ကို အတင်းအကျပ် ဆုပ်ကိုင်ကာ အသေချုပ်ထားခဲ့သည်။ ထိုအခါ တောင့်တင်းနေသော အကြည့်များက ထိုလူ၏ မျက်နှာထက်သို့ ဖြည်းဖြည်းချင်း ကျရောက်သွား၏။
ကျုံ့နေသော နဖူး၊ အနောက်တိုင်းဆန်စွာ ထွင်းထုထားသော မျက်ခုံးရိုး၊ ထိုအောက်တွင် ပြီးပြည့်စုံစွာ သွယ်တန်းသွားသော နှာတံ၊ အုံ့မှိုင်းသော်လည်း လှပသော မျက်ဝန်းအထိ။
အကြမ်းဖျင်းကြည့်လျှင်ပင် လက်ဖျားဖြင့် ခဏခဏ စမ်းသပ်ဖူးခဲ့သော ဂင်ဟျွန်း၏ မျက်နှာနှင့် ကွာခြားလွန်းလှသည်။ အီဝူရှင်းက လုံးဝတခြားစီဖြစ်ကာ၊ လုံးဝစိမ်းသက်နေသော မျက်နှာပင်။
နဂိုကတည်းက မျက်နှာအစိတ်အပိုင်းများ ထူးထူးခြားခြား ပေါ်လွင်နေခဲ့သဖြင့် မိမိခင်ပွန်းနှင့် ယှဉ်တွဲကြည့်မိခြင်း အလျဉ်းမရှိခဲ့။ သို့သော်လည်း ဖိအားပေးနေသော ထိုလူ၏ လုပ်ရပ်ကြောင့် ဆောယောင်း အရှက်ခွဲခံရသလို ခံစားလိုက်ရသည်။
နှစ်ဦးသား၏ အကြည့်များက ရှုပ်ထွေးစွာ ရောယှက်နေ၏။
"အဆိပ်တွေပဲ ပြာတောက်အောင် စီးနေတယ်မှတ်တာ၊ ဘာလို့ ဒီလောက်တောင် မနူးမနပ်လေးနဲ့ နုံအရတာလဲ။ တခြားယောကျ်ားနဲ့ အတူအိပ်ကြည့်ရင် တကယ်ပဲ သိနိုင်မယ် ထင်နေတာလား။ ချစ်တဲ့အတွက် ခံစားချက်နဲ့ ခွဲခြားနိုင်မယ်မှတ်နေလား။"
"……"
"သတိထားစမ်းပါ၊ sex လောက် ဟန်ဆောင်ဖို့လွယ်တာ ဘာရှိလို့လဲ။"
"……"
"မင်းလည်း မင်းယောက်ျားနဲ့ လုပ်ဖူးလို့ သိတာပဲမဟုတ်လား။"
ဆောယောင်း ဆက်မကြားချင်တော့သဖြင့် ကိုယ်ကို ရုန်းကန်လိုက်သည်။
အီဝူရှင်းက ပေါ့ပြက်ပြက် နေတတ်သော်လည်း တစ်ခါတစ်ရံတွင် လူကို ရက်ရက်စက်စက် ထိုးနှက်တတ်သောအကျင့်ရှိ၏။ သူ့ကို တွန်းထုတ်ရန် လက်ကို လှုပ်ရှားလိုက်သော်လည်း ပခုံးကိုသာ ပို၍ နာကျင်အောင် အဖိခံလိုက်ရသည်။ သူ၏ လက်ဖဝါးတွင် နားမလည်နိုင်သော အပူရှိန်က တဟုန်းဟုန်းတောက်နေ၏။
"အတူနေတဲ့ ပုံစံအနေအထားက ခုနစ်ဆယ်ကျော်တောင် ရှိနေတာ၊ လုပ်တဲ့ကောင်က အဲ့ဒီလိုသာယာမှုကို ပါးပါးနပ်နပ်နဲ့ မဖန်တီးနိုင်ဘူးများမှတ်နေတာလား။ ဒါပေမဲ့ ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ချက်ချင်း ရှာတွေ့နိုင်မယ်ဆိုပြီး ယုံကြည်နေတဲ့ အဲ့ဒီအထင်လွဲမှုက တအားကို အဓိပ္ပာယ်မရှိလွန်းလို့၊ မင်းကိုမြင်ရင် ငယ်ထိပ်အထိ ဒေါသထွက်ရတယ်။"
"……"
"ရူးတော့မယ်လို့။"
ဘာကြောင့်မှန်းမသိဘဲ မျှော်လင့်တကြီးဖြစ်နေသော မျက်ဝန်းနှစ်စုံက တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြ၏။ ထိုစဉ် ရုတ်တရက် ဆောယောင်းတစ်ယောက် ထူးဆန်းသော ခံစားချက်တစ်ခု ဝင်လာသည်။
တုန်ယင်နေသော အကြည့်များဖြင့် ဘယ်သူကြည့်ကြည့် ဆိုးဆိုးဝါးဝါး ပြုမူနေသော ထိုလူကို ကြည့်နေစဉ်၊ ရုတ်တရက် သံသယတစ်ခု ဝင်လာမိ၏။
သူ ဒီလောက်အထိ ဒေါသထွက်နေရတဲ့ အကြောင်းရင်းက ဘာလဲ။ အီဝူရှင်း ထုတ်ဖော်နေတဲ့ အဲ့ဒီဒေါသနဲ့ ငါနဲ့က ဘာမှမဆိုင်ဘူးလေ။
ဒါဆိုရင် ဧကန္တ၊ ရှင်လည်း တစ်စုံတစ်ယောက်ကို နေ့ချင်းညချင်း ဆုံးရှုံးဖူးလို့လား....ဒါပေမဲ့ နည်းပြကတော့ ပြန်ရှာဖို့ လက်လျှော့လိုက်ပြီး၊ ငါကတော့ လက်မလျှော့လို့ ငါ့ကိုမြင်တိုင်း မုန်းတီးပြီး ကြည့်မရဖြစ်နေတာလား။
ဆောယောင်းက တဒင်္ဂ မြင်လိုက်ရသော ပုံရိပ်အပိုင်းအစကို မသိချင်ယောင်ဆောင်ကာ မျက်တောင်ကိုသာ ခတ်နေမိသည်။
"အဲ့ဒီလို နာကျင်ခံစားခဲ့ရတာတောင် အချစ်က အရာအားလုံးကို တတ်နိုင်တယ်လို့ ထင်နေသေးတဲ့အချက်က မှားယွင်းတဲ့ ယုံကြည်ချက်နဲ့ မှားယွင်းတဲ့ ရွေးချယ်မှုတွေကို လုပ်မိစေတာပဲ။ အဲ့ဒါတွေကပဲ နောက်ဆုံးမှာ ကိုယ့်မျက်စိကိုယ် ဖုံးကွယ်ပြီး၊ ဆုံးဖြတ်နိုင်စွမ်းကို ပျောက်ဆုံးစေတာ။"
အဲ့ဒီသောက်ကျိုးနည်း Sex List လိုမျိုးပေါ့။
အီဝူရှင်းက ရင်ထဲတွင် မီးတောက်နေသလို မျက်နှာချင်းဆိုင်ပြီး ပြင်းပြင်းထန်ထန် ရေရွတ်လိုက်သည်။
ဆောယောင်းက နှာခေါင်းဖြင့် အသက်ကို ငြိမ်ငြိမ်ရှူထုတ်ရင်း အရှေ့မှလူကိုသာ စိုက်ကြည့်နေခဲ့၏။ တစ်ခါတစ်ရံ ရုတ်တရက် ပေါက်ကွဲထွက်လာတတ်သော သူ၏ ဒေါသနှင့် လောကအပေါ် အယုံအကြည်မရှိမှုက ထူးဆန်းစွာ စိတ်ကို လာထိနေသည်။
"ကူညီပေးပါ့မယ်။"
တောက်လောင်နေသော သူ၏အကြည့်များ ရုတ်တရက် တည်ငြိမ်စွာ လျော့ကျသွားသည်က ထိုအချိန်၌ပင်။
"ယောက်ျားကို ရှာဖို့၊ ငါ ကူညီပေးမယ်။"
"……"
ဆောယောင်း၏ မျက်လုံးများက ဝိုင်းစက်သွားသည်။
အီဝူရှင်းက.... ငါ့ယောက်ျားကို ရှာဖို့ ကူညီပေးမယ်တဲ့လား။
လုံးဝ မမျှော်လင့်ထားသော စကားပင်။ သို့သော် ကူညီပေးမည်ဟု ပြောနေသော်လည်း သူက အင်မတန် အေးစက်လှသော မျက်နှာထားကိုသာ ထိန်းထားဆဲပင်။
ဆောယောင်းတစ်ယောက် ယင်းက စေတနာလား၊ ခြိမ်းခြောက်မှုလားဆိုသည်ကို ဝေခွဲမရဖြစ်ကာ မည်သည့်တုံ့ပြန်မှုမှ မလုပ်နိုင်ခဲ့ပေ။
"မင်းယောက်ျားနဲ့ တစ်ပုံစံတည်း တူတဲ့လူကို၊ အကောင်လိုက် ခေါ်လာပေးမှာမို့လို့။"
"……"
စိုစွတ်နေသော မျက်တောင်များမှ ရေများသည်လည်း မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်းမသိဘဲ ခြောက်ကပ်သွားချေပြီ။
"ရှေ့လျှောက် ငါ ဘာပြောပြော၊ မငြင်းနဲ့။ အဲ့ဒါက ငါသတ်မှတ်တဲ့ ကတိကဝတ်ပဲ။"
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၄၉ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။