no

Font
Theme

အခန်း(၂၂)

ညဉ့်နက်လာသည်နှင့်အမျှ လူအများစု အိပ်မောကျနေကြသော်လည်း တစ်စုံတစ်ဦးကမူ မိုးလင်းသည်အထိ ညရှုခင်းကို ငေးကြည့်နေခဲ့သည်။ နောက်တစ်နေ့တွင် ကျီတင်းကျို၏ မျက်ဝန်းများ၌ ရင်းနှီးသော အနီရောင်သွေးကြောမျှင်များကို မြင်လိုက်ရသဖြင့် ကျစ်လျောင် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

"မနက်စာ ဘယ်နေရာမှာ စားချင်ပါလဲ မိသားစုခေါင်းဆောင်"

မျက်ကွင်းညိုညိုနှင့် ဂနာမငြိမ်သော အငွေ့အသက်များဖြင့် ရစ်တွယ်နေသော ကျီတင်းကျိုသည် ကွဲရှရှအသံဖြင့် ပြန်ဖြေလိုက်သည်။

"ဘယ်မှာပဲဖြစ်ဖြစ်"

ကျစ်လျောင်သည် ခေါင်းညိတ်ပြလိုက်ပြီး ကျီတင်းကျိုကို အောက်ထပ်ရှိ ထမင်းစားခန်းသို့ ခေါ်ဆောင်သွားလေသည်။ နာနီသည် ကျီတင်းကျို၏ စားသောက်ချိန် အချိန်ဇယားကို မသိသောကြောင့် ရှန်ချင်းထျန်ကို စောစောစီးစီး နှိုးထားခဲ့သည်။ ကလေးမလေးသည် ထမင်းစားပွဲတွင် မတ်မတ်ထိုင်နေရင်း တိတ်တဆိတ် သမ်းဝေနေမိသည်။ အိမ်အကူ အမျိုးသမီးတစ်ဦးက နွားနို့တစ်ခွက် လာထည့်ပေးသောအခါ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မမ"

ရှန်ချင်းထျန်သည် နို့အနံ့ကို ရှူရှိုက်ရင်း အိမ်အကူ အမျိုးသမီးကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ ထိုအပြုံးကို မြင်လိုက်ရသောအခါ အိမ်အကူ အမျိုးသမီးသည် စိတ်ထဲတွင် အရည်ပျော်သွားသည်။

ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲ။

ဤသို့တွေးမိခြင်းသည် သူမတစ်ယောက်တည်း မဟုတ်ပေ။ လူတိုင်းသည် မိသားစုခေါင်းဆောင်၏ မွေးစားသမီးဖြစ်သည့် ရှန်ချင်းထျန်ကို ကြင်နာစွာ ဝိုင်းအုံ၍ စပ်စုနေကြသည်။ သူမအနောက်ရှိ နာနီသည် ရှန်ချင်းထျန်ကို အနီးကပ် စောင့်ကြည့်နေသည်။ ရှန်ချင်းထျန်သည်လည်း အမြဲပြုံးပြကာ သူမ၏ အယဉ်ကျေးဆုံးနှင့် ချစ်စဖွယ်အကောင်းဆုံး ပုံစံကို အစွမ်းကုန် ပြသရန် ကြိုးစားနေသည်။ ကျီတင်းကျို ရောက်လာသောအခါ သူမ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး ခုံပေါ်မှ ပြေးဆင်းကာ ဝမ်းသာစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ ဦးဦးကျီ"

ကျီတင်းကျိုသည် သူ့ဆီပြေးလာသော ကလေးမလေးကို မြင်လိုက်ရသောအခါ ပို၍ပင် စိတ်တိုသွားလေသည်။

"အင်း"

သူသည် အေးစက်စက် ပြန်ထူးကာ ရှန်ချင်းထျန်ကို ကျော်၍ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ရှန်ချင်းထျန်၏ မျက်နှာအမူအရာ အနည်းငယ် ဖြူဖျော့သွားပြီး အမှားတစ်ခုခုများ လုပ်မိလေသလားဟူ၍ စိုးရိမ်နေသော အမူအရာကို ကျစ်လျောင် သတိထားမိသွားသည်။

"မိသားစုခေါင်းဆောင် စိတ်မကြည်လို့ပါ၊ သမီးကို တမင် ရည်ရွယ်တာ မဟုတ်ပါဘူး" ကျစ်လျောင်က ရှင်းပြလိုက်သည်။

ရှန်ချင်းထျန်သည် ထိုစကားကို ကြားသော်လည်း စိတ်ထဲတွင် စိုးရိမ်စိတ်များ စိုးမိုးနေဆဲပင်။ ကျီတင်းကျိုသည် ထိုင်ခုံတွင် ထိုင်ရင်း အရှေ့က မနက်စာကို တစ်ချက်ကြည့်လိုက်သည်။

အရသာရှိလှသော ခရမ်းချဉ်သီးနှင့် တို့ဖူးစွပ်ပြုတ်​၏ ချိုချိုချဥ်ချဉ်ရနံ့များ သင်းပျံ့နေပြီး ဘေးတွင်လည်း အရောင်စုံစုံလင်လင်ဖြင့် မွှေးကြိုင်နေသော ဆန်းဒဝစ်တစ်ခု ရှိနေသည်။

သို့သော် ထိုအရာများကို မြင်လိုက်ရသည့်အချိန်တွင် ကျီတင်းကျိုသည် ရင်ထဲတွင် မအီမသာဖြင့် ပျို့အန်ချင်သလို ခံစားလာရသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဦးဦးကျီ... နေမကောင်းလို့လားဟင်" ထိုဖြစ်စဉ်ကို သတိထားမိသော ရှန်ချင်းထျန်သည် စိုးရိမ်တကြီး မေးလိုက်သည်။

သူမ၏ မျက်ဝန်းများတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး သူမ၏ ကိုယ်ပိုင်မနက်စာကိုပင် ဂရုမစိုက်တော့ဘဲ ဘေးဖယ်ထားလိုက်သည်။

ငါးနှစ်အရွယ်သာ ရှိသေးသော်လည်း သူတစ်ပါး၏ ခံစားချက်ကို ဤမျှသိတတ်နေသည်မှာ အံ့ဩစရာပင်။ ရှန်ရူရှန်း၏ သမီးဖြစ်နေခြင်းသည် မထူးဆန်းတော့ပေ။

"နေမကောင်းရင် ဆရာဝန်ပြရမယ်နော်၊ ဦးဦး။ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ဘဲ မနေပါနဲ့"

သူမသည် လေးလေးနက်နက် ပြောလိုက်သည်။

သူမအနောက်တွင်ရှိနေသော နာနီသည် သဘောကျစွာ ပြုံးနေသည်။

ကျီတင်းကျိုသည် ခက်ရင်းကို ဘေးချလိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။

"ဗိုက်မဆာသေးလို့ပါ"

ကျီတင်းကျို စကားပြောရန် ဟန်ပြင်လိုက်စဉ် ထမင်းစားခန်း အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ဒဏ်ရာများ ပြန်လည်သက်သာလာသော ကျီနျန်သည် ကြက်ပေါက်ကလေးများ ရုပ်ပုံပါသော ညအိပ်ဝတ်စုံ ခပ်ပွပွကို ဝတ်ဆင်ကာ အောက်ထပ်သို့ သုတ်ခြေတင် ဆင်းလာသည်။ သူမ၏ ခေါင်းစွပ်ထဲမှ ဆံပင်ကောက်ကောက်လေးအချို့သည် လှုပ်ရှားမှုနှင့်အတူ ယိမ်းနွဲ့နေသည်။ သူမသည် အခန်းထဲ ဝင်လာသည်နှင့် ကျစ်လျောင်ဆီ ပြေးသွားပြီး ခြေထောက်ကို ဖက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ မမကျစ်လျောင်!"

"မင်္ဂလာနံနက်ခင်းပါ ရှောင်ချောင်၊ ရှောင်လွီ၊ ရှောင်ရှီး၊ ရှောင်ရွှေ!"

သူမသည် အိမ်အကူ တစ်ယောက်ချင်းစီကို အမည်ခေါ်ကာ နှုတ်ဆက်လိုက်သည်။ ကျီနျန်သည် ရှန်ချင်းထျန်ကို သတိထားမိသောအခါ သူမကိုလည်း နှုတ်ဆက်လိုက်သည်။

ရှန်ချင်းထျန်သည် သူမ၏ အင်္ကျီအိတ်ထဲတွင် ဝှက်ထားသော လက်ကို လှမ်းကြည့်လိုက်သော်လည်း ဒဏ်ရာကို မမြင်ရပေ။

"မင်္ဂလာနံနက်ခင်းပါ" ရှန်ချင်းထျန်သည် သူမကို ပြုံးပြလိုက်သည်။

[အာ... ဇာတ်လိုက်မင်းသမီးလေးက ချစ်ဖို့ကောင်းလိုက်တာ၊ နတ်သမီးလေးအတိုင်းပဲ။ သူသာ ကြီးလာရင် ငါသဘောကျတဲ့ အလှလေး ဖြစ်လာမှာ သေချာတယ်]

ကျီနျန်သည် ထိုသို့တွေးလိုက်ရင်း သူမနောက်တွင်ရှိသော နာနီကို လျစ်လျူရှုကာ နောက်ဆုံးတစ်ယောက်ကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ မိသားစုခေါင်းဆောင်~"

သူမ စကားမဆုံးသေးမီ ကျီတင်းကျိုသည် ရုတ်တရက် ထရပ်ကာ တင်းမာသော မျက်နှာထားဖြင့် ကျီနျန်ကို တစ်ချက်ပင် မကြည့်ဘဲ ထွက်သွားတော့သည်။

မင်းသမီးလေး စိတ်ကောက်သွားတာပြီပဲ၊ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။

ဤဖြစ်စဉ်သည် ကျီနျန်​၏ မနက်စာ စားသောက်မှုကို မတားဆီးနိုင်ခဲ့ပေ။ လူတိုင်း၏ မျက်နှာထားများ ထူးဆန်းနေသော်လည်း သူမသည် မည်သည်ကိုမှ ဂရုမစိုက်ဘဲ ကျီတင်းကျို မစားရသေးသော မနက်စာကို ပျော်ရွှင်စွာ ယူလိုက်သည်။ သူမသည် ကျစ်လျောင်ကို တောက်ပသော မျက်လုံးဝိုင်းဝိုင်းများဖြင့် မေးလိုက်သည်။

"ဒါ သမီးစားလို့ ရလား"

ကျစ်လျောင်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"အဲဒါစားရင် သမီး ဗိုက်နာလိမ့်မယ်"

ကျီနျန်ကမူ အဆင်ပြေကြောင်းနှင့် သူမ ဗိုက်ပြည့်လျှင် ရပ်မည်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ ကျီနျန် အားရပါးရ စားနေခြင်းကို တွေ့သောအခါ တစ်ဖက်တွင် ရှိနေသော နာနီက တစ်ချက်ကြည့်ပြီးနောက် မျက်နှာလွှဲလိုက်သည်။ သူမသည် ကျစ်လျောင်အရှေ့တွင် ခေါင်းငုံ့ကာ နောင်တရနေသည့် ပုံစံဖြင့် နာခံစွာရပ်နေသည်။ သို့သော် စိတ်ထဲတွင်မူ ကျီတင်းကျို၏ စောစောက အမူအရာကို တွေးနေမိသည်။

သူ့သမီးအရင်း ဖြစ်နေပေမယ့်လည်း မျက်နှာသာ လုံးဝ မပေးဘူးပဲ။ ကျီတင်းကျိုက ကျီမိသားစုဝင်တွေကို မုန်းတယ်လို့ လူတိုင်းပြောနေကြတာ၊ သူ့သမီးအရင်းတောင် ချွင်းချက်မဟုတ်ဘူး ထင်တယ်။

နာနီသည် ထိုအကြောင်းအရာကို ခံစားမိသလို ရှန်ချင်းထျန်သည်လည်း သတိထားမိသွားသည်။ ကျီတင်းကျို၏ အမူအရာကို တွေးတောရင်း မျက်နှာချင်းဆိုင်တွင် အပူအပင်ကင်းစွာထိုင်နေပုံရသော ကျီနျန်ကို ကြည့်ကာ သူမ အတွေးနယ်ချဲ့နေသည်။

'ဦးဦးကျီက ညီမလေးကို မချစ်သလိုပဲ၊ ညီမလေးကလည်း ဦးဦးကျီကို မချစ်တဲ့ပုံပဲ။ ဒါဆို ဦးဦးကျီကို ငါ့အဖေအဖြစ် သတ်မှတ်လို့ ရလောက်မယ် မဟုတ်လား။ ဦးဦးကျီက ငါ့ကို ပိုချစ်မှာပဲလေ၊ ဟုတ်တယ်မလား။ ငါက လိမ္မာတယ်၊ သူ့ကို စိတ်တိုအောင်လည်း မလုပ်ဘူး' ဤအတွေးများသည် မကောင်းသောအတွေးများဟု သူမ ခံစားရသော်လည်း မတားဆီးနိုင်ခဲ့ပေ။

ရှန်ချင်းထျန်သည် ငယ်စဉ်ကတည်းက အမြဲ ချီးကျူးခံခဲ့ရသူဖြစ်သည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သူမသည် သူတစ်ပါး၏ မျက်နှာသာပေးမှုကို အလိုအလျောက် ရရှိတတ်သည်။ ချစ်ခြင်းမေတ္တာငတ်မွတ်နေသော ကလေးတစ်ဦးဖြစ်သည့်အတွက် သူတစ်ပါး၏ ချစ်ခင်မှုကို ရရှိမှသာ စိတ်လုံခြုံမှုကို ခံစားရတတ်သည်။ သို့သော် ကျီအိမ်တော်သို့ ရောက်လာသည့်အချိန်မှစ၍ လူတိုင်းသည် သူမအပေါ် ကြင်နာကြသော်လည်း ကျီနျန်နှင့် နှိုင်းယှဉ်လိုက်လျှင် ထိုချစ်ခင်ကြင်နာမှုသည် ပြင်းထန်မှု မရှိသကဲ့သို့ ခံစားရသည်။ သူမသည် ကျီနျန်နှင့် နှစ်ကြိမ်မျှသာ ဆုံဖူးသော်လည်း အခြားလူများဆီမှ ကျီနျန်နှင့် ပတ်သက်၍ မကြာခဏ ကြားနေရသည်။

ထိုအရာများသည် ရှန်ချင်းထျန်ကို စိတ်အားငယ်စေသည်။ ရှန်ချင်းထျန်သည် မနက်စာ စားပြီးသည့်အချိန်တွင် နာနီ၏ ခွင့်ပြုချက်ဖြင့် ကျီတင်းကျိုကို သွားရှာလေသည်။ ကျီတင်းကျိုသည် ဆိုဖာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး သူ၏ အနက်ရောင် ဆံပင်များက အနီရောင် ခေါင်းအုံးပေါ်တွင် ဖြာကျနေသည်။ မျက်ခုံးနှစ်ခု အနည်းငယ် တွန့်ခေါက်နေပြီး မျက်လုံးများ မှိတ်ထားသည်။ ရှန်ချင်းထျန်သည် ခြေဖျားထောက်ကာ အနားတိုးသွားသော်လည်း သူမ အနီးမရောက်မီ ကျီတင်းကျိုက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏ မြစိမ်းရောင် မျက်ဝန်းများထဲမှ ပြင်းထန်လှသော စိတ်မကြည်မလင်မှုများကြောင့် သူမ နောက်ဆုတ်မိမလို ဖြစ်သွားသည်။ သို့သော် ကျီတင်းကျိုသည် သူမ အားကိုးရမည့်သူ ဖြစ်ကြောင်း တွေးမိသွားသောအခါ သတ္တိမွေး၍ အနားသို့ တိုးကပ်လိုက်သည်။

ကျီတင်းကျို၏ ခက်ထန်သော အကြည့်အောက်တွင် သူမ၏ လက်ကလေးများကို သူ၏ နားထင်ပေါ် တင်ကာ အသာအယာ နှိပ်ပေးလိုက်သည်။

"ဦးဦးကျီ နေလို့မကောင်းရင် သမီး နှိပ်ပေးမယ်လေ။ သမီးက နှိပ်တာ တော်တယ်နော်၊ အန်တီတို့တွေကလည်း သမီးကို သင်တာ မြန်တယ်လို့ ချီးကျူးကြတယ်"

သူမ သိပ်မနှိပ်ရသေးခင် ကျီတင်းကျိုက ဝုန်းကနဲ ထရပ်၍ စိတ်တိုတိုဖြင့် မေးလိုက်သည်။

"မင်းက ဘာလို့ ဒါတွေကို သင်နေတာလဲ"

ဤသည်မှာ ကလေးတစ်ယောက် သင်ယူရမည့်အရာ မဟုတ်ပေ။ ရှန်ချင်းထျန်သည် ထိုမေးခွန်းကို မမျှော်လင့်ထားသဖြင့် ဆွံ့အသွားသည်။

ဒါက အန်တီ သင်ပေးထားတာ...

သူမ ပြန်မဖြေနိုင်ခင် ကျီတင်းကျိုသည် အိမ်အကူတစ်ယောက်ကို လှမ်းခေါ်ကာ သူမကို ခေါ်သွားခိုင်းပြီးနောက် ထိုနေရာမှ လှည့်ထွက်သွားတော့သည်။ ရှန်ချင်းထျန်သည် စိတ်ထိခိုက်သွားရသည်။ ထို့နောက် သူမသည် ကိုယ့်ကိုယ်ကို တိတ်တိတ်လေး အားပေးလိုက်သည်။

အဆင်ပြေပါတယ်၊ ဦးဦးကျီက နေမကောင်းလို့ပါ၊ ငါ့ကို မုန်းလို့ မဟုတ်ပါဘူး။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ဦးဦးကျီ ငါ့ကို ချစ်လာအောင် လုပ်လို့ရပါတယ်၊ အဲ့ဒီအခါကျရင် ငါ့မှာ အဖေရှိလာမှာပေါ့။

သူမ၏ မှိန်ဖျဖျ မှတ်ဉာဏ်ထဲတွင် ရှန်ရူရှန်း၏ နွေးထွေးသော ပွေ့ဖက်မှုသည် ဖခင်ဆိုသည့် စကားလုံး၏ ပထမဆုံးသော ပုံရိပ်အဖြစ် ရှိနေသည်။ ရှန်ချင်းထျန်သည် ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ သေချာ နားမလည်သေးသော်လည်း ထိုမှိန်ဖျဖျ ပုံရိပ်ကို နောက်တစ်ခါ ဘယ်တော့မှ မြင်ရတော့မည် မဟုတ်ကြောင်း သူမ သိနေသည်။

ရပါတယ်၊ ငါ့မှာ အဖေအသစ် ရှိနေပြီပဲ၊ အဲ့ဒီ နွေးထွေးမှုတွေ ပြန်ရလာမှာပါ။

...

ကျီတင်းကျိုသည် ဝေ့ယန်၏ မိခင်အတွက် ပြုလုပ်မည့် ဈာပနပွဲသို့ သွားရောက်ရန်အတွက် အဝတ်အစားလဲလိုက်သည်။ ကားပေါ် တက်လိုက်သည်နှင့် ကလေးထိုင်ခုံတွင် ထိုင်နေသော ကျီနျန်ကို တွေ့လိုက်ရပြီး သူနှင့် တစ်ပုံစံတည်းတူသော မြစိမ်းရောင် မျက်ဝန်းများသည် သူ့ကို ပြန်ကြည့်နေသည်။ ကလေးမလေးသည် သူ့ကို စိတ်အနှောင့်အယှက် ပေးခဲ့မိမှန်း လုံးဝ မသိသည့်အလား၊ ပါးစပ်ထဲမှ စုပ်လုံးကို ထုတ်လိုက်ပြီး သူ့ကို လက်ပြလိုက်သည်။

"ရောက်လာပြီလား"

သူမကိုယ်သူမ ဤနေရာ​၏ အရှင်သခင် တစ်ယောက်ကဲ့သို့ပင် ပြုမူနေသည်။ ကျီတင်းကျိုသည် အခြားကားတစ်စီး ပြောင်းစီးရန် ပြင်ဆင်လိုက်သော်လည်း သူ၏ အကြည့်များ ကျီနျန်၏ ပတ်တီးစည်းထားသော လက်ကလေးဆီ ရောက်သွားသောအခါ မျက်မှောင် အပြင်းအထန် ကြုတ်လိုက်မိတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment