no
Updating
To resurrect his boyfriend Su Yu, who died five years ago, Bai Luofeng voluntarily entered a horror live-streaming app. In the first level, he saw an NPC train conductor with Su Yu's face. Bai Luofeng: ? In the second level, the old man holding a funeral in a mountain village had Su Yu's face. In the third level, the students at the Strange Tales High School had Su Yu's face. In the fourth level, the gloomy butler of the Witch's Castle had Su Yu's face… …Each time, these Su Yus would give him all sorts of outrageous backdoors. In the fourth level, Bai Luofeng grabbed Su Yu, pointed to himself: "Honey, do I look familiar?" The gloomy butler in the fourth level, holding a doll, squinted, his monocle gleaming, tilted his head, still puzzled. Comments: [Why is this guy constantly bothered by this NPC with this face since the first level? And why does this NPC always give him backdoors?] [He wouldn't be selling himself behind our backs every time, would he?] [ Heh, give up. This level won't work. This butler is a murderer. Any player who talks to him is doomed.] Then, they watched helplessly as the butler— put down the murderous doll, picked up Bai Luofeng, walked to the door, opened the door that only opens after completing the game, and placed him at the door. Su Yu: "You'll die. Don't come in." Then he slammed the door shut. Bai Luofeng: "..." Comments: [...]
လွန်ခဲ့သည့် ၅နှစ်က သေဆုံးသွားသော သူ၏ ကောင်လေး စုယွီကို ပြန်အသက်သွင်းရန် ပိုင်လော့ဖုန်းတစ်ယောက် ဟော်ရာတိုက်ရိုက်ထုတ်လွှင့်တဲ့ App တစ်ခုထဲ စိတ်လိုလက်ရ ဝင်လိုက်သည်။ ပထမအဆင့်၌ သူ စုယွီ၏ မျက်နှာနှင့် ရထားစောင့် NPCကို တွေ့လိုက်ရသည်။ ပိုင်လော့ဖုန်း : ??? ဒုတိယအဆင့်က တောင်ပေါ်ရွာရှိ လူကြီးတွင်လည်း စုယွီ၏ မျက်နှာရှိနေခဲ့သည်။ တတိယအဆင့်, သရဲကျောင်းပုံပြင်ထဲက ကျောင်းသားတွေထဲ၌ စုယွီမျက်နှာကို မြင်လိုက်ရပြန်သည်။ စတုတ္ထအဆင့် စုန်းမရဲတိုက်၏ မှုန်မှိုင်းနေသည့် အိမ်စောင့်သည်လည်း စုယွီမျက်နှာနှင့် ဖြစ်နေခဲ့သည်။ ....အချိန်တိုင်း ထိုစုယွီတွေက သူ့ကို မျိုးစုံသော တရားလွန် အနောက်တံခါးများ ဖွင့်ပေးကြသည်။ စတုတ္ထအဆင့်တွင် ပိုင်လော့ဖုန်း စုယွီကို ဆုပ်ကိုင်ကာ သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။ "ခင်ဗျား.. ကျွန်တော့်ကိုများ ရင်းနှီးနေလား" စတုတ္ထုအဆင့်က မှုန်မှိုင်းနေသည့် အိမ်တော်ထိန်းက သူ၏မျက်ခုံးများကို မှေးစင်းလိုက်သည်။ မျက်မှန်၏ ရွှေရောင်အနားသတ်က တစ်ချက်လတ်သွားသည်။ ထို့နောက် ခေါင်းစောင်းသွားကာ တွေဝေသွားပုံရသည်။ တင်ဆက်မှုမျက်နှာပြင်၌ : [ ဘာလို့ ပထမအဆင့်ကတည်းက အခု NPC မျက်နှာနဲ့လူက ဒီလူကို အနှောင့်ယှက်ပေးနေရတာလဲ.... ဘာလို့ ဒီ NPC က သူ့ကို အနောက်တံခါး အမြဲဖွင့်ပေးနေတာလဲ....] [ သူ့ကိုယ်သူ ငါတို့နောက်မှာ မရောင်းစားနေလောက်ပါဘူးနော် ] [ ဟီးဟီး... လက်လျော့လိုက်တော့။ ဒီအဆင့်မှာ ရမှာမဟုတ်ဘူး။ အိမ်တော်ထိန်းက လူသတ်သမား... သူ့ကို သွားစကားပြောသူတိုင်း အသတ်ခံရမှာ... ] ထို့နောက် သူတို့ မတူကွဲပြားနေသည့် အိမ်တော်ထိန်းကို တွေ့လိုက်ရသည် ။ သူက လူသတ်အရုပ်ကို ချပြီး ပိုင်လော့ဖုန်းကို ချီကာ တံခါးနားလျှောက်သွားခဲ့သည်။ ထို့နောက် ဂိမ်းပြီးဆုံးချိန်မှ ပွင့်သည့် တံခါးကို ဖွင့်ကာ သူ့ကို တံခါးအပြင် ပို့လိုက်သည်။ စုယွီ : " မင်း သေသွားလိမ့်မယ်... အထဲ မဝင်လာနဲ့ " ထို့နောက် တံခါးကို 'ဝုန်း' ကနဲ ပိတ်လိုက်သည်။ ပိုင်လော့ဖုန်း : "....." စခရင် အနောက်မှ လူများ : [ ..... ] ပိုင်လော့ဖုန်း (bottom), စုယွီ (top)
Chapter31
ismydeadboyfriendgivingmeabackdooragain
1