◎မင်းကလည်း သူတို့ထဲက တစ်ယောက်ဘဲ◎
လူတိုင်း၏ ဖုန်းအတွင်းတွင် ထို APP ရှိသည်။
ထို APP က လူတွေ၏ မဖြစ်နိုင်သော ဆုတောင်းတွေကို ဖြည့်ဆည်းပေးမည်ဟု ကတိပေးထားသောကြောင့် လူတွေက ဒီနေရာကို လာကြသည်။
ထို APP ကို "Wish" လို့ ခေါ်သည်။
ထိုအရာက ဆုတောင်းတွေကို အသုံးချအရာလို ပြုလုပ်ပြီး သူတို့၏ ဆုတောင်းတွေအတွက်နှင့် သေခြင်း-ရှင်ခြင်း ကိုတောင် လောင်းကစားထပ်နိုင်မည့် လူတွေကို ဖိတ်ခေါ်တယ်....
ထို အရာအတွက် သူတို့၏ အသက်ကို စွန့်စားဖို့ လိုလားနေတဲ့သူတွေ အများကြီးရှိကြသည်။
မင်းကလည်း သူတို့ထဲက တစ်ယောက်ဘဲ.....
[ ဝါညစ်ညစ်နှင့် အိုဟောင်းပြီး အစွန်းတွေ၌ မီးလောင်သည့် အရာတွေ ရှိနေသော စာအုပ်တစ်အုပ်။ စာရွက်တွေမှာလည်း သွေးစွန်းနေကာ သွေးများ စီးကျနေသည်။ ]
[ Owengus Manor ၏ မြေအောက်ခန်း ]
[ မှတ်ချက် : ပိုင်ရှင်က ပျောက်ဆုံးနေသည်။ ]