no

Font
Theme

အပိုင်း ၁၂ - ဖြတ်သန်းနေသောရထား (အခန်း ၄)

 

 

ပိုင်လော့ဖုန်း၏ ထိုစကားနှစ်ခွန်းက ပတ်ဝန်းကျင်ရှိ အာမေဋိတ်သံအားလုံးကို ရပ်တန့်သွားစေသည်။

 

 

သူတို့သိလိုက်ရသည့် သတင်းအချက်အလက်များက အလွန်များပြားနေသဖြင့် အားလုံးက အလန့်တကြားနှင့် သူ့အား နားမလည်နိုင်ဟန် ကြည့်လာကြသည်။

 

 

ခဏအကြာ၌ တီရှပ်ပြောင်နှင့် မိန်းကလေးက အခြေအနေအား နားလည်သွားပုံ။ ကျန်းမုန့်ရီနှင့် ပိုင်လော့ဖုန်းတို့အား လက်ညှိုးထိုးကာ မေးလာသည်။

 

 

"နင်တို့နှစ်ယောက် အရင်ကတည်းက သိကြတာလား..."

 

 

"ဟုတ််တယ်။" ကျန်းမုန့်ရီက မငြင်း။

 

 

အလင်းရောင် မှိုင်းပျပျသာရှိသည့် ရထားတွဲထဲ၌ ကျန်းမုန့်ရီက စီးကရက်အား အတော်ကြာ ခဲထားပြီးမှ ဘေးဖက်သို့ မီးခိုးငွေ့များ ရှူထုတ်လိုက်သည်။

 

 

လူကြောက်လေးက မီးခိုးများကြောင့် မွှန်ကာ ချောင်းတစ်ချက်နှစ်ချက် ဆိုးသွားလေသည်။

 

 

ကျန်းမုန့်ရီက သူ့အားလျစ်လျူရှူကာ အားလုံးကို တစ်ချက်စီကြည့်၍ ပိုင်လော့ဖုန်းအား မေးလိုက်သည်။ "မင်းပြောပြလိုက်မလား..."

 

 

"ဒီအခြေအနေ ရောက်မှတော့ ဆက်ဖုံးကွယ်ထားရင် ငါတို့အရူးနဲ့ တူနေလိမ့်မယ်။"

 

 

ပိုင်လော့ဖုန်းထရပ်ကာ စုချာလက်ထဲက ဖုန်းကိုယူပြီး ထုတ်လွှင့်သည့်အက်ပ်အား ပြန်ဖွင့်လိုက်သည်။

 

 

ကြည့်ရှူသူ အနည်းငယ်ရောက်ရှိနေပြီး စကားပြောခန်း၌ အမေးသင်္ကေတများသာ ပြည့်နေသည်။

 

 

ပိုင်လော့ဖုန်းက ထိုမေးခွန်းများအား ပြန်မဖြေပေ။ ဖုန်းကိုနံဘေးချလျက် ပြောလာသည်။ "ထုတ်လွှင့်နေရင်း ပြောလို့ဖြစ်ပါ့မလား..."

 

 

သူက ကျန်းမုန့်ရီအား အဓိပ္ပါယ်ပါပါနှင့် ကြည့်လာ၏။

 

 

ကျန်သူများအားလုံး နားမလည်နိုင် ဖြစ်နေကြသော်လည်း ကျန်းမုန့်ရီက ဆိုလိုရင်းအား ချက်ချင်းသဘောပေါက်သည်။

 

 

သူနှင့် ပိုင်လော့ဖုန်းတို့ အထူးအခြေအနေသို့ ရောက်နေကြပြီ။

 

 

ဆန္ဒအတွက် လာခဲ့ကြသည်မှာ မှန်သော်လည်း ထိုအချက်က လာရင်းကိစ္စ၏ တစ်ဝက်ခန့်သာရှိပြီး နှစ်ဦးစလုံး၌ နောက်ထပ် ရည်မှန်းချက်တစ်ခု ရှိကြသည်။

 

 

ထုတ်လွှင့်နေဆဲဖြစ်၍ ထိုနေရာ၌ စကားပြောခြင်းက ကြည့်ရှုသူများအား တိုက်ရိုက်ပြောမိသလို ဖြစ်သွားလိမ့်မည်။ ထုတ်လွှင့်ခန်းတိုင်း၌ ကြည့်ရှုသူများ ရှိနေကြပြီး အကြောင်းအရာများအား များများသိကုန်ကြပါက တစ်နေရာရာ၌ ပြန်ဖော်ထုတ်ကြလိမ့်မည်ဖြစ်၏။

 

 

ပရိုဂရမ် ရေးသူများသာ သိသွားပါက သူတို့နှစ်ဦး အသိအမှတ်ပြုခြင်း မခံရဘဲ ဂိမ်းထဲမှကန်ထုတ် ခံရနိုင်သည်။

 

 

ထိုလူသစ် အုပ်စုထဲမှ အားလုံးက နလပိန်းတုံးများ မဟုတ်ကြပေ။

 

 

ပိုင်လော့ဖုန်း၏ စကားတစ်ခွန်းနှင့်ပင် ရှစ်ယွမ်ကဲ့သို့ ညဏ်ကောင်းသူများသည် အခြေအနေကို အတော်လေး သဘောပေါက်နေကြပြီဖြစ်သည်။

 

 

ရှစ်ယွမ်က ဝင်ပြောလာသည်။ "မင်းပြောချင်တာကို ငါသဘောပေါက်တယ်။ ပရိုဂရမ်အဖွဲ့က သိသွားမှာကို စိုးရိမ်နေတာဆိုရင်တော့ မင်းဘာမှ စိုးရိမ်စရာမလိုဘူး။"

 

 

အားလုံးက သူ့အားကြည့်လာ၏။

 

 

"မင်းဘာပြောချင်တာလဲ။" ပိုင်လော့ဖုန်းက မေးလာသည်။

 

 

"ဖိုရမ်ထဲက အမေးအဖြေကဏ္ဍထဲ ဝင်ကြည့်ဖူးတယ်။ 'ဒါကဘယ်လို အက်ပ်မျိုးလဲ။ ဒီလိုယုတ္တိမရှိတဲ့ ဆန္ဒကို ဖြည့်ပေးနိုင်တဲ့ စွမ်းရည်မျိုးက ရှိလို့လား။'ဆိုပြီး မေးထားတဲ့သူရှိဖူးတယ်။"

 

 

"ဘယ်သူမှမသိနိုင်ဘူး။ ဒါပေမယ့် နောက်ကွယ်က ပရိုဂရမ် ရေးဆွဲသူတွေက သာမန်မဟုတ်ဘူးလို့ တစ်ယောက်ကပြန်ဖြေထားတယ်။"

 

 

"ဂိမ်းကိုအဆုံးထိ ပြီးအောင် ကစားနိုင်တဲ့လူက ရှားပေမယ့် တကယ်ပြီးမြောက်ဖူးတဲ့ လူတွေ အတည်ပြုထားတဲ့ အချက်တစ်ချက် ရှိတယ်။ ဒီအက်ပ်က သဘာဝလွန် ဆုတောင်းတွေကို အမှန်တကယ် ဖြည့်စည်းပေးနိုင်တယ်။"

 

 

"ဒီလူကို အောက်လမ်းပညာ လိုက်စားတဲ့ နတ်ဆိုးလို့ ပြောကြသလို သဘာလွန်စွမ်းအင် ပိုင်ဆိုင်ထားတဲ့ နတ်လောက သံတမန်လို့လည်း ပြောကြတယ်။ မြေအောက်ကမ္ဘာက ခေါ်ယူနိုင်ခြင်းမရှိတဲ့ တစ္ဆေသရဲလို့ ပြောတဲ့သူရှိသလို တောင်တန်းတွေပေါ်မှာနေတဲ့ တာအိုဘုန်းတော်ကြီးလို့ ပြောသူလည်းရှိတယ်။ တစ်ချို့ကလည်း ဥရောပက ခရစ်ယာန် ဘုန်းတော်ကြီးတဲ့။"

 

 

"တစ်ချို့က ယောက်ျား၊ တစ်ချို့က မိန်းမ၊ တစ်ချို့က ဒုက္ခိတ၊ တစ်ချို့ကလည်း နောက်ကျောမှာ တောင်ပံကြီးနှစ်ဖက်နဲ့ ကောင်းကင်ဘုံက ပြုတ်ကျလာတဲ့ နတ်သမီးလို့ပြောကြတယ်။"

 

 

"ဇာတ်လမ်းတွေကတော့ ပြောမကုန်ဘူး။ လူအများစုက ပရိုဂရမ် ရေးဆွဲသူနဲ့ တွေ့ဖူးတယ်လို့ ပြောကြပေမယ့် အမှန်တကယ် တွေ့ဖူးတဲ့သူ မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့အားလုံးက နောက်ကွယ်မှာပဲ ရှိနေလို့။"

 

 

ပိုင်လော့ဖုန်းက မျက်လုံးထောင့်အား လက်နှင့်ပွတ်နေသည်။ "စကားထာ ဝှက်နေတာတော်တော့။ မင်း

ဘာကို ပြောချင်နေတာလဲ။"

 

 

ရှစ်ယွမ်က လက်ခါပြလာ၏။ "ဟေး၊ ငါကတမင်တကာ မပြောဘဲနေတာ မဟုတ်ဘူး။ အခုပြောတာ အားလုံးက ဖိုရမ်ထဲက ဝါရင့်ထုတ်လွှင့်သူတွေ ပြောထားတာတွေချည်းပဲ။"

 

 

ပိုင်လော့ဖုန်းက အတင်းလုပ်ယူကာ ခြောက်ကပ်စွာရယ်သည်။

 

 

"သူတို့ကို ပရိုဂရမ်ရေးဆွဲသူလို့ မခေါ်ဖို့လည်း ပြောထားတယ်မလား။ သူတို့က ဒီအသုံးအနှုန်းထက် ဖန်ဆင်းရှင်လို့ အခေါ်ခံရတာ သဘောကျကြတယ်။"

 

 

ကျန်းမုန့်ရီက ထိုအတုအယောင်များအား သည်းမခံနိုင်တော့သယောင် ဆဲရေးလာသည်။ "သောက်ကျိုးနည်း စကြဝဠာကြီးကို အစအဆုံး သူတို့ဖန်တီးထားသလိုမျိုး မြင့်မြတ်သလို၊ တန်ခိုးရှိသလို ဟန်ဆောင်နေကြတယ်။"

 

 

"နီးတော့နီးစပ်ပါတယ်။" စုချာကဝင်ပြောသည်။ "အခုလည်း ဒီကမ္ဘာသစ်ကြီးကို သူတို့ဖန်တီးထားတာပဲ။ တန်ခိုးရှင်ပဲပေါ့။"

 

 

"ငရဲကျနေသလိုပဲ။"

 

 

"မှန်တယ်။" ရှစ်ယွမ်က ထောက်ခံပြီး အဓိကအကြောင်းအရာဆီ ပြန်ဆွဲခေါ်သည်။ "အဲ့ဒီလူသစ်က 'ဖန်ဆင်းရှင်ကို မြင်ဖူးတဲ့သူရှိလား'လို့မေးထားတယ်။ ကစားသမားဟောင်းတွေက 'ဂိမ်းကိုပြီးမြောက်တဲ့သူ၊ ပြီးမြောက်တော့မယ့်သူတွေပဲ တွေ့ရတယ်'လို့ ပြန်ဖြေထားတယ်။ ဖန်ဆင်းရှင်နဲ့ ပတ်သက်သမျှ အချက်အလက် အားလုံးက အဆုံးထိ အသက်ရှင်ခဲ့တဲ့ လူတွေချန်ခဲ့တဲ့ စာတွေဆီကလာတာပဲ။"

 

 

"သူတို့ဖော်ပြထားတဲ့ ဖန်ဆင်းရှင်တွေက အမျိုးမျိုးကွဲပြားနေတော့ ဖန်ဆင်းရှင်က တစ်ဦးတည်း မဟုတ်တဲ့သဘောပဲ။"

 

 

"အဲ့ဒီလူက 'ဂိမ်းထဲမှာ ဖန်ဆင်းရှင်အကြောင်း ပြောလို့ရလား။ ထုတ်လွှင့်သူတွေ လုပ်သမျှကို ဖန်ဆင်းရှင်က ကြည့်နေတာလား'လို့ ထပ်မေးသေးတယ်။"

 

 

"အားလုံးက ဟုတ်တယ်လို့ ပြန်ဖြေထားတယ်။ ဂိမ်းအားလုံးကို ပြီးမြောက်သွားတဲ့ တစ်ယောက်ပြောထားတာတော့ ဖန်ဆင်းရှင်က လှည့်လည်သွားလာ နေရတာနဲ့ တစ်ခါတစ်လေ ထုတ်လွှင့်ခန်းထဲ ဝင်ကြည့်ရတာကို ကြိုက်တယ်လို့ သူကိုယ်တိုင် ပြောဖူးတယ်တဲ့။ ငါတို့မသိနိုင်ဘူးလေ။ အခုကြည့်နေတဲ့ ကြည့်ရှူသူတွေထဲက တစ်ယောက်က သူဖြစ်နေနိုင်တာပဲ။"

 

"သူတကယ်လည်း ကြည့်နေတာပဲ။ ဂိမ်းထဲမှာတင် မဟုတ်ဘဲ တစ်ပွဲကစားပြီးလို့ အနားယူနေချိန်မှာတောင် သူကမင်းကို ကြည့်နေတယ်။ Wish ထဲ ဝင်လာသမျှ လူတိုင်းကို သူက မျက်စိဒေါက်ထောက် ကြည့်နေမှာပဲ။ ပြီးတော့ Wish ရဲ့ သရုပ်မှန်ကို ဖော်နိုင်တဲ့သူ မရှိသေးဘူး။"

 

 

"ဒါပေမယ့် ထုတ်လွှင့်သူတွေ သူ့အကြောင်း ပြောတာကိုတော့ ဗွေမယူပုံပဲ။ ဘယ်သူဘာပြောပြော သူ့ကို ဘယ်သူရှာမတွေ့သလို Wish အကြောင်းကိုလည်း မထုတ်ဖော်နိုင်ကြဘူးမလား။"

 

 

"သူ့အကြောင်းပဲ ဖြစ်ဖြစ်၊ သေသွားတဲ့ ကစားသမားတွေ အကြောင်းပဲဖြစ်ဖြစ်၊ Wish လို့ခေါ်တဲ့ ဒီအာကာသကြီး အကြောင်း ပြောကြရင်တောင် သူ့အတွက်က ဘာမှမထူးခြားဘူး။ သူ့အကြောင်း သိချင်ရင် ထုတ်သာပြောလိုက်။ ဘာမှဖုံးကွယ် မနေနဲ့။"

 

 

"အသက်ရှင်တဲ့ လူတွေပြောတာတော့ 'လူတွေရုန်းကန်နေတာကို ကြည့်ရတာပျော်တယ်'ဆိုတဲ့စကားက ဖန်ဆင်းရှင်ရဲ့ လက်သုံးစကားပဲ။"

 

 

ထိုအချိန်တွင် မိမိကိုယ်ကို အစွဲအလမ်းကြီးကာ မောက်မာ၍ အတ္တဝါဒ ကြီးမားသည့် ပရိုဂရမ် ရေးဆွဲသူ၏ပုံရိပ်အား အားလုံး၏ စိတ်ထဲ၌ ပုံဖော်နေကြပြီဖြစ်သည်။

 

 

အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပိုင်လော့ဖုန်းက သက်ပြင်းချကာ ပြောလာသည်။

 

 

"S1 ပြောတာအမှန်ပဲ။"

 

 

"S1 နဲ့ အခုကိစ္စက ဘယ်လိုပတ်သက်လို့လဲ..." ငကြောက်ကောင်ကပြန်မေးသည်။

 

 

"သူ့အကျဥ်းချုပ် ပို့စ်မှာပါတယ်လေ။" စုချာကဝင်ပြောလိုက်သည်။ "မိုက်မဲတဲ့လူ ဖန်တီးထားတဲ့ မိုက်မဲတဲ့ဂိမ်းဆိုတဲ့ စာသားပါတယ်။"

 

 

ဖန်ဆင်းရှင်အား အထိရောက်ဆုံး ဖော်ပြနိုင်သည့် စာသားများပင်။

 

 

S1 သည် ဂိမ်းအား ခေါင်းမာမာနှင့် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် ဆော့ကစားပြီး တည့်တိုးဆန်သူ ဖြစ်ရမည်။

 

 

ပိုင်လော့ဖုန်းက ထိုအချက်အား သဘောမတွေ့လှ။

 

 

"ဒီလိုဆိုမှတော့ ဆက်ပြောကြတာပေါ့။" ပိုင်လော့ဖုန်းကပြောသည်။ "ငါတို့ရဲ့ ဖန်ဆင်းရှင်ကြီးအကြောင်းကို"

 

 

"နတ်ဘုရားပါ။" ကျန်းမုန့်ရီက သူ့အသုံးအနှုန်းကို ပြင်ပေးပြီး ရှစ်ယွမ်ဖက်လှည့်လိုက်သည်။ "မင်းပြောတာ သေချာလား။ မင်းကြောင့် ဒီအဆင့်မှာ ရှုံးသွားပြီးပိတ်မိနေခဲ့ရင် ငါ့မိန်းမဆီ စက္ကူတွေမီးရှို့ ပူဇော်ပြီး မင်းကို မြေအောက်ကမ္ဘာကနေ ကျိန်ဆဲခိုင်းမယ်။"

 

 

"သေချာပါတယ်။" ရှစ်ယွမ်က ပြန်ဖြေ၏။ "ငါကလူဆိုးနဲ့ တူလို့လား။"

 

 

"မျက်နှာချည်းပဲ ကြည့်ရင်တော့ သိပ်ဟုတ်တာပေါ့"

 

 

ရှစ်ယွမ် - "............"

 

 

"မင်းလုပ်ရပ်တွေကို ကြည့်ပြန်တော့လည်း မဟုတ်ပြန်ဘူး။"

 

 

ကျန်းမုန့်ရီက သူ့ပုခုံးကို ပုတ်လိုက်သည်။

"ကောင်းပြီလေ။ ဒီအရာရှိက မင်းကိုယုံလိုက်မယ်။"

 

 

"မင်းကတကယ် အရာရှိလား။" တစ်ယောက်ယောက်က မေးလာသည်။

 

 

"ရဲအရာရှိဟောင်းပါ။ ရဲအရာရှိတွေက မလိမ်တတ်ဘူး။" ကျန်းမုန့်ရီက အမှန်ပြင်ပေးပြန်သည်။

 

 

"ကဲ၊ ပိုင်လော့ဖုန်း မင်းလား၊ငါလား။"

 

 

"ငါစလိုက်မယ်။" ပိုင်လော့ဖုန်းကပြောသည်။ "စပယ်ယာရဲ့ မျက်နှာက ငါနဲ့ပတ်သက်နေတော့ ငါပြောတာ ပိုသင့်တော်မယ်။"

 

 

"ဒါပေါ့၊ လူအို၊အားနည်းသူ၊ မကျန်းမာသူနဲ့ ဒုက္ခိတကို ဦးစားပေးရမှာပေါ့။" ကျန်းမုန့်ရီက အရွှန်းဖောက်သည်။

 

 

ပိုင်လော့ဖုန်း ခပ်ဖွဖွရယ်ပြီး အားလုံးဘက်သို့ လှည့်လိုက်သည်။

 

 

ပိုင်လော့ဖုန်းက သူ့လျှို့ဝှက်ချက် တစ်နည်းဆိုရပါက ကောင်လေးဆုံးပါးပြီးနောက် Wish ဆီရောက်လာပြီး ပထမအဆင့်ရှိ အင်အားအကြီးဆုံး NPC သည် သူ့ချစ်သူကောင်လေး၏ မျက်နှာကို အသုံးပြုထားကြောင်းကို ပြောရလိမ့်မည်။

 

 

ထိုအကြောင်းအရာများထဲ၌ လေးနက်သော လျှို့ဝှက်ချက် တစ်ခု ထပ်ရှိနေသည်။

 

 

အားလုံးက သိလိုစိတ်၊ သံသယစိတ်၊ စိုးရိမ်ပူပန်စိတ်တို့နှင့်အတူ စိတ်ထဲတွင် ကြိုတင်တွက်ချက်ကြရင်း သူပြောလာမည့် စကားအား စိတ်အားထက်သန်စွာ စောင့်နေကြသည်။

 

 

ပိုင်လော့ဖုန်းက တည်ငြိမ်စွာ ပြောလာသည်။

 

 

"ငါ့အချစ်ရေးက ဒီကလူတွေ သိစရာမလိုတဲ့ အတွက်ငါတို့ ဘယ်လိုစတွေ့လဲ ဆိုတဲ့အပိုင်းကို ကျော်လိုက်တော့မယ်။ ဒီလိုနဲ့ ငါတို့နှစ်ယောက် အရမ်းချစ်တဲ့ အတွဲဖြစ်လာခဲ့တယ်။"

 

 

အားလုံးက ခေါင်းတငြိမ့်ငြိမ့်နှင့်ပင်။

 

 

"လိုရင်းပဲဲပြောတော့မယ်။ ငါ့မှာမွေးရာပါ နှလုံးချို့ယွင်းချက် ရှိခဲ့ဖူးတယ်။"

 

 

အားလုံးက အကြောင်းအရာအား မဖမ်းမိကြသလို ငြိမ်နေကြရင်း။

 

 

"မွေးရာပါနှလုံးချို့ယွင်းချက်" ပိုင်လော့ဖုန်းက ထိုစကားအား ထပ်ပြောသည်။ "ရိုးရိုးလေးပြောရရင် ဘယ်ဖက်နှလုံးက အလုပ်မလုပ်ဘူး။ နှလုံးကျန်းမာရေးကြောင့် ကျောင်းလည်းမတက်ရဘူး။ လေ့ကျင့်ခန်း မပြောနဲ့၊ အသက်တောင် ခက်ခက်ခဲခဲ ရှုခဲ့ရတာ။ လမ်းနည်းနည်း လျှောက်တာနဲ့ မောတတ်လို့ အသက်ငါးနှစ် ခြောက်နှစ်ကတည်းက ဝှီးချဲနဲ့သွားလာရတယ်။"

 

 

"နှလုံးအစားထိုး မရသရွေ့ ကုသလို့မရနိုင်ဘူး။"

 

 

"ဒါ ဟိုးအရင်တုန်းကပါ။"

 

 

တစ်ခြားသူ၏ ဇာတ်လမ်းအား ပြန်ပြောပြနေသလို ပိုင်လော့ဖုန်း၏ မျက်နှာအမူအရာက တည်ငြိမ်လွန်းလျက်။

 

စုချာက မရေမရာနှင့်ပြောလာသည်။ "ဒါပေမယ့် နင်....."

 

 

"အခုနဲ့ မတူဘူးမလား။ ငါသိတယ်။ ပြီးအောင်ပြောပါရစေဦး။"

 

 

"ငါ ဆယ့်ငါးနှစ်မှာ စုယွီနဲ့တွေ့တာ။"

 

 

"ခုနကပြတဲ့ ဓာတ်ပုံထဲကလူ။ ရထားစပယ်ယာနဲ့ ရုပ်တူနေတဲ့လူပဲ။"

 

 

"သူလည်း ငါ့ရောဂါ အကြောင်းသိတယ်။ ဒါပေမယ့် သူကငါ့ထက် တစ်နှစ်ပဲကြီးပြီး သူဌေးသားလည်း မဟုတ်တော့ သူဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ငါသူ့ကို အပြစ်မမြင်ပါဘူး။ လူဆိုတာ သူရဲကောင်းမှ မဟုတ်တာ။ ငါ့လိုရောဂါသည်နဲ့ ချိန်းတွေ့ပေးနေတာတောင် ဘိုးဘွားတွေပေးတဲ့ ကောင်းချီးကြောင့်ဖြစ်မှာ။"

 

 

"ငါတို့နှစ်နှစ်လောက်တွဲပြီး ငါ့အသက် ဆယ်ခုနစ်နှစ်မှာ အခြေအနေ ပိုဆိုးလာလို့ ICU ရောက်သွားတယ်။"

 

 

"ဆယ့်ခုနစ်နှစ်လုံး နှလုံးရောဂါသည် ဘဝနဲ့နေလာရတော့ ဖြစ်နိုင်ခြေကို ငါရိပ်မိပြီးသားပဲ။ ငါ့မိသားစုက ကုသမှုကိူရပ်ဖို့ လက်မှတ်ထိုးခဲ့တယ်။ သေဆုံးမှတ်တမ်းတောင် ထုတ်ပြီးကြပြီ။ ငါ့အခြေအနေအရ စက်သေသွားပြီး ဆယ့်ငါးမိနစ်အတွင်း သေမယ်လို့ သူတို့ပြောခဲ့ကြတယ်။"

 

 

ပိုင်လော့ဖုန်းက အပြင်၌ ထမင်းထွက်စားသည့် အကြောင်းအား ပြောနေသလို ခေါင်းကိုငုံ့ကာ လက်နှစ်ဖက်အား ပွတ်သပ်နေရင်း ပေါ့ပေါ့ပါးပါး ပြောနေသည်။

 

 

ထိုစကားအဆုံး၌ သူ တစ်ခဏမျှ အသံတိတ်သွားသည်။

 

 

 အချိန်ယူပြီးမှ လက်နှစ်ဖက်အားပွတ်နေရင်း လေပူကို မှုတ်ထုတ်လိုက်ကာ ခေါင်းပြန်မော့လာသည်။

 

 

"ရုတ်တရက်ကြီး ICU ထဲရောက်နေတဲ့ ငါက ကျန်းမာရေး ပြန်ကောာင်းလာတယ်။"

 

 

"ဘာ..."

 

 

ပိုင်လော့ဖုန်းက ရှစ်ယွမ်အား လှည့်ကြည့်လာ၏။ "ICU ထဲမှာပဲ ကျန်းမာရေး ပြန်ကောင်းလာတယ်လို့" လက်တစ်ဖက်အား ရင်ဘတ်ပေါ်တင်ရင်း သူပြန်ဖြေလိုက်သည်။

 

 

"ဒီနှလုံး၊ မွေးကတည်းက သုံးစားမရတဲ့ ဒီနှလုံးက ရုတ်တရက်ကြီး ပုံမှန်ပြန်ဖြစ်သွားတယ်။ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ နှလုံးခုန်သံ အားလုံးက တစ်ခဏအတွင်း ပုံမှန်ဖြစ်သွားခဲ့တယ်။"

 

 

စုချာက မရေမရာနှင့် မေးလာသည်။ "ဆေးလောက ဖြစ်ရပ်ဆန်းကြယ်ပေါ့။"

 

 

"ဟုတ်တယ်။ ဒါပေမယ့် အဓိက အကြောင်းအရာက ဒီနောက်ပိုင်းမှဖြစ်တာ။"

 

 

"အဲ့ဒီနေ့က စုယွီလည်း ဆေးရုံမှာရှိနေတယ်။ တက္ကသိုလ်ဝင်ခွင့် ဖြေပြီးပိတ်ရက် ရထားတော့ ဆေးရုံကိုနေ့တိုင်း လာတယ်။ အားတဲ့အချိန်တိုင်း ငါ့ကိုအဖော်ပြုပေးတယ်။"

 

"ဒီဖြစ်ရပ်ဆန်းကြီး ဖြစ်ပြီး ငါအလုပ်ချင်ဆုံးက ဒီအကြောင်း သူ့ကိုပြောပြချင်တာ။ ဒါပေမယ့် ICU အပြင်ဘက်မှာ သူရှိမနေခဲ့ဘူး။"

 

 

"ဆေးရုံအနှံ့ပတ်ရှာတော့ တတိယထပ်က လှေကားမှာ တွေ့လိုက်ရတယ်။"

 

 

"ငါနေကောင်းသွားပြီ ဆိုတဲ့အကြောင်း သူ့ကိုပြောလိုက်ပေမယ့် သူဘာမှမတုံ့ပြန်ဘူး။"

 

 

"မတုံ့ပြန်ဘူး။" စုချာက မျက်မှောင်ကြုတ်ကာ မေးပြန်သည်။ "ဘာကိုပြောချင်တာလဲ။ ဘယ်လို မတုံ့ပြန်တာမျိုးလဲ။"

 

 

"ဘယ်လို တုံ့ပြန်မှုမျိုးမှ မပေးလာတာ။ ပရိုဂရမ် မရေးရသေးတဲ့ စက်တစ်လုံးလိုပဲ။"

 

 

"မျက်လုံးတွေက ရှေ့ကိုပဲ ကြည့်နေပြီး ဘာအမူအရာ၊ ဘာအာရုံစူးစိုက်မှုမှ မတွေ့ရဘူး။ မျက်လုံးထဲမှာ ဘာအရောင်အဆင်းမှ မရှိသလိုပဲ။ သူ့ကိုထိန်းချုပ်မယ့် တစ်ယောက်ယောက်ကို စောင့်နေသလို ပုံစံမျိုးပဲ။"

 

 

စုချာက ထိုမြင်ကွင်းအား ပုံဖော်ကြည့်ရင်း ကြက်သီးထလာ၍ လက်မောင်းနှစ်ဖက်အား ပွတ်သပ်နေသည်။ "ကြောက်စရာကြီး..."

 

 

"တစ်ခုခု မှားနေမှန်းသိပေမယ့် အရမ်းစိတ်လှုပ်ရှားနေတော့ သဘောမပေါက်ခဲ့ဘူး။ သတိထားမိတဲ့အချိန် နာမည်ဆက်တိုက်ခေါ်ပြီး သူ့ကိုဆွဲခါပေမယ့် ဘာမှတုံ့ပြန်မလာဘူး။"

 

 

"ငါဆက်တိုက်အော်ခေါ်နေတုန်း သူ့ခေါင်းက ငါ့ဘက် လှည့်ကြည့်လာတယ်။ အကြည့်က ထူးဆန်းနေတယ်။ ဗလာသက်သက်ကြီးနဲ့ ငါ့ကိုသတ်ချင်နေတဲ့ အကြည့်မျိုး။ ငါ့ကို တစ်ခါမှ ဒီလိုမကြည့်ဖူးတော့ ငါကြောင်အအဖြစ်ပြီး လှုပ်တောင်မလှုပ်နိုင်တော့ဘူး။"

 

 

"သူမူမမှန်တာကို ငါခံစားမိတယ်။"

 

 

"ဒါပေမယ့် အကြောင်းအရင်းကို မသိရဘူး။"

 

 

"အဲ့ဒီအချိန် သူနာပြုတစ်ယောက်က ခွဲစိတ်ခန်းသုံး ပစ္စည်းလှည်းကိုတွန်းပြီး ဘေးကနေဖြတ်လာတယ်။"

 

 

"သူကလက်ဆန့်ထုတ်ပြီး ခွဲစိတ်ဓားကို ဆွဲယူလိုက်တယ်။"

 

 

"ပြီးတော့ နည်းနည်းမှ တုံ့ဆိုင်းမနေဘဲ ဓားသွားကို လည်ပင်းထဲ စိုက်ချလိုက်တယ်။"

 

 

"အား..."

 

 

သွေးထွက်သံယို ကိစ္စအား ကြားသဖြင့် စုချာက အလန့်တကြား ထအော်သည်။

 

 

မိန်းကလေးသုံးဦးက ကြောက်ကြောက်နှင့် အချင်းချင်း ဖက်ထားကြပြီး ကျန်သည့်လူများကလည်း ကြောက်ရွံမှုအပြည့်နှင့် ဆက်နားထောင်နေကြသည်။

 

 

"သူနာပြုက ချက်ချင်း အကူအညီ တောင်းပေးပြီး ရှေးဦးသူနာပြု နည်းနဲ့ပြုစုရင်း သူ့ကိုအရေးပေါ်ခန်းထဲ ခေါ်သွားကြတယ်။"

 

 

"အလုပ်မဖြစ်ခဲ့ဘူး။ မေ့ကြောရှိတဲ့ သွေးလွှတ်ကြောကို ဖြတ်မိသွားခဲ့တာ။"

 

 

"သူသေသွားတယ်လေ။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment