no

Font
Theme

အပိုင်း ၂၆ - ဖြတ်သန်းနေသောရထား (အခန်း ၁၈)

စပယ်ယာက သူ့အား ထူးထူးခြားခြား ရင်းနှီးသည့် အငွေ့အသက်များပါသော အကြည့်မျိုးနှင့်ကြည့်နေ၏။ ထိုအကြည့်၏ ဆိုလိုရင်းကို ပိုင်လော့ဖုန်း အတော်လေးနားလည်သည်။ ထိုတစ်ခဏအတွင်း သူ့အိပ်ရာဘေး၌ ထိုင်နေတတ်သော စုယွီကို ပြန်တွေ့လိုက်ရသလို ခံစားရသည်။

ပိုင်လော့ဖုန်း ဘာမှမပြောဘဲ အတော်ကြာအောင် ငြိမ်နေသည်။ သူ့အသံမှာ မယုံကြည်နိုင်မှုများနှင့် တုန်ခါနေ၏။ "စုယွီလား။"

"အင်း" စပယ်ယာက နူးညံ့စွာတုံ့ပြန်လာ၏။

သူသည် ကျွတ်ကျတော့မည့် ဦးထုပ်အား ဒဏ်ရာမရထားသည့် လက်နှင့်နေရာပြန်ချကာ ပခုံးမှကျော်၍ အနောက်သို့ကြည့်နေသည်။

သူတို့အနောက်ဖက်မှ တံခါးသည် အပြင်းအထန် ထုရိုက်ခံနေရပြီး တဘုန်းဘုန်းအသံများ အဆက်မပြတ် ကြားနေရ၏။

သရဲအုပ်ကြီး တံခါး၌ပိတ်နေပြီး တစ်ချို့သည် သွေးများစေးကပ်နေသော ပါးစပ်ကိုဟကာ တံခါးကိုကိုက်ဖျက်နေကြသည်။

ကျန်းမုန့်ရီ တုတ်တစ်ချောင်းနှင့် ကြိုးကိုရှာတွေ့လာ၏။ ရထားတွဲတံခါးတွင် အလယ်၌ အနည်းငယ်ဟနေသော  ဒေါင်လိုက်လက်ကိုင် တစ်ခုရှိပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် စပယ်ယာခန်းနှင့် ကပ်ရက်နံရံ၌လည်း တံခါးလက်ကိုင် တစ်ခုရှိနေသည်။

ရထားတွဲတံခါးလက်ကိုင်နှင့် စပယ်ယာခန်း တံခါးဘေးရှိ လက်ကိုင်ကြားတွင် တုတ်ကိုနေရာချကာ အစွန်းနှစ်ဖက်စလုံးတွင် ကြိုးကို တင်းတင်းကျပ်ကျပ် ချည်ခြင်းအားဖြင့် ခိုင်မာမှု နှစ်ဆတိုးလာ၏။

စပယ်ယာက နာနေသည့်လက်အား မကာ ထရပ်ချိန်၌ ကျန်းမုန့်ရီကကြိုးကို လက်ကိုင်ပတ်ပတ်လည်တွင် နှစ်ကြိမ်ပတ်ကာ ချည်ပြီးချိန်ဖြစ်သည်။

"အခုတော့ ထိန်းထားနိုင်ပေမယ့် ကြာကြာမခံလောက်ဘူး။ ငါတို့နောက်ထပ် ပလန်အသစ်လိုနေပြီ။"

"သိပြီ။" စပယယ်ယာကပြန်ဖြေသည်။

ဒဏ်ရာမှသွေးများကျကာ အင်္ကျီလက်ပါ အကိုက်ခံထားသည်ကို ပိုင်လော့ဖုန်း သတိထားမိ၏။ အသားနှင့်အင်္ကျီစ လုံးထွေးနေကာ အရေပြားနှင့် ကြွက်သားများ စုပ်ပြဲနေသည်။ ဒဏ်ရာမှသွေးသည် လက်မောင်းတစ်လျှောက်စီးကာ လက်ချောင်းထိပ်မှ အောက်သို့စီးကျနေ၏။

"ဒဏ်ရာကိုအရင်ကုရအောင်၊ ငါဆေးတွေယူလာ..." ပိုင်လော့ဖုန်း အိတ်ကိုဖွင့်ရင်းပြောသောအခါ

"ဟမ်" စပယ်ယာက ချက်ချင်းသဘောမပေါက်ပေ။ ဆုပ်ထားသည့် လက်သီးအားဖြေကာ သွေးထွက်နေသည့် လက်ကိုငုံ့ကြည့်မှ ပိုင်လော့ဖုန်းက သူ့ဒဏ်ရာအကြောင်းပြောနေမှန်း သဘောပေါက်တော့၏။

"ဒါလား၊ မလိုပါဘူး။ ထားလိုက်တော့။" သူတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"မလိုဘူးဆိုတာ ဘာသဘောလဲ၊ ဒီမှာကြည့်။ ငါတွေ့ပြီးပြီ။"

"မလိုဘူး၊ ဒီလိုလုပ်နေရမယ့် အချိန်မဟုတ်ဘူး။ ငါအသားကျနေပြီ။ ဒဏ်ရာကသေးသေးလေး။"

သူက အကြည့်လွဲသွားပြီးမှ ဆက်ပြောလာ၏။ "အသားကျနေသလို ခံစားရတယ်။ အရင်က ဒီထက်ဆိုးတာတွေ ကြုံဖူးပုံပဲ။ အခုထိတော့ သေချာမမှတ်မိသေးဘူး။"

ထိုစကားလုံးများက အဓိပ္ပါယ်များစွာပါနေပြီး ကျန်းမုန့်ရီကသူ့အား နားလည်သလိုကြည့်လာ၏။ "မင်းတစ်ခုခုကို မှတ်မိသွားပြီမလား။"

"အင်း၊ ဒီတစ်ခေါက်တော်တော်များတယ်။ မင်းပြောတာတွေ မှန်နေတာပဲ။"

"ဒီတော့မင်းဝန်ခံပြီပေါ့။" ကျန်းမုန့်ရီ မခံချိမခံသာ လေသံနှင့်ပြန်ပြောလာသည်။

"အင်း၊ ငါသာ သာမန်ခရီးသည်ဆို ဂိမ်းပွဲစဥ် တစ်ချို့ရဲ့ မှတ်ညဏ်တွေရှိနေမှာ မဟုတ်ဘူး။ မှတ်ညဏ်အားလုံးက ငါ့ကိစ္စမဟုတ်ရင်တောင် ငါနဲ့တစ်နည်းနည်း ဆက်စပ်နေတော့ နောက်ဆုံးမှ တစ်ခုခုမှားနေတာကို ငါသဘောပေါက်သွားတာပဲ။"

"ဒီရထားကလည်း ဂိမ်းရဲ့ အစိတ်အပိုင်းပဲ။ မင်းပြောချင်တာကို ငါသဘောပေါက်လာနေပြီ။"

သူ့အကြည့်များက ပိုင်လော့ဖုန်းဆီရောက်လာ၏။ "ပြီးတော့ ဒီမှတ်ဉာဏ်တွေက နောက်တစ်ယောက်နဲ့ ပတ်သက်နေမယ်လို့ မထင်ထားခဲ့ဘူး။ အတုအယောင်တွေတော့ ဟုတ်ပုံမရဘူး။"

ပိုင်လော့ဖုန်း၏ မျက်လုံးများက အရောင်တောက်လာကာ ခပ်ဖွဖွပြုံးလာသည်။ သူ့အပြုံးသည် နေကိုမျက်နှာမူနေသည့် နေကြာပန်းနှင့်တူ၏။ ထိုအပြုံးအား နှစ်စက္ကန့်လောက်ကြည့်ရုံနှင့် စပယ်ယာသည် 'သေပြီ၊ တောက်ပလိုက်တာ'ဟုတွေးမိပြီး ထိုမှတ်ဉာဏ်ထဲမှ စုယွီကဘာကြောင့် ပိုင်လော့ဖုန်း၏ပုံကို မျက်နှာပြင်၌ထားထားကြောင်း သဘောပေါက်လာသည်။

"ဟေး၊ လောလောဆယ် အရေးကြီးတဲ့ ကိစ္စကိုအရင်ပြောရအောင်။" လျန့်ရိထုံ၏စကားက သူ့အတွေးများအား ပျောက်သွားစေ၏။

"အခုကဒါတွေ ပြောရမယ့်အချိန်လား။ ဘာတွေဖြစ်နေလဲ မတွေ့ဘူးလား။ ကိုယ့်ကိစ္စပဲကိုယ် အာရုံစိုက်နေကြတယ်။"

လျန့်ရိထုံက ပြောရင်း နောက်မှတံခါးကို လက်ညှိုးထိုးပြလာသည်။

တံခါးနောက်မှ သရဲများက တံခါးကို ထုရိုက်နေကြပြီး ဂလောင်ဂလင် အသံများထွက်နေသော်လည်း ယခုက ဒုတိယတွဲတွင် ဖြစ်ခဲ့သည့်အခြေအနေလောက် မပြင်းထန်ပေ။

လျန့်ရိထုံက ဆက်ပြောလာ၏။ "ဒီတိုင်းဆို သူတို့ဝင်လာတော့မယ်။ ငါတို့အားလုံး သေတော့မှာပဲ။ ဒါတောင်မင်းတို့က အေးဆေးရပ်ပြီး စကားပြောနေကြသေးတယ်။ မင်းကတော့ လုံးဝကို အချစ်ရူးပဲ။ မင်းဘာလို့သူ့ကိုကယ်တာလဲ။"

သူကပြောရင်း ဒေါသပိုထွက်လာပုံရကာ ပိုင်လော့ဖုန်းအား လက်ညှိုးငေါက်ငေါက်ထိုးလေ၏။ "သူသာသေရင် ငါတို့အားလုံးထွက်လို့ရပြီ။ မင်းဘာလို့ သူ့ကိုကယ်တင်လဲ။ မင်းရည်းစားအတွက်နဲ့ ငါတို့အားလုံးကို အချင်းချင်းပြန်သတ်စေချင်တာလား။ လင်တရူးကောင်။"

ပိုင်လော့ဖုန်းက မျက်မှောင်သာကြုံ့နေသည်။ စကားလုံးများက ကြမ်းတမ်းလွန်းသဖြင့် ဝင်မပါသည့် စုချာပင်တစ်ခုခုပြောရန် ပါးစပ်ပြင်နေ၏။

စုချာမပြောရသေးခင် စပယ်ယာက အေးစက်တည်ငြိမ်သည့်အသံနှင့် ဦးစွာပြောလာသည်။ "မင်းဘာပြောလိုက်တာလဲ။"

လျန့်ရိထုံ ကြောင်အနေမိ၏။

စပယ်ယာကထလာပြီး သူ့ပါးစောင်အား ရိုက်ချလိုက်သောအခါ လျန့်ရိထုံနောက်သို့လှန်ကာ နံရံနှင့်ဆောင့်မိလေသည်။

သူသည်အလွန်သန်မာပြီး လျန့်ရိထုံ၏ မျက်နှာတစ်ဝက်ခန့်အား ဆွဲညှစ်ထားသည့်လက်ကပို၍တင်းကျပ်လာ၏။

လျန့်ရိထုံအော်ရန်ကြိုးစားသော်လည်း ထိတ်လန့်တကြား အော်ဟစ်သံများကိုသာ ထုတ်နိုင်ခဲ့သည်။ ကြောက်ရွံ့စွာနှင့် စပယ်ယာ၏လက်ကိုကိုင်ကာ စဥ်းတီတုံးပေါ်မှငါးလို ရုန်းကန်နေရ၏။

စပယ်ယာကသူ့အား လည်ပင်းမညှစ်သော်လည်း နှာခေါင်းနှင့်ပါးစပ်အား လက်ဖဝါးဖြင့်ဖုံးအုပ်ထား၍ အတန်ငယ်ကြာသောအခါ သူအသက်ရှူ၍မရတော့ဘဲ မျက်နှာမှာအပြုတ်ခံရသော ဂဏာန်းလိုနီရဲလာပြီး မျက်လုံးထောင့်မှမျက်ရည်များ စီးကျလာနေသည်။

နောက်ဆုံးမှ စပယ်ယာကလွှတ်ပေးလာ၏။

လျန့်ရိထုံ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လျှာထွက်ကာမောဟိုက်၍ ရထားတွဲထဲမှလေအား အလုအယက်ရှူနေရသည်။

"ငါဘယ်သူလဲ၊ ဒီရထားပေါ်မှာ ငါဘာကောင်လဲသိရက်နဲ့ မင်းဒီလိုပြောရဲတယ်ပေါ့။" စပယ်ယာကသူ့အား ကြမ်းပေါ်တွားနေသည့် ပုရွတ်ဆိတ်တစ်ကောင်လို ငုံ့ကြည့်လာ၏။

အမှိုက်တစ်စလို သူ့အားကြည့်ကာစပယ်ယာက ဆက်ပြောလာသည်။ "မင်းကဒီဂိမ်းနဲ့မသင့်တော်ဘူး။"

ပြောပြီးသည်နှင့်သူက ပိုင်လော့ဖုန်းဖက်လှည့်လာ၏။

ပိုင်လော့ဖုန်းကသူ့အား ကမ္ဘာကြီးထဲ ခုမှရောက်လာသည့် အပြစ်ကင်းသည့်ယုန်သူငယ်လို မလှုပ်မယှက်ရပ်ကြည့်နေသည်။

"ဒါပေမယ့် သူပြောတာအားလုံးတော့မမှားဘူး။ မင်းငါ့ကိုမကယ်ခဲ့သင့်ဘူး။"

ပိုင်လော့ဖုန်း မျက်နှာပျက်သွားရ၏။ "မင်းသေမှာကို ငါ့ကို ဒီတိုင်းရပ်ကြည့်စေချင်တာလား။"

ထိုစကားက စပယ်ယာအားပါးစပ်ပိတ်သွားစေသည်။

နှုတ်ခမ်းနှစ်ခုကိုဖိကပ်ထားရာမှ တစ်ခုခုပြောရန်ဟလိုက်စဥ် စပယ်ယာခန်း၏တံခါးပွင့်လာ၏။

ပခုံးပေါ်လွယ်အိတ်တစ်လုံးနှင့် ရှစ်ယွမ်အထဲမှထွက်လာသည်။ "လမ်းကြောင်းတော့ငြိမ်ပြီ။"

"ဟုတ်လား။" စပယ်ယာကမေးလိုက်ခြင်းပင်။

ရှုရှင်းက ဝင်ပြောလာ၏။ "လမ်းကြောင်းငြိမ်ပေမယ့် ရထားကရပ်မှာမဟုတ်ဘူး။"

ပြီးနောက်သူမက ပိုင်လော့ဖုန်းအားကြည့်လာသည်။ "ငါတောင်းပန်ပါတယ် ပိုင်လောဖုန်း၊ နင်ဘယ်လိုခံစားရမလဲ သိပေမယ့် ခုအနေအထားအရ....."

သူမစကား၏ အသွားအလားအား ရိပ်မိသဖြင့်ပိုင်လော့ဖုန်း၏ မျက်နှာ၌သွေးမရှိတော့။

"သူလည်းမှတ်ညဏ်တစ်ချို့ ပြန်ရနေပြီဆိုတော့ ကိုင်တွယ်ရလွယ်မှာပါ။ နင်ဘယ်လောက် မှတ်မိပြီလဲငါမသိပေမယ့် အတိုချုပ်ပြောရရင် နင်ကဒီဂိမ်းထဲက NPC ငါတို့က ထုတ်လွှင့်သူတွေ၊ ဟုတ်တယ်မလား။"

"အင်း" စပယ်ယာကပြန်ဖြေ၏။

"နင်ဖန်တီးသူကိုလည်းသိတယ်မလား။"

ဖန်တီးသူအကြောင်းပြောသောအခါ စပယ်ယာကခဏလောက် အသံတိတ်နေသည်။

သူ့မျက်လုံးများတွင် သဘာဝမကျသော အလင်းတန်းတစ်ခု တောက်ပလာပြီး စက္ကန့်ပိုင်းအကြာတွင် ပြန်ဖြေလာ၏။ "သိတယ်။"

ပိုင်လော့ဖုန်းသူ့အား နားလည်သလို စုယွီဘာကြောင့် တွန့်ဆုတ်နေမှန်းသူသိသည်။

"ဒါဆိုပိုလွယ်တာပေါ့။" ရှုရှင်းကဆက်ပြောလာ၏။ "ဖန်တီးသူက နင့်ကိုသေစေချင်တယ်။ ဒါကြောင့်ဒီဂိမ်းရဲ့မုဒ်ပြောင်းသွားတာ။ သူ့စည်းမျဥ်းအသစ်က ငါတို့နင့်ကိုမသတ်ရင် ငါတို့ထဲကတစ်ယောက်ပဲ ကျန်တဲ့အထိ အချင်းချင်းသတ်ရမယ်။"

"နင်သာမှတ်ညဏ်ပြန်ရပြီးရင် ငါတို့ထုတ်လွှင့်သူတွေရဲ့ ခံစားချက်ကိုနားလည်မှာပဲ။"

"ဖန်တီးသူက ဖိအားပေးနေတော့ ငါတို့ကိုအပြစ်မတင်ပါနဲ့။ အထူးသဖြင့် ပိုင်လော့ဖုန်းကိုပဲ။ ငါတို့သူ့ကို အတင်းအကျပ် ဖိအားပေးလိုက်မိတယ်။"

စပယ်ယာက ဘာမှမပြော။

ရှုရှင်းကသူ့အား ပေါက်ထွက်မတတ် စူးစိုက်ကြည့်နေဆဲပင်။

လေထုထဲ၌ တင်းမာသည့်ဖိအားများ ပျံ့နှံ့နေပြီး သေခြင်း၊ရှင်ခြင်းရနံ့များရလာ၏။

ပိုင်လော့ဖုန်း အလျင်စလိုဝင်ပြောလာသည်။ "ငါသူ့ကိုမသတ်နိုင်ဘူး။ နင်တို့လည်း....."

"မသတ်ရင်ဘာဆက်လုပ်မှာလဲ။" ရှုရှင်းက ရုတ်တရက်ထအော်တော့သည်။

သူမအသံကြောင့် ပိုင်လော့ဖုန်း၏အသံပျောက်ကွယ်သွား၏။ သူခေါင်းငိုက်စိုက်ကျကာ နှုတ်ခမ်းကိုက်၍ ဘာမှဆက်မပြောလာတော့ချေ။

သူ့အင်္ကျီလက်အောက်မှ လက်သီးဆုပ်အားကျစ်ကျစ်ဆုပ်ထားသည်ကို ရှုရှင်းမြင်နေရသည်။

ရှုရှင်းရုတ်တရက် ဒေါသများပျောက်ကာ အပြစ်ရှိသလိုခံစားလိုက်ရ၏။ ပိုင်လော့ဖုန်း၏ အမူအရာသည်အင်မတန် စိတ်လက်မရွှင်နေပုံရသည်။

သို့သော်ရွေးချယ်စရာမရှိချေ။

စပယ်ယာသည် သေကိုသေရလိမ့်မည်။

ဖန်တီးသူမှပေးလာသည့်စပယ်ယာ၏သေဆုံးမှုသည် ရွေးချယ်နိုင်သောမေးခွန်း မဟုတ်သလို ပိုင်လော့ဖုန်းအတွက်မူ သေစေလောက်သည့် အဖြေတစ်ခုတည်းပါသော မေးခွန်းဖြစ်သည်။

ထိုအဖြေကလက်ရှိတွင် အကျိုးအရှိဆုံးဖြစ်ကြောင်းသူသိ၏။ တစ်ခါသေဖူးသည့် NPC နှင့် အသက်ရှင်နေသည့်အဖွဲ့သားများကြား အရူးသာလျှင်အဖြေအား မရွေးချယ်နိုင်ဖြစ်လိမ့်မည်။

ဖန်တီးသူက စုယွီကိုသတ်ရန် သူ့အားဖိအားပေးနေသည်။

ရထားတွဲထဲ၌ အတော်ကြာသည်ထိ မည်သူမှစကားမပြောကြပေ။

"ဒီကိစ္စမှာ....." ရုတ်တရက် စပယ်ယာဆီမှ အသံထွက်လာသည်။

ပိုင်လော့ဖုန်းကသူ့အား မျက်ရည်လည်ရွဲနှင့်ကြည့်လာ၏။

"ဂိမ်းမုဒ်ပြောင်းသွားပြီဆိုတော့ အချိန်အကန့်အသတ်လည်း ရှိတယ်မလား။"

ရှစ်ယွမ်က တံခါးဘောင်ကိုမီရင်းပြန်ဖြေသည်။ "ရှိတယ်"

"အချိန်ဘယ်လောက်ကျန်သေးလဲ။"

ရှစ်ယွမ်ဖုန်းမျက်နှာပြင်ကိုတောက်ကာ ပြန်ဖြေ၏။ " ၂၃ မိနစ်"

"အချိန်လောက်သားပဲ။"

သူအချိန်ဆွဲမနေဘဲ ရထားရှေ့ပိုင်းသို့လျှောက်လာသည်။

ပိုင်လော့ဖုန်း သူ့စကားအားနားမလည်နိုင်ပေ။ "စုယွီ"

"ငါသေရင် ရထားရပ်လိမ့်မယ်။ ဒါပေမယ့် ဒီလောက်ထိမရိုးရှင်းနိုင်ဘူး။ ၂၃ မိနစ်ကျန်သေးတယ်။ ဒီအတိုင်းခိုင်းတာလုပ်မယ့်အစား အချိန်ကိုအကျိုးရှိရှိ အသုံးချသင့်တယ်။"

ရှုရှင်းက ရှေ့နှစ်လှမ်းတိုးကာမေးလာသည်။ "ဘာကိုပြောချင်တာလဲ။"

စပယ်ယာက သူမ၏လက်ကို ဖမ်းကိုင်ကာ ရုတ်တရက် သူ့ဆီသို့ လှမ်းဆွဲလိုက်၏။

ရုတ်တရက်လန့်ဖျတ်ကာ ရှုရှင်းထအော်တော့သည်။

မျက်စိတစ်မှိတ်အတွင်း စပယ်ယာနှင့်သူမကြား လက်မအနည်းငယ်သာ ကွာဝေးတော့၏။

သူ့မျက်လုံးထဲ၌ စိတ်ပိုင်းဖြတ်မှုနှင့်  ဝမ်းနည်းမှုတွေ ရောထွေးနေသည်ကို သူမတွေ့လိုက်ရသည်။

"ငါသေရတော့မယ်။" စပယ်ယာက တိုးတိုးလေးပြောလာ၏။

ရှုရှင်းကြောင်သွားသည်။ "ဟမ်"

"ငါသေရတော့မယ်လို့ပြောတာ။ နောက်ဆုံးကျန်တဲ့ သုံးမိနစ်မှာ ငါသေပေးမယ်။ ငါ့ကိုမိနစ်နှစ်ဆယ်ပဲ အချိန်ပေးပါ။"

"ငါလည်းထုတ်လွှင့်သူ ဖြစ်ခဲ့ဖူးတော့ မင်းတို့ဘာလုပ်ချင်လဲ ဘာဖြစ်ချင်လဲဆိုတာ ငါကပိုသိတယ်။ မင်းတို့ပိုင်လော့ဖုန်းကို ဓားပေးပြီးငါ့ကိုသတ်ခိုင်းနေတာ ငါသိတယ်။"

မည်သို့ပင်ဆိုစေ ထိုလုပ်ရပ်သည် လူသတ်ရန်ကြံစည်မှုဖြစ်ကာ ယခုခံရသူကိုယ်တိုင်က ထိုကိစ္စအားထုတ်ပြောနေ၏။ ရှုရှင်းဆက်မတည်ငြိမ်နိုင်တော့ဘဲ မျက်နှာမှာဖြူဖျော့လာသည်။

နှုတ်ခမ်းများမှာ တုန်ခါနေသော်လည်း သူကအတင်းဖိအားပေးကာ မျက်နှာတည်နှင့် အက်ရှနေသည့်အသံဖြင့် ခပ်တိုးတိုးမေးလာ၏။ "ဘာပြောချင်တာလဲ၊ နင်ဘာလိုချင်လို့လဲ။"

"ရန်မလိုပါနဲ့၊မိန်းကလေး။ ငါသေပေးမယ်လို့ ပြောပြီးပြီလေ။" စပယ်ယာက အနောက်ဖက်ခပ်လှမ်းလှမ်း၌ရပ်ကာ စိုးရိမ်တကြီးလှမ်းကြည့်နေသည့် ပိုင်လော့ဖုန်းအားကြည့်သည်။

ပိုင်လော့ဖုန်း အတော်စိုးရိမ်နေပုံရကာ လက်နှစ်ဖက်က အင်္ကျီလက်အား လုံးချေရင်း ဂဏှာမငြိမ်ဖြစ်နေ၏။

ပိုင်လော့ဖုန်းအား ကြည့်ရင်း စပယ်ယာက စိတ်မပါတပါပြောလာသည်။ "မိနစ် ၂၀ ပဲပေး။ ငါသေရမှာမကြောက်ဘူး။"

"ဘာလို့မိနစ် ၂၀ ပေးရမှာလဲ။" ရှုရှင်း၏အသံ၌ ဒေါသများရောယှက်နေ၏။ "ငါ့ကိုအရူးလာမလုပ်နဲ့။ အဲ့ဒီအချိန်အတွင်း နင်ထွက်ပြေးဖို့..."

"ဘယ်ကိုပြေးရမှာလဲ။" စပယ်ယာကဖြတ်ပြောလာသည်။ "ဒါရပ်လို့မရတဲ့ရထား။ ရွေ့နေတဲ့လှောင်အိမ်ပဲ။ ထိန်းချုပ်ခန်းကိို နင်မြင်ပြီးပြီမလား။"

ရှုရှင်းဘာမှ ပြန်မပြောနိုင်တော့ချေ။

သူမက ယုံကြည်ပုံမပေါ်သေး။ သူမ၏သတိအပြည့်နှင့် သံသယအကြည့်များက စပယ်ယာ၏မျက်နှာ ချောချောပေါ်၌ ဓားတစ်စင်းလိုပြေးနေသည်။

"နင်ဘာလုပ်ချင်လို့လဲ။ ဘာလို့မိနစ် ၂၀ ကိုဒီလောက်ထိ လိုချင်နေတာလဲ။"

"ငါ့ကောင်လေးကိုကြည့်မလို့။ သူဝှီးချဲပေါ်နဲ့ အိပ်ရာပေါ်မှာ မရှိနေတဲ့အချိန်ကို ငါမမြင်ဖူးဘူး။"

ရှုရှင်းကြောင်နေ၏။

"ပြီးတော့ သူဒီကိုရောက်နေမှတော့ သင်ပေးစရာတွေရှိတယ်။ ဒီအဆင့်မှာပေါက်ကရတွေ လုပ်ထားပြီးအခုထိ မသိသေးဘူးမလား။ အဲ့ဒီမှာသူ့ကိုသင်ပေးမယ့် စပယ်ယာမရှိလောက်တော့ဘူး။ ငါသူ့ကိုအခုသင်ပေးမှဖြစ်မယ်။"

သူကျောကိုမတ်ကာ သူ့အားဆုပ်ကိုင်ထားသည့် လက်ကို လျော့ပေးလိုက်သည်။

"ငါသေပေးနိုင်တယ်။"

"မိနစ် ၂၀ ပဲပေးပါ။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment