no

Font
Theme

အပိုင်း ၁၅ - ဖြတ်သန်းနေသောရထား (အခန်း ၇)

သင်္ကေတလေးနှစ်ခုသာ။ ရိုးရှင်းလှသည့် သင်္ကေတလေးနှစ်ခုတည်းသာ။

ပိုင်လော့ဖုန်း အသံထွက်ဆဲမိမတတ် ဒေါသထွက်လာရသည်။ စကားပြောခန်း၌ ဒေါသတကြီးစာရိုက်နေသဖြင့် လက်သည်းများက မျက်နှာပြင်အား တတောက်တောက်ခေါက်နေမိသည်။

"ပြောလေ။"

"ဘာတွေဖြစ်ကုန်တာလဲ... မင်းသူ့ကိုဘာလုပ်လိုက်တာလဲ..."

ဖန်ဆင်းရှင်က အတော်ကြာသည်အထိပြန်မဖြေ။ လျှို့ဝှက်စာသေတ္တာက ပွင့်နေဆဲဖြစ်ပြီး ကြည့်ရှူသူအရေအတွက်၊ ရုပ်ပုံများနှင့် ID များအား တွေ့နေရဆဲဖြစ်၍ သူအခုထိမထွက်သွားသေးကြောင်း သိရသည်။

ပိုင်လော့ဖုန်း ဒေါသထွက်ကာ စာ ဆက်တိုက် ရိုက်နေသော်လည်း ဖန်ဆင်းရှင်က အသံတိတ်နေဆဲ။ တုံ့ပြန်မှုမရှိသော ဆဲရေးမှုများစွာအပြီး၌ ပိုင်လော့ဖုန်း ဒေါသအထွက်လွန်ကာ စိတ်လွတ်သွားတော့၏။

ရူးနေတာလား... အဆဲခံရရင် ဘယ်သူမဆိုတုံ့ပြန်မိမှာပဲမလား...သူဘာလုပ်နေတာလဲ...လူသစ်ထဲကနှစ်ယောက်က အရင်ကတည်းက.....

ရုတ်တရက် ပိုင်လော့ဖုန်း၏ အတွေးများရပ်တန့်သွားသည်။

ဒေါသအားချိုးနှိမ်ကာ သူ့ကိုယ်သူစိတ်ငြိမ်အောင် ဖိအားပေးရတော့သည်။

ပရိုဂရမ်ရေးသူက သူဒေါသထွက်နေပုံကို မြင်ချင်မှန်းသူသဘောပေါက်သွားခဲ့သည်။

ပရိုဂရမ်ရေးသူသည်  ဂိမ်း၏ဖန်တီးသူဖြစ်ပြီး အလွန်မောက်မာကာ မိမိကိုယ်ကိုအထင်ကြီး၍ ကိုယ့်ကိုယ်ကိုယ်နတ်ဘုရားဟု ထင်နေသည့်အရူးပင်။

ရှစ်ယွမ်၏ခန့်မှန်းချက်နှင့် ပရိုဂရမ်ရေးသူ၏ ယခုလုပ်ရပ်အရ သူ၏လုပ်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းက အင်အားကြီးလွန်းနေသည်။ အထူးသဖြင့် အရာအားလုံးကို ထိန်းချုပ်နိုင်သည့် ခေါင်းဆောင်နေရာ၌ သူ့ကိုယ်သူထားရှိခြင်းပင်။ ပိုင်လော့ဖုန်း သူ့အားမည်မျှကျိန်ဆဲပါစေ အလုပ်ဖြစ်မည်မဟုတ်။ အကြောင်းမှာ ပရိုဂရမ်ရေးသူက ထိုဆဲဆိုသံအား ကြားချင်နေသောကြောင့်ပင်။ ဂိမ်းထဲမှလူများ ဒေါသထွက်နေပုံကို ကြည့်ရခြင်းအား နှစ်ခြိုက်နေသူဖြစ်လိမ့်မည်။

ထိုကဲ့သို့တွေးမိမှသာ ပိုင်လော့ဖုန်း စိတ်ကိုထိန်းနိုင်တော့သည်။ စိတ်ကိုထိန်းကာ အသက်ဝဝရှုပြီး စာရိုက်ပြန်သည်။

"ရှိုးကိုဆက်ကြည့်ချင်ရင် သဲလွန်စတော့ပေးလေ။ ဒီမှာဘာမှမရှိဘဲ ငါ ဘယ်လိုစုံစမ်းရမလဲ...မင်းကဘယ်လိုရှိုးကို ကြည့်ချင်တာလဲ..."

အတော်ကြာမှ  အစက်သုံးစက် အောက်ခြေတွင်ပေါ်လာသဖြင့် ပရိုဂရမ်ရေးသူ စာရိုက်နေပြီကို သိလိုက်ရသည်။ ပိုင်လော့ဖုန်း ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ခဏအကြာ၌ စာတစ်စောင်ရောက်လာသည်။

"အသက်ရှင်ရက် ထွက်လာနိုင်မှပြော... မင်းကောင်လေးလက်ထဲမှာ မင်းသေသွားတာလည်း ဖြစ်နိုင်တာပဲ။ ^ ^ "

ပိုင်လော့ဖုန်း နောက်မေးခွန်းအမြန်ရိုက်ပို့လိုက်ပြီး စာရောက်သွားချိန်တွင် စာအဝင်သေတ္တာ၌ ဘာမှမရှိတော့ချေ။ စကားပြောခန်း၌ အသိပေးချက်တစ်ခု ပေါ်လာပြန်သည်။

"လျှို့ဝှက်စာပို့ခြင်းအား ကမ္ဘာဦးဘုရား 1 မှ ပိတ်လိုက်ပါပြီ။ စာပြန်လို့မရတော့ပါ။"

ပိုင်လော့ဖုန်း ဒေါသထွက်လွန်း၍ ပါးစပ်ကအသံထွက်သည်အထိ ဆဲလိုက်မိ၏။

သူကိုယ်တိုင်မှလွဲ၍ မည်သူ့ကိုမှ စကားပြောခွင့်မပေးထားပေ။ စကားပြောစေချင်မှ ပြောခွင့်ရပြီး သူနားမထောင်ချင်ပါက အသံတိတ်နေရ၏။ အကျိုးအကြောင်း မဆီလျော်လွန်းသည့်လူပင်။

ရုတ်တရက် ကျယ်လောင်အသံပေါ်ထွက်လာ၍ ပိုင်လော့ဖုန်း အလန့်တကြား မော့ကြည့်သောအခါ ရထားတစ်ခုလုံး အရင်ထက်ပိုမှောင်နေ၏။ အရာအားလုံးကို အမှောင်ထုက လွှမ်းခြုံထားကာ အလင်းရောင်စိုးစဥ်းမျှမရှိ။ အပြင်ဘက်မှ ခပ်အုပ်အုပ်အသံအရ ရထားသည် ဥမင်ထဲရောက်နေပုံရသည်။ ပြတင်းပေါက်အပြင်၌ မှောင်မဲနေသောကြောင့် တည်နေရာအား အတိအကျမသိရ။

ရထားထဲ၌ ကြေညာသံထွက်ပေါ်လာသည်။

"ရထားဥမင်ကို ဖြတ်နေပါပြီ။ စိတ်အေးအေးထားပါ။"

"ဥမင်မှထွက်သည်နှင့် ဝန်ထမ်းများအားလုံး 'ဝန်ထမ်းကျင့်ထုံးဥပဒေ' ကိုဖတ်ပါ။ ပြီးနောက် လက်မှတ်စစ်ခြင်း စတင်ကြပါ။"

"လက်မှတ်စစ်ခြင်းအား ငြင်းဆိုသူရှိပါက ကွပ်မျက်ရန်ခွင့်ပြုသည်။"

"ထိုင်ခုံနေရာယူပြီးသူများ ထိုကြေညာချက်ပြီးသည်နှင့် နေရာမှ ခွင့်ပြုချက်မရဘဲ ထွက်ခွာခွင့်မရှိပါ။"

"ခွင့်ပြုချက်မရဘဲ ထွက်ခွာပါက လက်မှတ်စစ်ခြင်းအား ငြင်းဆိုသည်ဟုသတ်မှတ်ကာ ချက်ချင်းကွပ်မျက်မည်။"

စုယွီ၏အသံက ပိုင်လော့ဖုန်းကို မျက်မှောင်ကြုတ်စေသလို စိတ်ခံစားချက်ကိုလည်း ပိုဆိုးသွားစေသည်။ ဝန်ထမ်းများအား 'ဝန်ထမ်းကျင့်ထုံးဥပဒေ'နှင့်အတူ တစ်ပါးသူအား ကွပ်မျက်ခွင့်ကိုပါ ပေးထားသည်။ ထိုအချက်နှစ်ချက်ကြောင့် ပိုင်လော့ဖုန်း မေးစေ့ကိုပွတ်နေမိသည်။

ပြတင်းပေါက်မှ လေအေးတစ်ချက် ဝင်လာ၍ ပိုင်လော့ဖုန်း နံဘေးကိုကြည့်လိုက်မိသည်။ အနက်ရောင်အမှောင်ထုကြားမှ ပြတင်းပေါက်ပေါ်တွင် အနီရောင်မျဥ်းကြောင်း တဖြည်းဖြည်းပေါ်လာနေသည်။ အနီရောင်မျဥ်းကြောင်းသည် မမြင်ရသော လက်တစ်ချောင်းက အောက်ဖက်သို့ဆွဲချကာ ဖန်သားပြင်၌ ဒေါင်လိုက်ပန်းချီ ရေးဆွဲသလို ပုံသဏ္ဍာန်ရှိသည်။ ထိုမျဥ်းနံဘေး၌ စက်ဝိုင်းတစ်ခုထပ်ပေါ်လာသည်။ တစ်ခုခုအား ရေးပြနေခြင်းဖြစ်မည်။

ပြတင်းပေါက်ပေါ်မှ သွေးစကားလုံးများက အဖွားကြီးတစ်ဦး စာရေးသလို နှေးကွေးလှသည်။ အတော်လေးကြာမှသာ စာတစ်ကြောင်းပြည့်၏။

"လက်ကောက်ဝတ်ကိုကြည့်ပါ။"

ပိုင်လော့ဖုန်း လက်ကိုမြှောက်ကာ ကြည့်ရန်ပြင်ချိန်၌ ပြတင်းပေါက်ကို တစ်စုံတစ်ခုက အပြင်းအထန် လာထိမှန်သလို အသံအကျယ်ကြီး ပေါ်လာသည်။ အသံမှာအလွန်ကျယ်ကာ ရုတ်တရက်ဆန်လွန်း၌ ပိုင်လော့ဖုန်း၏ ပုခုံးများလှုပ်ခါမိသည်အထိ။ ပြတင်းပေါက်အား ကြည့်လိုက်သောအခါ စာလုံးများနံဘေး၌ ရှင်းလင်းလွန်းသည့် လက်ဖဝါးရာအားတွေ့လိုက်ရသည်။ ပြတင်းပေါက်အပြင်၌ သူ့အားစိုက်ကြည့်နေသည့် မျက်လုံးတစ်လုံးတစ်စုံ။ စက္ကန့်ပိုင်းမျှသာကြာပြီး ထိုမျက်လုံးများက အမှောင်ထုထဲပျောက်ကွယ်သွားသည်။

ပိုင်လော့ဖုန်း စိတ်လှုပ်ရှားကာ နှလုံးခုန်မြန်လာ၏။ စိတ်ငြိမ်အောင် ရင်ဘတ်ကိုဖိကာ လက်ကောက်ဝတ်အားကြည့်ရသည်။ ဘာမှမတွေ့ရ။ လက်ကောက်ဝတ်အား ပြန်ချရန်ပြင်လိုက်မှ စူးရှသော နာကျင်မှုကိုခံစားလိုက်ရ၏။ ပိုင်လော့ဖုန်း အာရုံသိပ်မစိုက်မိသော်လည်း ရထားတွဲပတ်လည်၌ တရှဲရှဲမြည်သံများ ပေါ်လာပြီး ကျန်သည့်ထုတ်လွှင့်သူများ အလန့်တကြား တုံ့ပြန်ကြသလို သရဲများက အသံလာရာအား လှည့်ကြည့်နေကြသည်။

ပိုင်လော့ဖုန်း လက်ကောက်ဝတ်အား ဆက်ကြည့်နေသောအခါ ပြတင်းပေါက်ပေါ်ကအတိုင်း သွေးစာလုံးများပေါ်လာ၏။ သူ့အရေပြား ဟက်တက်ကွဲကာ စာလုံးများ မညီမညာနှင့်ပေါ်လာသည်။

"ကြေညာချက်ကို မယုံနဲ့။"

"မြန်မြန်ထွက်သွား။"

"ရထားဥမင်ထဲက မထွက်ခင် မြန်မြန်ထွက်တော့။"

လက်ကောက်ဝတ်အလွန်နာနေလေပြီ။ ပိုင်လော့ဖုန်း စာလုံးများအား ယုံသင့်၊မယုံသင့်တွေးနေမိသည်။ စုယွီက မထွက်ခွာရန်ပြောပြီး ထိုစာလုံးများက သူ့အားထွက်ခွာစေချင်၏။ သူ့အတွေးများအား အတင်းဖိအားပေး လွှမ်းမိုးသလို ခံစားရပြီး ပိုင်လော့ဖုန်း စိတ်ရှုပ်ထွေးလာသည်။

ရထားသံသည် လမ်းကြောင်းပေါ် အရှိန်နှင့်ပြေးနေသည့် မိုးခြိမ်းသံလို ပိုကျယ်လောင်လာပြီး အရှိန်နှင့်ထွက်ခွာသည့် ဘတ်စ်တစ်စင်းလို ယမ်းခါနေ၏။ ရထားတွဲထဲမှ တစ်စုံတစ်ဦး လေချွန်လိုက်ပြီး အားလုံးက အသံလာရာကို လှည့်ကြည့်လာကြသည်။

ထရပ်သူမှာ ငကြောက်ကောင်ပင်။ သရဲအချို့ကပါ သူ့အားကြည့်နေ၍ သူ့မျက်နှာကတောင့်တင်းနေ၏။ သူကသရဲများအား တစ်ချက်ကြည့်ကာ အမူအရာနှင့် ဘာဆက်လုပ်မလဲမေးနေသည်။ အချင်းချင်း အကြည့်ဖလှယ်ကြပြီးနောက် အားလုံး၏အကြည့်များက ပိုင်လော့ဖုန်းဆီရောက်လာတော့သည်။

ပိုင်လော့ဖုန်း ခဏအချိန်ယူတွေးပြီးနောက် ရထားတွဲတံခါးကို လှည့်ကြည့်လိုက်မိသည်။ အားလုံးချက်ချင်း သဘောပေါက်ကာ လွယ်အိတ်ကောက်လွယ်၊ လက်မှတ်အားကျစ်ကျစ်ဆုပ်ကာ ပိုင်လော့ဖုန်း အနောက်မှလိုက်၍ အတွဲခုနစ်နှင့် အတွဲရှစ်ချိတ်ဆက်ထားသည့် နေရာသို့ပြေးကြတော့သည်။

သူတို့အုပ်စု ပြေးနေကြသည်ကို သရဲများက စောင့်ကြည့်နေကြ၏။ လီချန်စစ် သူ့နောက်မှတံခါးကို ဆွဲပိတ်လိုက်မှသာ အားလုံးသက်ပြင်းချနိုင်ကြသည်။ ပြီးနောက် နံရံကိုအားပြု၍ ကြမ်းပေါ်သာထိုင်ချနေမိကြသည်။

ရောင်စုံတီရှပ်နှင့်မိန်းကလေးက ကြမ်းပြင်၌လဲကာ တုန်ရီနေသည်။ လမ်းတစ်လျှောက် ကြုံတွေ့လာသည်များကို ပြန်တွေးကာငိုနေပြီး မျက်ရည်များကိုဖိသုတ်နေသည်။

စုချာက သူမဆီသွားကာ ပုခုံးပုတ်နှစ်သိမ့်ပေးလိုက်ရင်း သူမကိုယ်တိုင်လည်း မျက်ရည်များကျနေသည်။

"မငိုပါနဲ့။" ပိုင်လော့ဖုန်းကပြောလာ၏။ "ဒီကိုအတူ ထွက်လာနိုင်တယ် ဆိုကတည်းက မင်းတကယ်သတ္တိရှိလို့ပဲ။"

လူအုပ်ထဲကတစ်ဦးက အသံထွက်လာ၏။ "လောင်းကစားလုပ်သလိုပဲပေါ့။ ၅၀-၅၀ ပဲ"

"မင်းနောက်လိုက်တာက မှားတဲ့ဆုံးဖြတ်ချက်ဖြစ်နေရင်တောင် လက်မှတ်စစ်ရောက်လာရင် ငါတို့အနည်းဆုံး သူ့ကိုတားနိုင်လောက်တယ်။ အသက်ရှင်ဖို့ အခွင့်အရေးက နှစ်ဆယ်ရာခိုင်နှုန်းရှိဦးမယ်။ တကယ်လို့ အထဲမှာဆက်နေတာကသာ အမှားတစ်ခုဆိုရင်တော့ ငါတို့ချက်ချင်း သေရမှာပဲ"

ပိုင်လော့ဖုန်းက ဖန်ဆင်းရှင် ပြောသမျှကိုပြန်တွေးနေပြီး သူ့အားမတုံ့ပြန်မိ။

ကျယ်လောင်သောအသံနှင့် ရထားကဥမင်ထဲမှ ထွက်လာသည်။

"အခုတော့ပုန်းကြမယ်။" ပိုင်လော့ဖုန်း ဆုံးဖြတ်ချက်ချလိုက်သည်။ "လက်မှတ်စစ် မကြာခင်လာတော့မယ်။ သူပြန်ထွက်သွားမှ ဝန်ထမ်းဥပဒေစာအုပ်ကို သွားခိုးကြမယ်။"

ငကြောက်ကောင်က နားမလည်ဟန်ပြန်မေးလာသည်။ "ဘာအတွက်ခိုးမှာလဲ။"

"မင်းကိုလည်ပင်းညှစ်သတ်ဖို့။"

ငကြောက်ကောင် "........."

"နာမည်ကြားတာနဲ့ မင်းသဘောမပေါက်ဘူးလား။ ဝန်ထမ်းဥပဒေစာအုပ်ဆိုမှ စည်းမျဥ်းတွေရေးထားမှာပေါ့။ လေကုန်ခံပြီး ပေါက်ကရတွေမေးနေတယ်။"

ငကြောက်ကောင်ရှက်သွား၍ မျက်နှာနီရဲလာသည်။

ရှစ်ယွမ်က တစ်ခုခုကို သတိထားမိဟန်နှင့်မေးလာသည်။ "မင်းတစ်ခုခုဖြစ်နေတာလား။"

"ဘာပြောချင်တာလဲ။ ငါဘာဖြစ်နေလို့လဲ။"

"ဘာလို့လေသံမာနေတာလဲ။ စိတ်အခြေအနေ မကောင်းဘူးလား။"

ပိုင်လော့ဖုန်း အနည်းငယ်စိတ်ပူပန်သွားပြီး အဖြေမပေးဘဲ ရှောင်ထွက်လိုက်သည်။

"ထားလိုက်တော့၊ ဒီလိုနေရာမျိုးမှာ မင်း

စိတ်အခြေအနေ ကောင်းနေမှထူးဆန်းနေမှာ။ ဘာပဲပြောပြော ငါတို့အားလုံး မင်းအစီအစဥ်အတိုင်း ထွက်လာပြီးပြီပဲ။"

ထိုအချန်၌ ကပ်လျက်မှဝန်ထမ်းအခန်း၏ တံခါးပွင့်လာသဖြင့် အားလုံးတံခါးဆီသွားကာ ပုန်းကြရသည်။

လူဦးရေများနေ၍ လုံအောင်မပုန်းနိုင်ကြပေ။

ဝန်ထမ်းအခန်းမှ ထွက်လာသည့်လူ မမြင်နိုင်လောက်သည့် တံခါးရွက်၏နောက်၌ စုပြုံကာပုန်းနေကြရ၏။

ကံကောင်း၍ ထွက်လာသည့်ဝန်ထမ်းက သူတို့အားမတွေ့ပေ။

ဝန်ထမ်းအားတွေ့လိုက်ရသည့် သူတို့အားလုံးကမူ ရင်တထိတ်ထိတ်ဖြစ်ကုန်ကြသည်။

ထိုသရဲဝန်ထမ်း၌ ဦးခေါင်းခွံတစ်ဝက်မရှိချေ။ သာမန်သရဲများနှင့်မတူဘဲ ဦးခေါင်းပုပ်သိုးနေပြီး အသားအရည်ပြာနှမ်းကာ မီးအိမ်ကိုင်ထား၍ ဝန်ထမ်းယူနီဖောင်းနှင့် ခန္ဓာကိုယ်သည် သေဆုံးပြီး နှစ်ပေါင်းများစွာ ကြာပြီးသူကဲ့သို့ အရိုးပေါ်အရေတင်သာ။

ထိုဝန်ထမ်း ရထားတွဲတံခါးကို ဖွင့်ကာအထဲဝင်သွားသည်ကို လိုက်ကြည့်နေရင်း သူတို့အားလုံး အသက်ဝဝမရှုရဲကြ။ ကြောက်စိတ်ကလည်း တော်ရုံနှင့်ပျောက်မသွား။

ပိုင်လော့ဖုန်း သတ္တိမွေးကာ လူကြားထဲမှထွက်လာပြီး ဝန်ထမ်းအခန်း၏ တံခါးကိုဖွင့်ပြီး အထဲဝင်လိုက်သည်။ တစ်ခြားသူများက အလန့်တကြားနှင့် သူ့နောက်ဝင်လိုက်ကြလေသည်။

ဝန်ထမ်းအခန်းက အတော်လေးကျဥ်းပြီး လူတစ်ကိုယ်စာ စားပွဲတစ်လုံး၊ ခုံတစ်လုံးသာရှိသည်။ စားပွဲပေါ်၌ သွေးစက်များပေနေသည့် ခရီးသည်စာရင်းချုပ်သာ တွေ့ရ၏။

ထိုစာရင်းအား ပိုင်လော့ဖုန်း ဖတ်ကြည့်သောအခါ မှတ်သားလောက်စရာ အချက်တစ်ခုမှ မတွေ့ရပေ။ ခေါင်းအထက်မှ စင်အကျိုးများပေါ်၌ တစ်ခုခုရှိမလားဟု သူလှန်လှောရှာတော့သည်။

စင်ပေါ်၌ စာအုပ်များစွာမရှိ၍ အဖုံးအနီရောင်ဖြင့် ဝန်ထမ်းဥပဒေ ဟုရေးထားသည့် ဟောင်းနွမ်းနေသော အပြာရောင်စာအုပ်ကို မကြာမီပင် ရှာတွေ့သွားသည်။

စာအုပ်ကအတော်ပါးပြီး အချက်အလက် များများစားစားမရေးထားချေ။

ပိုင်လော့ဖုန်း စာအုပ်ကိုယူချကာ ဖတ်ကြည့်သောအခါ မာတိကာ၌ အရေးမပါသည့် စာအချို့ရေးထားပြီး အနောက်၌ စည်းကမ်းဆယ်ချက် ရေးသားထားသည်။

ထိုရထားသည် ယင်နှင့်ယန် နယ်နိမိတ်မှ ငရဲသို့သွားသော သရဲရထားဖြစ်သည်။ ထိုနေရာ၌ ဝန်ထမ်းအဖြစ် ခန့်အပ်ခံရပါက အောက်ပါအချက်များအား ရင်းနှီးမှုရှိရမည်။

၁။ ရထား၌စီးနင်းလာသည့် ခရီးသည်များ၏ ထူးခြားသောအခြေအနေအရ ကွပ်မျက်ခွင့်ပေးအပ်ထားသည်။ ကွပ်မျက်ခံရသူများ ဘယ်သောအခါမှ ပြန်လည်မွေးဖွားနိုင်ခြင်း ရှိမည်မဟုတ်။

၂။ ရထားပေါ်ရှိ ခရီးသည်များသည် တိတ်တိတ်ဆိတ်ဆိတ် နေကြသူများဖြစ်၍ သူတို့နှင့်စကားပြောရန်မလိုအပ်ပါ။ အကယ်၍ ခရီးသည်တစ်ဦးမှ စကားစမြည်ပြောလာပါက အမြန်ရှောင်ထွက်ကာ စပယ်ယာအားအကြောင်းကြားပါ။

၃။ ရထားပေါ်၌ တွဲဖက်ဝန်ထမ်း ရှိမည်မဟုတ်။ တွဲဖက်ဝန်ထမ်း ပေါ်လာပါက ချက်ချင်းကွပ်မျက်ရမည်။

၄။ သက်ရှိများအား တင်ဆောင်ရန်ခွင့်မပြုပါ။ မျက်လုံးအားကြည့်၍ သက်ရှိဟုတ်မဟုတ် ဆုံးဖြတ်နိုင်သည်။ အကြည့်ချင်းဆုံရန် ငြင်းဆိုပါက ကွပ်မျက်ခြင်း သို့မဟုတ် ခရီးသည်ထိန်းချုပ်ခွင့်အား တောင်းဆိုနိုင်သည်။

၅။ သေဆုံးပြီးသူများအား ငရဲသို့ပို့သည့် ရထားဖြစ်သောကြောင့် ခရီးသည်များသည် အာဃာတများ ပြည့်နှက်နေ၏။ ခရီးသည်၏ အမျက်ဒေါသမီးအား သင်မထိန်းချုပ်နိုင်ပါက ဝန်ထမ်းခန်းမှ အချက်ပေးခလုတ်ကိုနှိပ်၍ စပယ်ယာကို အကြောင်းကြားပါ။

၆။ ဝန်ထမ်းများသည် မိမိရထားတွဲအား မိနစ်နှစ်ဆယ်ပြည့်တိုင်း ကင်းလှည့်ရမည်။

၇။ ရထားနှင့်ပတ်သက်သော အခြားကိစ္စရပ်များကို မေးမြန်းခြင်းအား တားမြစ်ထားသည်။

၈။ စပယ်ယာ၏အခန်း၌ ရထား၏အသေးစိတ် အချက်အလက်များအား ဖော်ပြထားပြီး လက်မှတ်စစ်များ သိခွင့်မရှိပါ။ ဝန်ထမ်းအားလုံး ရထားတွဲတစ်မှ စပယ်ယာခန်းသို့ သွားလာခွင့်မရှိပါ။ ဝင်ရောက်ရန်ကြိုးပမ်းသည့် ခရီးသည်များအား ကွပ်မျက်နိုင်သည်။

၉။ ရထားစပယ်ယာကို အာခံရန် မကြိုးစားပါနှင့်။

စာအုပ်ထဲ၌ ထိုမျှသာရေးသားထား၏။ ပိုင်လော့ဖုန်း စာအုပ်ကိုအမြန်ဖတ်ကာ တစ်ခြားသူများဆီ ကမ်းပေးလိုက်သည်။ အားလုံးကစုပြုံကာ စာအုပ်ကိုဖတ်နေကြသည်။ ပိုင်လော့ဖုန်း ဝန်ထမ်းခန်း၏ ဝင်ပေါက်ကိုသာ ငေးနေမိသည်။ ဝင်ပေါက်အထက်၌ သံချေးစွဲနေသည့် တယ်လီဖုန်းရှိကာ စပယ်ယာအခန်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ခလုတ်တစ်ခုသာပါသည်။ ပိုင်လော့ဖုန်းက ထိုတယ်လီဖုန်းအား ငေးကြည့်နေခြင်းပင်။

အတော်လေး စိတ်နှစ်ထားသည့်သူ့အား ရှစ်ယွမ်ကသတိပေးလာသည်။ "ခလုတ်ကို နှိပ်ဖို့ လုံးဝမစဥ်းစားနဲ့။"

"မနှိပ်ပါဘူး။"

"မနှိပ်တာပဲကောင်းမယ်။"

ပိုင်လော့ဖုန်း နှုတ်ခမ်းအားဖိကိုက်နေရင်း "စာအုပ်ကို စုပြုံပြီးဖတ်မနေကြနဲ့။ လက်မှတ်စစ် မကြာခင်ပြန်လာတော့မယ်။"ဟု သတိပေးလိုက်သည်။

"နေဦး၊ စာအုပ်ကို ဓာတ်ပုံရိုက်ပြီး ပြန်ထားခဲ့တာက ပိုမကောင်းဘူးလား...ပျောက်နေရင် သူဒေါသထွက်သွားနိုင်တယ်။" ရှစ်ယွမ်က အကြံပေးလာသည်။

"ပျောက်သွားတာက ပိုကောင်းမယ်မထင်ဘူးလား။" ပိုင်လော့ဖုန်းက ဝင်ထောက်သည်။ "စာအုပ်ကို ငါတို့က ခိုးမှ ပျောက်နေမှန်းသူသိမှာပေါ့။ ပုံမှန်သရဲရုပ်ရှင်တွေမှာဆို ဇာတ်လမ်းကဒီလိုဖြစ်ရမှာ။"

"သူဒေါသထွက်ရင် ပြသာနာတက်မှာက ငါတို့ပဲလေ မဟုတ်ဘူးလား..."

"ဘယ်သူပြောလဲ... သူဒေါသထွက်လည်း စပယ်ယာကိုတိုင်ရုံကလွဲ ဘာလုပ်နိုင်မယ်ထင်လို့လဲ... ငါတို့ကို စပယ်ယာလာတွေ့ဖို့ လိုနေတာမလား... စပယ်ယာအခန်းကို ခိုးဝင်ပြီး အသေးစိတ် အချက်အလက်တွေ သွားကြည့်သင့်တယ်လို့မထင်ဘူးလား..."

"မင်းရူးနေလား။ သွားခွင့်မရှိဘူးလို့ အသေအချာရေးထားတာ မတွေ့ဘူးလား..."

"စည်းမျဥ်းတွေလည်း မှားနိုင်တာပဲ... ပြီးတော့....."

ရုတ်တရက် ရထားတွဲ၏ တံခါးပွင့်လာပြီး အားလုံးအထိတ်တလန့်နှင့် တံခါးဆီကြည့်လိုက်မိကြသည်။

တံခါး၌ရပ်နေသူမှာ လက်မှတ်စစ်ဝန်ထမ်း မဟုတ်ပေ။

ထိုဖီးနစ်ပုံသဏ္ဍာန် မျက်လုံးများကို ကြည့်ရင်း ပိုင်လော့ဖုန်း၏ မျက်လုံးများ ကြောက်ရွံ့မှုကြောင့် ကျုံ့ဝင်သွားသည်။

စပယ်ယာ

စပယ်ယာက တံခါးဝ၌ ရပ်နေသည်။ ခုနကတွေ့လိုက်ရသည့် လက်မှတ်စစ်အား အမှိုက်တစ်စလို ဆုပ်ကိုင်ထားပြီး ကြမ်းပေါ်လွှတ်ချလိုက်သည်။

ဝန်ထမ်းသည် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည့် သွေးအိတ်ကဲ့သို့ အလောင်းပုပ်မှသွေးများ အိုင်ထွန်းသွားတော့သည်။

အပုပ်နံ့က သူတို့အားလုံးဆီ ရောက်ရှိလာသည်။

လူတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရရသည်။

"မင်းကိုး..."

စပယ်ယာကနှေးကွေးစွာပြောလာ၏။

သူပါးစပ်ဟလိုက်သည်နှင့် ပိုင်လော့ဖုန်း၏ ခန္ဓာကိုယ်တုန်ရီလာသည်။

ပိုင်လော့ဖုန်း နံဘေးကရှစ်ယွမ်အား သူကသေချာကြည့်ကာ လှောင်ပြုံးပြုံး၍ သူတို့ မျက်နှာများအား အသေအချာကြည့်နေသည်။

"ထူးဆန်းတယ်။ ဒီရထားက သက်ရှိတွေတင်တာရှားတယ်။ ပြီးတော့....."

သူဆက်မပြောလာပေ။ စပယ်ယာက ပိုင်လော့ဖုန်းကိုကြည့်ရင်း ထူးဆန်းသော သတ္တဝါတစ်ကောင်ကိုတွေ့သလို မျက်လုံးသူငယ်အိမ်များ ကျုံ့သွားပြီး ထိုနေရာ၌ပင် အေးခဲတောင့်တင်းသွားသည်။

ယခင်ကရှိနေသော တင်းမာမှုများက ရုတ်တရက် ဖော်ပြရန်ခက်ခဲသည့် အနေအထားသို့ ရောက်ရှိနေပြီ။

ယိမ်းခါနေသော ရထားတွဲထဲ၌ သူတို့နှစ်ဦး အကြည့်ချင်းဆုံနေကြသည်။

စပယ်ယာကသူ့အား နဖူးသို့ပြေးဝင်လာနေသည့် ကျည်ဆံလို အလန့်တကြားနှင့်ကြည့်နေလျက်။

ပိုင်လော့ဖုန်းမှာလည်း ရင်ခွဲရုံမှ သူ့အလောင်းအား ပြန်ကြည့်နေရသလို စိုးရိမ်ကြီးစွာနှင့် ကြည့်နေမိသည်။

ရုတ်တရက် ဦးနှောက်ထဲ အတွေးပေါင်းစုံ ရောက်လာသဖြင့် ပိုင်လော့ဖုန်း ခြေမခိုင်ဘဲ လဲကျမလိုဖြစ်၍ တံခါးဘောင်ကို အမြန်လှမ်းဆွဲလိုက်ရသည်။

သူ့မျက်လုံးများက နီရဲလာပြီး အသက်ကိုဝဝရှု၍ နှေးကွေးတည်ငြိမ်စွာဖြင့် မရဲတရဲ လှမ်းခေါ်လိုက်သည်။

"စုယွီ"

သူ့နာမည်အားကြားသောအခါ စပယ်ယာက အတော်လေးစိတ်ငြိမ်သွားပုံ။

မျက်လုံးများကို မှေးကျဥ်းကာသူကပြန်မေးလာသည်။ "ဘာလဲ။"

ကျန်လူများက မယုံကြည်နိုင်စွာဖြင့် ပိုင်လော့ဖုန်းကို လှည့်ကြည့်လာကြသည်။

ပိုင်လော့ဖုန်းက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မျက်လုံးများကိုမှိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

သူ မအံ့သြမိတော့။

ပိုင်လော့ဖုန်း သူ့အား ထပ်မခေါ်ချင်တော့သော်လည်း ကျန်လူများက အားမရကြပေ။ ကျန်းမုန့်ရီက ရှေ့တိုးလာပြီး သူ့အားအော်ပြောလာသည်။ "ဘာကိုပြန်မေးနေတာလဲ။ စုယွီ၊ မင်းကိုခေါ်လိုက်တာလေ။"

စပယ်ယာ၏ မျက်လုံးများက ထိတော့မတတ် မှေးကျဥ်းသွား၏။ "ဘယ်သူ့ကိုခေါ်တာလဲ။"

"မင်းကို၊ စုယွီဆိုတဲ့မင်းကို။"

"စုယွီကဘယ်သူလဲ။ ငါမကြာဖူးဘူး။ ကြောင်တောင်တောင်နာမည်ကြီး။"

ထိုစကားကို ကျန်းမုန့်ရီ မည်သို့တုံ့ပြန်ရမည်မှန်း မသိတော့ပေ။

"အသက်ရှင်ခွင့် ရမလားဆိုပြီး ဒီလိုအကျည်းတန်တဲ့ နာမည်မျိုး ငါ့ကိုလာမခေါ်နဲ့။" သူကလက်နှစ်ဖက်ကိုမြှောက်ကာ လက်ဆစ်များကိုချိုးပြသည်။ "ပြောချင်တာရှိသေးလား။"

ကျန်းမုန့်ရီက ပိုင်လော့ဖုန်းအား လှမ်းကြည့်သောအခါ ထိုအခြေအနေအား ကြိုသိနေခဲ့သည့်အတိုင်း ပိုင်လော့ဖုန်းက တံခါးဘောင်ကိုမှီကာ ရပ်နေသည်။

ရှစ်ယွမ်က စိတ်မရှည်တော့။ "တစ်ခုခုပြောလေ၊ ပိုင်လော့ဖုန်း။ သူသတိရချင်ရလာမှာပေါ့။"

"ဟုတ်တယ်၊သူမမှတ်မိရင် ငါတို့အားလုံးသေကုန်လိမ့်မယ်။" ငကြောက်ကောင်က ကြောက်အားလန့်အားနှင့် အော်ဟစ်နေသည်။

စပယ်ယာက ပိုင်လော့ဖုန်းဘက်လှည့်လာသည်။

နဖူးအားဖိနှိပ်နေသည့် ပိုင်လော့ဖုန်း၏ မျက်နှာက ရထားထဲက မီးရောင်ထက်ပင်ပို၍ မဲမှောင်နေသည်။

စပယ်ယာက သူ့အားငြိမ်သက်စွာစောင့်နေသည်။

အတော်ကြာမှ ပိုင်လော့ဖုန်းက မျက်လုံးပွင့်လာပြီး သူ့အားမေးလာ၏။

"နည်းနည်းလေးမှ မမှတ်မိဘူးလား။"

သူအတော်လေး စိတ်ပျက်အားငယ်နေလေပြီ။

စပယ်ယာ၏ အမူအရာက တစ်ချက်ပင် ပြောင်းမသွားပေ။ ရှေ့သို့ ရုတ်တရက် တိုးလာပြီး ပိုင်လော့ဖုန်း၏ လည်ပင်းအားဖမ်းဆွဲကာ သူ့အနီးဆွဲခေါ်လိုက်သည်။ ပြီးနောက်လည်ပင်းအားညှစ်ကာ သူ့အားနံရံနှင့်ဖိကပ်လိုက်၏။

"ပျင်းစရာကောင်းတဲ့ နောက်ဆုံစကားပဲ။ ဒီတော့ မင်းကနေပဲ စလိုက်ကြတာပေါ့။"

လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေ၏။ စုချာကသူ့အား ကယ်ရန်ပြေးလာပြီး ကျန်းမုန့်ရီလည်း ရှေ့သို့တက်လာသည်။ ထိုဗရုတ်သုတ်ခများကြား ပိုင်လော့ဖုန်း အော်ရယ်နေမိသည်။

လည်ပင်းအား ဖိညှစ်ထား၍ အသက်ရှုကြပ်ကာ အသံကအက်ကွဲနေသော်လည်း သူ အကျယ်ကြီး အော်ရယ်နေသည်။ အားလုံးကနေရာမှ တုတ်တုတ် မလှုပ်ရဲကြ။

စပယ်ယာက မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ထဲတွင် အစိမ်းရောင် တစ္ဆေမီးတောက်တစ်ခု ပေါ်လာပြီး ပိုင်လော့ဖုန်း၏ အရိုးများကွဲအောင် လည်ပင်းကိုညှစ်လာသည်။

ပိုင်လော့ဖုန်း၏ ရယ်သံကပို၍ ကျယ်လာပြီး အရူးတစ်ယောက်နှယ်။ သေခါနီးလေလေ သူကပိုပျော်နေလေလေ ဟုပင်ထင်ရသည်။

"ပိုင်လော့ဖုန်း။" တစ်စုံတစ်ယောက်က သူ့အားစိုးရိမ်တကြီးနှင့် အော်ခေါ်နေသော်လည်း သူလုံးဝစိတ်လွတ်နေပြီဖြစ်သည်။

သို့သော် နောက်ဆုံး၌ သူခံနိုင်ရည်မရှိတော့။

ရယ်သံပျောက်ဆုံးကာ ချောင်းဆိုးသံများ ဆက်တိုက်ထွက်လာသည်။ လည်ပင်းတစ်ဝိုက်၌ ပူလောင်နာကျင်လာပြီး ဆက်သည်းမခံနိုင်တော့၍ သူနာကျင်စွာ ညည်းမိတော့သည်။ ချောင်းဆိုးခြင်းက ခဏတာရပ်သွားပြီး နောက်တစ်ကြိမ် ချောင်းပြန်ဆိုးသောအခါ သွေးများပါလာသည်။

စပယ်ယာ၏ မြင်ကွင်းက ရုတ်တရက် လှုပ်ခါသွားသည်။

ရုတ်တရက် အဖြူအပြာစင်းကြောင်းပါသည့် ထူးဆန်းသောဝတ်စုံနှင့် လူငယ်တစ်ဦး အဖြူရောင်စာရွက်ပေါ် သွေးများအန်နေသည့် ပုံရိပ်အား မြင်ယောင်လာပြီး ထိုလူငယ်က ယခုသူလည်ပင်းညှစ်ထား၍ ချောင်းဆိုးနေသည့် လူ၏အသံနှင့်တူနေသည်။ လှိုင်းလုံးကြီးတစ်လုံး ဦးနှောက်ကိုလာပုတ်သလို ခံစားလိုက်ရပြီး ဓာတ်လိုက်၍ ခန္ဓာကိုယ်တွန့်သွားဟန်နှင့် လက်အားလွှတ်လိုက်မိသည်။

ပိုင်လော့ဖုန်း ကြမ်းပေါ်လဲကျသွားတော့သည်။

ကျန်းမုန့်ရီကပြေးလာပြီး သူ့အားဆွဲထူကာ ကျောကိုပွတ်သပ်ရင်း အဆက်မပြတ် အော်ခေါ်နေသည်။ "ပိုင်လော့ဖုန်း၊မအိပ်သွားနဲ့၊ ပိုင်လော့ဖုန်း။"

ပိုင်လော့ဖုန်း ချောင်းတဟွတ်ဟွတ်ဆိုးရင်း အသိပြန်ကပ်လာသည်။

စပယ်ယာက မယုံကြည်နိုင်စွာဖြင့် သူ့လက်အား မှောက်ကာလှန်ကာ သေချာ ကြည့်နေလေသည် "ဘာဖြစ်သွားတာလဲ..."

အားလုံးက ပိုင်လော့ဖုန်းနား စုပုံနေပြီး သူ့အသံကိုသတိမထားမိကြ။ အတိတ်က အမှတ်တရတစ်ချို့ကို သူမြင်လိုက်ရသည်။

ပါးစပ်ကို လက်နှစ်ဖက်နှင့်အုပ်ရင်း လက်ချောင်းများကြားမှ သွေးများစီးကျနေသည့် ကောင်လေးအား တွေ့လိုက်ရသည်။ တစ်စုံတစ်ဦး၏ နာမည်အား သူ လှမ်းခေါ်နေသော်လည်း မည်သူမှန်း သူမမှတ်မိ။

နှလုံးသားထဲကနာလာသည်။

စာသားများအပြည့်နှင့် စာရွက်တစ်ရွက်။

ပေါက်ကွဲမှုတစ်ခု။

လူများစွာက သူ့အားဝိုင်းအုံနေပြီး တစ်စုံတရာကို ဖမ်းဆုပ်ရန်ကြိုးစားနေကြသည်။ အသက်မဲ့နေသောခံစားချက်။ ချက်ကျလက်ကျ ငြင်းခုံမှုများ၊ ပေါက်ကွဲမှုတစ်ခု။ တစ်စုံတစ်ဦးကသူ့အား 'ဘယ်တွေသွားနေတာလဲ'ဟု မေးနေပြီး သူ့တွင် ပြန်ပေးရန်အဖြေရှိမနေ။ တိတ်ဆိတ်မှုနှင့် အမှောင်ထုသာ ကြီးစိုးနေပြီး သူဘာကိုမှ မမြင်ရတော့။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment