no

Font
Theme

အပိုင်း ၇ - ထုတ်လွှင့်ခြင်း

စုချာ စကားဆုံးသည်နှင့် ပြုံးပြရန် ကြိုးစားနေသည်။

သို့သော် သူမကိုယ်သူမ အရူးမလုပ်နိုင်သလို နှုတ်ခမ်းများ မကော့တက်လာပေ။

"ငါ့ရည်းစား သေသွားလို့။" ထိုစကားတစ်ခွန်းကပင် သူမအား အမှတ်တရများကြား နစ်မြုပ်သွားစေပုံရ၏။ သူ၏ နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရင်း မျက်ရည်များ စီးကျလာသည်။

"အဆင်ပြေတယ်၊ အဆင်ပြေတယ်။ မငိုနဲ့။ မငိုနဲ့တော့။" ရုပ်တည်နှင့်လူ ပြောလာသည်။ "စကားပြောတာ ဒီလောက်နဲ့ တော်လိုက်ရအောင်။ ထပ်မပြောကြနဲ့တော့။"

သူတို့ စကားပြောနေစဥ် အခုနက ငိုနေသည့် လူငယ်မှာ အငိိုတိတ်သွားပြီ ဖြစ်သည်။

သူ စုချာဆီ လျှောက်လာပြီး သူမ ပုခုံအား ပုတ်ပေး၏။

စုချာ လှည့်ကြည့်လိုက်သည်။

သူသည် ဆတ်ခနဲ အမြန်အဆန် ဦးညွှတ်လာ၏။ စုချာ အလန့်တကြားနှင့် နောက်ဆုတ်လိုက်မိသည်။ "ဘာလုပ်နေတာလဲ။"

"ဘာ...ဘာမှမဟုတ်ပါဘူး။ တောင်းပန်ချင်လို့ပါ။" လူငယ်မှ ခေါင်းကုတ်ကာ ပြောသည်။

"ငါ...ငါက သရဲ အရမ်းကြောက်တော့  သည်းမခံနိုင်ဖြစ်နေခဲ့တာ။ ဒီလိုကို လာခဲ့တဲ့လမ်း တစ်လျှောက်လုံး အရမ်း ကြောက်နေတော့ စိတ်မထိန်းနိုင်ဘဲ နင့် အပေါ် ပုံချမိသွားတယ်။"

"တောင်းပန်ပါတယ်၊ တကယ် တောင်းပန်ပါတယ်။"

"ငါ...သရဲကို တကယ် ကြောက်တာ။"

"ရတယ်၊ရတယ်။ ငါလည်း သရဲကြောက်တာပဲ။" စုချာ လက်ခါခါနှင့် ငြင်းသည်။

"တကယ်ဆို တလမ်းလုံး ငါက နင့်ထက်တောင် ပိုအော်သေးတယ်။"

"နင် ပြေးတာ မြန်တော့ အော်တာက အနှောင့်အယှက် မဖြစ်ဘူးလေ။"

ချီးကျူးစကားကြောင့် စုချာ ရှက်ရှက်နှင့် မျက်နှာအား ကုတ်ကာ ရယ်ပြလေ၏။

"တောင်းပန်လိုက်တော့ အဆင်ပြေတာပေါ့။ အားလုံးက တစ်ဖွဲ့တည်းပဲ မလား။" လီချန်စစ် ဖြန်ဖြေပေးရန် ရောက်လာသည်။

"မိန်းကလေးကလည်း သူ့ကို အပြစ်မတင်ပါနဲ့။ အားလုံးက ဒါမျိုးကို ပထမဆုံး ကြုံဖူးကြတာကိုး။ ငါလည်း ကြောက်တာ နှလုံးရောဂါရတော့မလို့။"

"နောက် ရန်ထပ်မဖြစ်ကြနဲ့။ ခုက သေရေးရှင်ရေး အခြေအနေကို ရောက်နေတာ။" တစ်စုံတစ်ဦးမှ ပြောလာသည်။

"ဖြစ်စေရပါမယ်။" အားလုံး ငြိမ်းချမ်းရေးရရန် ကြိုးစားနေကြသဖြင့် လူငယ်မှာ အဆက်မပြတ် တောင်းပန်နေ၏။ မျှမျှတတ ဖြစ်စေရန် ခေါင်းကို တွင်တွင်ငုံ့ကာ ဆုချာအား 'တောင်းပန်ပါတယ်'ဟု ထပ်ခါထပ်ခါ ပြောနေလေသည်။

စက္ကူရုပ်များလိုက်စဥ်က လုပ်ဆောင်မှုကို ပြန်ကြည့်ပါက စုချာသည်၎င်းတို့ထဲ၌ အတော်ဆုံးလူဖြစ်၏။

လက်တစ်ဖက်သည် သူ့ရှေ့သို့ ရောက်လာသည်။

ပိုင်လော့ဖုန်း မော့ကြည့်သောအခါ ရုပ်တည်နှင့်လူ ဖြစ်နေ၏။

ထိုလူမှ မျက်နှာသေနှင့် လက်ဆန့်ထုတ်ပေးရင်း ပြောလာသည်။ "ရှစ်ယွမ်"

ပိုင်လော့ဖုန်း ခဏလောက် ကြောင်နေပြီးမှ နာမည် မိတ်ဆက်နေကြောင်း သဘောပေါက်၏။ သို့မှသာ လက်အား အမြန် ဆန့်ကာ နှုတ်ဆက်လိုက်ရသည်။

"ပိုင်လော့ဖုန်း"

မိတ်ဆက်ပြီးသည်နှင့် ရှစ်ယွမ် မီးခိုးရောင်ဆံပင်နှင့်လူအား ကြည့်လာ၏။

ထိုလူ ချက်ချင်း သဘောပေါက်ကာ လက်ဆန့်ထုတ်လာသည်။ "ကျန်းမုန့်ရီ။ အတွေးအခေါ်ဆိုတဲ့ မုန့်နဲ့  အသက်ရှည်တဲ့ ရီ။"

အချင်းချင်း လက်ဆွဲ နှုတ်ဆက်ရင်းနှင့် မိတ်ဆက်ခြင်း ပြီးစီးသွားကြသည်။

ရှစ်ယွမ် လက်များကို ထပ်ကာ "ပြန်လည် ရှင်သန်ရေး မဟာမိတ်"ဟု ကြွေးကြော်လေ၏။

"ဒါဆို စုချာကိုရော ခေါ်သင့်တယ်။" ပိုင်လော့ဖုန်း ပြောလာသည်။

"နောက်မှ ပြောလိုက်မယ်။ သူ အခု အလုပ်များနေတယ်။"

ကျန်းမုန့်ရီ သက်ပြင်းချသည်။ သူ တစ်ခုခု ပြောရန်ပြင်လိုက်စဥ် တစ်စုံတစ်ဦးမှ အင်္ကျီစအား လာဆွဲသည်။

ငုံ့ကြည့်လိုက်သောအခါ တုရှောင်ရှောင်အား တွေ့ရ၏။

သူမ မျက်နှာလေး မော့ကာ မေးလာသည်။ "ဘယ်လောက် ကြာဦးမလဲဟင်။"

ကျန်းမုန့်ရီ နာရီ ကြည့်လိုက်သည်။ "ဆယ်မိနစ်တောင် မကျန်တော့ဘူး။ ခဏပဲ စောင့်ရမယ်နော်။"

"အင်း။" တုရှောင်ရှောင် ခေါင်းငြိမ့်ပြ၏။ ထို့နောက် လက်ကြားမှ ခေတ်ဟောင်းသံမဏိ သေတ္တာငယ်အား ယူထုတ်ကာ သူ့အား မော့ကြည့်၍ ကမ်းပေးလာသည်။

"ဦးဦးအတွက်။"

"ဦးဦးအတွက်။" ကျန်းမုန့်ရီ အံ့သြသွားရ၏။ ဒူးကွေးကာ ထိုင်ချ၍ သေတ္တာအား ယူလိုက်သော်လည်း  ချက်ချင်း မဖွင့်သေးဘဲ မေးလိုက်သည်။ "ဒါဘာလဲ။"

"မေမေ့ဆီက။ မေမေက ရှောင်ရှောင့်ကို ကူညီတဲ့လူကို ပေးရမယ်လို့ ပြောတယ်။"

"အဲ့လိုလား။" ကျန်းမုန့်ရီ သေတ္တာအား လက်နှင့် ချိန်ဆကြည့်သည်။ "မေမေက အထဲမှာ ဘာပါလဲ ပြောသေးလား။"

တုရှောင်ရှောင် လက်ခါပြလာ၏။ ထို့နောက် ပိုင်လော့ဖုန်းဖက် လှည့်ကာ လက်ထဲမှ ယုန်ရုပ်အား ကမ်းပေးလာသည်။

"ကိုကို့အတွက်။ ရှောင်ရှောင် လက်ဆောင်ပေးတာ။"

"ကျေးဇူးတင်ပါတယ်။" ပိုင်လော့ဖုန်း ပြန်ပြောလိုက်သည်။

ပိုင်လော့ဖုန်း အရုပ်ကို ယူကာ စစ်ဆေးကြည့်သောအခါ မည်သည့် ထူးခြားမှုမှ မတွေ့ရဘဲ သာမန် သိုးမွှေးအရုပ်သာ ဖြစ်နေ၏။

"ရထား လာတော့မယ်။ ရှောင်ရှောင်ရဲ့အရုပ်ကို ဂရုစိုက်နော်။ မေမေ့ကို ပေးပေး။ လုံးဝ မပျက်စီးစေဘဲ မေ့မေ့ဆီ ပို့ပေးနော်။"

"ဟမ်..." ပိုင်လော့ဖုန်း ကြောင်သွားသည်။"ရထား အတူ လိုက်မစီးဘူးလား။"

ရှောင်ရှောင် ပြန်မဖြေပေ။ ပိုင်လော့ဖုန်းကိုသာ စိုက်ကြည့်ကာ ထိုစကားကို ထပ်ပြောသည်။ "ရထား လာတော့မယ်။ လုံးဝ မပျက်စီးစေဘဲ မေ့မေ့ဆီ ပို့ပေးနော်။"

သူမ၏ မျက်လုံးများသည် အသက်မဲ့နေ၏။

"မေ့မေ့ဆီ ပို့ပေးနော်။" ပျက်နေသည့် အခွေကဲ့သို့ ထိုစကားကိုသာ ဆက်တိုက် ပြောနေသည်။ "မေ့မေ့ဆီ ပို့ပေးနော်၊မေ့မေ့ဆီ ပို့ပေးနော်၊မေ့မေ့ဆီ ပို့ပေးနော်။"

သူမ၏ အကြည့်ကြောင့် ပိုင်လော့ဖုန်း ကျောချမ်းကာ ကြက်သီးများ ထလာ၏။

သူပါးစပ်ဟကာ တစ်ခုခုမေးရန် ပြင်လိုက်စဥ် လေသံ၊ မိုးသံနှင့်အတူ ရထားသံ ကြားလိုက်ရပြီး ရထား ပလက်ဖောင်းပေါ် ရောက်လာသည်။

အပြင်မှ လေသည် ထင်ထားသည်ထက် ပိုပြင်း၏။ လေပြင်းကြောင့် အားလုံး ပါးစပ်များအား ပိတ်ထားရပြီး အဝတ်များမှာ စက္ကူရွက်များလို တဖျတ်ဖျတ်ခတ်နေသည်။

ကြမ်းပြင်မှ ဖုန်နှင့်အမှိုက်များ လေထဲ မြောက်တက်လာပြီး ၎င်းတို့၏ မျက်နှာ၊လက်နှင့် အရေပြားပေါ် ဓားနှင့် မွှန်းသလို ပွတ်တိုက်လာ၏။

ထိုအချိန်မှာပင် ပလက်ဖောင်းရှိ အသံချဲ့စက်မှာ အသက်ဝင်လာသည်။

ဘူတာရုံအား အသုံးမပြုသည်မှာ ကြာပြီဖြစ်၍ အသံချဲ့စက်များ အိုဟောင်းပျက်စီးနေ၏။ တရှဲရှဲနှင့် အသံနက်ကြီး ထွက်ပေါ်လာသည်။

"ရထား ရောက်ပါပြီ။ ကျယ်ချူး..."

ပိုင်လော့ဖုန်း နေရာ၌ တောင့်ခဲသွား၏။

သူအရုပ်အား ဆုပ်ကိုင်ရင်း အသံလာရာကို ကြည့်လိုက်သည်။ အသံလာရာသည် မီးဆိုင်းတစ်ခု၌ ချိတ်ထားသည့်  ဘူတာရုံ၏ အသံချဲ့စက်မှဖြစ်၏။

လေတိုက်သဖြင့် အသံချဲ့စက် ရှေ့နောက်ယိမ်းနေသည်။ အသံသည် တစ်စုံတစ်ယောက်အား လည်ပင်းညှစ်နေ၍ ရုန်းကန်တွန်းထိုးရင်း ပြောနေရသည့် အသံမျိုးဖြစ်၏။

"ဘူတာရုံမှ... ခရီးသည်များ...ခရီးဆောင်အိတ်ကို ယူပြီး...ရထားပေါ်တက်ပါ..."

"အချိန်လွန်သူများအား.....မစောင့်ပါ"

ပြတ်တောင်းပြတ်တောင်း စကားများ ပြီးဆုံးသည်နှင့် ရထား ကသုတ်ကရိုက် ရောက်လာပြီး ထုတ်လွှင့်မှု ပြတ်တောက်သွား၏။

ပိုင်လော့ဖုန်း နေရာ၌ မလှုပ်မယှက် ရပ်နေမိသည်။

သူငယ်အိမ်များ တုန်ရီကာ မယုံကြည်နိုင်မှု၊ ထိတ်လန့်မှုများဖြင့် ပြည့်နေသော မျက်လုံးများနှင့် အသံချဲ့စက်အား စိုက်ကြည့်နေမိ၏။

ထိုအသံမှာ စုယွီ၏ အသံပင်။

တစ်ခြားသူ မဖြစ်နိုင်ပေ။

သူ ယခုနက ပြောပြခဲ့သည့် လွန်ခဲ့သောငါးနှစ်က သတ်သေခဲ့သည့် သူ့ကောင်လေး၏ အသံဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment