no

Font
Theme

အခန်း ၁၀ - ဖြတ်သန်းနေသောရထား (အပိုင်း ၂ )

 

"စုံစမ်းကြ

မယ် လူခွဲပြီးသွားကြမလား" ပိုင်လော့ဖုန်းကမေးလာသည်။

 

"ခဏနေဦး။" စုချာကပြောလာသည်။ "စုံစမ်းရမှာဆိုပေမယ့် ငါတို့ကဘာကိုစုံစမ်းရမှာလဲ...ဘာအကြောင်းမေးကြမှာလဲ...စကားဝိုင်းကိုရော ဘယ်လိုစကြမလဲ... ဒီတိုင်းလျှောက်သွားပြီး ရထားကိုဘယ်လို ဖောက်ခီဲရမလဲလို့ သွားမေးရမှာလား...ဒါကြီးက တုံးအရာမကျဘူးလား..."

 

မှန်သည် - ထိုအကြံက တုံးအလွန်းရာကျ၏။

 

 

"ဟုတ်သားပဲ။ စည်းမျဥ်းကသရဲတွေနဲ့ စကားပြောလို့ရတယ်လို့ ပြောထားပေမယ့် ဘာအကြောင်းလဲဆိုတာမပါဘူး။ ဒီတိုင်းကြီးလျှောက်သွားပြီး မေးခွန်းတွေသွားမေးရင် သရဲတွေသံသယဝင်မှာပဲ။ ငါတို့သတိရှိဖို့လိုတယ်။ စည်းမျဥ်းတွေက ကြိုနမိတ်ဖတ်နေသလိုပဲ။ ငါတို့နောက်တစ်ချိန်ကျ သရဲတွေနဲ့စကားပြောလို့ရတဲ့ အနေအထားရောက်မယ်ဆိုတဲ့ သဘောမျိုးပေါ့။" ရှစ်ယွမ်က သူတို့အားကြည့်နေသည့် တံခါးနောက်မှမျက်လုံးများအား ကြည့်ကာပြောလိုက်သည်။

 

တစ်ဖွဲ့လုံးလက်မှတ်များအား အလျင်အမြန်ဆွဲထုတ်လိုက်ကြသည်။

 

အားလုံး၏လက်ထဲ လက်မှတ်များရောက်မှသာ မျက်လုံးများနေရာပြန်ရွေ့သွားလေ၏။

 

 စုချာကသက်ပြင်းချကာ နံရံကိုအားပြု၍ ထရပ်သော်လည်း ခြေထောက်များက တုန်ရီနေဆဲ။ "ငါသည်းမခံနိုင်တော့ဘူး။"

 

"အစပိုင်းမို့လို့ကြောက်တာပါ နောက်ကျရင် အသားကျသွားလိမ့်မယ် လူဆိုတာအချိန်တန်ရင် နေသားကျသွားတာချည်းပဲ" ရှစ်ယွမ်ကပြောရင်း ထုတ်လွှင့်နေသည့်မျက်နှာပြင်အား ထိကြည့်သော်လည်း ပျောက်သွားသည့် စာသားဒိုင်ခွက်က ပြန်မပေါ်လာပေ။ "ထုတ်လွှင့်ခန်းမှာလည်း ဘာမှပေါ်မနေဘူး ငါတို့တစ်ခုခုကို အဖြေရှာရမယ့်ပုံပဲ။"

"ဖြစ်နိုင်တယ်။ S1 ရဲ့ပို့စ်မှာလည်း စည်းမျဥ်းတွေရှာတွေ့ရင် ဇာတ်ကြောင်းတွေက အလိုလိုပေါ်လာမယ်လို့ပြောထားတယ်။ တကယ်လို့အလုပ်မဖြစ်ရင်လည်း စမှတ်ကိုပြန်သွားပြီး လှည့်ပတ်ကြည့်ကြတာပေါ့။ အဓိကနေရာကိုရောက်သွားရင် နောက်ဇာတ်ကြောင်းက အလိုလိုပေါ်လာမှာပဲ။ ဒီဇာတ်လမ်းအတွက်အဖြေရှာရင်း နောက်စည်းမျဥ်းကိုပါထပ်ရှာကြတာပေါ့။ ပို့စ်မှာလည်းဒီလိုပဲပြောထားတယ်မလား..."

 

 

ကြောက်နေသည့်လူငယ်က စိတ်မရှည်ဟန် မေးလာသည်။ "အဲ့တော့ ရထားတွဲတွေဆီက သွားရဦးမှာလား..."

 

"သွားရမှာပေါ့။" ရှစ်ယွမ်ကသူ့ကိုကြည့်လာသည်။ "ဂိမ်းထဲတောင်ရောက်နေပြီကို... မင်းကဒီတိုင်းရပ်နေမလို့လား... သေမှာကိုစောင့်နေမှာလား... လက်မှတ်လည်း ရှိနေပြီပဲ၊ သရဲကိုကြောက်မနေနဲ့တော့ပေါ့..."

 

ကြောက်နေသည့်လူငယ်၏ မျက်နှာကရှုံ့တွတွန့်လိမ်နေလျက်။

 

 

"ဒါဆိုရထားလုံးဆီအရင်သွားပြီး ဇာတ်ကြောင်းတစ်ခုခုရှိမလား သွားကြည့်ကြမလား။" လီချန်စစ်က ဂရုတစိုက်မေးလာသည်။ "ပြီးတော့ လောလောဆယ် သရဲတွေနဲ့ စကားမပြောနဲ့ပေါ့။ သူပြောသလို အကြောင်းပြချက်မရှိဘဲ စကားသွားပြောရင် သူတို့ရိပ်မိသွားလိမ့်မယ် ပိုအင်အားကြီးတဲ့အရာနဲဲ့ကြုံတဲ့အချိန် စကားကိုမှန်အောင်မပြောတတ်ရင် ငါတို့အသတ်ခံနေရလိမ့်မယ်။"

 

လီချန်စစ်ကပြောရင်း စကားမှားလေသလားတွေးကာ ပိုင်လော့ဖုန်းအားကြည့်လာသည်။

 

ပိုင်လော့ဖုန်းက ခေါင်းသာငြိမ့်ပြ၏။ "မှန်တယ်။ အခုထိစိတ်ကမကြည်သေးတော့ စိတ်အလိုလိုက်မိသွားတယ်။"

 

"ရပါတယ်။" စုချာကပြောလာသည်။ "သေပြီးသားအမျိုးသားရဲ့ အသံကိုကြားလိုက်ရင် ဘယ်သူမဆိုတုန်လှုပ်မှာပဲ။ နင်ကတော်သေးတယ်။ ငါသာဆို အဲ့နေရာမှာတင်ရူးသွားလောက်တယ်။"

 

 

ပိုင်လော့ဖုန်းက အားတင်းကာပြုံးပြသော်လည်း ဘာမှပြန်မပြောလာပေ။ အပြုံးမှာအတော်လေး အားစိုက်ထားရပုံပေါ်ပြီး ခဏအကြာ ပျောက်သွားလေသည်။ သူ့အပြုအမူများက အသက်မပါနေ။

 

 

ရှစ်ယွမ်က သူ့အပြုအမူများ ပြောင်းသွားသည်ကိုသတိထားမိသော်လည်း ဘာမှမပြောပေ။ ကျန်သည့်လူများဘက်ကိုသာလှည့်သွားလေသည်။ "ကောင်းပြီ၊ ဒီလိုပဲလုပ်ကြတာပေါ့။ ရထားလက်မှတ်ကိုင်ပြီး အားလုံးအတူသွားကြမယ်။ ဇာတ်ကြောင်းတစ်ခုခုတွေ့မလား၊ NPC အသစ်နဲ့တွေ့မလားပေါ့။ လက်ရှိတော့သရဲတွေနဲ့စကားမပြောနဲ့။ အခြေအနေကို အရင်လေ့လာရမယ်"

 

 

"ခဏနေဦး။ အလျင်စလိုစုံစမ်းတာမျိုးမလုပ်နဲ့။" ကျန်းမုန့်ရီကပြောလာ၏။ "ဒါနဲ့တစ်ခုခု မေ့မနေကြဘူးလား..."

 

 

"ဘာကိုလဲ..."

 

 

ကျန်းမုန့်ရီက တုရှောင်ရှောင်ပေးခဲ့သော ယုန်ရုပ်အားကောက်ယူလိုက်သည်။ နောက်လက်တစ်ဖက်၌မူ သေတ္တာငယ်တစ်လုံးရှိနေသည်။

 

 

 

 

စုချာကချက်ချင်း သဘောပေါက်သွားသည်။ "ဟုတ်သားပဲ။ သူကသူ့အမေဆီ တစ်ခုခုပို့ချင်နေတာပဲ။"

 

"သူ့အမေကဘယ်သူလဲ...ဘယ်မှာလဲဆိုတာ အဆုံးထိမပြောသွားဘူး။ သူ့အမေကိုတောင် ငါတို့ကိုစားဖို့ပြောသွားသေးတယ်။ သူ့အမေကိုရှာတာက ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်မနေဘူးလား... တကယ်ပို့ပေးချင်တာတောင်မှ သူဘယ်မှာလဲငါတို့မှမသိဘဲ... ရှာကြမလား၊ ဒါမှမဟုတ် ဒီတိုင်းထားလိုက်ကြမလား..."

 

 

 

"စည်းမျဥ်းတွေထဲမှာ တုရှောင်ရှောင်နဲ့ပတ်သက်ပြီး ဘာမှမပြောထားဘူး စည်းမျဥ်းအခြေပြုဂိမ်းတွေမှာ ဖော်ပြထားတဲ့အချက်တွေကပဲ ဂိမ်းနိုင်ဖို့အတွက် အရေးပါတယ်လို့ S1 ကပြောထားတာမလား... ငါတို့ရဲ့လက်ရှိရည်ရွယ်ချက်က ဒီရထားကနေလွတ်ဖို့ပဲ။ တုရှောင်ရှောင်နဲ့ဘာမှမပတ်သက်ဘူး။"

"မှန်တယ်။ တုရှောင်ရှောင်သာ တကယ်အရေးကြီးရင် သူ့အမေကိုရှာပြီး နောက်ဆုံးဆန္ဒဖြည့်ပေးတာ ဒါမှမဟုတ် ရထားပေါ်ကခေါ်ထုတ်ပေးရတာမျိုး ဖြစ်ရမှာမဟုတ်ဘူးလား။ ဘာပဲပြောပြော သူနဲ့ဆက်စပ်နေတဲ့ တစ်ခုခုတော့ရှိရမှာပေါ့။"

 

"တကယ်လို့အဓိကပန်းတိုင်က သူ့အမေမဟုတ်တာသေချာရင် ငါတို့ရှောင်သင့်တယ်။ သူကငါတို့ကို စားချင်နေတာမလား..."

 

အားလုံးကထိုအချက်အားသဘောတူလိုက်ပြီး အဖြေကိုထုတ်ပြောရန် မလိုတော့ပေ။

 

"မင်းတို့ဘာပြောချင်တာလဲ..." ကျန်းမုန့်ရီက လက်ထဲမှပစ္စည်းနှစ်ခုအားမြောက်ပြလာသည်။ "ဒီပစ္စည်းနှစ်ခုက အသုံးမဝင်လို့ ပစ်ချလိုက်တော့လို့ ပြောချင်တဲ့သဘောလား..."

 

"ပစ်ချဖို့ကျတော့လည်း..." စုချာကစဥ်းစားနေသည့်တိုင် အတော်လေးဒွိဟဖြစ်နေပုံရ၏။ "S1 ပြောတာက ဂိမ်းထဲမှာ အန္တာရယ်ရှိတယ်လို့ သံသယဝင်တဲ့ ပစ္စည်းတွေကလွဲပြီး အထူးသဖြင့် အဆင့်မတက်ခင်ရတဲ့ပစ္စည်းတွေကို မပစ်ရဘူးတဲ့။ NPC ရဲ့ပစ္စည်းကိုပစ်ချတာက တားမြစ်ထားတဲ့အချက်ပဲ။"

 

သူတို့၏လက်ရှိအခြေအနေက S1 ပြောထားသည်နှင့် ကွက်တိကျနေသည်။ ထိုထက်ပိုသေချာသည့် ပြဋ္ဌာန်းချက်မျိုးပင် ထပ်မရှိနိုင်လောက်တော့။

 

"ဒါဆိုဘာလုပ်ကြမလဲ..." ကျန်းမုန့်ရီကအားလုံးကို တစ်ချက်ကြည့်လိုက်သည်။ "S1 ပြောတဲ့အတိုင်းလုပ်မလား..."

 

အားလုံးကအချင်းချင်း မရေမရာကြည့်နေကြသည်။

 

 

ပိုင်လော့ဖုန်းက ကျန်းမုန့်ရီဆီလျှောက်လာပြိီး လက်ထဲကအရုပ်ကိုယူလိုက်သည်။ ခေါင်းကိုပွတ်ကာ လည်ပင်းကိုဆွဲလှည့်၍ ခြေလက်များအား ပြင်းပြင်းထန်ထန်ဆွဲခါသော်လည်း ဘာမှဖြစ်မလာချေ။

 

ပိုင်လော့ဖုန်းက နှုတ်ခမ်းအားတင်းတင်းစေ့၍ ကျန်းမုန့်ရီလက်ထဲက သေတ္တာအားကြည့်ကာ ခေါင်းငြိမ့်ပြလာသည်။

 

ကျန်းမုန့်ရီက ခေါင်းခါပြကာ သူ့အားပြလာသည်။ အထဲ၌ဖွင့်ရန်သော့မရှိသည့် သော့ခလောက်ငယ်တစ်လုံးသာရှိ၏။

 

 

လက်ရှိ၌ဆိုလိုရင်းအား သဘောပေါက်သူ မရှိသေးပေ။

 

အကြောင်းအရာများစွာကို အပြန်အလှန်ဆွေးနွေးကြသော်လည်း နီးစပ်သည့်အဖြေကိုရှာမတွေ့ကြသေးချေ။

 

 

အားလုံးစိတ်ပျက်လက်ပျက် ဖြစ်နေကြချိန် စုချာက လက်မှတ်အားသေချာကြည့်နေသည်။ သူမ၏မျက်လုံးများက ရုတ်တရက်ဝင်းလက်လာပြီး 'ဟမ်'ဟူသည့် အာမေဋိတ်သံထွက်လာသည်။

 

"ဟေး..." စုချာက လက်မှတ်အားထိုးပြလာသည်။ "ဒီမှာခုံနံပါတ်ပါတယ်မလား။"

 

 

အားလုံးကကြောင်နေကြကာ ခဏကြာသောအခါမှ လက်မှတ်အားအတင်းဖြဲကြည့်ကြတော့သည်။

 

 

လက်မှတ်များ၌ အမှန်ပင် ရထားတွဲနံပါတ်နှင့် ခုံနံပါတ်များပါနေလေသည်။

 

"မင်း ပြောသလိုဆို တုရှောင်ရှောင်ရဲ့လက်မှတ်မှာလည်း ခုံနံပါတ်ပါမှာပဲ..." ပိုင်လော့ဖုန်းကပြောလာသည်။

 

 

"ဒါပေမယ့်လက်မှတ်ကသူ့ဟာလေ။ ပြီးတော့သူက ရထားပေါ်မှမတက်လိုက်ရတာ။" ရှစ်ယွမ်ကဝင်ထောက်၏။ "သူ့အမေလက်မှတ်မဟုတ်တဲ့အပြင် မီးလောင်သွားတော့ ဘယ်သုံးလို့ရပါဦးမလဲ..."

 

 

ပိုင်လော့ဖုန်းက ခဏလောက်စဥ်းစားနေ၏။ "ဒီလိုပြောမှ သူ့လက်မှတ်ကမီးလောင်ပြီး ငါတို့ဟာကဘာလို့မလောင်တာလဲ။ လက်မှတ်အားလုံးက လူစစ်စစ်တွေဝယ်ထားတာပဲမဟုတ်ဘူးလား။"

 

"သူရထားပေါ်မတက်လို့နေမှာပေါ့။" ရှစ်ယွမ် ခန့်မှန်းလိုက်သည် "ရထားပေါ်မတက်တဲ့လူရဲ့ လက်မှတ်မို့လို့ မီးလောင်သွားတာဖြစ်မယ်။"

 

ရှစ်ယွမ်စကားကယုတ္တိကျသော်လည်း ထိုထက်ပိုသည့်အကြောင်းပြချက် ရှိမည်ဟုပိုင်လော့ဖုန်းတွေးမိသည်။ တုရှောင်ရှောင်၏အမေအား ရှောင်ရမည်ဟူသည့်အဖြေက အသေချာအသပ်ရပ်ဆုံး အဖြေဖြစ်နေဆဲပင်။

 

ဖုန်းအားယူကာ ဟုမ်းပေ့ချ်ထဲဝင်ရန် အက်ပ်ထဲမှထွက်လိုက်သဖြင့် ထုတ်လွှင့်ခန်းမှာ ဟာလာဟင်းလင်းဖြစ်နေသည့် မျက်နှာပြင်သာကျန်ခဲ့သည်။ မှတ်စုအက်ပ်အားသူဖွင့်လိုက်သည်။ မှတ်ဥာဏ်များပူနွေးနေစဥ် တုရှောင်ရှောင်၏လက်မှတ်နှင့်ပတ်သက်၍ သူမှတ်မိသမျှအားလုံးကို ချရေးထားရမည်။

 

"အခုလက်ရှိတော့ ဒါတွေကိုမပစ်နဲ့ပေါ့။ S1 ပြောတာကိုလိုက်နာကြရအောင်။"

 

 

"မင်းတကယ်ယုံတာလား..." ပျော့ညံ့သည့်လူက ကူကယ်ရာမဲ့နေသလိုညည်း၏။ "ဒီပစ္စည်းတွေက သူ့အမေ ငါတို့ကိုစားဖို့ ကူညီရာရောက်နေရင် ဘယ်လိုလုပ်မလဲ..."

 

"မင်းကြောက်နေရင် ငါပဲကိုင်ထားလိုက်မယ်။" ပိုင်လော့ဖုန်းက ပြန်ဖြေသည်။ "တကယ်အစားခံရရင် ပထမဆုံးအစားခံရမယ့်လူကငါပဲ။ မင်းအလှည့်တောင်ရောက်မှာမဟုတ်ဘူး။"

 

 

ကြောက်နေသည့်လူက အင်မတန်စိတ်အဆင်မပြေဟန်နှင့် နှုတ်ခမ်းကြီးစူကာ မျက်နှာအားရှုံ့မဲ့ထားဆဲ။

 

ပိုင်လော့ဖုန်းက သူ့အားလျစ်လျူရှူကာ လက်တစ်ဖက်နှင့်အရုပ်ကိုပွေ့၍ ကျန်လက်အားဆန့်ထုတ်ကာ ကျန်းမုန့်ရီထံမှ သေတ္တာကိုတောင်းလိုက်သည်။

 

ကျန်းမုန့်ရီက သူ့အားမပေးဘဲ ရှောင်လိုက်သည်။ ပါးစပ်ထဲ စီးကရက်ခဲရင်း ခေါင်းမာစွာနှင့်သူကပြောလာသည်။ "ငါယူထားမယ် ငါလည်းတာဝန်ယူရမှာပေါ့ တကယ့်ကမ္ဘာအစစ်မှာဆို ငါ့အလုပ်ကဒီလိုပုံစံမျိုးပဲ'

 

"သြော်...အဲ့လိုလား" ပိုင်လော့ဖုန်း လက်ကိုပြန်ရုပ်လိုက်သည်။ "ငါတို့နှစ်ယောက်လုံး သရဲအစားမခံရဖို့ မျှော်လင့်တာပဲ။"

 

 

"ကြားရတာကောင်းသားပဲ။ အားလပ်ရက်မှာ လူတွေပေါက်ကရလုပ်ကြတာထက် ဆုတောင်းတာကပိုအသုံးဝင်တယ်။"

 

ပိုင်လော့ဖုန်းကရယ်ကာ တစ်ခြားသူများဖက်လှည့်လိုက်သည်။ "အားလုံးမှာ ထိုင်ခုံနံပါတ်တွေရှိမှတော့ ကိုယ့်နေရာကိုယ်သွားထိုင်ပြီး တစ်ခုခုဖြစ်လာမလား ကြည့်ကြတာပေါ့... ဘယ်လိုလဲ..."

 

"ဟုတ်တယ် ဂိမ်းကငါတို့ကို တစ်ခုခုလုပ်စေချင်လို့ နံပါတ်တွေ ပေးထားတာဖြစ်နေနိုင်တယ်"

 

"ငါတို့ဂိမ်းထဲကိုအခုမှရောက်တာလေ။" လီချန်စစ်ကပြောလာသည်။ "အခုလူခွဲတာက စောလွန်းတယ်မထင်ဘူးလား။ မင်းတို့ကဘယ်ရထားတွဲမှာလဲ။"

 

 

 

 

"၀၇"

သူတို့အားလုံး အတွဲ ၇ ၌သာနေရာချခံရသဖြင့် အထူးတလှယ်စိုးရိမ်နေစရာမလိုတော့ချေ။

 

 

"အားလုံးအတွဲ ၇ ကဆိုတော့ တူတူသွားထိုင်ကြတာပေါ့။" ကျန်းမုန့်ရီကပြောရင်း နောက်ကလူများအားလက်ယပ်ခေါ်သည်။ "ဒီလမ်းကအတွဲ ၅၊ ဒီလမ်းကအတွဲ ၆ဆိုတော့ အတွဲ ၇ ကိုသွားဖို့ ဒီလမ်းသုံးရမှာပဲ။"

 

 

အားလုံးမှာတောင့်ခဲသွားကြပြီး လက်မှတ်အားကျစ်ကျစ် ဆုပ်ထားမိကြသည်။

 

 

ရထားတွဲထဲမှ စင်္ကြံလမ်းကအတော်ကျဥ်းသဖြင့် အတွေ့အကြုံအရ သူတို့အားလုံး စီတန်းနေရာယူကာ ရှေ့တက်ရန်ပြင်ကြသည်။

 

ယခုတစ်ကြိမ်၌ ပိုင်လော့ဖုန်းက ရှေ့ဆုံးတွင်နေရာယူပြီး သူ့အနောက်တွင် ကျန်းမုန့်ရီဖြစ်ကာ နောက်ဆုံး၌ရှစ်ယွမ်က နေရာယူထား၏။

 

 

နောက်မှလိုက်ရသည့်အကြောင်းအား ပိုင်လော့ဖုန်းကမေးသောအခါ ဒုတိယနေရာမှလူက တိုက်ခိုက်ရန်ပိုလွယ်သည်ဟု ကျန်းမုန့်ရီကပြောလာ၏။

 

"ငါကအတိုက်အခိုက်ကျွမ်းတယ်လေ" ကျန်းမုန့်ရီ ပြောလိုက်ခြင်းပင်။

 

ပိုင်လော့ဖုန်းက စိတ်မဝင်စားသည့်ဟန်နှင့် "သြော်"တစ်လုံးတည်းသာပြန်ပြောသည်။

 

အားလုံးစီတန်းပြီးသည်နှင့် ကျန်းမုန့်ရီကလှည့်လာပြီး အားလုံးကိုသတိပေးလိုက်သည်။ "သေချာနားထောင်၊ သရဲတွေသံသယမဝင်စေနဲ့... ရထားတွဲထဲရောက်တာနဲ့ စကားမပြောကြနဲ့တော့။"

 

 

အားလုံးက ခေါင်းငြိမ့်ပြကြသည်။

 

 

"ကောင်းပြီ။" ကျန်းမုန့်ရီ ရှေ့သို့ ပြန်လှည့်လာသည်။ "ရှေ့တက်ပြီးတံခါးဖွင့်လို့ရပါပြီ။ ခေါင်းဆောင်သိုးကလေးရေ..."

 

ထိုနာမည်ပြောင်အား ပိုင်လော့ဖုန်းက "ဟားဟား"ဟုနှစ်ချက်သာရယ်ကာတုံ့ပြန်ပြီး တံခါးအားဆွဲဖွင့်လိုက်သည်။

 

တံခါးဖွင့်လိုက်သည်နှင့် ပြင်ပမှအေးစက်နေသော တစ္ဆေလေအေးက ဝင်ရောက်လာပြီး အပူချိန်ချက်ချင်းထိုးကျသွားလေ၏။ ရထားအတွင်းပိုင်း၌ သံချေးများ၊မှိန်ပျပျမီးနှင့် ထုံထိုင်းသောလေထုသာရှိပြီး နွေးထွေးမှုအား စိုးစဥ်းမျှရှာမတွေ့ချေ။

 

 

ရထားထဲရှိ ခရီးသည်အားလုံးမှာ တစ်ဝက်ခန့်ဖောက်မြင်နေရသော ပုံရိပ်များသာ ဖြစ်နေသည်။ အရိပ်သဏ္ဍာန်နက်မှောင်ကာ အနီရောင်စွန်းနေသည့် မျက်လုံးများနှင့် သူတို့အားလှည့်ကြည့်လာကြသည်။

သရဲတစ္ဆေများစွာ၏အကြည့်အောက်တွင် ရပ်နေသည့်ပိုင်လော့ဖုန်းက အသက်ကိုရှိုက်သွင်းလိုက်မိ၏။ ထိုစိတ်အားထက်သန်မှု၊ဆာလောင်မှုအပြည့်နှင့် မျက်လုံးများက အရေပြားအားဖောက်ကာ သူ့အသွေးအသားထဲစိမ့်ဝင်နေသည်။

 

တံတွေးတစ်ချက်မျိုချကာ ခြေတစ်ဖက်ကြွလိုက်ပြိီး အတွင်းသို့ခြေလှမ်းရန်ပြင်လိုက်စဥ်...

 

ရထားတွဲ နံပါတ် ၆ရှိ တစ်ဖက်မှတံခါးက ချောက်ခနဲမြည်သံနှင့်အတူ ပွင့်လာသည်။

 

 

အကွာအဝေးအတော်ကြိီးမားကာ တံခါးကိုဟရုံသာဟထားသော်လည်း ပြင်းထန်၍အသက်ရှူကြပ်စေသော ဖိအားတစ်ခုသူ့ဆီလာနေသည်ကို ပိုင်လောဖုန်းခံစားမိသည်။

 

မျက်နှာချင်းဆိုင်တံခါးက တစ်ဝက်ခန့်ပွင့်လာပြီး ယခင်ထက်ပို၍အေးစက် ပြင်းထန်သောလေပြင်းများက ပိုင်လော့ဖုန်း၏ဆံစများအား အနောက်သို့ လွင့်သွားအောင် တိုက်ခတ်လာသည်။ လေထဲ၌သွေးညှီနံ့အနည်းငယ်ပါနေသည်။

 

တစ်စုံတစ်ဦးက ခြေလှမ်းလာသည်။ အနက်ရောင်သားရေဖိနပ်၏ ဟောင်းနွမ်းသောကြမ်းပြင်အား စူးရှစွာပွတ်တိုက်သံက ရထားတွဲထဲ၌ပဲ့တင်ထပ်နေလျက်။ ကြမ်းပြင်၏တကျွီကျွီအသံနှင့်အတူ ပြတ်သားသည့်ခြေသံက နီးသထက်နီးလာပြီး အချိန်နှင့်အမျှပုံရိပ်က ပိုထင်ရှားလာ၏။

 

 

အလွန်အရပ်ရှည်သော အမျိုးသားတစ်ဦးဖြစ်သည်။

 

 

အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အပြင်မှနက်ပြာရောင် ရေတပ်ဝတ်စုံကို ထပ်ဝတ်ထားကာ စစ်ဦးထုပ်ဆောင်းထားသည့် ခေါင်းမှာတောင့်တင်းနေပြီး မျက်နှာ၏တစ်ဝက်ခန့်က အရိပ်ကျနေသည်။ ဦးထုပ်ဖြင့်မကာထားသည့် ဆံစများက အေးစက်သောလေထဲယိမ်းနွဲ့နေသည်။

 

 

 

 

နေရာ၌ရပ်ကာ တံခါးအားဖွင့်လျက် ခြေထောက်အားတစ်ဝက်တစ်ပျက် လှမ်းထားရင်းမှ သွေးများအေးခဲသွားသလို သူတောင့်ခဲနေသည်။

 

ထိုလူ၏မျက်နှာကို ဦးထုပ်အစွန်းကဖုံးထားသဖြင့် သေချာမတွေ့ရပေ။ သို့သော်သူ့ဆီမှ ရင်းနှီးနေသည့် အငွေ့အသက်အားခံစားရပြီး သူ့ကိုခဏတာ ငြိမ်သက်နေစေသည်။

 

 

ရထားတွဲသည် အဆက်မပြတ် အသံမြည်နေပြီး ထိုလူ၏ဘွတ်ဖိနပ်သည် သစ်သားပြားနှင့်ပွတ်တိုက်ကာ စည်းချက်ကျကျအသံထွက်ပေါ်နေသည်။

 

 

ရထားလုံးအတွင်း မှောင်လွန်းနေ၍ ပိုင်လော့ဖုန်း ဘာကိုမှ ရှင်းရှင်းလင်းလင်းမတွေ့ရပေ။ ထိုပုံရိပ်နီးလာလေလေ ထူးဆန်းသော စိတ်ခံစားမှုများက သူ့ကိုယ်တွင်းမှစိမ့်ထွက်လာလေလေပင်။

 

ကြောက်လန့်မှု၊ရင်းနှီးသောခံစားချက်နှင့် လွမ်းဆွတ်မှုတို့ရောထွေးကာ သူ့ရင်ဘတ်တစ်ခုလုံး တင်းကျပ်လာရသည်။

 

 

အကြောင်းပြချက် မရှိဘဲသူ့မျက်လုံးများက စိုစွတ်လာတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment