no

Font
Theme

အပိုင်း - ၁၄ ဖြတ်သန်းနေသောရထား (အခန်း ၁၄)

"ဘာပဲဖြစ်ဖြစ် အတွေးမလွန်နဲ့။ ဝမ်းလည်းမနည်းနဲ့။ တစ်ခြားဘက်က လှည့်တွေးရင် ဒါလည်းတစ်မျိုး ကောင်းတာပဲမလား..."

ထိုစကားကိုပြောလာသူမှာ ငကြောက်ကောင်ဘေးမှ ကောင်လေးဖြစ်သည်။ လူငယ်ဆိုသော်ငြား အတော်လေးရင့်ကျက်ပုံပေါ်ပြီး နှစ်များစွာအလုပ်ခွင်ထဲ နေလာခဲ့ဖူးပုံပေါ်သည်။

ရုပ်ရည်မှာ မချောသလို ရုပ်မဆိုးဘဲ အနေတော်ဖြစ်ပြီး လူအုပ်ထဲရပ်နေပါက သီးသန့် ထင်းထွက်မနေသည့် ရုပ်ရည်မျိုးပင်။

ထိုသာမန်ရုပ်ရည်နှင့်လူက သူ့အားပြုံးပြလာ၏။ "NPC ဆိုတော့ တကယ်မသေသေးဘဲ တစ်နည်းနည်းနဲ့ အသက်ရှင်နေတုန်းပဲလို့ ပြောလို့ရတာပေါ့။"

တစ်ခြားမိန်းကလေးတစ်ဦးက ဝင်ထောက်ခံသည်။ "ဟုတ်သားပဲ၊ အဆိုးဖက်ကမတွေးနဲ့နော်။ ဒီလိုတွေးကြည့်ပါလား... သူသာ ဘာအမှတ်မှမရထားတဲ့ သာမန်ထုတ်လွှင့်သူဆိုရင် သူသေရင် ဘယ်သူက ဆန္ဒဖြည့်ပေးပါ့မလဲ။ ဒီတိုင်းအသေခံလိုက်မှာပေါ့။"

"ဆန္ဒဖြည့်ဖို့ လုံလောက်တဲ့အမှတ် ရထားလို့သာ အခုလိုအသက်ရှင်လျက် ရှိနေနိုင်တာပေါ့။ အပြင်မှာ သတ်သေသွားရတာက ဂိမ်းကိုရှုံးခဲ့ပုံပဲ။ အဲဒါကြောင့် ဆန္ဒဖြည့်ပေးရင် NPC အဖြစ်နေမယ်ဆိုပြီး ပရိုဂရမ်ဆွဲသူနဲ့ ညှိနှိုင်းခဲ့ပုံပဲ။ သူ့အမှတ်ကလည်းမြင့်မယ်ထင်တယ်။ ဆန္ဒနဲ့လဲလို့ရတဲ့အထိ မမြင့်တောင်မှ နီးစပ်နေပြီထင်တယ်။"

"အနည်းဆုံးတော့သူ့ကို ပရိုဂရမ်ရေးသူက သတိပြုမိသွားပုံပဲ။ ဒီလောက်ထိဆို သူ့အမှတ်ကလုံးဝမနိမ့်နိုင်ဘူး။"

"အဓိပ္ပါယ်ရှိသားပဲ။" ရှစ်ယွမ်က ပိုင်လော့ဖုန်းအား လှည့်ကြည့်လာသည်။

"သူ အရင်က ဦးဆောင်သူစာရင်းထဲ ပါဖူးမယ်ထင်တယ်။ ဒီအရည်အချင်းလောက်ဆို အနိမ့်ဆုံး B အဆင့်တော့ဝင်မှာပေါ့။" ငကြောက်ကောင်က ဝင်ပြောလာ၏။

"သူရှုံးသွားပြီး S အဆင့်ထိမရောက်ပေမယ့် ဒီလောက်လုပ်နိုင်မှတော့ သရဲတွေကိုသွားရှာပြီး အသေခံမယ့်အစား သူ့ကိုရှာတာပိုမကောင်းဘူးလား..."

"ထုတ်လွှင့်သူကနေ NPC ဖြစ်နေမှတော့ ငါတို့ကိုလွှတ်ပေးဖို့က သူ့အတွက်မခက်လောက်ပါဘူး။ လုပ်စမ်းပါ... မင်းလည်းသူ့ကို တွေ့ချင်နေတာပဲမလား... ငါးနှစ်တောင်ကြာပြီဆိုတော့ မင်းလည်းသူ့ကို ပြောစရာတွေအများကြီး ရှိတယ်မလား..."

ထိုအချိန် ပိုင်လော့ဖုန်း အနည်းငယ် သတိလက်လွတ်ဖြစ်ကာ မသဲမကွဲစကားလုံးများပင် ရေရွတ်နေမိသည်။ ထိုမေးခွန်းနှစ်ခုအား သူငြင်းနိုင်စွမ်းမရှိချေ။

"သူဒီဂိမ်းထဲရောက်နေတာ ငါးနှစ်ရှိပြီ။ အားလုံးကမင်းအတွက်ကြောင့်ပဲ။ ကြိုးချည်ခံထားရတဲ့ ခွေးလိုပဲ။ သူလည်းမင်းကို ပြောချင်တာတွေရှိမှာပဲ။ မင်းအခုသူ့ကို သွားတွေ့သင့်တယ်မထင်ဘူးလား..."

ငကြောက်ကောင်၏ အသံကအလွန်ကျယ်ပြီး စကားလုံးများက ပြင်းထန်လွန်း၍ ပိုင်လော့ဖုန်း သူ့အရိုးများပင် တုန်ရီနေသလို ခံစားရသည်။ ထိုတခဏ၌ သူ့ဆုံးဖြတ်ချက်က အနည်းငယ်ယိမ်းယိုင်လာသည်။

"မရဘူး။" ရှစ်ယွမ်ကဝင်ပြောလိုက်ခြင်းပင်။

ငကြောက်ကောင်က မွန်းကြပ်လာပြီး ဒေါသတကြီးနှင့် သူ့ဘက်လှည့်လာသည်။ "ဘာလို့မရရမှာလဲ... ဒီလို အခွင့်အရေးမျိုးကို ပစ်ပြီး သရဲတွေကိုသွားရှာချင်တာလား..."

"ဒါကတကယ်ကောင်းတဲ့ အခွင့်အရေးဖြစ်နေမယ်လို့ မင်းကဘယ်လိုသိလဲ..." ရှစ်ယွမ်ကပြန်ခံပက်သည်။ "NPC ဖြစ်ပြီးနောက်ပိုင်း သူစိတ်အနှောင့်အယှက် မဖြစ်ဘူးလို့ မင်းအာမခံလား... NPC မဖြစ်ခင်ကစိတ်နဲ့ ထုတ်လွှင့်သူဘဝက စိတ်အခြေအနေ အတူတူပဲလို့ မင်းအာမခံနိုင်လား..."

ငကြောက်ကောင် တောင့်တင်းသွားတော့သည်။

"ငါဒီစကားကိုထုတ်မပြောတာ သူစိတ်ညစ်မှာစိုးလို့။" ရှစ်ယွမ်က ပိုင်လော့ဖုန်းကို လှည့်ကြည့်လာ၏။ "ဒါပေမယ့်မင်းရဲ့ ဦးခေါင်းခွံ၊ဘယ်ဦးနှောက်၊ညာဦးနှောက်က ဘာလို့ဒီလောက်အထိ အလုပ်မလုပ်ရတာလဲ...ဒီကိစ္စက နည်းနည်းလေးတွေးကြည့်ရုံနဲ့ လူတိုင်းသဘောပေါက်နိုင်တဲ့ ကိစ္စမဟုတ်ဘူးလား..."

ငကြောက်ကောင်က ရှက်ရွံ့ကာ မျက်နှာနီရဲနေသည်။

ပိုင်လော့ဖုန်းလည်း မျက်နှာမကောင်းလှ။ အတိတ်အကြောင်းပြောစဥ်က တည်ငြိမ်မှုများက ပျောက်ကွယ်သွားသော်လည်း ဘာမှမပြောလာပေ။ ထိုကိစ္စအားကြိုတွေးကာ စိတ်ကိုပြင်ဆင်ပြီးပုံရ၏။

ပိုင်လော့ဖုန်းက ငကြောက်ကောင်ကဲ့သို့ ငတုံးမဟုတ်။

"ဒီနေရာမှာ ဒီဂိမ်းကိုရောဒီကမ္ဘာကိုရော ဖန်တီထားတဲ့လူက ပရိုဂရမ်ရေးသူပဲ။ ထုတ်လွှင့်သူ ဘယ်နှစ်ယောက်လောက် သူတွေ့ဖူးမလဲ တွေးကြည့်လိုက်... ဂိမ်းထဲမှာသေကုန်တဲ့လူတွေရော...သူဒါတွေကိုကြည့်ပြီး ပျင်းတောင်ပျင်းနေလောက်ပြီ။"

"လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ ဆန္ဒနဲ့အကြောင်းပြချက်ဆိုတာရှိတယ်။ နောက်စကားမပြောခင် ခေါင်းကိုအရင်သုံး..."

ရှစ်ယွမ်ကစကားကိုရပ်ကာ ရထားတွဲနံပါတ်ခြောက်ဆီလှည့်သွားသည်။ သူပြောလိုက်သည့်စကားက လူတိုင်းနားလည်နိုင်သည့် အနေအထားဖြစ်၍ ထိုထက်ပိုပြောနေရန်မလိုအပ်တော့။

သူ့ကိုယ်သူ ဖန်ဆင်းရှင်ဘုရားသခင်ဟုခေါ်ဆိုနေသည့် ထိုပရိုဂရမ်ရေးသူသည် ထိုကမ္ဘာကြိီးအား ကြီးမားကျယ်ပြန့်ရုံတင်မက အချိန်ပင်ပုံမှန်မလည်ပတ်အောင် ဖန်တီးထား၏။ ပိုင်လော့ဖုန်း၏ အတွေ့အကြုံအရ ထိုကမ္ဘာထဲ၌ ထုတ်လွှင့်သူများအသုံးပြုသည့် အချိန်သည်ပြင်ပကမ္ဘာ၌ စံချိန်မတင်ထားသည့် အချိန်သတ်မှတ်မှုမျိုးဖြစ်လိမ့်မည်။ ထိုကမ္ဘာထဲ၌အချိန်မည်မျှကြာပါစေ၊ ပြင်ပကမ္ဘာ၌အချိန် တစ်စက္ကန့်ပင်မကြာလိုက်သည်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။

ယခုလိုအချိန်ကို ကမောက်ကမဖြစ်စေနိုင်သော အာကာသတစ်ခုအားတည်ဆောက်ရန် ထိုပရိုဂရမ်ရေးဆွဲသူသည် စိတ်ကူးကြည့်၍ပင်မရသည့် ထူးချွန်ပြောင်မြောက်ကာ အင်အားကြီးသည့်စိတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်မည်။ ထိုစိတ်သဘောထားမျိုးရှိသူက ဆင်ခြင်တုံတရားကြီးမား၏။ ဆင်ခြင်တုံတရားကြီးမားလွန်းပြီး နှလုံးသားမရှိသည့်လူ အဆင့်ရောက်သွားနိုင်သည်အထိ။ ဂိမ်းရှုံးသွားသည့် ထုတ်လွှင့်သူတစ်ဦးအား "သနားပါတယ်၊ဒီမှာပဲ နေရာတစ်ခုပေးလိုက်မယ်။"ဟုတွေးကာ အသက်ရှင်ခွင့်ပေးရန် ဖြစ်နိုင်ခြေလုံးဝ မရှိချေ။

ထိုလုပ်ရပ်က ဂရုဏာကြောင့်မဟုတ်ပေ။ ဖြစ်နိုင်ခြေမှာ အသက်ရှင်ကျန်ရစ်သည့် NPC များသည်သူ့အတွက် ကမ္ဘာသစ်အားစမ်းသပ်ရန် ရုပ်ဝတ္ထုသာဖြစ်လိမ့်မည်။

ရှစ်ယွမ်က လွယ်အိတ်ကြိုးကိုပြင်ပြီး အားလုံးကိုနှိုးဆော်လိုက်သည်။ "သွားမယ်။ ဂိမ်းဆက်ကစားကြမယ်။ ကိုယ့်ပစ္စည်းကိုယ်အားလုံး ပါအောင်သယ်ကြ။"

အားလုံးအတွေးလွန်နေသည်ကိုရပ်ကာ လွယ်အိတ်များအားပြန်လွယ်၍ ရထားတွဲနံပါတ်ခြောက်သို့သွားရန် စိတ်ကိုပြင်ဆင်လိုက်ကြသည်။

ငကြောက်ကောင်က စိတ်မပါသလိုနှင့် ညည်းညူနေဆဲ။ "ငါပြောသလို မဖြစ်နိုင်ဘူးဆိုတဲ့ သက်သေလည်းမရှိဘူးမလား...ဘာလုပ်၊ညာလုပ် ပြောနေမယ့်အစား တစ်ခါလောက်တော့ စမ်းကြည့်သင့်တယ်မလား..."

ရှစ်ယွမ် သူ့အား လျစ်လျူရှုထားလိုက်လေသည်။

အားလုံးအဆင်သင့်ဖြစ်သည်နှင့် ကျန်းမုန့်ရီက ရထားတွဲတံခါးကိုဖွင့်သည်။ ယခုတစ်ကြိမ်၌ အရာအားလုံးကချောချောမွေ့မွေ့ပင်။ လက်မှတ်အားကျစ်ကျစ်ဆုပ်ထားကြပြီး ရထားတွဲနံပါတ်ခြောက်ကိုဖြတ်ကာ ရထားတွဲနံပါတ်ခုနစ်၏ တံခါးဝဆီရောက်လာကြသည်။

ရထားတွဲထဲရောက်လာသောအခါ ကိုယ့်ခုံနံပါတ်ကို ကိုယ်ရှာကြရသည်။ ပိုင်လော့ဖုန်းက ခုံနံပါတ်များအားအော်ပြောရန် အကြံပေးသောအခါ ခုံများအားလုံးကသီးသန့်ဖြစ်နေကြပြီး အတူတွဲထိုင်ရသည့်လူမရှိချေ။

"ဘယ်လိုလုပ်ကြမလဲ။" ကျန်းမုန့်ရီက အားလုံးဆီမှအကြံတောင်းလာ၏။ "နောက်ဆုံးမှတ်တိုင်အထိ ဒီမှာထိုင်နေလို့မရဘူး။"

"အဆုံးထိစီးရင်သေမယ်။ ဒီရထားက ၁၈ နာရီအကြာမှာ နောက်ဆုံးမှတ်တိုင်ရောက်မယ်လို့ ကြေညာသွားတယ်လေ" ပိုင်လော့ဖုန်းကပြောသည်။

ရှစ်ယွမ်က မျက်မှောင်ကြုတ်နေ၏။ "၁၈ နာရီမပြည့်ခင် ဒီရထားပေါ်ကဆင်းဖို့ နည်းလမ်းရှာရမယ်။"

စုချာကကြောက်သဖြင့် လက်မောင်းနှစ်ဖက်အားပွတ်နေသည်။ "ခုံတွေခွဲထားတော့ သရဲတွေနဲ့ အတူထိုင်ရမယ့်သဘောလား..."

"အဲ့ဒီသဘောပဲပေါ့။ အမြန်အသားကျမှဖြစ်မယ်။ ငါတို့ကထုတ်လွှင့်သူတွေလေ။ ငါတို့ရဲ့အိပ်ရာ၊ အခက်အခဲ၊လှပတဲ့နေ့ရက်တွေနဲ့ ငယ်ရွယ်မှုအားလုံးကို သရဲတွေနဲ့ကုန်ဆုံးရတော့မယ်။" ပိုင်လော့ဖုန်းကနောက်၏။

"ဒီလောက်အထိ ကြီးကြီးကျယ်ကျယ်ပြောစရာမလိုဘူး။"

ပိုင်လော့ဖုန်းကရယ်သည်။ စုချာကအရပ်မရှည်လှ။ သဘာဝအားဖြင့် ကြမ်းတမ်းသည့် အနေအထိုင်ရှိသော်လည်း အရပ်မှာ ၁.၆မီတာကျော်ရုံသာရှိသည်။ ပိုင်လော့ဖုန်းက သူမအကြောက်ပြေစေရန် ဆံပင်ကိုဖွ၍ခေါင်းအားပုတ်ပေးနေသည်။

"အားလုံးကနေရာကွဲနေတဲ့အပြင် အကြာကြီးထိုင်နေလို့ကလည်း မဖြစ်ပြန်ဘူး။ ဒီကိုအပန်းဖြေခရီး ထွက်လာတာမဟုတ်ဘူး။ ခုံမှာထိုင်ပြီးတာနဲ့ တစ်ခုခုထူးခြားသလားကြည့်မယ်။ လက်ရှိမှာ ဒီခုံနံပါတ်တွေကလွဲပြီး သိသာတဲ့ဇာတ်ကြောင်း ဘာမှမရှိသေးဘူး။"

"ဒီလိုလုပ်ကြမယ်။ ခုံမှာနာရီဝက်လောက် ထိုင်ပြီးတဲ့အထိ ဘာမှမထူးခြားရင် ဒီကိုပြန်လာကြမယ်။"

အားလုံးကသဘောတူကြသည်။

"လက်မှတ်ကိုသေချာကိုင်ထား၊ မပျောက်စေနဲ့။" ကျန်းမုန့်ရီကသတိပေး၏။ "တံခါးဖွင့်တော့မယ်။"

ထိုသို့ပြောရင်း သူတံခါးအားဆွဲဖွင့်လိုက်သည်။

အားလုံးရထားတွဲထဲဝင်ကာ လူခွဲ၍သက်ဆိုင်ရာ ခုံနံပါတ်အလိုက်နေရာယူလိုက်ကြသည်။ အရှေ့၊အလယ်နှင့်၊အနောက်၌ ထိုင်နေကြသူများရှိသော်လည်း သူတို့အားလုံး၏ ဘေးခုံများ၌လူမရှိကြပေ။

ပိုင်လော့ဖုန်း လွယ်အိတ်အားချွတ်ကာ ထိုင်ချလိုက်သည်။ ပြတင်းပေါက်နံဘေး၌ နေရာရပြီးကံကောင်းသည်မှာ ခုံအရှေ့နေရာက အတော်ကျယ်သဖြင့် သရဲအားနေရာရွေ့ပေးရန် တောင်းဆိုစရာမလိုခြင်းပင်။

နေရာယူကာလက်မှတ်အားကိုင်၍ ရှေ့တည့်တည့်သို့ကြည့်နေသော်ငြား ဘေးကလူကိုမကြာခဏ ခိုးကြည့်နေမိသည်။

အမှန်တွင် လူစစ်စစ်မဟုတ်ဘဲ ရထားတွဲအပြင်မှတွေ့သည့်အတိုင်း တစ်ဝက်ခန့်ဖောက်မြင်နေရသော အမဲရောင်အရိပ်ဖြစ်ကာ မီးခိုးငွေ့ကဲ့သို့ အထက်သို့အငွေ့တလူလူတက်နေသော အရိပ်တစ်ခုပင်။ ထိုအရိပ်မဲ၏အတွင်း၌ သွေးနီရောင်မျက်လုံး တစ်စုံရှိနေ၏။

"ခရီးသည်"

လေအေးများအား ရှူရှိူက်နေသကဲ့သို့ သူ့အနီး၌ ထိုင်နေရသည့်ပိုင်လော့ဖုန်းသည် အရိုးများပင်အေးစိမ့်ကာ ကြက်သီးများအပြည့်ထလာသည်။ အအေးဒဏ်သက်သာအောင် လက်မောင်းနှစ်ဖက်အား ပွတ်နေရသည်။

ရထားပေါ်၌ တစ်ခြားသူများ၏ ထိုင်ခုံနေရာယူနေသံများသာကြားရပြီး ခဏအကြာ၌ ထိုအသံများပျောက်သွား၍ လုံးလုံးတိတ်ဆိတ်သွားတော့သည်။

စကားသံနှင့် စိတ်ခံစားချက်များ ကင်းမဲ့နေသည့်လူနှင့်သရဲတစ္ဆေများ ရောနှောတင်လာသည့်ရထားသည် စည်းချက်ကျကျနှင့် တဖြည်းဖြည်းရှေ့သို့ ခရီးဆက်နေဆဲ။

ရထားထဲ၌ လူသေများသာပါလာသလို ရထားတွဲတစ်ခုလုံး တိတ်ဆိတ်နေပြီးလေထုထဲ၌ သံချေးနံ့များသာရနေသည်။

တိတ်ဆိတ်မှုက အချိန်အတော်ကြာသည်အထိ ပြိုကွဲမသွားပေ။

ပိုင်လော့ဖုန်း တံခါးအပြင်ဖက်သို့ ကြည့်မိသောအခါ အပြင်၌မှောင်မဲနေပြီး ဘေးဘီပတ်ကြည့်သောအခါ၌လည်း ထူးထူးခြားခြား အာရုံစူးစိုက်စရာ မတွေ့ရချေ။

သူထုတ်လွှင့်ခန်းကိုသာ ပြန်ကြည့်လိုက်သည်။ အံ့သြစရာမှာ ကြည့်ရှူသူအရေအတွက်မှာ အတော်လေး တိုးလာပြီး အယောက် ၇၀ ကျော်ခန့်ရှိနေပြီဖြစ်သည်။

သူအနည်းငယ် ထိတ်လန့်မိသည်။

မျက်နှာပြင်၌ မှတ်ချက်အသစ်များပြည့်နှက်နေ၏။

"ဒီတစ်ယောက်က NPC ရဲ့ကောင်လေးတဲ့။"

"နင့်ကောင်လေးက အကြုံပြုချက်စာမျက်နှာမှာ ပါဖူးတယ်။"

"အကြုံပြုချက်စာမျက်နှာကို တစ်ချက်သွားကြည့်လိုက်ဦး၊ အရမ်းရယ်ရတယ်။"

ဘာကရယ်ရတာလဲ။ ပိုင်လော့ဖုန်း မျက်မှောင်ကြုတ်ကာ အောက်ကိုဆက်ဆွဲကြည့်သည်။

"သူဘာပြောလိုက်တာလဲ။ NPC က သူ့ကောင်လေးတဲ့လား။ ဒီကောင်ကိုယ့်ကိုကိုယ်ရောင်းစားနေတာပဲ။"

"ဒီလိုရောင်းစားတဲ့လူတွေ အများကြီးပါ။ အခုက အသစ်အဆန်းဖြစ်တာပေါ့။"

"ထုတ်လွှင့်သူ၊ ခုနကစကားကို ထပ်ပြောဦး။ ငါမကြားလိုက်ရဘူး။"

"ဟေး...ထပ်ပြောလို့ပြောနေတယ်လေ။ မကြားဘူးလား။"

"NPC ဆီကိုယ့်ကိုကိုယ် ရောင်းစားချင်တာကို ကျက်သရေရှိရှိပြောသွားတာ ဒီတစ်ယောက်ပဲတွေ့ဖူးသေးတယ်။"

"သူ့စကားအမှန်ဆိုရင်တောင် ဒီ NPC ကိူဘယ်သူက အဖက်လုပ်နေမှာလဲ... သူ့ကိုယ်သူသေတွင်းတူးသွားတာဟ... ဟာသပဲ။"

ပိုင်လော့ဖုန်း မျက်ခုံးများကို ထိတော့မတတ် စုထားမိသည်။ သူသာ စကားပြောရန် အင်အားရှိသေးပါက ထိုလူများအားကျိန်ဆဲပစ်လိုက်ချင်သည်။

ဆက်တင်သို့ဝင်ကာ မှတ်ချက်များအားပိတ်ရန် ပြင်လိုက်ချိန် မျက်နှာပြင်ပေါ်သို့ အသိပေးချက်တစ်ခုရောက်လာသည်။

(သင်၏မှတ်ချက်အားလုံးကို ကမ္ဘာဦးဘုရား 1 မှ ရှင်းလင်းပြီးပါပြီ)

ပိုင်လော့ဖုန်း ကြောင်အနေမိသည်။

( ကမ္ဘာဦးဘုရား 1 သည် သင်၏လက်ရှိထုတ်လွှင့်ခန်းနှင့် ဆက်စပ်သည့် အကြောင်းအရာမှန်သမျှကို ကြည့်ရှုထားသူများအား 'မေ့မည်'ဟူသည့် ကုဒ်အသုံးပြုထားသည်)

(သင်၏တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဝင်ရောက်ထားသူအားလုံးကို ကမ္ဘာဦးဘုရား 1 က ဖယ်ရှားလိုက်ပြီးဖြစ်သည်။ ကြည့်ရှုသူအသစ်များအား စောင့်ပါ )

( အကြုံပြုချက်စာမျက်နှာမှ သင့်အားဖယ်ရှားလိုက်သည် )

( ကမ္ဘာဦးဘုရား 1 ဆီမှ သီးသန့်စာတစ်စောင် လက်ခံရရှိသည်။ ဂိမ်းအားအဆုံးသတ်ပြီး ထုတ်လွှင့်မှုပြီးဆုံးမှ ဖတ်ပါ)

(ကမ္ဘာဦးဘုရားဆီမှ တိတ်တဆိတ်စကား လက်ခံရရှိသည်။ ချက်ချင်းဖတ်၍ အကြောင်းပြန်ပါ )

(လျှို့ဝှက်တိတ်တဆိတ်စကား - မှတ်ချက်နေရာ၌ ထုတ်လွှင့်သူတစ်ဦးတည်းကသာ တွေ့နိုင်သည့်စာ။ အဆင့်မြင့်ခွင့်ပြုချက် ရရှိသူကသာပေးပို့နိုင်ပြီး အကူးအပြောင်းအား ထိုလူကသာထိန်းချုပ်နိုင်သည်)

အသိပေးချက် ပျောက်ကွယ်သွားသည်။

ပိုင်လော့ဖုန်း ဆက်တင်ကိုပိတ်ကာ စကားပြောခန်းဆီ ပြန်ရောက်လာသည်။

(လျှို့ဝှက်တိတ်တဆိတ်စကား - ဆက်စုံစမ်းပါ။ ကိုယ်မင်းကိုမတားဘူး။ ကုဒ်တပ်ပေးထားတယ်။ မင်းအဖွဲ့နဲ့ဒီကိစ္စကိုပြောတိုင်း ထုတ်လွှင့်ခန်းကိုပိတ်ထားလိမ့်မယ်)

(မင်းအမှန်တရားနောက် လိုက်နေတာကိုကိုယ်စိတ်မဆိုးဘူး။ တကယ်လည်းကိုယ်က ဒီရှိုးကိုကြည့်ရတာပျော်ပေမယ့် စကားများတဲ့ပိရိတ်သတ်တွေကိုတော့ မကြိုက်ဘူး)

(ရှိုးကအရမ်းကောင်းနေပြီ၊ ဒီသတ္တဝါတွေက ဒီရှိုးကိုအတူကြည့်ရလောက်တဲ့အထိ အဆင့်မရှိဘူး)

ပိုင်လော့ဖုန်း အတော်ကြာအောင်ငြိမ်နေပြီးမှ တုံ့ပြန်မိသည်။

သူ ထရပ်လိုက်သည်။

ပရိုဂရမ်ရေးသူက သူ့ထုတ်လွှင့်ခန်းထဲရောက်နေလေပြီ။

ပိုင်လော့ဖုန်း ဖုန်းအားဆုပ်ကိုင်ကာ အလင်း၏အလျင်နှင့် စာရိုက်နေသည်။

(ကမ္ဘာဦးဘုရားလား။ သူ့ကို NPC ဖြစ်အောင် လုပ်လိုက်တဲ့သူလား။)

(ဘာလို့သူ့ကို NPC အဖြစ်ပြောင်းလိုက်တာလဲ။ သူမင်းကိုဘာလုပ်မိလို့လဲ။ သူ ဒီကို ဘယ်တုန်းကရောက်တာလဲ။ သူဘယ်လိုသေသွားတာလဲ။ မင်းသူ့ကို စမ်းသပ်လိုက်တာလား... ဘယ်လိုစမ်းသပ်မှုတွေ လုပ်လိုက်တာလဲ...)

(မင်းရဲ့ထိန်းချုပ်မှုကြောင့် သူသတ်သေသွားတာလား...)

မေးခွန်းများစွာကို ဆက်တိုက်ပို့လိုက်မိသည်။

နောက်ဆုံးစာကြောင်းအား ရိုက်ပြီးချိန်၌ ပူဖောင်းငယ်များပေါ်လာပြီး တစ်ဖက်ကစာရိုက်နေကြောင်း နိမ့်လိုက်မြင့်လိုက်နှင့် အချက်ပြနေ၏။

ပိုင်လော့ဖုန်း ဖုန်းအားဖိညှစ်ကာ အသက်ပြင်းပြင်းရှုမိသည်။ ယခုနှစ်များအတွင်း ပထမဆုံးအကြိမ် အသက်ရှုလမ်းကြောင်း ပိတ်နေသလိုခံစားရခြင်းပင်။

စက္ကန့်အနည်းငယ်သာ ကြာသော်လည်း လွန်ခဲ့သောနှစ်များဆီ ပြန်ရောက်သွားသလို သူခံစားရနေရသည်။

နောက်ဆုံး၌ ကမ္ဘာဦးဘုရား 1 ဆီမှ ပြန်စာရောက်လာသည်။

(ကမ္ဘာဦးဘုရား 1 - ^ ^ )

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment