no

Font
Theme

အပိုင်း ၄၄ 🔞

“လုံးဝ မသိခဲ့ပါဘူး။ ကျွန်မက တော်တော်လေး တုံးတဲ့သူထင်ပါရဲ့။”

ခါဆယ်ရ်က အကြည့်လွှဲကာ လက်ရန်း၏ အောက်ခြေသို့ ငုံ့ကြည့်လိုက်သည်။ သူက မျက်နှာထားအပြောင်းအလဲမရှိဘဲ ဆက်ပြောလာ၏။

ငြင်းဆန်မှုကို ခံနိုင်ရည်ရှိအောင်လုပ်နေရခြင်းမဟုတ်၍ တော်သေးသည်။

“ဘယ်လောက်အထိ အဆင်ပြေလဲဆိုတာတော့ မတိုင်းကြည့်ဖူးလို့ မသိဘူး။ ဒီအမြင့်လောက်ကတော့ မင်းကိုပွေ့ချီပြီး ခုန်ချရင်တောင် အဆင်ပြေမယ်ထင်တယ်။”

“ရှင်။”

ယူဂျင်း လန့်သွားခဲ့သည်။ သို့သော် ရယ်မောနေသည့် ခါဆယ်ရ်ကိုကြည့်ပြီး မျက်လုံးများကိုကျုံ့လိုက်၏။

‘လူကို အဲ့ဒီလိုလုပ်ရင် ကြောက်မယ်များမှတ်နေတာလား။’

ယူဂျင်းတွင် အမြင့်ကြောက်သည့်ရောဂါ မရှိပေ။ စိတ်ဖိစီးမှု အမြင့်ဆုံးအထိ တက်လာစဉ်က ဖျော်ဖြေရေးဥယျာဉ် ကစားကွင်းသို့သွားပြီး အချိန်ပိုင်းလောက် ​ကြမ်းတမ်းရမ်းကားသည့် စီးစရာများကို စီးခဲ့ဖူး၏။

“ကောင်းပါပြီ။”

“ဒီအမြင့်ကို လျှော့မတွက်နဲ့နော်။”

“တကယ် အဆင်ပြေပါတယ်ဆို။ ပျော်စရာကောင်းမယ်ထင်တယ်ရှင့်။”

“လေကျယ်မနေဘဲ...”

“ကျွန်မက သိပ်မကြောက်တတ်ပါဘူး။ အမ်...မှတ်တော့မမှတ်မိပေမဲ့ ကြောက်စိတ်မရှိဘူးလို့ထင်ပါတယ်။”

အသံကောင်းဟစ်ပြီး လေကျယ်ပြနေသော ယူဂျင်းကို ကြည့်ရင်း ခါဆယ်ရ်တွင် ညစ်ကျယ်ကျယ် စနောက်လိုစိတ် ရုတ်တ​ရက်ပေါ်လာတော့သည်။

ခါဆယ်ရ်က ကိုယ်ကိုကိုင်းလိုက်ကာ ယူဂျင်း၏ ပေါင်အောက်တွင် လက်တစ်ဖက်လျှိုပြီး ပွေ့ချီလိုက်၏။ ယူဂျင်း၏ မျက်လုံးများ ပြူးသွားတော့သည်။ အပြင်ထွက်စဉ်ကတည်းက ခံစားခဲ့ရသော်လည်း ခါဆယ်ရ် သူ့ကို ပေါ့ပေါ့ပါးပါး စွေ့ခနဲပွေ့ချီလိုက်ပုံက အရုပ်လေးတစ်ရုပ်လိုပင်။

ခါဆယ်ရ်က ချက်ချင်း လက်ရန်းပေါ် တက်လိုက်သည်။ ယူဂျင်းတစ်ယောက် ခါဆယ်ရ် သူ့ကို ပွေ့ချီထားရင်း ပါးလျလျ လက်ရန်းပေါ်၌ ယိမ်းထိုးခြင်းမရှိဘဲ ဟန်ချက်ညီညီရပ်နေသည်ကို အံ့သြနေမိ၏။ သူက ခါဆယ်ရ်၏ လည်တိုင်ကို ဖက်ထားသည့် လက်များတွင် အားစိုက်လိုက်သည်။

“မငိုနဲ့နော်။”

“မငိုပါဘူး။”

“ဒီလောက်နဲ့ ရပ်လိုက်မလား။”

“အဆင်သင့်ဖြစ်ပြီလားရှင့်။”

ယူဂျင်း၏ မျက်လုံးလေးများက မျှော်လင့်ချက်များဖြင့် တလက်လက်တောက်လျက်။ အပေအတေ ချာတိတ်လေးတစ်ယောက်လို ပုံစံက ခါဆယ်ရ်၏ စိတ်နှလုံးကို ထူးခြားသောနည်းဖြင့် မွှေနှောက်ခဲ့သည်။

ဤကဲ့သို့ ဖြူစင်အပြစ်ကင်းသည့် အမူအရာလေးကို မကြာခဏ မြင်နိုင်မည်ဆိုလျှင် ခါဆယ်ရ် ဘယ်နှကြိမ်ပင်ဖြစ်ပါစေ ခုန်ချနိုင်၏။

စောစောလေးကတင် ဆင်တူသော ကိစ္စတစ်ခုအတွက် တော်တော်ကြာကြာ အတွေးလွန်ဆွဲခဲ့ရသေးသည်။ ဘာမဟုတ်သည့် အာခံမှုလေးတစ်ခုမှ ကြီးမားသောကိစ္စကြီးအထိ ဖြစ်သွားနိုင်သော်လည်း ယခုမူ သူ အလေးအနက်တွေးမနေတော့ပေ။

မျှော်လင့်တကြီးဖြစ်နေသော ယူဂျင်းကို စိတ်ပျက်သွားအောင် မလုပ်လိုသဖြင့် ခါဆယ်ရ်လည်း နောက်ပြန်မဆုတ်နိုင်တော့။ ခါဆယ်ရ် လက်ရန်းပေါ်မှ ခုန်ချလိုက်သည့် အခိုက်အတန့်တွင် ယူဂျင်းက အသက်ကို ဝမ်းဗိုက်ထဲအထိ ခပ်ပြင်းပြင်းရှူသွင်းပြီးမှ အသက်အောင့်ထားလိုက်၏။

ယူဂျင်းတစ်ယောက် ခါဆယ်ရ့်တစ်ကိုယ်လုံးတွင် ဝန်းရံထားသည့် ပရာ့ဂျ်ကို သဘောကျစွာ ကြည့်နေမိသည်။ အပြာရောင်မီးတောက်က သူ့တစ်ကိုယ်လုံးကို ဝါးမျိုနေသလိုပင်။

အရှေ့မှမြင်ကွင်းက အနှေးပြကွက်လို ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။ အံ့ဩဖွယ်ရာမြင်ကွင်း၏ ဖမ်းစားခြင်းကို ခံလိုက်ရသဖြင့် အောက်သို့ပြုတ်ကျနေသည့် စိတ်လှုပ်ရှားမှုကိုပင် မခံစားနိုင်ခဲ့။

ခါဆယ်ရ်က အသံတစ်ချက်ပင်မထွက်စေဘဲ ဆင်းသက်ခဲ့သည်။ ကမ္ဘာ့ဆွဲအား၏ သက်ရောက်မှုကို လုံးဝမခံရသလို ပေါ့ပါးလှ၏။

သူ၏လည်တိုင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရာမှ ယူဂျင်းက မျက်လုံးများကို တင်းတင်းမှိတ်လိုက်ပြီး စိတ်ငြိမ်အောင်ထိန်းရင်း မျက်လုံး ပြန်ဖွင့်လိုက်သည်။

“အဆင်ပြေရဲ့လား။”

မျက်လုံးချင်းဆုံလိုက်ရသည့် ခါဆယ်ရ်၏မျက်နှာတွင် စိုးရိမ်ပူပန်မှုက အပြည့်နေရာယူလျက်။ ယူဂျင်းက သူ့ကိုကြည့်ပြီး ပြုံးလိုက်သည်။

“အကောင်းဆုံးပါပဲ။”

ရယ်နေသော ယူဂျင်း၏နှုတ်ခမ်းများပေါ်သို့ သူ့နှုတ်ခမ်းများ သက်ဆင်းကျရောက်လာသည်။ အနမ်းဖွဖွလေးတစ်ပွင့်က အခြေအနေကို ချက်ချင်း ပြောင်းလဲသွားစေတော့၏။

ယူဂျင်း၏ ရယ်သံများလည်း ငြိမ်သက်သွားတော့သည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိသော သူတို့နှစ်ယောက်ကြားတွင် တင်းမာမှုများ နေရာယူသွား၏။

တစ်ဖန်ထပ်ပြီး တိုးကပ်လာသော သူ့မျက်နှာကိုကြည့်ရင်း ယူဂျင်းလည်း မျက်နှာလေးကို ငုံ့လွှဲလိုက်သည်။ နှလုံးက နာကျင်ရလောက်အောင် တဒိတ်ဒိတ်ခုန်နေလေပြီ။

အကြီးစား လာ့ခ်အမဲလိုက်မှုက ဘေးကင်းစွာ ပြီးဆုံးသွားပြီဖြစ်၍ ရက်ပိုင်းအတွင်း ခါဆယ်ရ် အခွင့်ကောင်းကိုရှာကြံပြီး ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးသားပင်။ အမှန်အတိုင်းပြောရလျှင် စောစောက အပြင်ထွက်ရန် ပြင်ဆင်နေစဉ် ‘ဒီနေ့များလား’ ဟုတိတ်တိတ်လေး မျှော်လင့်နေခဲ့မိ၏။

သူ့နှုတ်ခမ်းများနှင့် ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ယူဂျင်း၏ နှုတ်ခမ်းလေးများ ပွင့်သွားတော့သည်။ သူက ယူဂျင်း၏ နှုတ်ခမ်းလေးများကို ငုံစုပ်ကာ နှုတ်ခမ်းနှစ်လွှာကြားကို လျှာဖြင့်တွန်းထိုးပြီး နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လေ၏။

ယူဂျင်းလည်း မျက်လုံးလေးများကို မှေးမှိတ်ထားလိုက်သည်။ သူက ယူဂျင်းကို ယခုအထိ ပွေ့ချီထားလျက်ရှိနေဆဲပင်။ ကျောအောက်မှ ပွေ့ထားသော ဘယ်ဘက်လက်နှင့် ပေါင်အောက်မှ လျှိုထားသော လက်မောင်းများ တင်းမာလာတော့သည်။

ပါးစပ်ထဲသို့ ဖြန့်ကြက်သွားသည့် ပူနွေးသော အပူဓာတ်က လျှာကို ရစ်ပတ်လာ၏။ ပွတ်တိုက်မှုကြောင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားရတော့သည်။

“အင့်...”

ယူဂျင်း၏ လည်ချောင်းထဲမှ ညည်းသံလေး ထွက်လာသည်။ ကိုယ့်ကိုယ်ကိုယ် တအီအီညည်းနေသည့် ကြောင်လေးတစ်ကောင်နှင့် တူသလိုခံစားရ၏။

သူခံစားနေရသော စိတ်ကျေနပ်မှုက  တကယ့်အစစ်အမှန်ပင်။ ခါဆယ်ရ်က အငမ်းမရ သူ့လျှာကို စုပ်ယူတော့ လက်ဖျားလေးများ ကျဉ်လာရသည်။

ခါဆယ်ရ်က ထောင့်ချိုးအနည်းငယ်ပြောင်းပြီး ယူဂျင်း၏နှုတ်ခမ်းများကို ဖုံးအုပ်ထွေးငုံပစ်သည်။ အကြားအလပ်မရှိသော သူတို့နှစ်ယောက်၏ နှုတ်ခမ်းများ နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းသွားတော့၏။ တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်အရသာခံကာ သွားရည်များရောနှောသွားသော အနမ်းက သူတို့ကို စိတ်လွတ်ကိုယ်လွတ် ဖြစ်စေခဲ့သည်။

ယူဂျင်း၏ ပင့်သက်များကိုပင် ခါဆယ်ရ်က အလွတ်မပေးခဲ့။ ယခုပဲဖြစ်ဖြစ် ဝါးမျိုပစ်တော့မလို အနမ်းကြောင့် ယူဂျင်းတစ်ယောက် နှာခေါင်းမှ အသက်ရှူနေသော်လည်း အသက်ရှူမဝ ဖြစ်နေရသည်။

ခါဆယ်ရ်က ယူဂျင်း၏ နှုတ်ခမ်းများနှင့် ပါးစပ်တစ်ခုလုံးကို အရသာခံဖို့သာ အာရုံစိုက်နေ၏။ နှုတ်ခမ်းလေးများကို လျှာဖြင့်လျက်လိုက်၊ ကိုက်လိုက်လုပ်နေပြီးနောက် နှုတ်ခမ်းအတွင်းသားလေးများကို လျှာဖျားဖြင့် ပွတ်ခဲ့သည်။

ခါဆယ်ရ်၏ ပွေ့ဖက်မှုအောက်တွင် လေမှာမြောလွင့်နေသည့် ကိုယ်နေဟန်ထားကြောင့် ယူဂျင်း၏ခေါင်းထဲတွင် ဗလာကျင်းနေတော့၏။ မူးရိပ်ရီဝေလာသလိုပင်။ ယူဂျင်းလည်း ခါဆယ်ရ်၏လည်တိုင်တွင် ဖက်ထားသည့် လက်များကို ဖြေလျှော့ကာ သူ့ကိုတွန်းထုတ်တော့မည့်အလား ခန္ဓာကိုယ်ကို လူးလွန့်လိုက်သည်။

ယူဂျင်း၏ နှုတ်ခမ်းလေးများကို မောင်ပိုင်စီးထားသော ခါဆယ်ရ်၏ နှုတ်ခမ်းများ ဖယ်ကွာသွား၏။ ထို့နောက် ခဏအကြာတွင် သူက ဆွဲယူထားသော ယူဂျင်း၏ ခါးလေးကို လွှတ်ပေးခဲ့သည်။

ယူဂျင်းလည်း မောဟိုက်စွာ အသက်ရှူပြီး ခန္ဓာကိုယ်ကို မတ်လိုက်၏။ ပြင်းပြင်းထန်ထန် အစုပ်ခံထားရသည့် လျှာက ကျဉ်နေကာ ထိုခံစားချက်မှာ ရှက်စရာကောင်းလှသဖြင့် မျက်လွှာချထားမိသည်။ စေးကပ်ပြီး ပူနွေးသော အနွေးဓာတ်က ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းသွား၏။

ခါဆယ်ရ်၏နှုတ်ခမ်းများက ယူဂျင်း၏ မျက်လုံးနားတစ်ဝိုက်၊ ပါးပြင်နှင့် နှုတ်ခမ်းလေးများကို ညင်သာစွာ နမ်းရှိုက်ပြီးမှ ကွာသွားခဲ့သည်။ နှုတ်ခမ်းချင်းထိရုံလေး ပေါ့ပေါ့ပါးပါး အနမ်းများ ဆက်တိုက်ပါလာ၏။ မရိုးမရွခံစားချက်ကြောင့် ယူဂျင်းလည်း ပင့်သက်ဖွဖွလေး ရှိုက်ထုတ်လိုက်မိသည်။

ခါဆယ်ရ်က ယူဂျင်း၏ မေးဖျားလေးကို နမ်းလိုက်ပြီး သွားဖြင့် လည်ပင်းကို ကိုက်လေရာ ရုတ်တရက် လှုပ်ရှားမှုကြောင့် လန့်သွားသည့် ယူဂျင်းလည်း မျက်လုံးကို ဖွင့်လိုက်မိ၏။

အကြည့်ချင်းဆုံလာသည့် ခါဆယ်ရ်၏မျက်လုံးများက နက်ရှိုင်းလှသည်။ အရိပ်ကျနေသောကြောင့်ပဲလား၊ သို့မဟုတ် မျက်လုံးအရောင် တကယ် ပြောင်းသွားခြင်းပဲလားဆိုသည်ကိုမူ မသိနိုင်ခဲ့ပေ။

“ယူဂျင်း။”

ယူဂျင်း၏နာမည်ကို ခပ်တိုးတိုး ခေါ်လိုက်သည့် သူ့အသံက နိမ့်ရှရှဖြစ်နေသည်။ ဖြားယောင်းမြှူစွယ်နေသလိုလည်းဖြစ်ကာ ကယ်တင်ပေးရန် အသနားခံနေသလိုလည်း ဖြစ်နေပြန်၏။

ယူဂျင်းလည်း သက်ပြင်းဖွဖွလေးချပြီး မျက်လုံးများကို မှေးမှိတ်လိုက်သည်။ မူမမှန်သော နှလုံးခုန်သံက ဆူညံနေကာ နားထဲတွင် တဒုန်းဒုန်းနှင့် အသံများ ကြားနေရ၏။

“...အပြင်ကို...သွားမလို့လားရှင့်။”

အသံက ခပ်အစ်အစ်ထွက်လာသဖြင့် ထူးဆန်းနေ၏။ ယူဂျင်းလည်း လည်ချောင်းကို တစ်ချက်ရှင်းပြီး ရုတ်တရက် မြန်မြန်လျှောက်သွားသည့် ခါဆယ်ရ်ကို အမြန်ဆွဲလိုက်သည်။

ပတ်ဝန်းကျင်မှ ရှုခင်းများ လျင်မြန်စွာ ဖြတ်ပြေးသွား၏။ ခါဆယ်ရ်က ပြေးနေသလောက်နီးပါး မြန်မြန်လျှောက်နေခဲ့သည်။

“အား”

ရုတ်တရက် ယူဂျင်း၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွား၏။ မြေပြင်မှ ဝေးကွာသွားသော မြင်ကွင်းကိုကြည့်ရင်း ယူဂျင်း မျက်လုံးပြူးသွားရသည်။ ခါဆယ်ရ်က အမြင့်မှ ခုန်ချရုံတင်မကဘဲ အမြင့်သို့ခုန်တက်နိုင်ကြောင်းကိုပါ သိလိုက်ရသောကြောင့်ပင်။

‘ဝါး...အံ့ဩစရာပဲ။’

လူတွေ ဘာကြောင့် သူ့ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြသလဲဆိုသည့် အကြောင်းရင်းကို နားလည်သွားရတော့သည်။ လူသားမဟုတ်သည့် ဖြစ်တည်မှုလိုပင်။ လူတွေကို အာကာသထဲသို့ စေလွှတ်နိုင်လောက်သည်အထိ သိပ္ပံပညာ တိုးတက်သည့် ကမ္ဘာတွင် နေခဲ့ရသော ယူဂျင်းပင်လျှင် သူ့အပေါ်  ကြည်ညိုလေးစားစိတ်များ အလိုလို ဖြစ်လာရ၏။

ခါဆယ်ရ်က မြေပြင်ကို တွန်းကန်အားပြု၍ ခုန်တက်လိုက်ပြီး လသာဆောင်လက်ရန်းပေါ်သို့ သက်ဆင်းခဲ့သည်။ ထို့နောက် လသာဆောင်ပေါ်သို့ ခုန်ဆင်းကာ အခန်းဆီသို့သွားသည့် ပြတင်းပေါက်ကို တွန်းဖွင့်ကြည့်သော်လည်း သော့ခတ်ထားသဖြင့် မပွင့်ခဲ့။

သူက သော့ခလောက်နားမှ မှန်ချပ်ကို ရိုက်ခွဲကာ သော့ကို ဖြုတ်လိုက်သည်။ လုပ်ဆောင်မှုအဆင့်ဆင့်က တစ်ချက်ကလေးပင် တွန့်ဆုတ်ခြင်းမရှိဘဲ သဘာဝကျသေသပ်လှ၏။

“ပြတင်းပေါက်မှန် ကွဲသွားပြီလေ၊ အခု...”

ယူဂျင်းက အလန့်တကြား ပြောလိုက်မိသည်။

“...ငါလည်း သိတယ်။”

သူက ပြတင်းပေါက်ကို တွန်းဖွင့်ကာ အခန်းထဲ ဝင်လိုက်ပြီး မှောင်နေသော အခန်းအတွင်းသို့ လျင်မြန်စွာ လျှောက်သွား၏။

“ဒါက ဘယ်နေရာလဲဟင်။”

“မသိဘူးလေ။”

“တစ်ယောက်ယောက်သုံးနေတဲ့ အခန်းလည်း ဖြစ်နိုင်တယ်မဟုတ်လားရှင့်။”

“အခန်းလွတ်ပဲ။ ဧည့်သည်တွေတည်းဖို့ သုံးတဲ့အခန်းတွေ စုနေတဲ့နေရာမို့လို့။”

ယူဂျင်းက သူ မှတ်မိနေသည့် ရဲတိုက်ဖွဲ့စည်းပုံကို ပြန်စဉ်းစားကြည့်လိုက်သည်။ ဒါက ဘယ်နေရာလောက်တွင်ရှိမှန်း ခန့်မှန်းမိချိန်တွင် သူ့တင်ပါးက ပျော့ပျောင်းသော နေရာတစ်ခုပေါ်သို့ ကျသွားတော့၏။

ယူဂျင်းကို ခုတင်ပေါ်တင်ပေးလိုက်သည့် ခါဆယ်ရ်က ချက်ချင်းပင် ယူဂျင်း၏ကိုယ်ပေါ်သို့ တက်လာသည်။ အသက်ရှူမှန်အောင်လုပ်ရန်ပင် အချိန်မရခဲ့။ ခါဆယ်ရ်၏တွန်းအားကြောင့် ယူဂျင်း၏ ကျောပြင်လည်း ချက်ချင်းပင် အိပ်ရာနှင့် ထိသွားတော့၏။

အပေါ်မှ ဖိလာသော နှုတ်ခမ်းများက ယူဂျင်း၏ နှုတ်ခမ်းလေးနှင့် ဝင်သက်ထွက်သက်ကို တစ်ပြိုင်နက်တည်း မျိုယူသိမ်းပိုက်သွားသည်။ ပါးစပ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ပူနွေးသည့်အသားစိုင်က ယူဂျင်း၏လျှာကို ရစ်ပတ်လေ၏။

“အင့်”

ကျဉ်စိမ့်သွားသော ခံစားမှုက လက်ဖျားလေးများမှတစ်ဆင့် တံတောင်ဆစ်အထိ တက်လာတော့သည်။ လက်ချောင်းလေးများ ဆတ်ခနဲလှုပ်ရှားသွားသော ယူဂျင်းက လက်နှစ်ဖက်ဖြင့် ခါဆယ်ရ်၏ လည်တိုင်ကို ပွေ့ဖက်လိုက်သည်။

ကြီးမားလှသောလက်က ယူဂျင်း၏မေးရိုးနှင့် လည်တိုင်ကို ထွေးဆုပ်လာ၏။ ယူဂျင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းက အနည်းငယ် မြောက်တက်သွားသည်။ လက်မောင်းသွယ်သွယ်လေးများက ခါဆယ်ရ်၏ လည်တိုင်ကို ဖက်ထားလျက်အတိုင်း သဘာဝကျကျလေး သူ့ကို ခိုတွဲထားသကဲ့သို့ရှိနေ၏။

ခပ်ကျယ်ကျယ် ဟသွားသော နှုတ်ခမ်းများ တစ်ဖန်ထပ်၍ ထိကပ်သွားကြပြန်သည်။ ထိစပ်နေသော နှုတ်ခမ်းများက သွားရည်တို့ဖြင့် စေးကပ်လျက်။

ခါဆယ်ရ်၏ အနမ်းက ချစ်တင်းနှောခြင်းနှင့်တူသည်။ ညင်သာစွာ လျက်လိုက်၊ ယူဂျင်း၏ လျှာကို ခပ်ကြမ်းကြမ်း စုပ်ယူလိုက်လုပ်နေရာမှ သူ၏ နှုတ်ခမ်းနွေးနွေးများဖြင့် ယူဂျင်း၏နှုတ်ခမ်းများကို ဖိကပ်ပွတ်သပ်သွား၏။

အားလုံးထက်ပိုလွန်သည်က သူ့အနမ်းတွင် ယူဂျင်းကို လိုချင်တောင့်တသော အလိုဆန္ဒများ အရှိအတိုင်း ပါဝင်နေခြင်းပင်။ ယူဂျင်းကို အရူးအမူးစွဲလမ်းနေသည့် လူ၏ မွတ်သိပ်တောင့်တစိတ်ကို ခံစားနေရ၏။

စိတ်လှုပ်ရှားမှုက ကူးစက်တတ်လေသလား။ ခန္ဓာကိုယ်အပူချိန်က ရုတ်တရက် မြင့်တက်လာကာ အသက်ရှူသံများလည်း မြန်ဆန်လာတော့သည်။

“အား...”

ခါဆယ်ရ်၏လက်က ယူဂျင်း၏ ရင်သားကို ဆုပ်ကိုင်လာသည်။ နှုတ်ခမ်းချင်းကွာသွားတော့ သူက နားရွက်ဖျားလေးကိုကိုက်ပြီး နားရွက်နားတစ်ဝိုက်ကို လျက်လေ၏။

ခါဆယ်ရ် ခန္ဓာကိုယ်အပေါ်ပိုင်းကို နည်းနည်းမတ်လိုက်တော့ ယူဂျင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကလည်း ကြွသွားကာ ကိုယ်ချင်းတွေ့ဆုံသွားတော့သည်။ ယူဂျင်း၏ လက်နှစ်ဖက်က သူ့လည်တိုင်ကို ဖက်ထားလျက်သားရှိနေသော်လည်း လျော့ရိလျော့ရဲဖြစ်နေ၏။ သူ့ကျောပြင်ကို ထိန်းထားပေးသည့် ခါဆယ်ရ်၏လက်သာ ရှိမနေလျှင် ကိုးရိုးကားရား ကိုယ်နေဟန်ထားအတိုင်း ဆက်ထိန်းထားနိုင်မည်မဟုတ်။

အနမ်းများ ခရီးဆက်ခဲ့သည်။ ခါဆယ်ရ်က ယူဂျင်း၏လျှာကို သူ၏လျှာဖြင့်ရစ်ပတ်ကာ စီးကျလာသော သွားရည်တို့ကို မျိုချလိုက်၏။ သူ့လက်တစ်ဖက်ကတော့ ယူဂျင်း၏ နောက်ကျောဘက်မှ ကြယ်သီးများကို ဖြုတ်နေလေပြီ။

ကြယ်သီးတစ်လုံးချင်းစီ ပြုတ်သွားသည်နှင့်အမျှ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဖုံးကာထားသည့် အဝတ်များ ပြေလျော့သွားသည်ကို ခံစားနေရသည်။

မဟာတွင် ကြယ်သီးထုတ်လုပ်မှု နည်းပညာ တိုးတက်သဖြင့် ကြယ်သီးများကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြ၏။ အဝတ်အစားများ ဝတ်တိုင်း၊ ချွတ်တိုင်း အပ်ဖြင့်ချုပ်ရ၊ ဖြဲထုတ်ပစ်ရခြင်းကဲ့သို့သော ကြောက်စရာ လုပ်ရပ်မျိုးကို လုပ်ရန်မလိုတော့ပေ။

သို့သော် အထက်တန်းလွှာပုဂ္ဂိုလ်များနှင့် သာမန်လူတို့၏ အဝတ်အစားများတွင် ကြယ်သီးနေရာချင်း မတူကြ။ ရံရွေတော်တို့၏ အဝတ်များတွင် ကြယ်သီးက အရှေ့ဘက်တွင်ရှိ၏။ ယူဂျင်း၏ အဝတ်များတွင်မူ ကြယ်သီးများက အနောက်တွင်ရှိပေသည်။ ခါးအထိ တစ်လျှောက်တည်း ဆက်သွားသော ကြယ်သီးသေးသေးလေးများကို တပ်ဆင်ရန်အတွက် ရံရွေတော်တစ်ယောက်၏ အကူအညီက မရှိမဖြစ် လိုအပ်သည့်အရာပင်။

တစ်ချက်တွေးနေစဉ် ကြယ်သီးအားလုံး ပြုတ်ထွက်သွားကာ ခါဆယ်ရ်၏လက်က ထိုးဝင်လာတော့သည်။ စေးကပ်ကပ် ခံစားချက်ကြောင့် ယူဂျင်းလည်း ဆတ်ခနဲတွန့်သွားမိ၏။ သူ့အား ရဲရဲတင်းတင်း ပွတ်သပ်ထိတွေ့နေသည့် ထိုလူ၏ လက်များက စိတ်အနှောင့်အယှက်ဖြစ်စေခြင်းမရှိသဖြင့် ထူးဆန်းနေသလိုပင်။

အဝတ်အစားအတွင်းမှ ယူဂျင်း၏ရင်သားကို ဆုပ်ကိုင်နေသောလက်တွင် အားဝင်လာသည်။ ခါဆယ်ရ်က အပေါ်အဝတ်ကို မြန်မြန်ချွတ်လိုက်ကာ အတွင်းခံကိုလည်း အပေါ်ကို ဆွဲတင်လိုက်သည်။

သူ့အကြည့်က နီရဲနေသော နို့သီးခေါင်းလေးများ ထောင်မတ်နေသည့် ဖြူဖြူဥဥ ရင်သားများထံသို့ကျရောက်လာ၏။ ခါဆယ်ရ် တစ်ချက်လောက် မှင်တက်စွာ ငေးမောမိသွားသည်။ ပျော့ပျော့အိအိလေးနှင့် နူးညံ့သည့် အထိအတွေ့ကို မှတ်မိနေသော ခံတွင်းထဲတွင် သွားရည်များစုလာတော့သည်။

“အင့်”

ယူဂျင်း၏ ကိုယ်လေး တုန်တက်သွား၏။ ခါဆယ်ရ်က ယူဂျင်း၏ ရင်သားကို တစ်ငုံစာအပြည့်ကိုက်ကာ ခပ်ပြင်းပြင်းစုပ်ခဲ့သည်။ နှုတ်ခမ်းများကြားတွင် ရင်သားကို ဖိခြေလိုက်၊ ပွတ်လိုက် လုပ်နေ၏။

“အား...အွန်း...”

သိတောင်မသိလိုက်ခင် ယူဂျင်း ပြန်လှဲအိပ်မိသွားသည်။ စိတ်လှုပ်ရှားမှုကြောင့် နို့သီးလေးများ တင်းမာလာ၏။ ခါဆယ်ရ် သူ့ရင်သားများကို ကျီစယ်နှိုးဆွနေစဉ် ဗိုက်အောက်ပိုင်းမှ တဆစ်ဆစ် နာကျင်လာတော့သည်။

စကတ်ကိုပင့်ပြီး ဝင်လာသည့်လက်က ယူဂျင်း၏ ခြေတံအတိုင်း လျှောတက်လာကာ အလိုလို စေ့မိသွားသော ပေါင်တံများကြားသို့ တိုးဝင်သွား၏။

“ဘာလုပ်...”

ယူဂျင်း မျက်လုံးများကို တင်းတင်းမှိတ်လိုက်မိသည်။ အတွင်းခံနှင့် ဖုံးထားသော လျှို့ဝှက်အက်ကွဲကြောင်းလေးကို ခါဆယ်ရ်က လက်ဖျားများဖြင့် ထိလာ၏။ အသာလေး လျှောဆင်းသွားသော ခံစားချက်ကြောင့် မျက်နှာက ပူတက်လာတော့သည်။ ယောနိက အတွင်းခံနှင့် ကပ်သွားရလောက်သည်အထိ စိုစွတ်နေချေပြီ။

“ဟား...”

ခါဆယ်ရ်က သက်ပြင်းချသလို အသာညင်းညင်း ရယ်လိုက်သည်။ အင်မတန် စိတ်လှုပ်ရှားစွာ တင်းမာလာသော သူ၏ ခန္ဓာကိုယ်ကြောင့် ယူဂျင်းတစ်ယောက် ကျောချမ်းသွားရတော့၏။ သူ့လက်ချောင်းကို ကျဉ်လာအောင် ညှစ်နေသော ယူဂျင်း၏ အပေါက်ကျဉ်းကျဉ်းလေးအတွင်းသို့ အရင်းအထိ ထိုးထည့်ချင်မိသည်။

သို့သော် ဤမျှလောက်နှင့် ယူဂျင်း၏ ခန္ဓာကိုယ်က အဆင်သင့် မဖြစ်သေးပေ။ ခါဆယ်ရ်က တစ်ဆစ်လောက်သာ ထည့်ထားသည့် လက်ချောင်းကို ပြန်ထုတ်ပြီး ဖြည်းဖြည်းချင်း ပြန်သွင်းလိုက်သည်။ ထို့နောက် ရှေ့တိုးနောက်ငင် လှုပ်ရှားမှုများကို ဖြည်းဖြည်းချင်း စတင်လိုက်၏။

သူ့နှုတ်ခမ်းများဖြင့် ယူဂျင်း၏ နှုတ်ခမ်းလေးများကို လျက်လိုက်၊ ကိုက်လိုက်၊ ပွတ်တိုက်လိုက်နှင့် ကျီစယ်နေစဉ် ကျန်လက်ဖြင့် ခံစားတုံ့ပြန်နိုင်စွမ်း မြင့်နေပြီးသား ရင်သားထိပ်ကို ဖျစ်ညှစ်ဆွပေးနေသည်။ ထို့နောက် နှုတ်ခမ်းလေးကိုထိတွေ့ပြီး မေးရိုးကို ပွတ်သပ်လေ၏။ ယူဂျင်း၏ ပါးစပ်ထဲသို့ လက်တစ်ချောင်း ဝင်သွားကာ အထဲတွင် မွှေနှောက်ခဲ့သည်။

“အွတ်...အား”

အပေါ်ရော အောက်ပါ တစ်ပြိုင်နက်တည်း ပြုလုပ်နေသည့် အမျိုးမျိုးသော လှုံ့ဆော်မှုများက ယူဂျင်းကို နှိပ်စက်တော့သည်။ ခေါင်းထဲတွင် ရီဝေဝေဖြစ်လာ၏။ တစ်ချိန်မှာပင် တစ်ခုခု လိုအပ်နေသလိုလည်း ခံစားလိုက်ရသည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment