အပိုင်း ၇၃ 🔞
ယူဂျင်းက ပေါ့ပေါ့ပါးပါးစိတ်ဖြင့် မေးလိုက်ခြင်းဖြစ်သော်လည်း မာရီအန်း၏ မျက်ဝန်းများ ရုတ်တရက် တုန်ယင်သွားသည်ကို မြင်လိုက်ရတော့ အံ့အားသင့်သွားရ၏။
မာရီအန်းက အကျပ်ရိုက်သလိုမျက်နှာဖြင့် လက်လျှော့အရှုံးပေးသလို သက်ပြင်းချလိုက်သည်။ သူ၏ တုန်လှုပ်သွားသည့်ပုံစံ ပေါ်သွားခဲ့ပြီဖြစ်ရာ နောက်မှ မျက်နှာထားပြန်ထိန်းပြီး မသိချင်ယောင်ဆောင်လျှင်လည်း မိဖုရားကို လိမ်ညာရာရောက်ပေလိမ့်မည်။
“ဘယ်ကနေ ကြားခဲ့တာပါလဲရှင့်။”
“ကြားခဲ့တာ မဟုတ်ပါဘူး။ မှတ်မိလာတာ။”
“……မှတ်မိလာတယ်ဆိုတော့။”
မာရီအန်း၏ မျက်နှာ တောင့်တင်းသွားတော့သည်။ ယခု မာရီအန်း၏ တုံ့ပြန်ပုံက ယခင်တစ်ခါ ယူဂျင်း ရိုဒရစ်ဂ်နှင့် တွေ့ပြီးနောက်ပိုင်း တုံ့ပြန်ပုံနှင့် ဆင်တူနေ၏။ ခံစားချက်ကို မဖော်ပြတတ်သော မာရီအန်းနှင့်မတူဘဲ စိုးရိမ်ပူပန်နေပုံက ပေါ်လွင်သိသာလှပေသည်။
ထိုစဉ်ကတော့ ယူဂျင်းက မာရီအန်းလည်း မရဏဘုရင်လိုပဲ အတိတ်က ဂျင်ကို လက်လွတ်စပယ် သွားမထိလိုခြင်းဟုသာ ထင်ခဲ့မိ၏။ သို့သော် ယခုတော့ မာရီအန်း ဘာကိုကြောက်နေမှန်း နားလည်သွားသလို ရှိပေပြီ။
ဂျင်၏ မှတ်ဉာဏ်အချို့ကို မြင်တွေ့ရပြီးသည့်နောက် မာရီအန်း မည်မျှအထိ မတရားခံခဲ့ရမှန်း ယူဂျင်း သိလာရ၏။ အပြင်ပန်းတွင် ထုတ်ဖော်ပြသခြင်းမရှိသော်လည်း တကယ်တမ်းတွင် တိတ်တဆိတ် စိတ်ဒုက္ခရောက်ခဲ့ရမည့် မာရီအန်းကို သနားစရာကောင်းလိုက်တာဟု ယူဂျင်း တွေးမိသည်။
လူပြောင်းသွားသည့် အဖြစ်မှန်ကို သိနိုင်စရာအကြောင်းမရှိသော မာရီအန်းက မိဖုရား၏ မှတ်ဉာဏ်များ ပြန်ရလာလျှင် အချိန်မရွေး ယခင်အခြေအနေကို ပြန်သွားနိုင်ခြေရှိသည်ဟူသော အချက်အား အမြဲတမ်း သတိထားပြီး စဉ်းစားနေရပေလိမ့်မည်။
“လုံးလုံးလျားလျား မဟုတ်ပေမဲ့ မှတ်ဉာဏ်တချို့ကို ပြန်တွေ့လိုက်ရတယ်လေ။ အဲ့ဒါကြောင့် မာရီအန်း။ အမ်……ကျွန်မ မာရီအန်းအပေါ် အမှားတွေအများကြီး လုပ်ခဲ့မိတယ်။”
မာရီအန်း၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း ပုံမှန်အတိုင်း ပြန်ပြုံးခဲ့သည်။ ယူဂျင်း ဆက်ပြောရန်ပြင်လိုက်ချိန်မှာပင် မာရီအန်းက အလျင်အမြန် “အရှင်မိဖုရား” ဟု ခေါ်ကာ စကားကို ဖြတ်လိုက်၏။ ယူဂျင်း စကားဆုံးပြီး ခဏကြာအောင် စောင့်ပြီးမှ စကားပြောလေ့ရှိသော မာရီအန်းနှင့်မတူဘဲ အင်မတန် စိတ်လောနေပုံပင်။
“အရှင်မိဖုရားမှာ လုံးဝ အမှားလုပ်ခဲ့တယ်ဆိုတဲ့ အဖြစ်မျိုး မရှိပါဘူး။ အဲ့ဒါတွေက လွန်ခဲ့ပြီးသား အတိတ်က အဖြစ်အပျက်တွေပါပဲ။”
ယူဂျင်းက မယုံသင်္ကာ မျက်နှာနှင့် မာရီအန်းကို ကြည့်လိုက်ပြီး 'အာ..' ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
“အဲ့ဒါကရော လူမှုရေး အသိုင်းအဝိုင်းရဲ့ စည်းမျဉ်းလိုမျိုးပဲလားဟင်။”
ယူဂျင်း မာရီအန်းထံမှ လူမှုဆက်ဆံရေးအကြောင်း သင်ယူရာတွင် သီးခြားသင်ရိုးပုံစံမရှိပေ။ သတ်မှတ်ထားသည့် အချိန်အပိုင်းအခြားအတိုင်း ဟောပြောပို့ချချက်ကို နားထောင်ရခြင်းမျိုးမဟုတ်ဘဲ စကားပြောရင်းနှင့်ဖြစ်စေ၊ သို့မဟုတ် နေ့စဉ်ဘဝထဲတွင် အကြောင်းတိုက်ဆိုင်ပါက ချက်ချင်းလက်ငင်း ပြုပြင်လမ်းညွှန် သင်ကြားပေးခြင်းမျိုးဖြစ်စေ သင်ပေးခြင်းမျိုးပင်။
“ဆင်တူတယ်ဆိုပေမဲ့ လူမှုဆက်ဆံရေး လှုပ်ရှားမှုတွေမှာတင်မကဘဲ အခြေအနေတိုင်းမှာ အကျုံးဝင်ပါတယ်။”
“ကျွန်မက ကိုယ့်အမှားကိုယ် ဝန်ခံတာတို့၊ တောင်းပန်တာတို့ လုပ်လို့မဖြစ်ဘူးပေါ့နော်။”
“တရားဝင်အခမ်းအနားတွေမှာ၊ ဒါမှမဟုတ် နားထောင်သူများတဲ့ နေရာတွေမှာ သတိထားမှဖြစ်ပါမယ်။ အရှင်မိဖုရားက အရှင်မင်းကြီးနဲ့အတူ ဒီတိုင်းပြည်ရဲ့ အမြင့်ဆုံးနေရာမှာရှိတဲ့ ပုဂ္ဂိုလ်ပါ။ အပြစ်အနာအဆာ ကင်းစင်နေရမှာပေါ့ရှင့်။”
“တအားကို ကြီးလေးတဲ့ အမှားမျိုး ကျူးလွန်ခဲ့ရင်တောင်လားဟင်။ အဲ့ဒါဆိုရင် တိုင်းပြည်ရဲ့အနာဂတ်အတွက်လည်း မကောင်းဘူးမဟုတ်လား။”
“ကိုယ့်ကိိုယ်ကိုယ် ပြန်လည်ဆင်ခြင်ပြီးတော့ အမှားကို သိရှိနားလည်ရုံနဲ့ လုံလောက်ပါတယ်။ လူသိရှင်ကြား ဝန်ခံဖို့မလိုအပ်ဘူးဆိုတဲ့ သဘောပါပဲ။”
ယူဂျင်းက မတင်မကျဖြစ်နေသလို မျက်နှာထားနှင့် ခေါင်းညိတ်လိုက်သည်။ ကမ္ဘာမြေတွင် နေခဲ့စဉ်က 'ဘုရင်မှာ ရှက်စရာမရှိ' ဟူသော အယူအဆကို ကြားဖူး၏။ ယင်းနှင့် သဘောတရားချင်း ထပ်တူကျသည်ဟု ယူဆလိုက်တော့ နားလည်သွားသည်။
“ဒါဆို လူပုဂ္ဂိုလ်ချင်း ဆက်ဆံရေးမျိုး၊ ဥပမာ လူမှုဆက်ဆံရေး အသိုင်းအဝိုင်းမှာ ကျွန်မက တစ်ယောက်ယောက်အပေါ် အမှားလုပ်မိခဲ့ရင် ဘယ်လို တောင်းပန်ရမလဲဟင်။”
“အရှင်မိဖုရားက အဲ့ဒီပုဂ္ဂိုလ်ကိုခေါ်ပြီးတော့ သီးသန့်တွေ့ဆုံပြီး လက်ဖက်ရည်တိုက်ရုံနဲ့ လုံလောက်ပါတယ်။”
ယူဂျင်းလည်း တဒင်္ဂလောက် အသာလေး အတွေးထဲမျောသွားရာမှ ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်မ မာရီအန်းကို တောင်းပန်ချင်တယ်။ အခု ကျွန်မတို့နှစ်ယောက်ကလွဲလို့ နားထောင်နေတဲ့သူလည်း မရှိဘူးမဟုတ်လား။ မာရီအန်း၊ ကျွန်မ မာရီအန်းအပေါ် မလုပ်သင့်တဲ့အရာတွေ အများကြီးလုပ်ခဲ့မိတယ်။ တောင်းပန်ပါတယ်။ ပြီးတော့ ကျေးဇူးလည်းတင်တယ်။ ရှေ့လျှောက်လည်း အမြဲတမ်း ဘေးကနေ ကူညီပေးပါဦးနော်။”
ယူဂျင်းကို ကြည့်နေသော မာရီအန်းက ဖြည်းဖြည်းချင်း ယဉ်ကျေးစွာ ဦးညွှတ်အရိုအသေပေးခဲ့သည်။ ဘာမှမပြောဘဲ ဦးညွှတ်အရိုအသေပေးနေသည့် မာရီအန်း၏ပုံစံမှ သူ ခံစားနေရသော ရှုပ်ထွေးသည့် ခံစားချက်များကို ခံစားသိရှိနိုင်၏။
ခေါင်းပြန်မော့လာသော မာရီအန်းက ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးသည့်မူသို့ ပြန်ရောက်သွားပေပြီ။ စောစောကလို စိုးရိမ်ပူပန်မှုများမရှိတော့ချေ။
“အရှင်မိဖုရား၊ ဘဏ္ဍာတိုက်နဲ့ ပတ်သက်ပြီး ကျွန်မက လျှောက်တင်လို့မရပါဘူး။”
“အရှင်မင်းကြီးကို မေးကြည့်ရမှာလားဟင်။”
“ဟုတ်ပါတယ် အရှင်မိဖုရား။”
“ကောင်းပါပြီ။”
ယူဂျင်းလည်း ဆက်မမေးတော့။ ဤအတောအတွင်း ဘဏ္ဍာတိုက်နှင့် ပတ်သက်၍ ဘာမှကြားဖူးခဲ့ခြင်းမရှိ။ ဂျင်၏ မှတ်ဉာဏ်ထဲတွင် ပါဝင်လာရသည့်အထိဆိုလျှင် မာရီအန်း မတော်တဆ မေ့သွားနိုင်လောက်သော အသေးအဖွဲနေရာတော့ မဟုတ်နိုင်ပေ။
မာရီအန်းက ကိုယ်ကျိုးအတွက် ဖုံးကွယ်ထားစရာ အကြောင်းမရှိသဖြင့် အမိန့်ပေးခံထားရမည်ဖြစ်ကာ ထိုသို့သောအမိန့်မျိုး ပေးနိုင်သူက ဘုရင်မင်းမြတ်တစ်ပါးတည်းသာ။
~~~~
ညနေဘက်တွင် ဘုရင်မင်းမြတ် စေလွှတ်လိုက်သည့် အစေခံ ရောက်လာသည်။
ခွင့်ပြုကြောင်း အကြောင်းပြန်ပြီးသည့်နောက် ယူဂျင်းတစ်ယောက် ဆက်လက်၍ ပူပန်နေမိ၏။ မှန်တင်ခုံရှေ့တွင်ထိုင်ကာ မှန်ထဲမှ သူ့မျက်နှာသူ စိုက်ကြည့်နေခဲ့သည်။
ပါးပြင်နှစ်ဖက်က ယနေ့မှ ပုံမှန်မဟုတ်ဘဲ နီရဲနေသလို ခံစားရသဖြင့် လက်နှစ်ဖက်နှင့် မျက်နှာကို အုပ်ထားလိုက်၏။ လက်ဖြင့်ထိလိုက်သည့် မျက်နှာက ပူနွေးနေသည်။ ယူဂျင်းလည်း လန့်သွားကာ လက်နှစ်ဖက်ဖြင့် သူ့မျက်နှာသူ ယပ်ခပ်လိုက်၏။
‘ဘာတွေဖြစ်နေတာလဲ။’
ဤသည်က ပထမဆုံးအကြိမ်လည်း မဟုတ်သည်ကို။
အတူအိပ်ရန် ငြင်းဆိုခဲ့ပြီးသည့် နောက်တစ်နေ့မှာပင် ဘုရင်မင်းမြတ်က သိုလှောင်ရုံသို့ ထွက်ခွာသွားခဲ့ရကာ ထို့နောက်တွင် ဆက်တိုက်ဆိုသလို အနီရောင် အချက်ပြမီးရှူး ပေါက်ကွဲခဲ့သည့် အဖြစ်အပျက်များကြောင့် အရှိန်ပျက်သွားသလို ဖြစ်ခဲ့သည်တော့ရှိ၏။ သို့သော် ထိုသို့ဆိုလျှင်ပင် နောက်ဆုံးအကြိမ် အတူတူအိပ်စက်ခဲ့သည်မှာ တစ်ပတ်သာရှိသေးပေသည်။
「တစ်ခါပြန်ပြီး စတင်ချင်တယ်။」
သူနှင့် မျက်လုံးချင်းဆုံပြီး ထိုစကားကို ပြောခဲ့စဉ်က ထိုလူ၏ မျက်နှာထားနှင့် အသံနေအသံထား။
ထိုမြင်ကွင်းကို ပြန်တွေးမိသွားသော ယူဂျင်း၏ မျက်နှာက နောက်တစ်ကြိမ် ချက်ချင်း ပူနွေးလာတော့သည်။ ထိုလူက ‘ဂျင်’ နှင့်မတူသော ‘ယူဂျင်း’ ဟူသည့် လူကို တိတိကျကျ သတိထားမိကာ သိရှိနေကြောင်း သဘောပေါက်လိုက်ရ၍ပဲဖြစ်လေမလား၊ ယူဂျင်း၏ ခံစားချက်က ယခင်ကနှင့် မတူတော့ပေ။ ယနေ့မှ တကယ် သူနှင့် မင်္ဂလာဦးညကို အတူဖြတ်သန်းရတော့မလို ခံစားနေရ၏။
အလျင်အမြန် ခုန်နေသော နှလုံးကို မည်သို့မှငြိမ်သက်အောင် မလုပ်နိုင်ခဲ့။ ပုံမှန်အားဖြင့် ခါဆယ်ရ် ရောက်လာတတ်သည့်အချိန် နီးကပ်လာလေလေ၊ သူ့နှလုံးခုန်နှုန်းက အမြင့်ဆုံးအရှိန်သို့ ရောက်လာလေလေပင်။
သို့ရာတွင် အပြင်ဘက်မှ ဘာသံမှမကြားရသည့်အချိန် ကြာရှည်လာသည်နှင့်အမျှ သူ၏စိတ်လှုပ်ရှားမှုသည်လည်း တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားတော့သည်။
‘ဘာလို့ မလာသေးတာလဲ။’
ယူဂျင်းက မျက်နှာထားစူစူလေးနှင့် စေ့စေ့ပိတ်ထားသော တံခါးကို စိုက်ကြည့်နေသည်။
‘သူ ငါနဲ့ စိမ်ပြေးတမ်းကစားဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်။’
ဘုရင်မင်းမြတ် မလာနိုင်သည့် ကိစ္စတစ်ခုခုရှိခဲ့လျှင် အစေခံက လာရောက်အကြောင်းကြားမည်ဖြစ်သလို၊ ရံရွေတော်ကလည်း တံခါးခေါက်ပြီး အသိပေးပေလိမ့်မည်။
အချိန်က ဆက်လက်စီးဆင်းနေဆဲပင်။ သို့ရာတွင် ဘယ်သူမှ ရောက်မလာသေးပေ။
ယူဂျင်းတစ်ယောက် ရံရွေတော်ကိုခေါ်ပြီး မေးကြည့်ရန် တွေးမိသေးသော်လည်း မမေးတော့ဘဲနေရန် ဆုံးဖြတ်လိုက်သည်။ သူက ဘုရင်မင်းမြတ်အား တမျှော်မျှော်ဖြစ်နေသော ပုံစံမျိုးပေါက်နေမည်ကို ထူးဆန်းစွာ ရှက်ရွံ့နေမိ၏။ ဒီအတိုင်း သွေးရိုးသားရိုး သိလိုခြင်းသာဆိုလျှင် မေးကြည့်မိမည်ဖြစ်သော်လည်း အမှန်အတိုင်းဝန်ခံရလျှင် သူက ဘုရင်မင်းမြတ်ကို စောင့်မျှော်နေခြင်းဖြစ်၍ မမေးရဲခဲ့ပေ။
ညဉ့်က အတော်လေးနက်လာ၏။ ယူဂျင်းတွင်လည်း စောစောကလို ရင်ခုန်စိတ်လှုပ်ရှားမှုများ အားလုံး ပျောက်ကွယ်သွားခဲ့ပေပြီ။
‘မလာနိုင်ဘူးဆိုရင်လည်း မလာနိုင်ဘူးလို့ စောစောစီးစီး အကြောင်းကြားမှပေါ့။’
ယူဂျင်းတစ်ယောက် ညည်းညူရေရွတ်ရင်း ခုတင်ပေါ် လှဲချကာ ဘယ်ပြန်ညာပြန် လူးလှိမ့်လိုက်၏။ မျက်လုံးမှိတ်ကာ မနက်ဖြန်လုပ်ရမည့် အလုပ်များကို စဉ်းစားနေရင်း ကိုယ်တိုင်ပင်မသိလိုက်ဘဲ အိပ်ပျော်သွားတော့သည်။
ယူဂျင်း အိပ်ပျော်သွားပြီးသည့်နောက် တံခါးဖွင့်သံက အသာတိတ်တိတ်လေး ထွက်ပေါ်လာ၏။ ခါဆယ်ရ်က အချိန်နှောင်းနေပြီဖြစ်သဖြင့် ရံရွေတော်ကို အတွင်းသို့ အကြောင်းမကြားရန် မှာကြားကာ အိပ်ခန်းထဲသို့ ဝင်လာခြင်းပင်။
အိပ်ခန်းအတွင်းတွင် လင်းထိန်နေသဖြင့် သူ၏ မျက်နှာသည်လည်း လင်းလက်ဝင်းပနေခဲ့သည်။ သို့သော် ခုတင်ပေါ်တွင် အိပ်ပျော်နေသည့် ယူဂျင်းကို မြင်လိုက်ရသောအခါ သူ့မျက်နှာက ရုတ်ခြည်း မှောင်မိုက်သွားတော့၏။
သူက တစ်စုံတစ်ရာကို မျှော်လင့်နေသောစိတ်ဖြင့် ယူဂျင်း၏ နာမည်ကို ခေါ်လိုက်သည်။
“ယူဂျင်း။”
အနည်းငယ်မျှပင် တုတ်တုတ်မလှုပ်သည့် ယူဂျင်းကို ကြည့်ရင်း သူ စိတ်ပျက်မိသွား၏။ စောစောက ယူဂျင်းထံသို့ အစေခံ စေလွှတ်ခဲ့သည့်ချိန်မှစကာ အစေခံက အကြောင်းပြန်စာကို ပြန်ယူလာချိန်အထိ သူ့ရင်ထဲတွင် မည်မျှပူပန်ကြောင့်ကြနေခဲ့ရမှန်း သူကိုယ်တိုင်သာ အသိဆုံးပင်။ ညနေခင်း တစ်လျှောက်လုံးလည်း အချိန်က မည်မျှနှေးကွေးနေခဲ့သည်ကို ပြောပြ၍ပင်မရပေ။
အချိန်မတော်ရောက်လာသော အစီရင်ခံစာကို ကိုင်ဆောင်ထားသည့် အရာရှိအား ရုံးခန်းထဲပေးမဝင်ဘဲ ပြန်လွှတ်ခဲ့သင့်ပေသည်။ ခဏလေးနှင့် ပြီးနိုင်မည်ထင်ခဲ့သော်လည်း ရှုပ်ထွေးသည့်ကိစ္စများ ဆက်စပ်၍ပေါ်လာသဖြင့် တစ်ဝက်တစ်ပျက် ရပ်လိုက်၍မဖြစ်ခဲ့။
ယနေ့လုပ်ရမည့်အလုပ်ကို မနက်ဖြန်သို့ မရွှေ့ဆိုင်းခြင်းမှာ ဘုရင်မင်းမြတ်၏ စံနှုန်းပင်။ ထို့ကြောင့် မှူးမတ်အရာရှိများက ညဉ့်နက်ချိန် ရောက်လျှင်ပင် ဘုရင်မင်းမြတ်ထံ လျှောက်တင်စရာကိစ္စ ပေါ်လာပါက မနှောင့်နှေးဘဲ လာရောက်ကြ၏။ အကြောင်းရင်း အထွေအထူးမရှိဘဲ နောက်တစ်နေ့သို့ ရွှေ့ဆိုင်းလိုက်မည်ဆိုလျှင် ပြင်းထန်စွာ အပြစ်တင်ခြင်းခံရမည် ဖြစ်သောကြောင့်ပင်။
သို့ဖြစ်၍ ယနေ့ အရာရှိကြောင့် ညဉ့်နက်သည်အထိ ဆွဲထားခြင်းခံရသည့်အဖြစ်မှာ ခါဆယ်ရ်ကိုယ်တိုင် ဖန်တီးခဲ့သည့် ရလဒ်သာဖြစ်ပေသည်။ သို့ရာတွင် သူက ကိုယ့်အမှားကိုယ် မမြင်ဘဲ အပြစ်မဲ့သော အရာရှိကို မကျေမနပ်ဖြစ်နေ၏။
ခါဆယ်ရ်က သက်ပြင်းမောကို ခပ်ပြင်းပြင်းချကာ အိပ်ရာဆီသို့ ချဉ်းကပ်သွားလိုက်သည်။ ထို့နောက် ခုတင် လှုပ်ခါသွားလောက်သည်အထိ အနည်းငယ် ကြမ်းတမ်းစွာ ဘေးနားတွင် ထိုင်ချလိုက်၏။ သိသိသာသာ လုပ်ရပ်မျိုး လုပ်လိုက်သော်လည်း အိပ်ပျော်နေသည့် ယူဂျင်းထံမှ တုံ့ပြန်မှုမရှိခဲ့။
သူက ခြေထောက်တစ်ဖက်တည်းသာ ခုတင်ပေါ်သို့အပြည့်တင်ကာ ထောင်ထားသော ဒူးပေါ်တွင် တံတောင်ဆစ်ကိုတင်ပြီး မေးထောက်လိုက်သည်။ ထို့နောက် အသက်ရှူမှန်မှန်နှင့် အိပ်ပျော်နေသော ယူဂျင်း၏ ပုံစံလေးကို မျက်လုံးများဖြင့် စိမ်ပြေနပြေ ရှုစားနေ၏။ နူးညံ့သောအကြည့်တွင် ဖိနှိပ်ချုပ်တည်းထားသည့် တပ်မက်မှုများက အပြည့်အဝ နေရာယူလျက်။
ယူဂျင်းက အိပ်နေရင်း လူးလွန့်ကာ ကိုယ်ကို ပက်လက်လှန်လိုက်သည်။ ထိုစဉ် သူ၏ ဂါဝန်ပုံစံ ညဝတ်အင်္ကျီက အပေါ်သို့ အသာလေး လန်တက်သွား၏။ ခြေသလုံးအောက်ဘက်မှ သွယ်လျစွာ ဆန့်ထွက်နေသော ခြေထောက်လေးပေါ်သို့ ခါဆယ်ရ်၏ အကြည့်များ စူးစိုက်သွားတော့သည်။ အပြာရောင် မျက်လုံးများထဲတွင် မီးတောက်များ ထတောက်သလို လှုပ်ရှားသွား၏။
သူ၏ ဆင်ခြင်တုံတရားက အသုံးမကျတော့ကြောင်း သဘောပေါက်လိုက်ရတော့သည်။ အသားများ စပ်ဖျဉ်းဖျဉ်း ဖြစ်လာရသည့်အတိုင်းအတာအထိ သူ့ခန္ဓာကိုယ်က ပူနွေးထကြွလာ၏။ ဝမ်းဗိုက်အောက်ပိုင်းတွင် တင်းလာကာ သွေးများစုဝေးလာသော လိင်အင်္ဂါက အလျင်အမြန် ဖောင်းကြွလာပြီး ဘောင်းဘီအရှေ့ဘက်တွင် တင်းမာလာတော့သည်။ ဤမိန်းမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြည်းစမ်းအရသာခံလိုစိတ်ကြောင့် မခံမရပ်နိုင်ဖြစ်နေရ၏။
ခါဆယ်ရ် ခုတင်ပေါ် တက်လိုက်သည်။ ယူဂျင်း၏ ခြေချင်းဝတ်ကို ဆုပ်ကိုင်ကာ ပေါ်နေသည့် ခြေသလုံးသားလေးကို လက်ဖြင့်ညင်သာစွာပွတ်သပ်လိုက်၏။ ပြေပြစ်ချောမွေ့သော အသားအရေ၏ အထိအတွေ့က သူ့လက်ထဲတွင် ကပ်ပါလာသည်။
သူက မျက်လုံးကို တင်းတင်းမှိတ်ပြီးမှ ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးအကြည့်များက စောစောကထက်ပင် ပို၍တောက်လောင်လာတော့၏။ အတိအကျပြောရလျှင် ရူးသွပ်မှု၏ အရိပ်အယောင်ကိုပင် အရိပ်အမြွက် မြင်နေရပေသည်။
ခါဆယ်ရ် ယူဂျင်း၏ ကိုယ်ပေါ်သို့ တက်လိုက်သည်။ ယူဂျင်းကို လုံးဝ ဖိမထားမိစေရန် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း ကိုယ်အပေါ်ပိုင်းကို ငုံ့ကိုင်းလိုက်၏။ ထို့နောက် ယူဂျင်း၏ နဖူးလေး၊ မျက်လုံးလေး၊ နှာတံလေးနှင့် နှုတ်ခမ်းလေးများပါမကျန် မျက်နှာတစ်ပြင်လုံးပေါ်သို့ တိုတောင်းသော အနမ်းမိုးများ ရွာချလိုက်တော့သည်။
ယူဂျင်းတစ်ယောက် သူ့မျက်နှာပေါ်သို့ မကြာခဏ လာထိသော စိုစွတ်စွတ် ခံစားချက်ကြောင့် အိပ်နေရာမှ နိုးလာ၏။ အိပ်ချင်မူးတူး မျက်လုံးဖွင့်လိုက်သော ယူဂျင်း၏ မျက်ခွံလေးပေါ်သို့ ခါဆယ်ရ်က အနမ်းခြွေလိုက်သည်။
“အွန်း……”
ယူဂျင်းက အိပ်ချင်မူးတူးဖြစ်နေသော အသံဖြင့် တုံ့ပြန်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေးသော်လည်း ထိုအခြေအနေသို့ ရောက်လုနီးပါးဖြစ်နေသည် ချိုမြိန်စရာ အိပ်ငွေ့ကို ဖယ်ရှားပစ်ရန် ခက်ခဲနေ၏။
“ယူဂျင်း။”
သူ့မျက်နှာပေါ်သို့ ကျရောက်လာသော အနမ်းများက အနည်းငယ်ပို၍ ရှည်လျားလာကာ တပ်တပ်မက်မက် စွဲစွဲမြဲမြဲရှိလာ၏။ ယူဂျင်းတစ်ယောက် အိပ်ချင်စိတ်မပြယ်သေးသဖြင့် အနည်းငယ် ရှုပ်ထွေးသလိုဖြစ်နေသော်လည်း နားထဲတွင်ကြားနေရသော ခါဆယ်ရ့်အသံက ကောင်းမွန်သည့် ခံစားချက်ကို ပေးနေသည်။ ဇွဲကောင်းသော ဤအနမ်းက ဘယ်လိုမှ ပြီးဆုံးတော့မည်မဟုတ်ဟု ထင်ရသဖြင့် ရယ်ချင်စိတ်ဖြစ်လာ၏။
တိုးတိုးလေး ရယ်လိုက်သည့် နှုတ်ခမ်းလေးများကို ခါဆယ်ရ်က ချက်ချင်းပင် အုပ်မိုးငုံထွေးလိုက်သည်။ နှုတ်ခမ်းနှစ်လွှာကြားကို ဖြတ်ကျော်ကာ သူ၏လျှာက အတွင်းထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာ၏။ သူက ယူဂျင်း၏လျှာကို ရစ်ပတ်ပြီး အားပြင်းပြင်း စုပ်ယူလိုက်သည်။
“ဟင့်”
ယူဂျင်းထံမှ တိုပြတ်ပြတ်ညည်းသံလေးတစ်ခု ထွက်လာသည်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားမှုက လက်ဖျားများမှ တရစ်ရစ် တက်လာ၏။ အပေါ်မှ ဖိထားသော ခါဆယ်ရ်၏ခန္ဓာကိုယ်နှင့် လုံးဝ ထိကပ်သွားချိန်တွင် သူ၏ဝမ်းဗိုက်အောက်ပိုင်း၊ လျှို့ဝှက်သောနေရာလေးပေါ်သို့ လာထောက်နေသည့် မာကျောသောအရာကို ခံစားလိုက်ရသည်။
ထိုအရာ၏ ရင်းမြစ်ကို သိလိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ချင်စိတ်သည်လည်း လုံးဝပျောက်ကွယ်သွားတော့၏။ ပူပြင်းသော အပူဓာတ်က ယူဂျင်း၏ ဝမ်းဗိုက်အောက်ပိုင်းသို့ စုပြုံရောက်ရှိလာသည်။ ယူဂျင်းက လက်နှစ်ဖက်ကိုမြှောက်ကာ ခါဆယ်ရ်၏လည်တိုင်တွင် ရစ်သိုင်းလိုက်၏။
ခါဆယ်ရ်က ယူဂျင်း၏ ပါးစပ်အတွင်းသားကို လျှာဖျားနှင့် ပွတ်သပ်နေရင်း လက်တစ်ဖက်ဖြင့် ပေါင်တံအောက်ပိုင်းကို စမ်းခဲ့သည်။ ထို့နောက် ခြေတံကို ဆုပ်ကိုင်ကာ သူ၏ခါးတွင် ရုတ်ခြည်း ရစ်ခွေသိုင်းနှောင်စေခဲ့၏။ ဂါဝန်ပုံစံ ညဝတ်အင်္ကျီလေးလည်း ယူဂျင်း၏ ခါးအထိ လန်တက်သွားရတော့သည်။
အနမ်းတွင် နစ်မြုပ်နေသဖြင့် ယူဂျင်း၏ တစ်ကိုယ်လုံး တောင့်တင်းနေသည်။ ကိုယ်တိုင်ပင် သတိမထားမိဘဲ ခါဆယ်ရ်၏ ခါးကို ခြေတံများဖြင့် ရစ်ပတ်နှောင်တွယ်မိလျက်သားဖြစ်နေ၏။
ယူဂျင်း၏ ခြေတံနှစ်ဖက်ကြားထဲသို့ ခန္ဓာကိုယ်ကို ဖိကပ်လိုက်သည့် ခါဆယ်ရ်က ယူဂျင်း၏ အတွင်းပိုင်းထဲသို့ သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထိုးသွင်းနေသလို လှုပ်ရှားခဲ့သည်။ ဟနေသော ယူဂျင်း၏ ခြေတံနှစ်ဖက်ကြားကို တင်းမာစွာ ထောင်မတ်နေသည့် အမျိုးသား၏အရာက ဖိထောက်ထား၏။
သူတို့ကြားတွင် ကာဆီးထားသော အတွင်းခံကြောင့် လုံးဝဥဿုံ ပေါင်းစည်းခြင်းကို လုပ်နိုင်ခြင်းမရှိသော်လည်း တစ်ယောက်နှင့်တစ်ယောက် ခန္ဓာကိုယ်ချင်း အပြည့်အဝ ထွေးယှက်ပြီး လှုပ်ရှားနေသည့်ပုံစံက ပွင့်လင်းမြင်သာစွာ အရိုင်းဆန်လှသည်။
နှစ်ဦးသား၏ နှုတ်ခမ်းများက အကြားအလပ်မရှိ တေ့ဆက်ထားရာမှ ဖယ်ခွာသွား၏။ ပြင်းပြင်းထန်ထန် ထွေးယှက်နေသော လျှာများဖြင့် တစ်ဦး၏တံတွေးကိုတစ်ဦး မျိုချလိုက်ကြသည်။ ယူဂျင်း၏ လျှာကို စုပ်နမ်းနေစဉ် ခါဆယ်ရ်၏ ဝမ်းဗိုက်က ယူဂျင်း၏ ဝမ်းဗိုက်နှင့် တင်းကျပ်စွာ ဖိကပ်ထားလျက်ရှိ၏။ သူက ခါးကို လှုပ်ရှားရင်း ယူဂျင်း၏ မအင်္ဂါအစေ့လေးကို လှုံ့ဆော်ပေးနေသည်။
“အား…… အွန်း”
သူ၏နှုတ်ခမ်း ဖယ်ခွာသွားတိုင်း ယူဂျင်းထံမှ ပြတ်တောင်းပြတ်တောင်း ညည်းသံလေးများ ထွက်လာသည်။ တင်းမာနေသော သူ၏ ဘောင်းဘီအရှေ့ခြမ်းက လျှို့ဝှက်ရပ်ဝန်းလေးကို ဖိလိုက်သည့်အခါတိုင်း လှုံ့ဆော်မှုက ရီဝေမူးမိုက်ဖွယ်ကောင်းလှ၏။ သူ၏ လိင်တံကိုသုံးကာ တစ်ကိုယ်ရေအာသာဖြေနေရသလို ခံစားရ၍ ရှက်စိတ်ဝင်မိသော်လည်း ပို၍ပြင်းထန်ပြီး နက်ရှိုင်းသည့် လှုံ့ဆော်မှုကို လိုချင်နေမိသည်။
~~~~
Miel's Translations