အပိုင်း ၉၃ 🔞
ထင်မှတ်မထားသော စကားကို ကြားလိုက်ရ၍ ယူဂျင်းလည်း သူ့ကို စိုက်ကြည့်လိုက်မိသည်။ ခါဆယ်ရ်က သာမန်ကိစ္စလေးများဖြင့် သူတစ်ပါးကို အပြစ်တင်တတ်သူမဟုတ်ဟူသော အစွဲက မသိစိတ်ထဲတွင် အမြစ်တွယ်နေသောကြောင့် ယူဂျင်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဘာများမှားယွင်းခဲ့သလဲဟု အရင်ဆုံး ပြန်လည်သုံးသပ်ကြည့်မိ၏။
“နှုတ်ဆက်ခဲ့တာပဲမဟုတ်ဘူးလား။ စောစောက နေ့လယ်စာစားတုန်းက..."
ဒီနေ့ နေ့လယ်က ကိစ္စဖြစ်သည့်အတွက် ကြာလည်းမကြာသေးပေ။ နေ့လယ်စာအတူစားရင်း သူနှင့် ပြောခဲ့သော စကားများကို ယူဂျင်း ကောင်းကောင်းမှတ်မိနေသည်။
「တစ်ယောက်တည်း တကယ် အဆင်ပြေပါ့မလား။」
「ကျွန်မတစ်ယောက်တည်း မဟုတ်ပါဘူး။ အာဘူလည်း အတူပါမှာပါ။ ရံရွေတော်လည်း လိုက်မှာပဲကို။」
「အဲ့ဒီရံရွေတော်က အဓိကပြဿနာလေ။」
「သူ ကျွန်မကို ထိခိုက်အောင်လုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ သူကိုယ်တိုင် မကြာခင် ဒုက္ခရောက်တော့မှာမို့လို့ပါ။」
နေ့လယ်စာစားချိန်တစ်လျှောက်လုံး ပတ်ဝန်းကျင် အခြေအနေက အဆင်မပြေဖြစ်စရာ တစ်ခုမှမရှိခဲ့။ ပုံမှန်အတိုင်းပင်ဖြစ်ကာ ယူဂျင်း၏ အပြင်ထွက်ခြင်းနှင့် ပတ်သက်၍လည်း ရှည်ရှည်ဝေးဝေး စကားပြောခဲ့ခြင်းမရှိပေ။ အတိအကျပြောရလျှင် ညစာကိုပါ အတူစားရန် သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ရုံမျှသာ။
ဤနေရာ၏ စားသောက်မှုဓလေ့က တစ်ယောက်တည်းစားသည့်အခါထက် အတူစားသည့်အခါ၊ နေ့လယ်စာထက် ညစာကို ပိုပြီး စည်းကမ်းချက်များဖြင့် တည်ခင်းလေ့ရှိသည်။ တရားဝင် ညစာစားပွဲက နှစ်နာရီကျော် ကြာတတ်သဖြင့် သူနှင့်အတူ ညစာစားပါက အပြင်ထွက်ရန် ပြင်ဆင်ချိန် နည်းပါးသွားမည်စိုး၍ ငြင်းပယ်ခဲ့ခြင်းပင်။ ငြင်းလိုက်သည့်အခါ သူက အထိမခံ တုံ့ပြန်ခဲ့ခြင်းမရှိပေ။ ခေါင်းညိတ်ကာ အရေးမကြီးသလို ကျော်သွားခဲ့၏။ ယူဂျင်းသိထားသော ခါဆယ်ရ်ဆိုသည့်လူက ဤကိစ္စလေးတစ်ခုတည်းဖြင့် စိတ်ဆိုးကာ နောက်ကျမှလာပြီး မေးခွန်းထုတ်မည့်သူမဟုတ်ပေ။
“ဂရုစိုက်ပြီးသွားလို့ ပြောခဲ့တာကို။ မမှတ်မိတော့ဘူးလားရှင့်။”
“အဲ့ဒါမဟုတ်ဘူး။”
ယူဂျင်းက မိမိ၏မှတ်ဉာဏ်များကို နောက်တစ်ကြိမ် ပြန်လည်ခြေရာခံလိုက်သည်။ အချိန်ကို အနည်းငယ် နောက်ပြန်ရစ်လိုက်တော့ မနေ့ညက သူနှင့် ပြောခဲ့သော စကားများကို အမှတ်ရလိုက်၏။
「မနက်ဖြန်၊ အပြင်မထွက်ခင် ငါ့ကို အသိပေး။ မင်း ထွက်သွားတာကို ကြည့်ရမှဖြစ်မယ်။」
「မဖြစ်ပါဘူး။」
「ဘာဖြစ်လို့လဲ။」
「မနက်ဖြန် အပြင်ထွက်တာက လျှို့ဝှက်ချက်ပါ။ မော်လီက ထူးဆန်းတယ်လို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။ နေဝင်ပြီးသွားရင် ဒီနားကို မလာပါနဲ့တော့။ အာဘူက ကိုယ်ရံတော်အဖြစ် လုံလုံလောက်လောက် လုပ်ဆောင်ပေးမှာမို့လို့ စိတ်မပူပါနဲ့။」
ပူပြင်းလှသော ချစ်တင်းနှောမှု၏အပြီး၌ သူ့ကိုယ်ပေါ်တွင် မှောက်လျက်အနေအထားဖြင့် ပျော့ခွေကာ ပြောခဲ့သော စကားများပင်။ ထိုစဉ်က အသားပေါ်တွင် ခံစားခဲ့ရသော ပူပြင်းပြီး နွမ်းလျဖွယ် အိပ်ခန်း၏ အငွေ့အသက်ကိုပါ တစ်ခါတည်း သတိရမိသွားသည့်အတွက် ယူဂျင်းလည်း မျက်နှာပူလာတော့၏။
မည်သို့ပင်ဆိုစေ၊ မနေ့ညက ပြောခဲ့သော စကားများ၏ အကြောင်းအရာက ‘လိုက်ပို့မှာကို ငြင်းခဲ့တယ်’ ဟူသော သူ၏ စကားနှင့် ပို၍ကိုက်ညီနေသည်။ သို့သော် တွေးကြည့်လေလေ အဓိပ္ပာယ်မရှိဘူးဟု ခံစားရလေလေပင်။
ယနေ့ နေ့လယ်ကကိစ္စပင်မဟုတ်ဘဲ မနေ့ညက ကိစ္စတဲ့လား။ ထို့အပြင် သူ အပြစ်တင်နေသည့် အကြောင်းအရာက အကျိုးသင့်အကြောင်းသင့် လုံးဝဖြစ်မနေခဲ့။ လျှို့ဝှက်စစ်ဆင်ရေး လုပ်ဆောင်ရခြင်းနှင့် မခြားနားသည်ကို လိုက်ပို့ခြင်းက ဖြစ်သင့်သည့်ကိစ္စ ဟုတ်ပါ့မလား။
“အခု အသားလွတ်ကြီး ပြဿနာရှာနေတာမှန်း၊ သိတယ်မဟုတ်လားရှင့်။”
“......”
ခါဆယ်ရ်က မျက်လုံးများကို အသာလေး ဘေးသို့လွှဲသွားကာ ပြောလာသည်။
“စောစောက ပြောဖို့လုပ်နေတဲ့စကားက ဘာလဲ။”
“အာ၊ အဲ့ဒါလား...”
ယူဂျင်းက ပြန်ဖြေရန်ပြင်ပြီးမှ ပါးစပ်ကို ပိတ်လိုက်သည်။ ခါဆယ်ရ်ကို စိုက်ကြည့်နေသော ယူဂျင်း၏ နှုတ်ခမ်းလေးများက တဖြည်းဖြည်း လှုပ်ရွလာ၏။
နောက်ဆုံးတွင် ထိန်းမရသော ရယ်သံလေးက နှုတ်ခမ်းကြားမှ ထွက်ပေါ်လာကာ ယင်းကပင် အစပျိုးပေးလိုက်သည့်အလား ယူဂျင်းတစ်ယောက် အသံကျယ်ကျယ် ရယ်မောလိုက်လေသည်။ ရှက်ကိုးရှက်ကန်းအမူအရာဖြင့် သက်ပြင်းချလိုက်သော ခါဆယ်ရ်၏ တုံ့ပြန်မှုကြောင့် ယူဂျင်း ပို၍ပင် ဟားတိုက်ရယ်မောမိ၏။
တိုင်းပြည်ရတနာကို ခိုးယူခဲ့ခြင်း၊ မာရာ၏ ဘာသာရေး အစွန်းရောက်ဂိုဏ်းအား ငွေပေးခဲ့ခြင်း၊ အစွန်းရောက်ဂိုဏ်းဝင်များက 'သူတော်စင်အရှင်မ' ဟု ခေါ်ဆိုကြခြင်း အစရှိသောကိစ္စများကိုပင် အဆင်ပြေကြောင်းပြောကာ ကျော်သွားခဲ့သော ထိုလူက 'လိုက်မပို့ပါနဲ့' ဟူသော မနေ့ညက စကားတစ်ခွန်းတည်းကို စိတ်ခုပြီး ရင်ပြင်အထိ ထွက်လာကာ စောင့်ဆိုင်းနေခဲ့သည်တဲ့လား။
ဆင်ခြင်တုံတရားရှိပြီး အေးစက်တည်ကြည်ကာ တိုင်းပြည်နှင့် ပြည်သူများကို ချစ်မြတ်နိုးသော ဟာရှီတိုင်းပြည်၏ အရှင်သခင်။ မရဏဘုရင်အား ဖော်ပြရာတွင် ဤသည်ထက် ပို၍သင့်တော်သည့် တစ်ကြောင်းတည်းသော ဖော်ပြချက် ရှိနိုင်မည်မဟုတ်ပေ။
ယူဂျင်းတစ်ယောက် ခါဆယ်ရ်က ပြည်သူများ၏ လေးစားမှုကို ခံယူရသည့် ဘုရင်ဖြစ်သည်ဟူသောအချက်ကို မကြာခဏဆိုသလို ခံစားမိရသည်။ မျက်မှောက်တွင် ချီးမွမ်းပြောဆိုခြင်းမရှိသော်ငြား လူတို့၏ မျက်လုံးများ၊ အမူအရာများတွင် ဘုရင်မင်းမြတ်အပေါ် အလေးထားမှုနှင့် ကြောက်ရွံ့လေးစားမှုတို့က အတိုင်းသား ထင်ရှားပေါ်လွင်နေ၏။
သို့ရာတွင် ခါဆယ်ရ်က ဘုရင်တစ်ပါးအနေဖြင့်သာမက လူသားတစ်ဦးအနေဖြင့်ပါ အပြစ်ပြောစရာမရှိပေ။ သူ့ကိုတွေ့လိုက်ရတိုင်း တစ်ခါတစ်ရံ အံ့သြချီးကျူးမိရ၏။
ထို့ကြောင့် စိတ်ဆိုးပြီး ကလေးဆန်စွာ ပူညံပူညံလုပ်နေသော သူ၏ လူသားဆန်သည့်ပုံစံကို ထင်မှတ်မထားခဲ့မိပေ။ ထို့အပြင် ဝမ်းလည်းသာမိ၏။ သူ၏ ထိုသို့သောပုံစံကို သိသူက မရှိသလောက်နည်းပါးမည်ဖြစ်သောကြောင့်ပင်။
ယူဂျင်းက လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ၏ လည်တိုင်ကို ဖက်တွယ်လိုက်သည်။ ရယ်ချင်စိတ်က တားမရအောင် ဖြစ်လာ၏။ အနည်းငယ် ပို၍ မြန်ဆန်စွာ ခုန်နေသော နှလုံးခုန်သံက အလွန်ပင် ကောင်းမွန်သော ခံစားချက်ကို ပေးနေသည်။ အနေတော်ယစ်မူးနေသည့်အလား စိတ်ကလွင့်မျောနေ၏။
“အရှင်မင်းကြီး။ ကျွန်မ ဘယ်လောက်တောင် ပျော်နေမှန်း သိမှာမဟုတ်ဘူးရှင့်။ အဲ့ဒီလူကိုတွေ့ပြီး မှတ်ဉာဏ်တွေ ပြန်ရခဲ့လို့ မဟုတ်ပါဘူး။ ရှင့်ကို တောင်းပန်ရမဲ့ကိစ္စမျိုး ကျူးလွန်ခဲ့တာမရှိမှန်း သိလိုက်ရလို့ ပျော်နေတာပါ။ ခုနက ပြောမလို့လုပ်နေတဲ့စကားက အဲ့ဒါပါပဲ။”
ယူဂျင်းက ခါဆယ်ရ်အား တင်ကျပ်စွာ ဖက်ထားခဲ့သော လက်များကို ဖြေလျော့ကာ အသာလေး တွန်းဖယ်ပြီး သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“ဒီအတောအတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့တင် ရှင့်အရှေ့မှာ ခေါင်းမဖော်နိုင်အောင် ရှက်မိရပေမဲ့ နည်းနည်းလောက်လေးပဲဖြစ်ဖြစ် ရိုးသားဖြောင့်မတ်ချင်ခဲ့တာပါ။ အဲ့ဒီလိုဖြစ်ဖို့အတွက် ကျွန်မ လုပ်ခဲ့တဲ့ အမှားတွေအားလုံးကိုသိပြီး ဖြေရှင်းရမယ်လို့ တွေးခဲ့တာလေ။ အဲ့ဒါကြောင့် သူ့ကို မရမက တွေ့ချင်ခဲ့တာပေါ့။”
“လူဆိုတာ အမှားလုပ်တတ်တာပဲလေ။”
ခါဆယ်ရ်က ယူဂျင်း၏ ပါးပြင်ကို လက်ဖမိုးဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ လက်ရှိတွင် ရင်ထဲ၌ နူးညံ့စွာ ပြည့်လျှံတက်လာသော ခံစားချက်များကြောင့် တစ်ကိုယ်လုံး မရိုးမရွဖြစ်နေသလို ခံစားနေရ၏။ မိမိ၏ ခံစားချက်များကို ရိုးသားပွင့်လင်းစွာ၊ တည်ငြိမ်စွာ ဖော်ပြတတ်သော ယူဂျင်းက ချစ်ဖို့ကောင်းလွန်းလှသည်။
သူ့ကို ဘာကြောင့် ယုံကြည်တာလဲဟူသော ယူဂျင်း၏ မေးခွန်းကို အမှတ်ရလိုက်မိ၏။ ဤသို့သော ပုံစံလေးကို မြင်တွေ့ရတော့ မယုံကြည်ဘဲ မနေနိုင်ပေ။ ယူဂျင်းက အမြဲတမ်း ရှင်းလင်းပြတ်သားပြီး တိကျသော စကားပြောဆိုမှုပုံစံဖြင့် သူ၏ ခံစားချက်များနှင့် အတွေးများကို ဖော်ပြခဲ့သည်။
ခါဆယ်ရ် ကျင်လည်ရာ လောကတွင် ယဉ်ကျေးမှုနှင့် အကျွမ်းတဝင်ရှိသူများက အမြဲတမ်း လွတ်မြောက်နိုင်မည့် ထွက်ပေါက်ကို ဖန်တီးထားပြီးမှ စကားပြောတတ်ကြ၏။ ထို့ကြောင့် သူတို့နှင့် လုံးဝမတူသော ယူဂျင်းနှင့် ပြောဆိုရသည့် စကားများက စိတ်ဝင်စားစရာကောင်းလှပေသည်။ ထို့အပြင် ကိုယ်တိုင်တောင် သတိမထားမိခင်မှာပင် ယူဂျင်းနောက်သို့ အမြဲလိုက်နေမိ၏။
“မင်းက ပြုပြင်ဖို့ ကြိုးစားနေတာပဲကို။ ရိုးသားဖြောင့်မတ်မှုမရှိစရာ အကြောင်းမှမရှိတာ။”
ယူဂျင်းက ခံစားချက်များ လွှမ်းမိုးနေသည့်ပုံစံဖြင့် မျက်လုံးများကို အဖွင့်အပိတ်လုပ်လိုက်သည်။
“ဆက်ပြီး အမှားလုပ်နေမယ်ဆိုရင်ရော။”
“ကိစ္စမရှိဘူး။”
“တစ်သက်လုံး ရှင်က ကျွန်မ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို နောက်ကနေလိုက်ပြီး ရှင်းပေးနေရမလားတောင် မသိတာကို။”
“တစ်သက်လုံးတဲ့လား..."
ယူဂျင်း၏ပါးပြင်ကို ပွတ်သပ်နေသည့် သူ၏လက်က မေးစေ့လေးကို ဆုပ်ကိုင်ကာ အသာအယာ ပင့်တင်လိုက်သည်။
“စွန့်စားကြည့်ဖို့ကောင်းသားပဲ။”
ခေါင်းကို ငဲ့စောင်းလျက် နီးကပ်လာသော သူ့မျက်နှာကိုကြည့်ရင်း ယူဂျင်းလည်း မျက်လုံးလေးများကို မှေးမှိတ်လိုက်သည်။ သူ့နှုတ်ခမ်းက ယူဂျင်း၏ နှုတ်ခမ်းလေးကို ပူနွေးစွာ ထွေးငုံသွား၏။ ဖြည်းညင်းစွာ နှုတ်ခမ်းကို စုပ်ယူလိုက်ရင်းမှ ပိုမိုနက်ရှိုင်းစွာ နှုတ်ခမ်းချင်း တစ်သားတည်းကျသွားလေသည်။
ယူဂျင်း၏ နှုတ်ခမ်းလေးများကို မရိုးမရွဖြစ်အောင် ကျီစယ်သည့်အလား သူ၏လျှာဖျားက နှုတ်ခမ်းများကြားသို့ ထိုးခွင်းကာ နက်ရှိုင်းစွာ ဝင်ရောက်လာ၏။ သူက ယူဂျင်း၏လျှာကို ရစ်ပတ်ကာ ပွတ်တိုက်လိုက်သည့်အခါ ယူဂျင်း၏ လည်ချောင်းထဲမှ တိုးသဲ့သဲ့ ညည်းသံလေး ထွက်ပေါ်လာသည်။
နုနယ်သော အတွင်းသားများကို ပွတ်တိုက်ပြီး သွားတန်းလေးများကို ဖြတ်သန်းကာ လျှာကို အားပါးတရ စုပ်ယူခဲ့၏။ အလျင်စလိုမလုပ်ဘဲ တစ်စိုက်မတ်မတ်ရှိလှသော အနမ်းက ရှည်လျားစွာ ခရီးဆက်ခဲ့သည်။
ဇွဲကောင်းကောင်းနှင့် ယူဂျင်း၏ နှုတ်ခမ်းလေးများကို တမ်းတနေသော ခါဆယ်ရ်က ပါးလေးနှင့် မျက်လုံးနားတစ်ဝိုက်ကို နမ်းရှိုက်ကာ ယူဂျင်း၏ လည်တိုင်ပေါ်သို့ နှုတ်ခမ်းကို ကပ်လိုက်၏။ သူ့မျက်နှာ မေးစေ့အောက်သို့ ကျူးကျော်ဝင်ရောက်လာသည့်အခါ ယူဂျင်း၏ခေါင်းလည်း အနောက်သို့ မော့သွားတော့သည်။ ခန္ဓာကိုယ်ကလည်း မြင်းရထားနံရံဘက်သို့ စောင်းသွားသည့်အခါ သူက ယူဂျင်းကို ဖိထားသည့်ပုံစံမျိုး ဖြစ်လာ၏။
သူ၏လက်က ရင်သားကို ဆုပ်ကိုင်လာသည့်အခါ ယူဂျင်း ဆတ်ခနဲတွန့်သွားသည်။
“ခဏ……အရှင်မင်းကြီး။ အင့်...”
ယူဂျင်းက ဆက်လက်ပြီး လည်တိုင်ကို နမ်းနေသော သူ့အား တွန်းထုတ်လိုက်သည်။
“တော်ပါတော့…… ဒီမှာ မဖြစ်ပါဘူး။”
“ဘယ်သူမှမရှိဘူး။”
ယူဂျင်း၏စိတ်ထဲတွင် စောစောက မြင်ခဲ့ရသော လူသူကင်းမဲ့သည့် ရင်ပြင်၏မြင်ကွင်း ပေါ်လာကာ ရုတ်တရက် သတိဝင်သွားတော့သည်။ သူက အားစိုက်ပြီး ခါဆယ်ရ်ကို တွန်းထုတ်လိုက်၏။ တကယ်တမ်း တွန်းထုတ်လိုက်တော့ ခါဆယ်ရ်က အသာတကြည် ဆုတ်ခွာပေးခဲ့သည်။
“မြင်းရထားက ဘာလို့ မထွက်သေးတာလဲရှင့်။ စောစောကတည်းက တောက်လျှောက် ရပ်နေတယ်မဟုတ်ဘူးလား။”
“ငါက ထွက်တော့လို့ ပြောရမှာပေါ့။”
“ဘုရားရေ။ ဒါဆို ရှင့်အမိန့်ကိုပဲစောင့်ပြီး ဒီမြင်းရထားကို စောင့်ကြည့်နေကြတယ်လို့ ပြောနေတာလား။ အားလုံးက ကျွန်မတို့ကို တစ်ခုခုလုပ်နေတယ်လို့ ထင်ကုန်ကြမှာပေါ့။”
ယူဂျင်းကို ကြည့်နေသော ခါဆယ်ရ်က စပ်ဖြီးဖြီးပြုံးလိုက်သည်။
“ဘာလုပ်နေတယ်လို့ ထင်ကုန်မှာလဲ။”
“……”
“ငါတို့က ဘာများလုပ်မှာမို့လို့လဲ။”
ယူဂျင်းက ညစ်ကျယ်ကျယ် စနောက်နေသော သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒါဆို ဆီအိုးစစ်ဆေးရေးကလည်း ရှင့်အစီအစဉ်ထဲမှာ ပါနေတာလား။ ရင်ပြင်ကို ရှင်းပစ်ဖို့လားဟင်။”
“နဂိုလည်း ဒီအချိန်မှာ လုပ်ရမဲ့အလုပ်ပဲ။ တိုက်ဆိုင်သွားရုံပဲရှိတာ။”
ခါဆယ်ရ်က မှင်သေသေမျက်နှာဖြင့် လိမ်ညာလိုက်သည်။ ယူဂျင်းက မယုံသင်္ကာမျက်လုံးများဖြင့် သူ့ကို ကြည့်ပြီး ပြောလိုက်၏။
“ကျွန်မနောက်မှာ ကိုယ်ရံတော်ချထားတာတော့ မဟုတ်ပါဘူးနော်။ ဟိုလူ သတိထားမိသွားနိုင်လို့ လုံးဝ မလုပ်ပါနဲ့ဆိုပြီး ရှင့်ကို သေချာမှာထားတာလေ။”
“မချထားပါဘူး။”
ကိုယ်ရံတော် ချထားခြင်းမရှိသော်လည်း ကင်းလှည့်တပ်သားများကိုတော့ အများအပြား ချထားခဲ့သည်။ ဆိုင်များတွင် အခမ်းအနားကြီးများ ရှိသောကြောင့် လုံခြုံရေး အင်အားဖြည့်တင်းသည်ဟူသော အကြောင်းပြချက်ကို ဖန်တီးခဲ့သည့်အတွက် ပြဿနာ တစ်စုံတစ်ရာမရှိဟူသောအတွေးဖြင့်။
“ဒီလောက်နဲ့ပဲ သွားမယ်ရှင့်။ အာ၊ ပြီးတော့ ပြန်ရောက်ရင် အာဘူကို ဆက်ဆက် တောင်းပန်လိုက်ပါ။”
“တောင်းပန်ရမယ်။”
“အာဘူခမျာ ဒီနေ့ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ။ အဲ့ဒါကို အဲ့ဒီလိုမျိုး ပစ်ထားလိုက်တယ်မဟုတ်လား။”
ခါဆယ်ရ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ငါက အဲ့ဒီကောင်ရဲ့ သခင်လေ။ သူငယ်ချင်းမှ မဟုတ်တာ။”
သူ၏ ပြောဆိုဟန်ကို ဝေဖန်ရန်ပြင်နေသော ယူဂျင်းလည်း ပါးစပ်ပိတ်ကာ အတွေးထဲမျောသွားတော့သည်။ မှော်ဝင်သားရဲနှင့် သခင်၏ ဆက်ဆံရေးကို လူလူချင်း ဆက်ဆံရေးကဲ့သို့ တွေး၍မဖြစ်နိုင်ပေ။ မှော်ဝင်သားရဲများအတွက် အင်အားကြီးမားမှုအပေါ်မူတည်သည့် အဆင့်အတန်းက အရေးကြီးသောကြောင့်ပင်။
“အဲ့ဒါဆိုလည်း ပင်ပန်းခဲ့ရတာကို ချီးကျူးပေးလိုက်ပါ။ ကောင်းကောင်းလုပ်ခဲ့ရင် ကောင်းကောင်းလုပ်ခဲ့တယ်လို့ ပြောပေးရမှာပေါ့။ မဟုတ်ဘူးလား။”
“......သိပြီ။”
ခါဆယ်ရ်က မြင်းရထားနံရံကို နှစ်ချက် ခေါက်လိုက်သည်။ ခဏအကြာတွင် မြင်းရထားလည်း စတင်ထွက်ခွာတော့၏။
ယူဂျင်းတစ်ယောက် မြင်းရထားမောင်းသူနေရာတွင် လူတစ်ယောက် တောက်လျှောက်ထိုင်နေခဲ့သည်ကို သဘောပေါက်သွားကာ လက်နှစ်ဖက်ဖြင့် ပူတက်လာသော မျက်နှာကို အုပ်ထားလိုက်၏။ သူ့အား မျက်ထောင့်နီဖြင့် စိုက်ကြည့်လိုက်တော့ ဘာပြဿနာရှိလို့လဲဟူသော မျက်နှာထားမျိုးလုပ်ပြခဲ့သည်။ လက်အောက်ငယ်သားများ၏ မျက်လုံးနှင့် နားများကို ဂရုမစိုက်ကြသော ဤနေရာမှလူတို့၏ နေထိုင်မှုဓလေ့ကို ဘယ်လိုမှ ရင်းနှီးအသားကျနိုင်မည့်ပုံမပေါ်ပေ။
~~~~
ပြင်းထန်သော ချစ်တင်းနှောမှု ပြုလုပ်ခဲ့ပြီးနောက် ပူနွေးနေသည့် အိပ်ခန်းလေထုကအေးမသွားသေးပေ။ ကျယ်ပြန့်သော ခေါင်းအုံးကို ကျောဘက်တွင် ထားပြီး လှဲနေသလို မှီလျက်ထိုင်နေသော သူ၏ကိုယ်ပေါ်တွင် ယူဂျင်း၏ ခန္ဓာကိုယ်က လုံးဝပျော့ခွေနေ၏။ မောပန်းနွမ်းနယ်သော ခံစားချက်ဖြင့် မျက်လုံးများကိုမှိတ်ထားလျက်ရှိနေသည်။
ယူဂျင်း၏ ခန္ဓာကိုယ်ကို ပွတ်သပ်နေသော သူ၏လက်က တဖြည်းဖြည်းနှင့် ရမ္မက်ဆန်သော နူးနူးညံ့ညံ့ အထိအတွေ့အဖြစ် ပြောင်းလဲလာ၏။ ပေါင်အတွင်းပိုင်းကို ဖြည်းဖြည်းချင်း ပွတ်သပ်နေရာမှ တင်ပါးကို ဆုပ်ညှစ်လိုက်ကာ ခါး၏ကောက်ကြောင်းကို အရသာခံသည့်အလား လက်ဖဝါးဖြင့် ပွတ်တင်ပေးခဲ့သည်။
ကာမ၏အထွတ်အထိပ်ကို ခံစားပြီးနောက် အားအင်ကုန်ခမ်းမှုကြောင့် အိပ်ချင်စိတ်များ ပေါ်လာ၏။ သို့ရာတွင် သူက နူးညံ့ပြီး ဇွဲကောင်းသော အကိုင်အတွယ်ဖြင့် တစ်ကိုယ်လုံးကို ထိတွေ့ပွတ်သပ်နေသောအခါ အမောပြေသွားသလိုခံစားရပြီး တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်က ပြန်လည်၍ ပူနွေးတက်လာပြန်သည်။
ပခုံးအထိ ရောက်လာသော ခါဆယ်ရ်၏လက်က ယူဂျင်း၏ လည်တိုင်လေးကို ဆုပ်ကိုင်ကာ အသာလေး ဖိချလိုက်၏။ ခေါင်းငုံ့လာသော သူက ယူဂျင်း၏ ဆံပင်များပေါ်သို့ နမ်းရှိုက်လေသည်။
ကြင်ကြင်နာနာရှိပြီး ဖြူစင်သည့် ဤသို့သော အနမ်းမျိုးက ရမ္မက်ဆန်ဆန် အနမ်းမျိုးထက်ပင် စိတ်လှုပ်ရှားမှုကို ပို၍ပေးစွမ်းနိုင်သည်ဟု ခံစားရသည်။ ‘အချစ်ကို ဖလှယ်သည်’ ဟူသော ကြီးကြီးကျယ်ကျယ် စကားလုံးက ဖော်ပြလိုသည့် ခံစားချက်ကို သိလိုက်ရသလိုပင်။
ယူဂျင်းက ခါဆယ်ရ်၏ ကိုယ်ပေါ်တွင် မှီထားသည့် ခေါင်းကိုမော့ကာ သူ့ကို ကြည့်လိုက်သည်။ ချက်ချင်း ဆင်းသက်လာသော နှုတ်ခမ်းက ယူဂျင်း၏နှုတ်ခမ်းလေးကို ငုံထွေးသိမ်းပိုက်သွား၏။ ဖွဖွလေးထိပြီးမှ ခွာသွားသော နှုတ်ခမ်းက ပို၍ပို၍ နက်ရှိုင်းစွာ တစ်သားတည်းကျသွားကာ နှစ်ဦးသား၏ လျှာများသည်လည်း ရစ်ပတ်သွားကြသည်။
“ဟွတ်......”
သူ လျှာကို စုပ်ယူလိုက်သည့်အခါ ကျောရိုးတစ်လျှောက် စိမ့်တက်လာသော စွဲမက်ဖွယ် ခံစားချက်က ပေါ်လာ၏။ ကိုယ်တိုင်ပင် မသိလိုက်ဘဲ ညည်းသံလေးထွက်လာကာ ဆတ်ခနဲတွန့်သွားရသည်။
ယူဂျင်း၏ အသားလေးနှင့် ထိတွေ့နေသော တောင့်တင်းသည့် သူ၏ ခန္ဓာကိုယ်တွင် ပို၍ အားဝင်လာတော့၏။ ယူဂျင်းတစ်ယောက် ထိုအချိန်တွင် ခံစားရသော ခံစားချက်ကို အနားယူနေသော သားရဲတစ်ကောင် အကြောဆန့်သည့် အခိုက်အတန့်နှင့် တူသည်ဟု တွေးလိုက်မိသည်။ ခါဆယ်ရ်က ကိုယ်ကို ထူမတ်လိုက်ကာ ယူဂျင်း၏ ကိုယ်လေးကို ပေါ့ပါးစွာ မယူပြီး အနေအထားကို ပြောင်းလိုက်၏။
ယူဂျင်း၏ ကျောပြင်လည်း ခုတင်နှင့် ထိသွားတော့သည်။ သူ့အပေါ်သို့ တက်လာသော ခါဆယ်ရ်၏ ခန္ဓာကိုယ်က ယူဂျင်း၏ ခြေတံများကြားသို့ ချက်ချင်း ကပ်သွား၏။ ဝမ်းဗိုက်အောက်ပိုင်းသို့ လျှောဆင်းသွားသော သူ၏လက်က ယောနိကို ပွတ်သပ်ခဲ့သည်။ လုံလောက်စွာ စိုစွတ်ပြီး ချောမွေ့နေသော အဝင်ဝကို သေချာစစ်ဆေးပြီးနောက် တစ်ချက်တည်းဖြင့် အဆုံးအထိ ဆောင့်သွင်းလေတော့၏။
“အွတ်”
ယူဂျင်းလည်း မျက်လုံးကို စုံမှိတ်လိုက်သည်။ မာကျောပြီး တောင့်တင်းသော ယောက်ျား၏အရာက ချောကျိကျိ ဖြစ်နေသည့် အပိုင်းကို ဖြဲချဲ့ကာ ထိုးဖောက်ဝင်ရောက်လာသော ခံစားချက်မှာ အင်မတန် ထင်ရှားသိသာလှ၏။ စောစောက ချစ်တင်းနှောမှုတွင် ယူဂျင်း၏ အတွင်းထဲသို့ သူ ထုတ်လွှတ်ထားသော သုက်ရည်များက ချောဆီအဖြစ် လုံလောက်စွာ အထောက်အကူပြုပေးနေသော်လည်း သူ့အား လက်ခံရသော အခိုက်အတန့်က အမြဲတမ်း ပြင်းထန်လှပေသည်။
~~~~
Miel's Translations