no

Font
Theme

အပိုင်း ၉၄ 🔞

ယူဂျင်း၏ အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ထိုးသွင်းထားလျက်ကပင် ခါဆယ်ရ်က ယူဂျင်း၏နှုတ်ခမ်းလေးများကို ငုံ့မိုးကာ ဖိကပ်နမ်းလိုက်သည်။ ပွင့်အာနေသော နှုတ်ခမ်းလေးများကြားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာသည့် လျှာက ယူဂျင်း၏လျှာကို ရစ်ပတ်သွား၏။ နှုတ်ခမ်းများနှင့် နှုတ်ခမ်းအတွင်းရှိ နူးညံ့သော အသားစိုင်လေးများကို ကိုက်လိုက်၊ လျှာဖြင့်လျက်လိုက် လုပ်ရင်း ယူဂျင်း၏လျှာကိုပါ စုပ်ယူခဲ့လေသည်။

“ဟင့်... အင့်...”

သူ ခဏလေး နှုတ်ခမ်းကို ခွာသွားတိုင်း ယူဂျင်းတစ်ယောက် အသက်ရှူမှားကာ တိုးတိုးလေး ရှိုက်ညည်းမိသည်။ နဂိုကတည်းက မူပိုင်နေရာဖြစ်သည့်အလား ပေါင်တံများကြားတွင် ပြည့်ကျပ်စွာ နေရာယူထားသည့် ကြီးမားလှသော ဖြစ်တည်မှုနှင့် အသားကျလာအချိန်တွင် ဆွဲနုတ်လိုက်သလို ပြန်ထွက်သွားသည့် လိင်တံက အတွင်းသားနံရံကို ပွတ်ဆွဲသွား၏။

“အား”

အတုတ်ခိုင်ဆုံးအပိုင်းသာ ချန်ခဲ့ပြီး ထွက်သွားသော သူက နောက်တစ်ကြိမ် နက်ရှိုင်းစွာ ထိုးသွင်းလာပြန်သည်။ ရုတ်တရက် တုန်ယင်သွားသော ယူဂျင်း၏ကိုယ်လေးကို ဖိထားကာ လက်ချင်းယှက်ပြီး အိပ်ရာပေါ်တွင် ဖိချုပ်ထားသည့်အတိုင်း ခါးကိုလှုပ်ရှား၍ စတင်ဆောင့်သွင်းတော့၏။

ထိကပ်နေသော နှစ်ဦးသား၏ ပေါင်ခြံများကို တင်းမာစွာထောင်မတ်နေသော လိင်တံက ဆက်သွယ်ပေးထားလျက်ရှိနေသည်။ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာချိန်တွင် နူးညံ့စွာ တုန်ယင်သွားသည့် ပေါင်တံများက ခါဆယ်ရ်၏ခါးကို ရစ်သိုင်းထားကာ သူ အနောက်သို့ ဆုတ်ခွာသွားချိန်တွင် မကျေမနပ်ဖြစ်သည့်အလား သေးငယ်သော အပေါက်ကလေးက အနောက်မှ လိုက်ပါသွား၏။

သတိရှိသော လှုပ်ရှားမှုမျိုးမဟုတ်ဘဲ မသိစိတ်၏ အလိုအရ တုံ့ပြန်မှုက ခါဆယ်ရ်အား ပို၍ပင် စိတ်လှုပ်ရှားလာအောင် လှုံ့ဆော်ခဲ့သည်။ သူလည်း အသားချင်းရိုက်ခတ်သံများ ဆူညံသွားသည်အထိ ပြင်းထန်စွာ ထိုးဆောင့်လေတော့၏။

“ဟင့်...အား... အား...”

ယူဂျင်းတစ်ယောက် မျက်စိရှေ့တွင် ပွင့်ထွက်လာသည့် မီးပွားများကြောင့် မျက်လုံးကိုမှိတ်ပြီး ပြန်ဖွင့်လိုက်မိသည်။ အတွင်းပိုင်းကို ဆွဲဖြဲလိုက်သည့်အလား အောင့်တောင့်တောင့်ခံစားချက်ကြောင့် တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူ၏ ခန္ဓာကိုယ်က ပို၍ပို၍ ခံစားတုံ့ပြန်နိုင်စွမ်း မြင့်လာသည့်ပုံပင်။ ထို့အပြင် ခါဆယ်ရ်နှင့် ကိုယ်လက်နှီးနှောသည့်အခါ ခံစားရသော သာယာမှုကို တဖြည်းဖြည်း စွဲလမ်းလာသည်ဟု ထင်နေမိသည်။

ယူဂျင်းက သာယာမှုကို မလွန်ဆန်နိုင်သည့် လူသားတစ်ဦးဖြစ်ကြောင်း ဝန်ခံရမည်ကိုလည်း မနှစ်မြို့ခြင်းမဖြစ်မိပေ။ ထို့ထက် သာယာမှုနောက်သို့ လိုက်ကြသူများ၏ ခံစားချက်ကို အနည်းငယ် နားလည်လာ၏။

သူက တောင့်တင်းသော ထိုလူ၏ ရင်အုပ်ကြွက်သားများမှ စီးကျနေသည့် ချွေးများကို ပြုစားခံထားရသည့်အလား ကြည့်နေမိသည်။ အမျိုးသမီးများထက် အမျိုးသားများက အမြင်အာရုံဆိုင်ရာ လှုံ့ဆော်မှုအပေါ် ပို၍အားနည်းသည်ဟုဆိုသော်လည်း အမြဲတမ်းတော့ ထိုသို့မဟုတ်သည့်ပုံပင်။ ယူဂျင်း၏ ယောနိထဲတွင် ပူနွေးသော အပူရှိန်တက်လာကာ ဝင်ရောက်လာသည့် ခါဆယ်ရ်၏လိင်တံကို တင်း​နေအောင် ညှစ်လိုက်မိ၏။

ခပ်နိမ့်နိမ့် ညည်းသံတိုပြတ်ပြတ်ကို ထုတ်လွှတ်လိုက်သည့် ခါဆယ်ရ်က ယူဂျင်း၏ နှုတ်ခမ်းလေးများကို ထပ်မံ၍ ငုံထွေးသိမ်းပိုက်သွားပြန်သည်။ ယူဂျင်းလည်း ပါးစပ်ကိုဖွင့်၍ သူ၏အနမ်းကို လက်ခံလိုက်ကာ သူဖမ်းချုပ်ထားသော လက်များကို လူးလွန့်ရုန်းထွက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်း၍ သူ့လည်တိုင်အား သိုင်းဖက်လိုက်၏။ မျက်လုံးမှိတ်လိုက်သည့်အခါ အဆုံးမရှိသော ဤခံစားချက်က ကောင်းလွန်းလှသဖြင့် ယူဂျင်းတစ်ယောက် အသက်ရှူကျပ်ရလောက်အောင် သူ့အား အတင်းအကျပ် ဖိတွန်းနေသော ခါဆယ်ရ်ကို တွန်းထုတ်နိုင်ခြင်းမရှိခဲ့ချေ။

~~~~

“ယဇ်ပူဇော်ပွဲကို ဘယ်သူလိုက်မလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား။”

ယူဂျင်း၏ မေးခွန်းကြောင့် အကြံပေးသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံကာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဘယ်သူမှ အလွယ်တကူ ဖြေဆိုနိုင်ခြင်းမရှိခဲ့။

ယူဂျင်းက ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ယဇ်ပူဇော်ပွဲအတွက် အကြံပေးတစ်ဦးကိုသာ ခေါ်သွားရန် စဉ်းစားထားသဖြင့် ဘယ်သူလိုက်မလဲဟု မေးခဲ့ဖူးသည်။ အကြံပေးများက သူတို့အချင်းချင်း မိမိလိုက်ပါလိုကြောင်း ပြောလာကြသဖြင့် သုံးယောက်သား ဆွေးနွေးပြီးဆုံးဖြတ်ရန် ပြောထား၏။

“အခုအထိ မဆုံးဖြတ်ရသေးဘူးလား။ မနက်ဖြန်ဆိုရင်ပဲ ထွက်ခွာရတော့မှာကို။”

“......”

ယူဂျင်းလည်း တစ်ယောက်ကိုတစ်ယောက်သာ ခိုးကြည့်နေကြသည့် အကြံပေးများကိုကြည့်ရင်း မတတ်သာသည့်ပုံဖြင့် ပြောလိုက်သည်။

“မဲနှိုက်ပြီး ဆုံးဖြတ်ကြတာပေါ့။”

အကြံပေးများက ချက်ချင်းပင် ကန့်ကွက်ကြလေသည်။

“အရှင်မိဖုရား။ မဲနှိုက်ပြီးဆုံးဖြတ်ဖို့အတွက် ဒါက အရေးကြီးတဲ့ကိစ္စပါ။”

“ခဏတာ ကံကြမ္မာနဲ့ ဆုံးဖြတ်တာက မသင့်တော်ဘူးလို့ ထင်ပါတယ်။”

“ဒါဆို ဘယ်သူက အလျှော့ပေးမလဲ။"

“......”

ယူဂျင်းက တစ်ချက်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“မယ်မင်းတို့ရဲ့ ရွေးချယ်မှုနဲ့ ကံကြမ္မာ နှစ်ခုစလုံးပါနေတဲ့ နည်းလမ်းကို ငါ အကြံပြုမယ်။”

ယူဂျင်းက စာရွက်တစ်ရွက်ကိုဖြန့်ပြီး ဒေါင်လိုက်မျဉ်းရှည် သုံးချောင်း ဆွဲလိုက်သည်။ အကြံပေး သုံးယောက်ကို ဒေါင်လိုက်မျဉ်းများကြားထဲတွင် အလျားလိုက်မျဉ်းများကို ဖြည့်ခိုင်းကာ လှေကားပုံစံကို ပြီးစီးအောင်လုပ်ခိုင်းခဲ့၏။

အပေါ်ဆုံးနှင့် အောက်ဆုံးမျဉ်းကိုသာ မြင်ရအောင်ထားပြီး အလယ်ကို စာရွက်နှင့် ကာလိုက်ပြီးနောက် သူတို့သုံးယောက်ကို အပေါ်ဆုံးရှိ မျဉ်းများအနက်မှ တစ်ခုကို ရွေးခိုင်းလိုက်သည်။ ထို့နောက် သူတို့အား နည်းလမ်းကို ရှင်းပြပေးပြီး လှေကားတက်သည့်ဂိမ်းကို စတင်ခဲ့၏။

သုံးယောက်စလုံးက မမြင်ဖူးသေးသည့် ဤသို့သော မဲနှိုက်နည်းကို စိတ်ဝင်တစားနှင့် အင်မတန် သတိကြီးစွာထားပြီး လှေကားအတိုင်း လိုက်ဆင်းသွားခဲ့ကြသည်။ ရွေးချယ်ခံရသည့် စင်ဒီကတော့ စိတ်ထဲမှ အားရပါးရ အော်ဟစ်နေသည့် ပုံစံမျိုးဖြစ်နေကာ ကျန်နှစ်ယောက်မှာမူ မျက်နှာငယ်လေးများ ဖြစ်ကုန်ကြ၏။

“ရလဒ်ကို ကန့်ကွက်စရာ ရှိလား”

ကျန်ခဲ့သည့် နှစ်ယောက်၏ မျက်နှာက မှုန်မှိုင်းနေသော်လည်း ကန့်ကွက်မှုတော့ မရှိခဲ့ပေ။

‘အသွင်ပြောင်းပေမဲ့ အနှစ်မပြောင်းဘူးဆိုတာ ဒါမျိုးများလား။’

ယူဂျင်းက တည်ကြည်သော မျက်နှာထားမျိုး ဟန်ဆောင်ရင်း စိတ်ထဲမှ ရယ်ချင်နေသည်ကို ထိန်းထားလိုက်သည်။ တုတ်တိုသုံးချောင်း ထိုးပေးပြီး တစ်ခုကို ရွေးခိုင်းခြင်းနှင့်၊ လှေကားတက်ခိုင်းခြင်းက မည်သို့ပင်ဆိုစေ သဘောတရားချင်း အတူတူဖြစ်နေသောကြောင့်ပင်။

“ယဇ်ပူဇော်ပွဲဆိုတာက ခြောက်သွေ့ရာသီစတိုင်း ထပ်ခါတလဲလဲလုပ်တဲ့ အခမ်းအနားဆိုတော့ အခွင့်အရေးတွေ အများကြီးရှိတာပဲမဟုတ်ဘူးလား။”

ယူဂျင်းက အကြံပေးများ ဤအခမ်းအနားကို တက်ရောက်ရန် အစွဲအလမ်းကြီးနေကြသည်ကို နားမလည်သဖြင့် မေးလိုက်သည်။

“ဘယ်သူမဆို ကိုယ့်သဘောနဲ့ကိုယ် လိုက်ပါလို့ မရပါဘူး။ အရှင်မင်းကြီးရော၊ နတ်ရွာစံဘုရင်မင်းမြတ်ရော အမြဲတမ်း စစ်သည်တော်တွေကိုပဲခေါ်ပြီး သွားခဲ့ကြတာပါ။”

ရယ်ဂျီနာက ပြန်ဖြေခဲ့သည်။

“ငါကတော့ စည်းမျဉ်းအရ မိဖုရားလည်း တက်ရောက်ရတဲ့ပွဲလို့ ကြားထားတာကို။”

ယူဂျင်းက နားမလည်သလိုပုံစံဖြင့် ပြောလိုက်သည်။ မာရီအန်းထံမှ ကြားထားခြင်းဖြစ်၍ မှားစရာအကြောင်းမရှိပေ။

“ဟုတ်ပါတယ်၊ စည်းမျဉ်းက အဲ့ဒီလိုပါပဲ။ ဒါပေမဲ့ အများအားဖြင့် ဘုရင်မင်းမြတ်တစ်ပါးတည်းပဲ သွားလေ့ရှိတာပါ။”

‘အာ... ဂျင်က ပထမဆုံးနှစ်မှာပဲ သွားတာလို့ ပြောခဲ့တာပဲ။’

ထို့အပြင် နတ်ရွာစံဘုရင်၏ မိဖုရား၊ ခါဆယ်ရ်၏ မိခင်ဖြစ်သူက ရဲတိုက်ကို စွန့်ခွာကာ အထွတ်အမြတ်မြို့တော်၌ နေထိုင်သည်မှာ ကြာရှည်လှပြီဖြစ်သည့်ပုံပင်။ ဤအတောအတွင်း မိဖုရား၏နေရာက ကြာရှည်စွာ လစ်လပ်နေခဲ့ကာ ထို့ကြောင့်ပင် မာရီအန်းက ရဲတိုက်၏ အတွင်းရေးကိစ္စများကို တကယ်တမ်း တာဝန်ယူ စီမံခန့်ခွဲခဲ့ရသည်ဟု ကြားသိရသည်။

“အရှင်မင်းကြီး တစ်ပါးတည်း သွားမယ်ဆိုရင် အတူလိုက်ပါမဲ့သူတွေရဲ့ အရည်အချင်းကိုရော တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာလား။”

“အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တွေ့မှာ အရှင်မင်းကြီးရဲ့ ခရီးသွားလာတဲ့ အချိန်ဇယားကို ခံနိုင်ရည်ရှိတဲ့သူက မရှိသလောက်ပါပဲ။ ဒီတစ်ခေါက် အရှင်မိဖုရားပါ အတူလိုက်မဲ့ အချိန်ဇယားက စုစုပေါင်း ငါးရက်ကြာမှာဆိုပေမဲ့ အရှင်မင်းကြီးကတော့ ပုံမှန်အတိုင်းဆို နှစ်ရက်အတွင်း အသွားအပြန်လုပ်လေ့ရှိပါတယ်။”

“......အဲ့ဒီလိုကိုး။”

တစ်နေကုန် မြင်းစီးပြီး ကန္တာရကို ဖြတ်ကျော်ကာ အသွားအပြန်လုပ်ရသည့် အင်အားသုံးရသော ခရီးကြမ်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ သာမန်လူက ဘုရင်နှင့် စစ်သည်တော်များ၏ ထူးကဲသော ခွန်အားကို လိုက်မီနိုင်မည်မဟုတ်ပေ။

“ဒါပေမဲ့လည်း ကန္တာရထဲကို အသွားအပြန် သွားလာရတာက ပင်ပန်းဆင်းရဲရတယ်မဟုတ်ဘူးလား။ ဘာဖြစ်လို့ အတူလိုက်ချင်ရတာလဲ။”

“ယဇ်ပူဇော်ပွဲ ကျင်းပတဲ့ အထွတ်အမြတ်နေရာကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ချင်လို့ပါ။”

“တစ်သက်မှာ တစ်ခါတည်းရရင်တောင် ကောင်းတဲ့အခွင့်အရေးမို့လို့ သွားကြည့်ချင်ပါတယ်။”

အကြံပေး သုံးယောက်စလုံးက စိတ်အားထက်သန်စွာဖြင့် သူ့ထက်ငါ အပြိုင်အဆိုင် ဖြေခဲ့ကြသည်။ ယူဂျင်းက ထိုအထွတ်အမြတ်နေရာကို ဘုရင့်တိုင်းပြည် အခြေခံအုတ်မြစ်ချရာ နေရာဖြစ်ကြောင်း ရှင်းပြထားသည်ကို ကြားဖူးသော်လည်း သာမန် ရှေးဟောင်းအဆောက်အအုံနေရာတစ်ခုမျှသာဟု ထင်ခဲ့မိ၏။ ဤတိုင်းပြည်၏ ပြည်သူများအဖို့တော့ ထိုထက်မက ထူးခြားသော နေရာဖြစ်နေကြောင်းကို ယခုမှပင် သဘောပေါက်လိုက်ရတော့သည်။

“ဒီတစ်ခါ အတူမလိုက်နိုင်တဲ့ နှစ်ယောက်ကလည်း စိတ်မပျက်ကြနဲ့။ နောက်နှစ် ခြောက်သွေ့ရာသီမှာလည်း အခွင့်အရေး ရှိဦးမှာမို့လို့။”

အကြံပေးများ၏ မျက်နှာအမူအရာများက ထူးဆန်းစွာ လှုပ်ရှားသွားသော်လည်း ချက်ချင်းပင် ပြန်ဖြေခဲ့ကြသည်။

“ဟုတ်ကဲ့ပါ၊ အရှင်မိဖုရား။”

အကြံပေးများ ထွက်သွားပြီးမှပဲ ယူဂျင်းလည်း သူတို့၏ ထူးဆန်းသော တုံ့ပြန်မှုက ဘာကိုဆိုလိုကြောင်း နောက်ကျမှ သဘောပေါက်လိုက်​တော့သည်။

'အာ... နောက်တစ်ခါ အခွင့်အရေး မရှိတော့ဘူးလို့ တွေးနေကြတာကိုး။ နောက်နှစ် ခြောက်သွေ့ရာသီမှာ ငါက အရှင်မင်းကြီးနဲ့အတူ လိုက်ဖြစ်မှာမဟုတ်ဘူးလို့ ထင်နေကြတာလား။’

စည်းမျဉ်းအရ ဘုရင်မင်းမြတ်နှင့် မိဖုရား နှစ်ပါးစလုံး တက်ရောက်ရသည့် အခမ်းအနားဖြစ်သော်လည်း ယူဂျင်း၏ ယခု အခမ်းအနားတက်ရောက်မှုကို တစ်ကြိမ်တည်းသော စိတ်ကူး၊ သို့မဟုတ် တစ်ခါတစ်ရံမှ ဖြစ်ပေါ်လာသည့် အပြောင်းအလဲသာဖြစ်သည်ဟု ထင်မြင်နေကြသော အကြံပေးများကို အသာလေးကြိတ်ပြီး မကျေမနပ် ဖြစ်မိသော်လည်း ယူဂျင်းက သက်ပြင်းချလိုက်ကာ မအီမသာဖြစ်နေသော စိတ်ကို ဖြေလျှော့လိုက်သည်။

အကြံပေးများတင်မကပေ။ အများစုကလည်း ထိုသို့ပင် ထင်ကြပေလိမ့်မည်။

‘စောင့်ကြည့်ကြပေါ့။ နောက်တစ်ခါရော၊ နောက်တစ်ခါရဲ့ နောက်တစ်ခါရော။ ငါက ဆက်သွားနေမှာ။’

အပြောချည်းသက်သက်ဖြင့် အတွေးအမြင်ကို ပြောင်းလဲပေးနိုင်သည့် ကိစ္စမဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ တစိုက်မတ်မတ် လုပ်ရပ်ဖြင့် သက်သေပြနိုင်မည့် နည်းလမ်းသာရှိ၏။

‘နောက်တစ်ခါ၊ နောက်တစ်ခါပြီး နောက်တစ်ခါ...’

ယူဂျင်းတစ်ယောက် သူ့ကိုယ်သူ စမ်းတဝါးဝါး ဖြစ်နေလျက်ကပင် တိကျသော အဝေးမှ အနာဂတ်ကို ပုံဖော်နေမိကြောင်း သဘောပေါက်လိုက်ရ၏။ ဤနေရာသို့ ရောက်ခါစတွင်မူ တစ်ရက်တာကို ခံနိုင်ရည်ရှိဖို့သာ စိတ်လောနေခဲ့မိသည်။

‘အဲ့ဒီလိုလုပ်လို့ရော ဖြစ်ပါ့မလား...’

ဆက်လက်၍ ဤအတိုင်း၊ ဤတိုင်းပြည်တွင်၊ ထိုလူ၏ ဇနီးအဖြစ်။

တစ်ချိန်ချိန် မွေးဖွားလာမည့် ကလေးနှင့်အတူ မိသားစုဘဝလေး တည်ဆောက်ပြီး နေထိုင်သွား၍ဖြစ်မည်လား။

ယူဂျင်း ဆတ်ခနဲလန့်သွားကာ ခေါင်းကို မော့လိုက်သည်။ ပတ်ဝန်းကျင်မှ တစ်ကိုယ်လုံးကို ဖိအားပေးနေသည့် အင်အားက ရုတ်တရက် ပျောက်ကွယ်သွား၏။ တစ်ကိုယ်လုံး ပေါ့ပါးသွားသော ထူးဆန်းသည့် လွတ်မြောက်ခြင်းလို ခံစားမှုမျိုးပင်။ နက်ရှိုင်းသော ရေထဲတွင် နစ်မြုပ်နေရာမှ ရေမျက်နှာပြင်ပေါ်သို့ ထွက်ပေါ်လာသည့် ခံစားချက်မျိုးဖြစ်၏။

‘ရုန်းကန်လှုပ်ရှားရတဲ့ရာသီ ပြီးသွားပြီပဲ။’

ယူဂျင်း အသက်ကို ပြင်းပြင်းရှူသွင်းရင်း ပြုံးလိုက်သည်။ ကြီးမားလှသော ဤစီးဆင်းမှုကို တစ်ကိုယ်လုံးဖြင့် ခံစားသိရှိရခြင်းက ဘာကြောင့်မှန်းမသိ စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှ၏။

~~~~

ခါဆယ်ရ် အတွေးနယ်ချဲ့နေသည်။

‘အထွတ်အမြတ် ဘုန်းတော်ကြီး......’

စားပွဲပေါ်တွင် အစီရင်ခံစာများ ပြန့်ကျဲနေ၏။ သူက လွန်ခဲ့သော ရက်ပိုင်းအတွင်း ကြည့်ထားခဲ့သည့် မာရာ အစွန်းရောက်ဂိုဏ်းနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးကြည့်ရှုခဲ့သည်။ အထူးသဖြင့် ဂိုဏ်းအတွင်းပိုင်း၏ ဖွဲ့စည်းပုံနှင့်ပတ်သက်သော အချက်အလက်များကို ထုတ်နုတ်စုဆောင်းကာ သီးခြားဖတ်ရှုခဲ့၏။

မာရာ၏ အစွန်းရောက်ဂိုဏ်းက ဘုရင့်တိုင်းပြည် ခြောက်ခုစလုံးတွင် အချိုးကျ ပျံ့နှံ့နေသည်။ ဖိနှိပ်မှု နည်းပါးသည့် ဟာရှီဘုရင့်တိုင်းပြည်တွင် ပိုမိုတက်ကြွစွာ လှုပ်ရှားရုံသာဖြစ်ကာ နောက်လိုက်အားလုံး ဟာရှီ ဘုရင့်တိုင်းပြည်သို့ စုပြုံ၍ရောက်ရှိလာခြင်းမျိုး မဟုတ်ပေ။ ဇာတိမှ နိုင်ငံသားများ မိမိတို့ ဇာတိမြေကို စွန့်ခွာရန်မှာ ရှားပါးလှပေသည်။

နေရာဒေသ ကန့်သတ်ချက်မရှိဘဲ တိုင်းပြည်များအကြား သွားလာနေကြသော နောက်လိုက်များမှာ ဂိုဏ်းအတွင်း အဆင့်မြင့်သော ရာထူးရှိသူများ၊ တစ်နည်းအားဖြင့် ခေါင်းဆောင်ပိုင်းများ ဖြစ်ကြ၏။

ဟာရှီဘုရင့်တိုင်းပြည်မှ အချိန်ကြာမြင့်စွာ စောင့်ကြည့်လေ့လာခဲ့သော မာရာ အစွန်းရောက်ဂိုဏ်းအတွင်း အဆင့်အတန်းရာထူးများအရ ဘုန်းတော်ကြီးများက အမြင့်ဆုံးအဆင့်တွင် ရှိကြသည်။ ယင်းတို့၏ အရေအတွက်ကို တိတိကျကျ မသိနိုင်သေးသော်လည်း ငါးဦးမှ ဆယ်ဦးခန့် ရှိမည်ဟု ခန့်မှန်းရ၏။

သူက ယူဂျင်းနှင့် ပြောဆိုခဲ့သော စကားများကို ပြန်ပြောင်းသတိရလိုက်သည်။

[ရိုဒရစ်ဂ်က ကျွန်မကို ထုံးတမ်းအစဉ်အလာ အခမ်းအနားတစ်ခုနဲ့ သူတော်စင်အရှင်မအဖြစ် ကြေညာမယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ အဲ့ဒီအခမ်းအနားရဲ့ ရည်ရွယ်ချက်က အဲ့ဒီကြေညာချက်အပြင် တခြား ဘာတွေရှိလဲဆိုတာကိုတော့ မသိပါဘူး။ သူက အရင်မပြောလို့ ကျွန်မလည်း အတင်းမမေးခဲ့ရဘူးရှင့်။ ဒါပေမဲ့ သူတော်စင်အရှင်မအဖြစ် ကြေညာမယ်ဆိုတော့ ကြည့်ရတာ...]

[အခုအထိ လူသိရှင်ကြား မကြေညာရသေးဘူးဆိုတဲ့ သဘောပဲပေါ့။]

[ဟုတ်ပါတယ်။ အဲ့ဒါကြောင့် သူက ကျွန်မကို သူတော်စင်အရှင်မလို့ ခေါ်ခဲ့တဲ့အကြောင်း သိတဲ့သူ သိပ်များမှာမဟုတ်ဘူးလို့ ထင်ပါတယ်။]

ခါဆယ်ရ်လည်း ယူဂျင်းနှင့် အလားတူပင် ကောက်ချက်ချလိုက်သည်။ ရိုဒရစ်ဂ်ကိုသာ ဖမ်းဆီးပြီး နှုတ်ပိတ်လိုက်ရုံဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်ဆိုပါက ထိန်းချုပ်ဖြေရှင်းရ ပိုလွယ်ကူမည်ဖြစ်၍ ကောင်း၏။

သို့ရာတွင် ယူဂျင်း ဆက်ပြောခဲ့သည့် အကြောင်းအရာက ယခု သူ့အား စိုးရိမ်ပူပန်စေသည့် ပြဿနာဖြစ်လာခဲ့သည်။

[ရိုဒရစ်ဂ်၊ အဲ့ဒီလူရဲ့ပြောစကားအရ အထွတ်အမြတ်ဘုန်းတော်ကြီးက ကျွန်မကို တွေ့ချင်နေတယ်တဲ့။ အထွတ်အမြတ် ဘုန်းတော်ကြီးဆိုတာ ဘယ်သူလဲ၊ ကျွန်မ အရင်က တွေ့ဖူးလား၊ ဘာမှကို မမှတ်မိတော့ဘူးရှင့်။]

'အထွတ်အမြတ် ဘုန်းတော်ကြီးတဲ့လား။'

ခါဆယ်ရ်က ဘုန်းတော်ကြီးများ၏ အထက်တွင် အဆင့်အတန်းတစ်ခု ရှိသေးကြောင်း အစီရင်ခံစာ တစ်စုံတစ်ရာရခဲ့သည်ဟု မမှတ်မိပေ။ အစီရင်ခံစာများ အားလုံးကို ပြန်လည်ရှာဖွေကြည့်သော်လည်း မတွေ့ခဲ့ရ။

သူက ဤပြဿနာကို အလေးအနက်ထား စဉ်းစားခဲ့သည်။ ကိုးကွယ်သူများကို ဖမ်းဆီးထိန်းချုပ်နိုင်ရန် စောင့်ကြည့်နေသည်ဟု ထင်ခဲ့သော်လည်း ဟာကွက်တစ်ခု ရှိနေ၏။ သာမန်အသေးစား အောက်ခြေလူ ထောင်ပေါင်းများစွာကို လွတ်သွားစေကာမူ ခေါင်းဆောင်တစ်ဦးကိုတော့ ဖမ်းဆီးရပေမည်။

‘စုံစမ်းစစ်ဆေးဖို့ လိုပြီ။’

ခါဆယ်ရ်က အကျဉ်းချုပ် အမိန့်စာတစ်စောင်ကို ရေးလိုက်သည်။

-အစွန်းရောက်ဂိုဏ်းအတွင်းက ရာထူးအဆင့်အတန်းတွေကို ပြန်လည်စုံစမ်းပြီး ဖော်ထုတ်ရမယ်။ သူတို့ထဲမှာ 'အထွတ်အမြတ်ဘုန်းတော်ကြီး' နဲ့ 'သူတော်စင်အရှင်မ' လို့ခေါ်တဲ့ ရာထူးတွေ ရှိ၊ မရှိ အတည်ပြုကြ။

သူက အပါးတော်မြဲ အကြီးအမှူးကိုခေါ်ကာ တံဆိပ်ခတ်နှိပ်ထားသည့် အမိန့်စာကို လွှဲအပ်လိုက်သည်။

“နန်းရင်းဝန်ဆီ ပို့လိုက်။”

“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”

ခါဆယ်ရ်က မာရာ အစွန်းရောက်ဂိုဏ်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို ဘေးသို့ဖယ်ကာ ဘုရင်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေသည့် စာရွက်စာတမ်းများကို ဖွင့်လိုက်သည်။ အာရုံစိုက်ဖတ်ရှုရင်း စာမျက်နှာကို လှန်နေသည့် သူ့လက်က တုံ့ခနဲ့ရပ်သွားလေ၏။ သူ့နဖူးတွင် ကျုံ့ရာခပ်ရေးရေး ပေါ်လာပြီးမှ ပြန်ပျောက်သွားသည်။

‘ပြီးသွားပြီပဲ။’

ရုန်းကန်လှုပ်ရှားရသည့်ရာသီ ပြီးဆုံးသွားသည့်အတွက် လေထု၏ စီးဆင်းမှု ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်မျိုး ဝင်လာသဖြင့် သူက ရင်ဘတ်ကို ငုံ့ကြည့်လိုက်၏။ ပရာ့ဂ်ျက တည်ငြိမ်အေးဆေးစွာပင် ရှိနေသေးသည်။

ရုန်းကန်လှုပ်ရှားရသည့် ရာသီတွင် ပရာ့ဂ်ျက သူ၏ ခန္ဓာကိုယ်အတွင်း၌ ရုန်းရင်းဆန်ခတ် လှုပ်ရှားနေလေ့ရှိ၏။ လူသားများနှင့် နှိုင်းယှဉ်ပါက အင်မတန် စိတ်လှုပ်ရှားနေသည့် အခြေအနေမျိုးနှင့် ဆင်တူပေသည်။

နိုးကြားနေသည့် ပရာ့ဂ်ျ၏ အခြေအနေကို လာ့ခ် အမဲလိုက်ရာတွင်တော့ အစွမ်းထက်သော အားကို ထုတ်ယူနိုင်သည့် အားသာချက်အဖြစ် အသုံးပြုနိုင်ခဲ့၏။ တစ်ဖက်တွင်မူ ခါဆယ်ရ်တစ်ယောက် တစ်နေကုန် အတွင်းမှစွမ်းအားကို ထိန်းချုပ်ရန်အတွက် အမြဲတစေ သတိထား စောင့်ကြည့်နေရသည့် ဆိုးကျိုးလည်းရှိသည်။

သို့ရာတွင် ယခုတစ်ခေါက် ရုန်းကန်လှုပ်ရှားရသည့် ရာသီလောက် ပရာ့ဂ်ျကို ထိန်းချုပ်ရလွယ်ကူပြီး၊ အစွမ်းကို အလွယ်တကူ ထုတ်ယူနိုင်ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

နဂိုကဆိုလျှင် ရုန်းကန်လှုပ်ရှားရသောရာသီမှ ခြောက်သွေ့ရာသီသို့ ကူးပြောင်းသည့်အခါ ပရာ့ဂ်ျ၏ အစွမ်းက ရုတ်တရက် ကျဆင်းသွားကာ တင်းမာမှု လျော့သွားသည်ကို ခံစားရလေ့ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သိသာသော ကွာခြားချက်ကို ခံစားရခြင်းမရှိချေ။

‘ယူဂျင်း။’

ခါဆယ်ရ် ခေါင်းမော့လိုက်သည်။

‘သူ အဆင်ပြေပါ့မလား။'

ရုန်းကန်လှုပ်ရှားရသည့်ရာသီ စတင်သည့် ထိုညက နာကျင်ခံစားနေရသော ယူဂျင်း၏ ပုံရိပ်ကို ပြန်သတိရလိုက်သည်။ ခြောက်သွေ့ရာသီမှ ရုန်းကန်လှုပ်ရှားရသည့်ရာသီသို့ ပြောင်းလဲခြင်းမှာ အတက်လမ်း ဖြစ်ပါက ရုန်းကန်လှုပ်ရှားရသည့်ရာသီမှ ခြောက်သွေ့ရာသီသို့ ပြန်လည်ပြောင်းလဲသည့် အခိုက်အတန့်က အဆင်းလမ်းဖြစ်သောကြောင့် ခန္ဓာကိုယ် ခံစားရသည့် ဝန်ထုပ်ဝန်ပိုးမှာ လုံးဝကွာခြားသော်လည်း စိုးရိမ်နေမိ၏။ ခါဆယ်ရ်တစ်ယောက် ဖတ်လက်စ စာရွက်စာတမ်းကိုချကာ ထရပ်လိုက်လေတော့သည်။

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment