no

Font
Theme

အပိုင်း ၈၄

ခါဆယ်ရ်က ယူဂျင်းကို အိပ်ရာထက်တွင် အသာလေး ထိုင်စေပြီးသည်နှင့် မျက်လုံးချင်းဆုံစေရန် ကိုယ်ကို နှိမ့်ချလိုက်သည်။ ယူဂျင်း၏ ပခုံးလေးနှစ်ဖက်ကို ဖမ်းကိုင်ကာ ဦးခေါင်းကို အနည်းငယ် ငဲ့စောင်းလျက် နှုတ်ခမ်းချင်း ချက်ချင်း တေ့ခဲ့၏။

"အွန်း..."

နှုတ်ခမ်းချင်း မထိတထိ ဖြစ်ခါနီးတွင် ယူဂျင်းက အလောတကြီး 'ခဏလေး' ဟု တားဆီးရန် ကြိုးစားလိုက်သော်လည်း ထိုသို့ ဟသွားသော နှုတ်ခမ်းများကြားမှ သူ့အား ဝင်ရောက်စုပ်ယူခွင့် ပေးလိုက်သလိုသာဖြစ်သွားသည်။

ခါဆယ်ရ်က တားမြစ်ဟန်ပြနေသော ယူဂျင်း၏ မျက်လုံးများကို ဖတ်မိသော်လည်း မရပ်ခဲ့ပေ။ ဟင့်အင်း၊ မရပ်နိုင်ခြင်းပင်။

ယခုတလော ခါဆယ်ရ်တစ်ယောက် ကိုယ်တိုင် ထိန်းချုပ်၍မရသော အခိုက်အတန့်များကို မကြာခဏ ခံစားနေရ၏။ အထူးသဖြင့် ယူဂျင်းနှင့် အတူရှိနေချိန်များတွင် သူ၏ သည်းခံနိုင်စွမ်းက အောက်ခြေအထိ ရောက်နေသည်။ ယူဂျင်းကို မြင်သည်နှင့် ထိတွေ့ချင်လာ၏။ ထိတွေ့လိုက်လျှင် နမ်းရှိုက်ချင်လာကာ နမ်းရှိုက်လိုက်လျှင် ထိုထက်မက ပိုလိုချင်လာသည်။

တစ်နေ့တာ လုပ်ငန်းဆောင်တာများ အားလုံးပြီးဆုံးသွားသည့် ညအချိန်မှစပြီး နောက်တစ်နေ့ မနက်အထိက ဇနီးမောင်နှံနှစ်ဦးတည်းသာ ပိုင်ဆိုင်သော အချိန်များပင်။ တစ်နေကုန် ဤအချိန်လေးကိုသာ စောင့်မျှော်နေခဲ့မိ၏။ မည်သည့်အရာနှင့်မျှ ဖလှယ်လိုစိတ်မရှိပေ။

သူက အနည်းငယ် ဟနေသော ယူဂျင်း၏ နှုတ်ခမ်းလေးများကြားသို့ တိုးဝင်ကာ လျှာကို နက်နက်ရှိုင်းရှိုင်း ထိုးသွင်းလိုက်သည်။ စိုစွတ်သော နှုတ်ခမ်းသား၊ နွေးထွေးသော အငွေ့အသက်ကို သိုလှောင်ထားသည့် အချွဲမြှေး၊ သွားရည်ဖြင့် ချောမွတ်နေသော နူးညံ့သည့်လျှာ။ အကြိမ်ကြိမ် မြည်းစမ်းဖူးပြီးသားဖြစ်၍ သိနေသည့် ခံစားချက်ဆိုသော်လည်း အကြိမ်တိုင်းတွင် ရင်သပ်ရှုမောဖွယ် ချိုမြိန်လှပေသည်။

ယူဂျင်း၏ ကိုယ်လေးက အနောက်သို့ ဖြည်းညင်းစွာ ယိမ်းယိုင်သွားကာ ဦးခေါင်းက အိပ်ရာနှင့် ထိသွား၏။ အပေါ်မှ ဖိထားသော ခါဆယ်ရ်၏ ကိုယ်အလေးချိန်ကြောင့်ပဲဖြစ်လေမလား၊ နှုတ်ခမ်းများ နက်နက်ရှိုင်းရှိုင်း တေ့စပ်နေသည်က သူ့တစ်ကိုယ်လုံး မျိုချသုံးဆောင်ခြင်းခံနေရသလိုပင်။

"ဟွန်း..."

ခါဆယ်ရ်၏ လျှာက ယူဂျင်း၏ လျှာလေးကို ရစ်ပတ်ကာ အားပြင်းပြင်းဖြင့် စုပ်ယူခဲ့သည်။ စိတ်လှုပ်ရှားဖွယ် ခံစားချက်က ကျောရိုးတစ်လျှောက် ဖြတ်ပြေးသွားသဖြင့် လည်ချောင်းအတွင်းမှ ညည်းသံတို့က သူ့အလိုလို ထွက်ပေါ်လာ၏။

တစ်ဝက်တစ်ပျက် မှေးစင်းနေသော မျက်လုံးများကြားမှ စောင်းလျက်ရှိနေသော ခါဆယ်ရ်၏ နှာတံကို မြင်နေရသည်။ တစ်ချက်နှစ်ချက် မျက်တောင်ခတ်ပြီးနောက် ယူဂျင်းလည်း မျက်လုံးများကို အပြည့်အဝ မှိတ်ချလိုက်၏။ လျှာချင်းသာ ရောယှက်နေသော ဤလုပ်ရပ်လေးမျှဖြင့်ပင် ဝမ်းဗိုက်အောက်ပိုင်းက တင်းခနဲ အောင့်လာသည်။ တစ်ကိုယ်လုံး ပူနွေးတက်ကြွလာသလို ခံစားရသည့် နမ်းရှိုက်ခြင်းက ချစ်တင်းနှောခြင်းထက်ပင် ပို၍အရိုင်းဆန်သည်ဟု တွေးမိ၏။

ဝိညာဉ်ကို ဆွဲထုတ်သွားလောက်အောင် ရှည်ကြာလှသော အနမ်းကို အဆုံးသတ်ရင်း ခါဆယ်ရ်က နှုတ်ခမ်းများကို ခွာလိုက်သည်။ မောဟိုက်နေသော ယူဂျင်း၏ နှုတ်ခမ်းများကို သူက ထပ်မံ၍ ဖွဖွလေး နမ်းလိုက်ကာ ပါးပြင်နှင့် မျက်လုံးနားတစ်ဝိုက်ကိုပါ နမ်းရှိုက်ပြန်၏။ နှုတ်ခမ်းချင်း အသာအယာထိပြီး ပြန်ခွာသွားသည့် အနမ်းဖွဖွများနှင့် နှုတ်ခမ်းများကို ပို၍ဖိကပ်ထားသော ပြင်းပြင်းပြပြ အနမ်းများ တစ်လှည့်စီ ဆက်တိုက် ဖြစ်ပေါ်နေတော့သည်။

"ခဏ... အွတ်။ ခဏလေးနေပါဦး။"

ယူဂျင်းတစ်ယောက် လွင့်မျောနေသော ကိုယ့်သတိကိုယ် အသည်းအသန် ပြန်လည်စုစည်းလိုက်ရ၏။ ပြောကိုပြောရမည့် အရေးကြီးကိစ္စ ကျန်နေသေးသည်။

ခါဆယ်ရ်၏ နှုတ်ခမ်းများကို ရှောင်ရှားရန် ခေါင်းကိုလှည့်လိုက်သော်လည်း ခါဆယ်ရ်ကမူ ယူဂျင်း၏ မေးစေ့အောက်ဘက် နက်ရှိုင်းသောနေရာလေးသို့ ခေါင်းကို ပို၍တိုးဝင်ကာ လည်ပင်းသားနုနုလေးများကို ဆက်တိုက် နမ်းရှိုက်လေ၏။ သွားဖြင့် အသာအယာ စေ့ကိုက်ပြီးနောက် လျှာဖြင့် ပွတ်သပ်သလို လျက်လိုက်ပြန်သည်။ လှုံ့ဆော်မှုက မပြင်းထန်သော်လည်း ထို့ကြောင့်ပင် ပို၍မထိတထိ ဆွပေးနေသလို ခံစားချက်က စိတ်ကို မချင့်မရဲဖြစ်လာစေ၏။

"အား..."

ခါဆယ်ရ်၏ လက်က နံရိုးအောက်ပိုင်းမှနေ၍ လျှောပွတ်ပြီး အပေါ်သို့ တက်လာကာ ရင်သားကို ဆုပ်ကိုင်ခဲ့သည်။ ခံစားချက်ကောင်းသော ဖိအားကို ခံစားလိုက်ရသည့်အခါ ယူဂျင်းလည်း မောဟိုက်သော သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"အရှင်မင်းကြီး... အရေးကြီးတဲ့စကား ပြောဖို့ကျန်ပါသေးတယ်။"

"ပြော။"

သို့သော် သူ့နှုတ်ခမ်းများကတော့ နားမသွားဘဲ ယူဂျင်း၏ မျက်နှာပေါ်သို့ အဆက်မပြတ် ညင်သာစွာ သက်ဆင်းကျရောက်နေ၏။ ယူဂျင်းတစ်ယောက် အာရုံစူးစိုက်မှုကို အနှောင့်အယှက်ပေးနေသော ခါဆယ်ရ်အား မျက်စောင်းထိုးရင်း 'အို၊ တကယ်ပါပဲ' ဟု တီးတိုးရေရွတ်လိုက်သည်။

ဤအတိုင်း အထွေအထူးမဟုတ်သည့် အခြေအနေအဖြစ် ကျော်သွားလိုက်လျှင်လည်း ကိစ္စမရှိမည့်ပုံပင်။ ရိုဒရစ်ဂ်နှင့် တွေ့မည်ဟု ပြောပြီးပြီဖြစ်ကာ သူကလည်း သဘောတူထားပြီးပြီဖြစ်၍ ထိုလူနှင့် တွေ့ဆုံမည့် နည်းလမ်းကို ကိုယ့်သဘောအတိုင်းကိုယ် စီမံလျှင်မရပေဘူးလား။

လည်ပင်းသားပေါ်မှ စိုစွတ်စွာ ထိလိုက်၊ ခွာသွားလိုက် လုပ်နေသော နှုတ်ခမ်းများကြောင့် ယားကျိကျိဖြစ်ကာ ရယ်ချင်စိတ်ပေါ်လာသည်။ သူနှင့် ခါဆယ်ရ်အကြား ဝန်းရံထားသည့် နူးညံ့ပြီး ငြိမ်သက်အေးချမ်းသော ဤအငွေ့အသက်လေးကို သဘောကျရ၏။ နောင်လည်း ဆက်လက်ရှိနေစေရန် မျှော်လင့်မိသည်။ ထို့ကြောင့် မလိုအပ်ဘဲ အထင်အမြင်လွဲမှားစေမည့် အခြေအနေကို မဖန်တီးရန် စိတ်ထဲမှတွေးလိုက်သည်။

"အဲ့ဒီလူနဲ့... အပြင်မှာ တွေ့မှာပါ။ ရဲတိုက်အပြင်မှာ။"

"ဘာဖြစ်လို့လဲ။"

ခါဆယ်ရ်က ယူဂျင်း၏ နားရွက်ဖျားလေးကို နှုတ်ခမ်းဖြင့်ကိုက်ရင်း တီးတိုးပြောခဲ့သည်။

"အဲ့ဒီလူကို သံသယမဝင်စေချင်လို့။ ကျွန်မ တစ်ယောက်တည်း ထွက်သွားပြီး တွေ့ရမှာမို့လို့ အဲ့ဒီလိုပဲ သိထားပေးပါ။"

လည်ပင်းသားလေးကို ပွတ်သပ်နေသော နှုတ်ခမ်းများ ခွာသွားတော့၏။

"အခု အဲ့ဒါက ဘာစကားလဲ။ ကိုယ်ရံတော်ကရော။"

ယူဂျင်းက သူ့အား ငုံ့မိုးကြည့်နေသည့် ခါဆယ်ရ်နှင့် အကြည့်ချင်း ဆုံလိုက်သည်။

"ကျွန်မ တစ်ယောက်တည်း ထွက်သွားမှာလို့ ပြောနေတာပါ။ ကိုယ်ရံတော်တွေ မပါ... "

"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။"

ယူဂျင်း ပြောလက်စ စကားကိုဖြတ်ပြီး ခါဆယ်ရ်က ပြတ်သားစွာ ပြောခဲ့သည်။ ရုတ်တရက် အနွေးဓာတ်များအားလုံး အေးခဲသွားသလို ဖြစ်နေသော သူ၏ အပြာရောင် မျက်ဝန်းများကိုကြည့်ရင်း ယူဂျင်း မျက်တောင်ခတ်လိုက်မိ၏။

"ရဲတိုက်ထဲခေါ်ပြီး တွေ့လို့ရတာပဲ။"

"ရဲတိုက်ထဲမှာဆိုရင် အဲ့ဒီလူနဲ့ ရှည်ရှည်ကြာကြာ စကားပြောလို့ မရဘူးလေ။"

ခါဆယ်ရ်က တစ်ချက်စဉ်းစားပြီးနောက် များစွာလိုက်လျောပေးသည့်ဟန်ဖြင့် ပြောခဲ့သည်။

"နှစ်ယောက်တည်းတွေ့။"

"အဲ့ဒီလူနဲ့ တွေ့တဲ့အခါ နှစ်ယောက်တည်း တွေ့ဖူးတာ မရှိပါဘူး။ ရုတ်တရက် နှစ်ယောက်တည်းတွေ့ရင် ပိုပြီးသံသယဝင်သွားမှာပါ။ ကျွန်မ အဲ့ဒီလူကို မေးခွန်းတွေမေးပြီး အဖြေရဖို့ဆိုရင် သူက ကျွန်မကို ယုံကြည်နေမှဖြစ်မှာရှင့်။"

"အဲ့ဒီလူနဲ့ နှစ်ယောက်တည်းတွေ့ဖူးတာ မရှိဘူးဆိုရင် အရင်က အရေးကြီးတဲ့စကား ပြောဖူးတာလည်းမရှိလောက်ဘူးပေါ့။"

"အာ... အဲ့ဒါက..."

ယူဂျင်းက မျက်လုံးများကို ဟိုဟိုဒီဒီ ဂနာမငြိမ်စွာ လှည့်လိုက်သည်။

"အရင်က... ဒီရုန်းကန်လှုပ်ရှားရတဲ့ရာသီ မတိုင်ခင်ကပါ။ အပြင်မှာ တွေ့ခဲ့ဖူးတယ်ဆိုတဲ့ မှတ်ဉာဏ်တွေ ရှိနေပါတယ်။"

"အဲ့ဒီလူနဲ့ သီးသန့်တွေ့တယ်ပေါ့လေ။ တစ်ယောက်တည်းလား။"

တိုးလျစွာ ရေရွတ်လိုက်သော ခါဆယ်ရ်၏အသံက နိမ့်ကျသွားသည်။ ရိုဒရစ်ဂ်၏ ကိုယ်ရေးအကျဉ်းကို ဖွင့်ပြောခဲ့စဉ်ကထက်ပင် ယခု သူ၏ တုံ့ပြန်မှုက ပို၍လေးနက်နေ၏။ ယူဂျင်းတစ်ယောက် ဘာကြောင့်မှန်းမသိ အာခြောက်လာတော့သည်။

"တစ်ယောက်တည်းတော့ မဟုတ်ပါဘူး၊ ရံရွေတော်တစ်ယောက် ခေါ်သွားတာပါ။ အတူပါလာတဲ့ ရံရွေတော်က အဲ့ဒီလူ စေလွှတ်ထားတဲ့ သတင်းပေး ဖြစ်မယ်ထင်တယ်ရှင့်။ ကျွန်မနဲ့ ကန္တာရထဲကို ထွက်သွားပြီး ပျောက်သွားကြတဲ့ ရံရွေတော်တွေထဲက တစ်ယောက်လေ။"

ယူဂျင်းက တံတောင်ဆစ်ဖြင့် ကိုယ်ကိုထောက်ရင်း အပေါ်ပိုင်းကို မတ်လိုက်သည်။ သူ့ကိုယ်လေးကို အပေါ်မှ ဖိထားခဲ့သော ခါဆယ်ရ်ကလည်း အနောက်သို့ဆုတ်ကာ ထိုင်လိုက်သဖြင့် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လျက်သား ဖြစ်သွား၏။ ချိုမြိန်စွာ ပျံ့လွင့်နေသော အငွေ့အသက်သည်လည်း ချက်ချင်း အေးစက်သွားတော့သည်။

ယူဂျင်းလည်း ယာယီအမှုထမ်းအဖြစ် ဝင်လာပြီး ရံရွေတော်ဖြစ်သွားသော အယ်လီအကြောင်း ရှင်းပြလိုက်၏။

"...ပြီးတော့ မကြာသေးခင်ကမှ ဝင်လာတဲ့ ယာယီအမှုထမ်းတွေထဲက မော်လီဆိုတဲ့ မိန်းကလေးကလည်း အယ်လီလို အဲ့ဒီလူ စေလွှတ်လိုက်တဲ့ အဆက်အသွယ်ပါပဲ။"

ယူဂျင်းတစ်ယောက် စကားပြောနေစဉ် တစ်လျှောက်လုံး တဖြည်းဖြည်း အေးစက်လာသော ခါဆယ်ရ်၏ မျက်နှာထားကြောင့် ကျောတစ်လျှောက် ချွေးစေးများ ထွက်လာတော့သည်။ သူ၏ ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်၍ ရိုဒရစ်ဂ်နှင့် တွေ့ဆုံခဲ့သော အတိတ်က ဂျင်ကို ဒေါသထွက်သွားခြင်းဖြစ်မည်ဟု တွေးလိုက်မိ၏။

ယခု ခါဆယ်ရ်၏ မျက်နှာထားက ဘယ်သူကြည့်ကြည့် ကြောက်မက်ဖွယ်အတိသာ။ သို့သော် မျက်နှာထားကို ထိန်းချုပ်နိုင်စွမ်း မရှိလောက်အောင် ဒေါသထွက်ရသည့် အကြောင်းရင်းက ယူဂျင်း ထင်ထားသည်နှင့် ကွဲပြားနေသည်။

'မလောက်လေးမလောက်စား အစွန်းရောက်ဂိုဏ်းဝင်ကောင်ကများ။'

ပုံမှန်အားဖြင့် ဘုရင်၏အာဏာကိုသုံးကာ ပြင်းထန်စွာ မပြုမူတတ်ခြင်းမှာ သူ့တွင် လိုက်လျောညီထွေနေတတ်သည့် စိတ်နေစိတ်ထားရှိသောကြောင့် မဟုတ်ပေ။ မိမိ၏ မယိမ်းမယိုင်ခိုင်မာသော အခွင့်အာဏာကို လက်အောက်ငယ်သားများအား နှိပ်ကွပ်သည့် နည်းလမ်းဖြင့် ထုတ်ဖော်ပြသခြင်းမပြုရုံသာ။

ယူဂျင်းက ဓလေ့ထုံးတမ်းအရ အဆင့်အတန်းခွဲခြားသော လူ့အဖွဲ့အစည်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် စည်းမျဉ်းများကို နားမလည်သေး။ သူ မည်မျှအထိ ဆတ်ဆတ်ထိမခံသော အပိုင်းကို သွားထိမိမှန်း မသိခဲ့ပေ။

အကြွင်းမဲ့အာဏာကို ရရှိထားသော ခေါင်းဆောင်က ပခုံးချင်းယှဉ်၍ စိန်ခေါ်လာသူကို လုံးဝ ခွင့်လွှတ်မည်မဟုတ်။ ရဲတိုက်က ဘုရင့်အာဏာ၏ သင်္ကေတသာမက ဘုရင်မင်းမြတ်၏ နားခိုရာလည်းဖြစ်၏။ သို့သော် အခွင့်မရှိသူက ဘုရင့်ပိုင်နက်တွင် အခွင့်အရေးဖန်တီးကာ စိတ်ကြိုက် ဝင်ထွက်သွားလာခဲ့သည်။

ခါဆယ်ရ် သွားများကို ကျစ်ကျစ်ပါအောင် ကြိတ်လိုက်၏။ စိတ်ရှိတိုင်းသာဆိုလျှင် ကြွက်များကို စစ်ဆင်ရေးအကြီးစားလုပ်ပြီး ချက်ချင်း ရှင်းလင်းပစ်ချင်သည်။

သို့ရာတွင် သူက ယူဂျင်းကို ဆိုင်းငံ့ကာလ ကတိပေးပြီးသား ဖြစ်နေပေသည်။

'ဘယ်တတ်နိုင်မလဲ။'

တစ်လ။ ကတိပေးထားသည့် ကာလအတွင်းတွင်တော့ ဒီအတိုင်း လွှတ်ထားရပေမည်။ သို့သော် ထိုအချိန်နောက်ပိုင်းတွင်တော့ မြို့တော်အတွင်း၌ ဘာသာရေးအစွန်းရောက်ဂိုဏ်းဝင်များ လုံးဝ ခြေချ၍မရအောင် အကုန် ရှာဖွေဖော်ထုတ်ပစ်မည်ဟု ဆုံးဖြတ်လိုက်၏။

"မော်လီ၊ အဲ့ဒီမိန်းမကိုတော့ ရံရွေတော်အဖြစ် ခေါ်ထားပြီး ခဏပဲ ဘေးမှာထားပါ့မယ်။ ပြီးတော့ အဲ့ဒီမိန်းမနဲ့ အတူတူ အပြင်ထွက်မှာပါ။ အဲ့ဒီလိုဆိုရင် တကယ် တစ်ယောက်တည်း အပြင်ထွက်တာ မဟုတ်တော့ပါဘူးနော်။"

"အဲ့ဒီလူရဲ့ သတင်းပေးက ရဲတိုက်ထဲ ဝင်လာမယ်မှန်း မင်းက သိနေခဲ့တာလား။"

ယူဂျင်းတစ်ယောက် တစ်ချက် တုန်လှုပ်သွားကာ ပါးစပ်ပိတ်သွားသည်။ ကိစ္စက လွယ်လွယ်လေး ပြီးသွားပြီဟု ထင်ထားခဲ့၏။ သူက စိတ်ထဲမှ 'အာ...' ဟု အော်ရင်း ပြောလိုက်သည်။

"...ဟုတ်ပါတယ်။ အဲ့ဒီလူဆီက ကြားခဲ့ရတာပါ။"

"ဘယ်တုန်းကလဲ။"

"အရင်တစ်ခါ... အဲ့ဒီလူ ကျွန်မကို လာတွေ့တုန်းကလေ။"

"အဲ့ဒီလူနဲ့ နှစ်ယောက်တည်း တွေ့ဖူးတာမျိုး မရှိဘူးဆို။"

ထိုနေရာတွင် အခြားရံရွေတော်များ ရှိနေမည်ဖြစ်ရာ ရိုဒရစ်ဂ်က ထိုမျှအရေးကြီးသောစကားကို ဘယ်အချိန်က ပြောသွားခဲ့တာလဲဟူသော အဓိပ္ပာယ်ပင်။

"..."

ယူဂျင်းတစ်ယောက် တင်းကျပ်နေသော လည်ချောင်းထဲသို့ တံတွေးမျိုချလိုက်သည်။ ယခုတောင်မှ အပြင်ထွက်မည့် အစီအစဉ်ကို အားမပေးသည်ကို ရိုဒရစ်ဂ်၏ အိပ်မွေ့ချနိုင်သည့် အစွမ်းအကြောင်း ပြောပြလိုက်ပါက ခါဆယ်ရ် မည်သို့ တုံ့ပြန်မည်ကို စိုးရိမ်နေမိ၏။

'ဟိုဟာဒီဟာ လျှောက်ပြောရမလား။ ဒါပေမဲ့ အများစုကို ပြောပြီးနေပြီပဲ။ ပွင့်ပွင့်လင်းလင်း ပြောပြပြီး သူ့ကို နားချတာက ပိုကောင်းမယ် မဟုတ်ဘူးလား။'

တွေဝေတုံ့ဆိုင်းမှုအဆုံးတွင် ယူဂျင်း ပါးစပ်ဖွင့်လိုက်သည်။

"အဲ့ဒီလူမှာ... ထူးဆန်းတဲ့ စွမ်းရည်တစ်ခု ရှိပါတယ်။"

ယူဂျင်းက ရိုဒရစ်ဂ်၏ အိပ်မွေ့ချနိုင်သည့် အစွမ်းအကြောင်း ရှင်းပြခဲ့သည်။ အစွမ်းအကြောင်း အသေးစိတ်ကို မသိသဖြင့် ထိုနေ့က မြင်ခဲ့ရသည့် မြင်ကွင်းကိုသာ ဖော်ပြလိုက်၏။

အပြောင်းအလဲ သိပ်မရှိသော ခါဆယ်ရ်၏ မျက်နှာထားကိုကြည့်ရင်း မျှော်လင့်ချက်လေး အနည်းငယ်ရလာသည်။

"ဘာမှဖြစ်မှာမဟုတ်ဘူး။ အဲ့ဒီလူက ကျွန်မကို သူတော်စင်အရှင်မလို့ ထင်နေသရွေ့ ထိခိုက်အောင် လုပ်မှာမဟုတ်ဘူးရှင့်။"

"ဖြစ်နိုင်တဲ့စကားကို ပြောစမ်းပါ။"

ခါဆယ်ရ်က အခွင့်အရေး အနည်းငယ်မျှပင် မချန်ဘဲ ချက်ချင်း ဖြတ်ပြောခဲ့သည်။

"လူ့စိတ်ကို ခြယ်လှယ်နိုင်တဲ့ ထူးထူးဆန်းဆန်း အစွမ်းနဲ့လူကိုတွေ့ဖို့ သူ စေလွှတ်လိုက်တဲ့ ရံရွေတော်မိန်းကလေး တစ်ယောက်တည်းကိုပဲခေါ်ပြီး ရဲတိုက်အပြင်ကို ထွက်မယ်ပေါ့လေ၊ ဟုတ်လား။"

သူ့အသံက ပုံမှန်အတိုင်း ပြောနေရင်းမှ အဓိပ္ပာယ်မရှိလိုက်တာဟူသော ခနဲ့တဲ့တဲ့ရယ်သံ ထွက်လာသည်။ သို့ရာတွင် ယူဂျင်းက မြင်ဖူးသမျှ ခါဆယ်ရ်၏ မျက်နှာထားများထဲတွင် အအေးစက်ဆုံးဖြစ်သည်ဟု တွေးလိုက်၏။

"ရဲတိုက်ထဲ ခေါ်တွေ့။ ဒီလောက်ဆိုရင်တောင် စောစောက ကတိပေးထားတာရှိလို့ လိုက်လျောပေးလိုက်တာပဲ။"

"အဲ့ဒါဆိုရင် အဲ့ဒီလူဆီကနေ ကျွန်မ လိုချင်တဲ့ အကြောင်းအရာကို ကြားရမှာမဟုတ်ပါဘူး။"

"ဘာတွေ ကြားချင်လို့လဲ။"

"ကျွန်မက အဲ့ဒီလူကို ပိုက်ဆံပေးခဲ့တဲ့ အကြောင်းရင်း။ အဲ့ဒီလူဆီကနေ သူတော်စင်အရှင်မမဆိုတဲ့ စကားကို ကြားခဲ့ရတဲ့ အကြောင်းရင်း။"

"အဲ့ဒါကို ဘာလို့ သိမှဖြစ်မှာလဲ။"

"ကျွန်မ လုပ်ခဲ့တဲ့ လုပ်ရပ်ကို ဘာမှန်းမသိရဘဲ ဒီအတိုင်း ဖုံးဖိထားလို့ မဖြစ်ဘူးမဟုတ်လား။"

"ဒီအတိုင်းသာ ဖုံးထားလိုက်။"

စကား အချေအတင်ပြောကြရင်း နှစ်ယောက်စလုံး၏ အသံများက တဖြည်းဖြည်း ကျယ်လာကာ နောက်ဆုံးတွင် ခါဆယ်ရ်က အသံကို မြှင့်လိုက်သည်။ ယူဂျင်းလည်း လန့်သွားသော မျက်လုံးလေးများဖြင့် သူ့ကို ကြည့်လိုက်မိ၏။

"ဖုံးထားလိုက်​ဆိုတာက ဘာကိုလဲရှင့်။ အစွန်းရောက်ဂိုဏ်းဝင်တွေနဲ့ ပတ်သက်ခဲ့တဲ့ကိစ္စလား။... ဒါမှမဟုတ် ဂျင်အဖြစ် နေထိုင်ခဲ့တဲ့ အတိတ်တစ်ခုလုံးကိုလား။"

သူက 'ဂျင်' ကို စိတ်မသက်မသာဖြစ်ရသည်ဟု ပြော၍လည်း ယူဂျင်းအဖို့ စိတ်မကောင်းဖြစ်နေစရာ အကြောင်းမရှိပေ။ ယူဂျင်းက ဂျင်၏ အတိတ်ကို အသစ်ပြန်စမည့် အနာဂတ်ဖြင့် အပြီးအပိုင် ဖျက်ပစ်မည်ဟု နဂိုကတည်းက ဆုံးဖြတ်ထားပြီးသားပင်။

သို့သော် ဟိုတလောကမှ ခါဆယ်ရ်က 'ပြန်စကြရအောင်' ဟု အတိတ်က ပုံစံကိုပါ အကုန်လက်ခံမည်ဟူသော သဘောဖြင့် ပြောခဲ့သည်။ ဤအတောအတွင်း စိတ်ပြောင်းသွားစရာ အကြောင်းမရှိပေ။ ယူဂျင်း၏ သူ့အပေါ် ယုံကြည်မှုလည်း ယိမ်းယိုင်သွားတော့၏။

"ကျွန်မ မာရာရဲ့ဘာသာရေးအစွန်းရောက်ဂိုဏ်းကို ပိုက်ဆံပေးခဲ့တာရယ်၊ သူတော်စင်အရှင်မလို့ အခေါ်ခံခဲ့ရတာရယ်ကို အရေးမပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောနေခဲ့တာမဟုတ်လား။ ဒါဆိုရင် ဘာလို့ အဲ့ဒီလူနဲ့ တွေ့ခွင့်မပေးရတာလဲရှင့်။"

ဧကန္တ ဤလူက သူ့ကို ရိုဒရစ်ဂ်နှင့်တွေ့ပြီး တစ်ခုခု ကြံစည်နေသည်ဟု သံသယဝင်နေခြင်းများလား။

ခါဆယ်ရ်က ထိုမေးခွန်းကို မမျှော်လင့်ဘဲရောက်လာသလို မျက်နှာထားဖြင့် ပြန်ဖြေခဲ့သည်။

"အဲ့ဒါကတော့ ကျိန်းသေပေါက် သူက မင်းကို မတော်လို့များ တစ်ခုခုလုပ်လိုက်မလားဆိုပြီး ပြောရတာပေါ့။ အဲ့ဒီလို အန္တရာယ်များတဲ့လူကို လုံခြုံမှုမရှိတဲ့ နေရာမှာ ကိုယ်ရံတော်မပါဘဲ တွေ့မယ်ဆိုတော့ စိတ်ပူရုံအပြင်မရှိဘူးလေ။"

"... စိတ်ပူတယ်။"

ယူဂျင်းတစ်ယောက် တောင့်တောင့်ကြီး တွေးနေခဲ့ရာမှ ထင်မှတ်မထားဘဲ ထိုစကားကိုကြားလိုက်ရသဖြင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။

"မှတ်ဉာဏ်ပြန်မရလို့ စိတ်မအေးနိုင်ဖြစ်နေတာဆိုရင် နောက်မှဖြစ်ဖြစ် ဘာမှရှုပ်ထွေးစရာမကျန်အောင် ငါကိုယ်တိုင် ကြည့်ကြပ်ပြီး ရှင်းပေးမှာမို့လို့ စိတ်မပူနဲ့။ မဖြစ်မနေ အန္တရာယ်ကို စွန့်စားပြီး အဲ့ဒီလူနဲ့ ထပ်ပြီးတွေ့ဖို့ မလိုဘူး။"

'စိတ်ပူတာက...ဒီအတိုင်း ငါ့အတွက် စိတ်ပူနေတာကိုး။'

နည်းနည်းစိတ်ဆိုးမိသည့် ယူဂျင်း၏ စိတ်သည်လည်း ညင်သာစွာ ပြေပျောက်သွားတော့သည်။ သူက ခါဆယ်ရ်ကိုကြည့်ပြီး ပြုံးပြလိုက်၏။ ခါဆယ်ရ်၏ မျက်ဝန်းများ ယိမ်းယိုင်သွားရာမှ သူက အံတုစိန်ခေါ်ဟန်ဖြင့် ပြောလေသည်။

"မရဘူး။"

"အရှင်မင်းကြီး။"

ယူဂျင်းက ရွှင်မြူးစွာရယ်ရင်း ဒူးထောက်လျက်သွားကာ သူ့ထံသို့ ချဉ်းကပ်လိုက်၏။

"မရဘူးလို့။"

ခါဆယ်ရ်တစ်ယောက် ခေါင်းလှည့်ကာ ရှောင်ဖယ်လိုက်သော်လည်း သူ့အနား တအားကပ်လာသည့် ယူဂျင်း၏ လက်ကလေး သူ့ပေါင်ပေါ် ထိသွားတော့ ဆတ်ခနဲတုန်သွားခဲ့သည်။ သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသော နူးညံ့သည့် ကိုယ်လေးကို တွန်းထုတ်နိုင်ခြင်းမရှိဘဲ ထိုအတိုင်း တောင့်တင်းသွား၏။

"အရှင်မင်းကြီး။ အဲ့ဒီလူနဲ့ တွေ့ပြီး သိအောင်လုပ်မှဖြစ်မှာပါ။ ကျွန်မက ငွေရေးကြေးရေးမှာ ဘယ်လောက်ပဲ အမြင်မစူးရှဘူးဆိုပါစေ သတင်းအချက်အလက် ဝယ်ရုံသက်သက်နဲ့ အဲ့ဒီလောက် ပိုက်ဆံအများကြီး ပေးခဲ့တာတော့ မဖြစ်နိုင်ဘူးလေ။ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုခုတော့ ရှိကိုရှိမှာပဲ။"

ယူဂျင်းတစ်ယောက် ယနေ့မှမဟုတ်လျှင် သူ့အား စည်းရုံးနားချရန် အခွင့်အရေး ထပ်မရနိုင်တော့ဟု ကြိုတင်ခံစားမိနေသည်။ ဂျင် စီစဉ်ခဲ့သော ကိစ္စများစွာက ပင့်ကူအိမ်ကဲ့သို့ ရှုပ်ထွေးနေ၏။ သဲလွန်စကို လက်လွှတ်လိုက်လျှင် နောက်တစ်ဆင့်သို့ ဆက်သွားနိုင်မည်မဟုတ်ပေ။

"ကျွန်မ အစွန်းရောက်ဂိုဏ်းနဲ့ ဘာကြောင့် ဒီလောက် နက်နက်ရှိုင်းရှိုင်း ပတ်သက်နေခဲ့တာလဲဆိုတာကို အတိအကျသိရမှ ဖြစ်မယ်ရှင့်။ မသိရရင် ဘယ်အချိန် ဘာပေါ်လာမလဲမသိဘူးဆိုပြီး ရင်တမမဖြစ်နေရတာနဲ့ အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ အရှင်မင်းကြီး။ နော်လို့။ ကျေးဇူးပြုပြီးတော့လေ။"

'ကျေးဇူးပြုပြီး' ဆိုသည့် စကားလုံးတွင် ခါဆယ်ရ်၏ လက်တို့ တုန်ယင်သွားလေသည်။ သူက ခဏလေး တိတ်နေပြီးမှ လေးလံစွာ သက်ပြင်းချလိုက်၏။ ယူဂျင်း၏ ကိုယ်လေးကို ထိမလို၊ မထိမလို လေထဲတွင်ဝဲနေသော လက်က ယူဂျင်း၏ ကျောပြင်နှင့် ပခုံးလေးကို ပွေ့ဖက်ကာ တင်းတင်းကျပ်ကျပ် ​ထွေးပွေ့လိုက်လေတော့သည်။

"ဒီတစ်ခါပဲနော်။ နောက်ထပ်တော့ မရဘူး။"

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment